ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 24, 2012

> -တံခါးပိတ်ပြီး လက်ယပ်ခေါ်နေသော လွှတ်တော်-
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အများစုအနိုင်ရရှိခဲ့တယ်ဆိုတာ..အားလုံးအသိဖြစ်ပါတယ်…သို့သော် လွှတ်တော် တက်ခါနီးဆဲဆဲမှာ ကျမ်းသစ္စာကျိန်ဆိုခြင်း စာသားနဲ့ ပတ်သက်လို့ အငြင်းပွားစရာ ကိစ္စကဖြစ်လာတယ်..ဒီကိစ္စဟာ သာမန်ကြည့်မယ်ဆို…အသေးဖွားလေးလိုလို…ကျော်လွှားသွားရင်ပဲဖြစ်တော့မရောင်ရောင် ပြောဆိုနေတဲ့ ခပ်ညံ့ညံ့ လွှတ်တော်ကိုယ်စားလှယ်ဆိုသူများရဲ့အင်တာဗျူးများကိုလည်း နားထောင်လိုက်ရပါတယ်….။ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးခင်ရွှေ ကဆို….၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင်တဲ့ ကျမ်းသစ္စာ ကတိပြုချက် ( အင်္ဂလိပ်လို ) ဟာနဲ့ တလွဲ ဒီမိုကရေစီဖွံ့ဖြိုးနေတဲ့..နိုင်ငံတွေက…ကျမ်းသစ္စာ ကျိန်ဆိုချက်တွေကို မဆီမဆိုင် ကိုးကားပြီးပြောသွားလေရဲ့…ပြောသွားတော့လည်း အင်္ဂလိပ်လို တလွဲတွေချည်းပဲ…သူပြောသွားတာက……… အမေရိကန်မှာ ဆိုရင် - I will support to defend of the constitution. ဂျာမနီမှာ ဆိုရင် - Defend of the visit law. ဂျပန်မှာ ဆိုရင် - I will protect of the defend of the national chatter. ဂရိမှာလည်း ဒီတိုင်းပဲ... အိန္ဒယမှာ ဆိုရင် - Will to the best of the ability of the protect of the defend. ဖိလစ်ပိုင်မှာ ဆိုရင် - Defend of the constitution. စင်္ကာပူမှာ ဆိုရင် - l will preserve, protect of the defend of the Constitution of the Republic of Singapore. ဒီလိုမျိုးသစ္စာ ဆိုပြီးမှသာလျှင် လွှတ်တော်ထဲ ၀င်လို့ရတယ်... ဒါကြောင့်မို့လို့ ဘယ်လိုပဲ ဖြစ်ဖြစ် ဟောင်း အဲ့ဘား ပြည်သူတစ်ယောက်နဲ့ နေမယ်ဆိုရင်တော့ ရီစပက် ဆိုတဲ့ စကားလုံးနဲ့ နေလို့ရတယ်။ လွှတ်တော်ထဲ ၀င်မယ်ဆိုရင်တော့ ဒီဖန့်ဆိုတဲ့ စကားလုံးနဲ့မှ ၀င်လို့ရတယ်။ DBV နဲ့ အင်တာဗျူးမှာ ဒေါက်တာခင်ရွှေ ပြောသွားတဲ့ စကား အချို့ပါ။ မေးတာနဲ့ ဖြေတာ တလွှဲစီ ဖြစ်ရတဲ့ အထဲ အဓိပ္ပါယ် မသိပဲ ရွတ်ပြသွားတာ တော်တော်ဆိုးတယ်။ ( facebook မှာ တယောက်တင်ထားတဲ့ ဟာပါ ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ..ကျမ်းသစ္စာကျိန်ဆိုချက်မှာ..အင်္ဂလိပ်လိုသူပြောသွားတဲ့အထဲက ( defend ) ကာကွယ်ပါမည် ဆိုတာ တလုံးမှ မပါဘူး…. …ဒါက ၂၀၀၈ ဖွဲ့စည်းပုံထဲက ကျမ်းကျိန်ချက် SCHEDULE FOUR Form of Oaths or Affirmation (Refer to Section 125) I ................ do solemnly and sincerely promise that as an elected representative of the Pyithu Hluttaw/ the Amyotha Hluttaw/ the Region or State Hluttaw, I will uphold and abide by the Constitution of the Union. I will be loyal to the Republic of the Union of Myanmar and citizenry and hold always in esteem non-disintegration of the Union, non-disintegration of national solidarity and perpetuation of sovereignty. In addition, I will carry out the responsibilities uprightly to the best of my ability. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ထဲမ၀င်ပဲ ဆိုင်းငံ့နေမှု့သည်..ဝေါဟာရပြသနာမဟုတ်ပါ ယုံချက်ချက်ပြသနာဖြစ်သည်..ဒီကိစ္စကိုပေါ့ပေါ့သဘောထားမရပါ..။ အစိုးရဘက်က ပြဌာန်းထား သော ကျမ်းသစ္စာဆိုချက်တွင်..အင်္ဂလိပ်လို..uphold ဆိုတာကို ရှင်းပြချင်ပါသည်..အဓိပ္ပါယ်က.. (To maintain or affirm against opposition - မဆန့်ကျင်ဘို့ အတည်ပြုရမည်၊ထိန်းသိမ်းပါ မည် ၊ To prevent from falling or sinking - ပျက်စီးမသွားအောင် တားဆီးပါမည် ) ......စဉ်း စားကြည့်ပါ....NLD ရွေးကောက်ပွဲမှာလူထုကို ကတိပေးထားတာက...၂၀၀၈ ဖွဲ့စည်းပုံပြင်မယ် ဆိုတာ...အဓိကမူ...ဒီကိစ္စကို လွယ်လွယ်လေး ခပ်ပေါ့ပေါ့လုပ်လိုက်ရင်...လူထုကို ပေးထားတဲ့ ကတိဖျက်ရာမရောက်ဘူးလား...NLD လုပ်ရပ်မှန်တယ်....ဒီကိစ္စဟာ...လူထုဆန္ဒကို ရွေးကောက် ပွဲအပြီးမှာ ထပ်ဆင့်ဖော်ဆောင်တာ....။
အရပ်ထဲ ရွာထဲမှာ ပြောသလို ရမ်းတုတ် ရမ်းပြော ရမ်းလုပ်လို့ ရတဲ့ အရာမဟုတ်…အရေးကြီးပါတယ်..လွှတ်တော်ထဲမှာ ဖြေရှင်းတယ်ဆိုတာ….တရားရုံးတရုံးမှာ ထုချေရသလိုဖြစ်ပါတယ်…အချက်အလက်တွေ အထောက်အထားတွေ ယုတ္တိသဘောတရားတွေ လက်ခံနိုင်မှု့တွေနဲ့ ပေါင်းစပ်ကြိုးစားရတဲ့ အမျိုးပါ…ကိုယ်ထင်တာ မြင်တာတွေနဲ့ ရမ်းပြောလို့မရ။ ဥပမာပြောမယ်ဆိုရင်တောင်မှ…ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်တယ်။( မင်းပြောမှလား ငါတို့ သိတယ်လို့ ခွန်းတုန့်မပြန်ပါနဲ့ဦး ) ဆက်ရှင်းပါမယ်…..အရင်ပြောနေတဲ့ လူထုခေါင်းဆောင်ဆိုတာ လူထုကသတ်မှတ်ပေးထားတဲ့ ခေါင်းစဉ်….အခု လူထုခေါင်းဆောင်ဆိုတာ ဥပဒေအရပါ..( Legally ) လူထုခေါင်းဆောင်ဖြစ်သွားတယ်….။ တခါ ( defend ) ကာကွယ်ပါမည် ဆိုတဲ့စကားလုံးသုံးရအောင်လည်း…၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ အင်္ဂါရပ်များနဲ့ညီညွတ်အောင် ဆောင်ရွက်ထားတဲ့ အရာမဟုတ်…ဒီစကားလုံးကို ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံ ၊ လူ့အခွင့်ရေးဖွံ့ဖြိုးတဲ့ နိုင်ငံများမှာ ပြင်စရာမလိုလောက်တဲ့ အနေထားမို့ သုံးတာ….။ အမေရိကန်ပြည်ထောင်စုမှာ ကိုယ်စားလှယ်တွေကို လူထုကရွေးချယ်တင်မြှောက်အပြီး…ကွန်ဂရက်မစခင် ကျမ်းသစ္စာ ကျိန်ဆိုရပါတယ် ( နိုင်ငံတော်တော်များများလည်း ဒီအတိုင်းပါပဲ )… A solemn affirmation or declaration, made with an appeal to God for the truth of what is affirmed. The appeal to God in an oath, implies that the person imprecates his vengeance and renounces his favor if the declaration is false, or if the declaration is a promise, the person invokes the vengeance of God if he should fail to fulfill it. A false oath is called perjury.” ဆိုလိုရင်းကို ဆီလျှော်အောင်တင်ပြပါမယ်….ကျမ်းသစ္စာ ကျိန်ဆိုတယ်ဆိုတာ အတည်ပြုပြဌာန်းထားချက်များသည် အမှန်များဖြစ်ပါသည် ဒီအတိုင်း လိုက်နာပါမည် ဆိုတာကို ဘုရားသခင်ဆီ လျှောက်ထား ကတိပြုလိုက်တာ….။ဒါတွေကို ကတိပြုပြီးရင် လိုက်နာရမည်..သို့မဟုတ်က..( လူသားမဆိုထားဘိ ) ဘုရားသခင်ကတောင် ဒဏ်ခတ်မည်။ ကတိသစ္စာပြုပြီး..လိုက်နာရန်ပျက်ကွက်ခြင်းကို မုသားသက်သေခံခြင်း လို့ခေါ်တယ်။ ဒီလိုကိစ္စမျိုးကို ပေါ့ပေါ့ဆဆ ကျော်လွှားသွားသင့်ပါသလား…..။ပြင်စရာ မလိုလောက်အောင်နီးပါးရှိနေသော ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အကြောင်းမဟုတ်လှပေမဲ့…ပြင်စရာ အများကြီးနဲ့ ပြည့်နှက်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို…

**Maung Maung One**

-တံခါးပိတ်ပြီး လက်ယပ်ခေါ်နေသော လွှတ်တော်-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)