ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 24, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

 **မော်ဇီလာစမတ်ဖုန်းများ ယခုနှစ် နှစ်ကုန်ပိုင်း၌ ရောင်းချမည်**

(နယူးယောက်၊ ဧပြီ ၂၂) အဆိုပါ စမတ်ဖုန်းများကို Firefox Web browser က တီထွင်ထုတ်လုပ်ထားခြင်းဖြစ်သည်။ မော်ဇီလာဟမ်းဆက်များတွင် Boot to Gecko ဆော့ဝဲလ်ကို သုံးထားသည်။ ဘရာဇီးနိုင်ငံ တယ်လီဖိုးနီး ကာဗစ်မို မိုဘိုင်းလ်ကွန်ရက်ပေါ်တွင် အသုံးပြုထားသည်။ ၄င်းစမတ်ဖုန်းများကို ဘရာဇးနိုင်ငံ၌စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ မော်ဇီလာဖောင်ဒေးရှင်းကို ၄င်း၏ Firefox browser ၀က်ဘ်ဆိုက်ကြောင့် လူသိများစေခဲ့သည်။ မော်ဇီလာစမတ်ဖုန်းများ ရောင်းချရန် ၀ယ်ယူသူသန်း ၉၀ အထိ ကမ်းလှမ်းထားသည်။ ၄င်းမော်ဇီလာစမတ်ဖုန်းများကို ၂၀၁၂ အကုန် ၂၀၁၃ ခုနှစ်အစောပိုင်းတွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)

**ထိုင်းနိုင်ငံ ပြည်နယ် ၄၂ ခုနှစ် မိုးခေါင်**
(ဗန်ကောက်၊ ဧပြီ ၂၂) ထိုင်းနိုင်ငံရှိ ပြည်နယ် ၇၇ ခုအနက် ၄၂ ခုတွင် မိုးခေါင်မှုဒဏ်ကို ခံစားနေရသဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဇုန်များအဖြစ် ဘေးအန္တရာယ်လျော့ပါးရေးနှင့ ကာကွယ်ရေးဌာနက ဧပြီ ၂၂ ရက်တွင် ကြေညာလိုက်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယင်းပြည်နယ ၄၂ ခုရှိ အိမ်ထောင်စုပေါင်း ၁၀၀၀၀၀ ကျော်မှာ မိုးခေါင်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ အများစုမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူများဖြစ်ကြောင်း အဆိုပါဌာနညွှန်ကြားရေးမှူးချုပ် ဗီဘွန်ဆန်ဂူရမ်ဝေါင်းက ပြောကြားသည်။ ယခုဧပြီလကုန်ပိုင်းတွင် တရုတ်နိုင်ငံဘက်မှ ၀င်ရောက်လာမည့် လေအေးစိုင်များနှင့် ထိုင်းနိုင်ငံ၏ လေနွေးစိုင်များတွေ့ဆုံရာမှ ထိုင်းနိုင်ငံတစ်ဝန်းတွင် မိုးရွာသွန်းမှုဖြစ်စဉ်များဖြစ်ပေါ်ကာ အခြေအနေပိုမိုတိုးတက်လာဖွယ်ရှိကြောင်း ထိုင်းနိုင်ငံ သဘာဝဘေးန္တရာယ်လျော့ပါးရေးနှင့် ကာကွယ်ရေးဌာနမှခန့်မှန်းထားသည်။ ထိုင်းနိုင်ငံ မိုးဥတုကာလမှာ မေလတွင် စတင်မည်ဖြစ်သည်။ (အင်တာနက်)

  **အမေရိကန် ပဲနိပြားတစ်ပြား ဒေါ်လာတစ်သန်းခွဲဖြင့် လေလံဆွဲဝယ်ယူ**
 (၀ါရှင်တန်၊ ဧပြီ ၂၂) အမေရိကန်ပြည်ထောင်စု ဒင်္ဂါးစက်ရုံမှ ပထမဆုံးထုတ်လုပ်ခဲ့သည့် ပဲနိပြားများအနက်မှ တစ်ပြားကို လေလံတင်ရောင်းချရာဒေါ်လာတစ်သန်းကျော် ရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ဧပြီ ၁၉ ရက်တွင် ပြုလုပ်သော ရှေးဟောင်းပစ္စည်းလေလံပွဲ၌ ၁၇၉၂ ခုနှစ်ထုတ် အလယ်တွင် ငွေသတ္တုပါဝင်သော ပဲနိပြားကို ဈေးပြိုင်ပေးခဲ့ကြရာ အမေရိကန်ဒေါ်လာ ၁.၅ သန်းဖြင့် လေလံအောင်မြင်သွားခဲ့သည်။ အမေရိကန်ပြည်ထောင်စု ဒင်္ဂါးထုတ်လုပ်ရေးစက်ရုံကို ၁၇၉၂ ခုနှစ် ဧပြီလတွင် တည်ထောင်ခဲ့သည်။ (အင်တာနက်) 

**နီပေါတောင်တက်ကစားဧ၀ရက်တောင်တက်စဉ် သေဆုံး** 
(ခတ္တမန္ဒူ၊ ဧပြီ ၂၂) ၈၈၄၈ မီတာမြင့်သော တောင်တက်လမ်း၏ သုံးပုံနှစ်ပုံအလွန်တွင်ရှိသည့် အခြေစိုက်စခန်း အမှတ် - ၂ သို့ တက်နေစဉ် အက်ကွဲကြောင်းတစ်ခုအတွင်းသို့ တောင်တက်သမား နန်ယာရှာရင်းရှာပါ ကျရောက်သွားခဲ့ခြင်းဖြစ်သည်ဟု နီပေါခရီးသွားလာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၄င်းသည် နှင်းခဲကိုခြေချော်၍ မီတာ ၄၀ နက်သော အက်ကြောင်းအတွင်းသို့ ကျသွားခြင်းဖြစ်ကြောင်း မီတာ ၆၅၀၀ အမြင့်၌ရှိသည့် စခန်းအမှတ် - ၂ အနီးတွင် ၄င်း၏အလောင်းကို ကောက်ယူရရှိခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက အေက်စ်ဖ်ပီသို့ ပြောကြားသည်။ (အင်တာနက်) 

**ဦးခေါင်းတစ်ခြမ်းဖြင့် အသက်ရှင်နေရသူ ဆေးဝါးကုသမှုခံယူနိုင်ရေး မျှော်လင့်စောင့်စားနေ** (ကမ်ပေါင်ကူဘန်ပန်ဂျန်း၊ ဧပြီ ၂၂) မလေးရှားနိုင်ငံကယ်လန်းတန်ပြည်နယ် ကမ်ပေါင်ကူဘန်ပန်ဂျန်းမြို့သား အီဇာနုဒင်ဟစ်ဟစ်ဟာ လွန်ခဲ့တဲ့သုံးနှစ်အကြာ သောကြာနေ့ နေ့လယ်ခင်းအချိန်က အလုပ်မှ အိမ်သို့ ဟစ်ဟမ်တစ်ဦး ဆိုင်ကယ်စီးပြန်လာစဉ် ကားတစ်စီးနှင့် တိုက်မိကာ နှစ်မီတာအထိမြောက်တက်လွင့်စဉ်သွားပြီး လမ်းဘေးသစ်ပင်ကြီးတစ်ပင်နှင့် အရှိန်ပြင်းစွာတိုက်မိသဖြင့် ယခုလိုဒုက္ခိတတစ်ပိုင်းဘ၀မျိုး ရောက်ခဲ့ရခြင်းဖြစ်ပါတယ်။ ဆေးရုံမှာသုံးလကြာမျှကိုမာရောဂါခံစားခဲ့ပြီး
 ပြန်သတိလည်ချိန်မှ သူ့အဖြစ်သူ့ရုပ်သွင်ကို သိလိုက်ရရှာတာပါ။ မျက်စိတစ်ဖက်လည်း စွေစောင်းသွားခဲ့ရပါပြီ။ အဲဒီနောက်ပိုင်းအချိန်တွေမှာ မိဘနှစ်ပါးရဲ့အားပေးနှစ်သိမ့်မှုနဲ့ သူ့အဖြစ်ကို အနည်းပင် စိတ်ဖြေခဲ့ရကြောင်း ယခုအချိန်မှာ စိတ်တည်ငြိမ်မှုရနေပြီဖြစ်ပေမယ့် သူ့ရဲ့ ပုံပန်းဆိုးရွားတဲ့ ရုပ်သွင်အတွက် ဆေးဝါးခွဲစိတ်ကုသမှုစရိတ်ရင်းဂစ် ၈၀၀၀နှင့် ၁၂၀၀ ကြားကုန်ကျမည်ကို သူ့မိဘများက ရှာဖွေနေတာအမြန်ပင်ပြည့်ဝချင်မိကြောင်း ဟစ်ဟစ်က မျှော်လင့်စောင့်စားနေရင် ပြောကြားသွားပါသည်။ (အင်တာနက်) **သခင်သေဆုံး၍ အစာငတ်ခံကာလိုက်သေတဲ့ ခွေးမလေး** (ကျိဂေါင်း၊ ဧပြီ ၂၂) ကျိဂေါင်းမြို့သူ အသက် ၈၈ နှစ်ရှိ အဘွားအိုဝမ်ဟာ နှလုံးရောဂါကြောင့် ဆေးရုံပေါ်တွင် မတ် ၃၁ ရက်က တိမ်းပါသွားခဲ့ပါတယ်။ အဘွားအိုဝမ်ရဲ့အလောင်း အိမ်သို့ပြန်သယ်လာချိန်ကစပြီး အဘွားအိုရဲ့ အချစ်တော်ခွေးမလေး စင်ကျိရာဟာ အစာလည်းမစား ရေလည်းမသောက်တော့ပါ။ သခင်ဖြစ်သူ ထာဝရခွဲထားခဲ့ပြီဆိုတာသိတဲ့တိုင်းပါပဲ။ ၀မ်းရဲ့အခေါင်းကို ပတ်ချာလှည့်ကာပတ်ပြေးနေပြီး ပူဆွေးသောကဖြစ်နေရှာတဲ့ ခွေးလေးစင်ကျိရာကို မြင်ကြတွေ့ကြရတဲ့ အသုဘလာ ဆွေမျိုးများရဲ့ ရင်မှာလည်း မချိတင်ကဲခံစားစေခဲ့ပါတယ်။ နောက်ဆုံး ၀မ်းကွယ်လွန်ပြီး ၁၆ ရက်မြောက်နေ့မှာပဲ အစာငတ်ခံဆန္ဒပြနေရှာတဲ့စင်ကျိရာဟာ သခင်ဖြစ်သူနောက် တမလွန်သို့ လိုက်ပါသွားရှာပါပြီ။ ခွေးမလေးစင်ကျိရာကို သခင့်အုတ်ဂူရဲ့ အနီးဘေးမှာ ပဲ မြှပ်နှံပေးခဲ့ပါတယ်။ (အင်တာနက်) 
**တရုတ်နိုင်ငံ၌ မိုးသီးမုန်တိုင်းများကြောင့် ပြည်သူ ၂၉ ဦးသေဆုံးခဲ့** 

(ပေကျင်း၊ ဧပြီ ၂၂) နိုင်ငံအတွင်းရှိ ပြည်နယ် ၂၄ ပြည်နယ်မှ စီရင်စုနယ်မြေ ၂၇၀ ၌ မိုးသီးမုန်တိုင်း များ မတ်လမှ စတင်ကျရောက်ဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မိုးသီးမုန်တိုင်းများဒဏ်ကို ပြည်သူ ၃.၀၇၂ သန်းခံစားခဲ့ရကြောင်း ယင်းသဘာဝဘေးမိုးသီးမုန်တိုင်းဖြစ်ပေါ်မှုကြောင့် တိုက်ရိုက်စီးပွားရေးဆိုးကျိုးမှာ အမေရိကန်ဒေါ်လာလာ ၅၃၆.၇ သန်းပျက်စီးဆုံးရှုံးခဲ့ကြောင်း ၀န်ကြီးဌာနက ဧပြီ ၂၀ ရက် မွန်းလဲ ၂ နာရီတွင် နောက်ဆုံးထုတ်ပြန်ခဲ့သည်။ သေဆုံးသူ ၂၉ ဦးမှာ ကျန်ဇီပြည်နယ်တွင် ၁၀ ဦးရှိပြီး ကျိကျန်းတွင် ခုနစ်ဦး၊ ရှင်ကျင့်နှင့် ဟူနန်ပြည်နုယ်တို့တွင်နှစ်ဦးစီ၊ ဟေဘေး၊ အတွင်းမွန်ဂိုလီးယား၊ ဖူကျန်း။ ဂျောင်ဒုံနှင့် ယူနန်တို့တွင် တစ်ဦးစီသေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဆက်လက်ပါရှိသည်။ (အင်တာနက်) 

စုစည်းဘာသာပြန် - ဇော်ဦးခိုင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)