>
-ဘ၀အမောပြေ-
**မဖြစ်နိုင်ဘူး**
စိတ်ကူးယဉ်လေ့ရှိသော မိတ်ဆွေနှစ်ဦးလမ်းလျှောက်ရင်း စကားပြောစဉ် မိတ်ဆွေတစ်ဦးက သူ့ဆန္ဒကို ထုတ်ဖော်ပြောကြားလေသည်။
ပထမမိတ်ဆွေ - ငါ့မှာငွေအများကြီးရှိချင်လိုက်တာကွာ။
ဒုတိယမိတ်ဆွေ - ဘာဖြစ်လို့လဲ။
ပထမမိတ်ဆွေ - ၀ယ်ချင်တာရှိလို့ပေါ့ကွာ။
ဒုတိယမိတ်ဆွေ - ဘာများဝယ်ချင်လို့ ငွေအများကြီး ရှိချင်နေရတာလဲ။
ပထမမိတ်ဆွေ - ဟောဒီ…ကမ္ဘာကြီးကို ၀ယ်ချင်လို့ပေါ့ကွ။
ဒုတိယမိတ်ဆွေ - ဒါတော့…မဖြစ်နိုင်ဘူးထင်တယ်။
ပထမမိတ်ဆွေ - ဘာဖြစ်လို့လဲ။
ဒုတိယမိတ်ဆွေ - ငါက ရောင်းမှာမှမဟုတ်ဘဲ။
ပထမမိတ်ဆွေ - “ဟေ”
အာကာဟိန်း-ရေးသားသည်။

No comments:
Post a Comment