ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 24, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း- -

**ရှင်ဟိုင်းရှင်ဟွာသို့ တစ်နှစ်စာချုပ်ဖြင့် သွားရောက်ကစားရန် ဒရော့ဘာပြင်ဆင်** 
 (လန်ဒန်၊ ဧပြီ ၂၂) လန်ဒန်အနောက်ပိုင်းအခြေစိုက် ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ဒီဒီယာဒရော့ဘာသည် တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းသို့ ပြောင်းရွှေ့ကြေးပေါင် ၆.၇ သန်းဖြင့် တစ်နှစ်စာချုပ်ချုပ်ဆိုကာ သွားရောက်ကစားရန် ဧပြီ ၁၉ ရက် ညပိုင်းက ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း အင်တာနက်အားကစားသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ အသက် (၃၄) နှစ်အရွယ်ရှိ အိုင်ဗရီကို့စ်တိုက်စစ်မှူးဒရော့ဘာသည် FA Cup ဆီမီးဖိုင်နယ်ပွဲစဉ်တွင် စပါးအသင်းအား ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် အဖွင့်ဂိုးနှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ် ဘာစီလိုနာနှင့်ပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့သူဖြစ်သည်။ ချယ်လ်ဆီးတိုက်စစ်မှူး ဒရော့ဘာသည် ကစားဖော်ဟောင်း နီကိုနက်အနယ်ကာရှိရာ ရှန်ဟိုင်းရှင်ဟွာအသင်းသို့ ယခုနှစ်ဘောလုံးရာသီကုန်တွင် သွားရောက်ကစားရန် ပြင်ဆင်လျက်ရှိကြောင်း ဧပြီ ၂၁ ရက်အားကစားသတင်းများက ဆိုသည်။ (အင်တာနက်)

**ဘောလုံးကစားသမားပီသအောင်ပြုလုပ်ရန် ဘာလော့တယ်လီ သန္နိဋ္ဌာန်ချ** 
(မန်ချက်စတာ၊ ဧပြီ ၂၂) အီတလီနိုင်ငံသား တိုက်စစ်မှူး ဘာလော့တယ်လီအား ပြီးခဲ့သည့် ၁၀ ရက်က အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်သည့်ပြိုင်ပွဲသည် ၄င်း၏ နောက်ဆုံးပွဲအဖြစ် သတ်မှတ်ကာ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ဘာလော့တယ်လီအား ရောင်းချမည့်အလားအလာများရှိနေကြောင်း မန်စီးတီးနည်းပြ ရောဘတ်တို မန်စီနီက ပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြသည် သို့သော် ဘာလော့တယ်လီအနေဖြင့် လက်ရှိကလပ် မန်စီးတီး၏ အီတီဟက်ဒ်ကွင်း၌သာကစားလိုကြောင်း ၄င်း၏ဘောလုံးသမားဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဘာလော့တယ်လီက ပြောကြားခဲ့သည်။ တိုက်စစ်မှူး ဘာလီတယ်လီသည် ၄င်းနှင့်နည်းပြ မန်စီနီတို့၏ ဆက်ဆံရေးမှာလည်း ကောင်းမွန်ကြောင်း၊ လက်ရှိအသင်းမှ ထွက်ခွာရန် ဆန္ဒမရှိကြောင်းနှင့် ၄င်း၏ အနေအထိုင် အပြောအဆိုများကို ပြောင်းလဲပစ်မည်ဟု ကတိပြုခဲ့ကြောင်း အီတလီသတင်းစာ Gazzetta Dello Sport နှင့် တွေ့ဆုံမေးမြန်းရာ၌ ဘာလော့တယ်လီက ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆိုသည်။ (အင်တာနက်)
-*ဂျပန်နိုင်ငံမှ ဘောလုံးနှစ်လုံး အလာစကာကမ်းခြေသို့ရောက်** 

 ဘော်လီဘောကစားသည့် ဘောလုံးတစ်လုံးနှင့် ဘောလုံးကန်ကစားသည့် ဘောလုံးတစ်လုံးတို့ အမေရိကန်ပြည်ထောင်စု အလာစကာပြည်နယ်ရှိ ကျွန်းတစ်ကျွန်း၏ ကမ်းခြေသို့ ရောက်ရှိလာရာ ယမန်နှစ်က ဂျပန်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ငလျင်နှင့် ဆူနာမီမှ အပျက်အစီးများအနက် အလာစကာသို့ ပထမဆုံးရောက်ရှိလာသော ဆူနာမီဆိုက်ရာပစ္စည်းများဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။ အဆိုပါ အားကစားဘောလုံးများသည် မစ်ဒယ်လ်တန်ကျွန်းရှိ ရေဒါတွင်ပေါ်နေခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားသမုဒ္ဒရာနှင့် လေထုဆိုင်ရာစီမံခန့်ခွဲမှုဖွဲ့ရုံးက သတင်းထုတ်ပြန်သည်။ ဘောလုံးများတွင်လည်း စာများရေးသားပါရှိရာ ဆူနာမီဒဏ်ခံစားခဲ့ရသည့်ဒေသရှိ ကျောင်းတစ်ခု၏ နာမည်ဖြစ်ကြောင်းဖြင့် သတင်းတွင် ဖော်ပြထားသည်။ (စီဘီအက်စ်)
**ဂျူဗင်တပ်အသင်း နွေရာသီဈေးကွက်အကြိုအဖြစ် ရော်ဘင်ဗန်ပါစီ၏ ကိုယ်စားလှယ်နှင့် တွေ့ဆုံ** (လန်ဒန်၊ ဧပြီ ၂၂) အာဆင်နယ်အသင်းခေါင်းဆောင် ရော်ဘင်ဗန်ပါစီသည် အမ်းမရိတ်ကွင်း၌ ၂၀၁၃ ခုနှစ်အထိကစားရန် စာချုပ်ချုပ်ဆိုထားသော်လည်း လက်ရှိမနေအထားအရေ အာဆင်နယ်အသင်းနှင့် ကတိပြုထားသည့်စာချုပ်ကို ချိုးဖျက်တော့မည်လားဆိုသည်မှာ စောင့်ကြည့်ရမည့်အနေအထားတွင်ရှိကြောင်း သတင်းများက ဆိုသည်။ ရော်ဘင်ဗန်ပါစီသည် အာဆင်နယ်အသင်းအတွက် FA Cup ကို ရယူနိုင်ခဲ့သူဖြစ်ပြီး ဥရောပအသင်းအများအပြားကလည်း ၄င်းအားခေါ်ယူနိုင်ရန် စိတ်ဆန္ဒပြင်းပြလျက်ရှိကြောင်း သတင်းဖော်ပြသည်။ ထိုသို့ ဗန်ပါစီအား ခေါ်ယူလိုသည့်အသင်းများ များစွာရှိနေစဉ်တွင် ဂျူဗင်တပ်အသင်းက ဒတ်ခ်ျ
နိုင်ငံသား တိုက်စစ်မှူးဗန်ပါစီအား ခေါ်ယူရန် ယခုသီတင်းပတ်အတွင်း ၄င်း၏ ကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုသည်။ တွေ့ဆုံဆွေးနွေးပွဲ၌ ဗန်ပါစီ၏ ကိုယ်စားလှယ်က ဗန်ပါစီအသင်းပြောင်းရွှေ့မှုနှင့်ပတ်သက်၍ စောစောစီးစီး အဖြေမပေးနိုင်ကြောင်းနှင့် ဂျူဗင်တပ်အသင်းအနေဖြင့်လည်း ၄င်းအားအသင်းခေါင်းဆောင်အဖြစ်ပင် ခန့်အပ်ရန်ရည်ရွယ်ထားကြောင်းဆိုသည်။ (အင်တာနက်)

**အင်္ဂလိပ်ပရီးမီးယာလိဂ် ပွဲစဉ် (၃၅) အနိုင်၊ အရှုံးရလဒ်များ** 
၂၂-၄-၂၀၁၂) မန်ယူ ၄ - ၄ အဲဗာတန် လီဗာပူး ၀ - ၁ ၀က်စ်ဘရွန်း ၀ုလ်ဗာဟမ်တန် ၀ - ၂ မန်စီးတီး

စုစည်းဘာသာပြန် - နိုင်လင်းကြည်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)