ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 24, 2012

>
-ပိတောက်တွေ ပွင့်ပြန်ပါပြီကွယ်- 

ကိုနဂါးတစ်ယောက် အခုတလော ပုသိမ်တောရတွင် တောရဆောက်တည်ခဲ့ရသော ၆ နှစ်တာ ကာလကို ပြန်လည်အေက်မေ့သတိရနေခဲ့သည်။ သြော်…ပုသိမ်၊ ပုသိမ်…“ကျနော့် မမ ပုသိမ်သူ” သီချင်းထဲကလို “ကျနော့မမ xx ပုသိမ်သူ xx ချောပုံ xx ရင်ပုံ xx လူပုံတမူ xx အများနဲ့မတူ xx အလှဘွဲ့ယူ xx ” ဆိုသည်ကို “ကျနော့်မမ xx ပုသိမ်သူ xx ရဲပုံ xx တင်းပုံ xx ကဲပုံတမူ xx အများနဲ့မတူxx ကုလားနဲ့ယူ xx ” ဟူ၍ ၁၉၈၈ ခုနှစ် ပုသိမ်တောရအတွင်း လက်ကမ်းဂျာနယ် အဖြစ် ထုတ်ဝေခဲ့သော “ဒေါင်းအိပ်မက် ကျောင်းအိပ်မက် ” ဂျာနယ်ထဲက မိမိရေးဖွဲ့ခဲ့ဖူးသော သီချင်းပါ သရော်စာလေးကိုလည်း သတိရဖြစ်အောင် သတိရမိပါသေးသည်။ ပုသိမ်တောရကို အထူးတလည်သတိရမိသည့် ပုသိမ်တောရတွင် မိမိအဖို့ သာယာဝတီ တောရ တွင်၆ နှစ်ခန့် ဆောက်တည်အပြီးတွင် ဒုတိယအခေါက်အဖြစ်လည်း ရောက်ရခြင်းထက် ပုသိမ်သူ ချည်းသီးသီးကိုသာ “ပိတောက်ပန်းများနှင့်တွဲဖက်လျက်” သတိရနေမိခြင်းဖြစ်ပါသည်။ အို…ပန်းပိတောက်ရေ၊ အခုနေခါ ငါတို့ရှိနေတဲ့ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်) ခရိုင် ၉ မြို့နယ်စလုံးမှာကော၊ ထိုင်းတစ်နိုင်ငံလုံးမှာပါ ပိတောက်ဆိုတာရှာမှရှားကွဲ့။ ဘန်ကောက်ရွှေမြို့တော်ကြီး မှာတော့ “့ပိတောက်လမ်းမှာ လျှောက်စမ်းစေချင်တယ်။ ဆိုရလောက်အောင် မြို့တော်ရဲ့ အလယ်ဗဟို မြို့နယ် ၆ ခုလောက်မှာတော့ ပိတောက်တွေ ဝေစီတေနေတာ တွေ့ခဲ့ပါရဲ့။ ဟော…တို့များရဲ့ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်) ပြည်နယ် (၀ါ) တာ့(ခ်) ခရိုင်မှာတော့ ပန်းပိတောက်ဆိုတာ လှမ်းကောက်စရာ တော်တော်ရှားပါတယ်ကွယ်။ ဘာပဲဖြစ်ဖြစ်လေ၊ အို…လွန်ခဲ့တဲ့ (၂၄-၂၅) နှစ်လောက်တုန်းက မိမိတို့ ရန်ကုန်တက္ကသိုလ် (ပင်မ) ကို နိစ္စဓူဝ ရောက်တိုင်း၊ ရောက်တိုင်း ကျနော့်မမ ပုသိမ်သူ သီချင်းကို ဆို၊ ဆိုဖြစ်နေတာရယ်၊ ၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းသားလှုပ်ရှားမှုတွေနွှဲခဲ့ကြတုန်းကလည်း မြစ်ဝကျွန်းပေါ်ဒေသရဲ့ မြို့တော်ပုသိမ်ဘက်က ကျောင်းလာတက်ကြတဲ့ ကျနော့်မမ ပုသိမ်သူတွေကို ပုသိမ်ထီးလား ဘာလားတော့ မိမိမမှတ်မိပါ။ သူတို့ကို ထီးကလေးများသွားပေးပြီး ရွှေ့တိဂုဘုရား၏ တောင်ဘက်မုဒ်ကနေ တက်ကာ နေ့နံလိုက် ဂြိုလ်တိုင်တွင် အုပ်မိုးရန် ပေးခဲ့ခြင်း ကိုလည်း သတိရနေမိခြင်း ဖြစ်သည်။ သြော်….သြော်…ပုသိမ်၊ ပုသိမ်၊ ပုသိမ်။ ထောင့်မှန်စတုဂံပုံ “ပုသိမ်တောရထဲကနေ ပြင်ပလွတ်လပ်ခြင်း ကောင်းကင်ကို ပျံဝဲနေနိုင်တဲ့ မယ်မင်းကြီးမတို့ ရှိရာဆီကနေ နှောင်အကျဉ်းဖွဲ့နေတဲ့ မောင်ကြီးရှိတဲ့နေရာဆီကို ဟောဒီလို ပိတောက်ရနံသင်းတဲ့ သီချင်းလေးတစ်ပုဒ် ဆိုပြပါလားကွယ်။

“ပိတောက်ပွင့်ရက်ဝယ်” (မူရင်းဆို-အေ၀မ်း တင်တင်လှ)
ခြေဆင်း - (ကိုယ်လာမယ် xx ဆိုစကားဖွဲ့လို xx ဆိုထားခဲ့တဲ့ xx ပိတောက်ပွင့်ချိန် xx မျှော်နေသူမယ်… လက်ရေချိုးကာ…ကြိုဆိုနေပါ့မယ်…) အပိုဒ် - ၁။ ။ ပိတောက်… ပွင့်ရက်ဝယ် … မောင်/ကိုယ်လာနေကြကွယ်… ဥသြတွေ…တေးသီဖွဲ့ရင်…အရောက်လာမယ်…ရာသီကာလရယ်…မိုးနွေဆောင်းများနှယ်… အပြောင်းအရွှေ့သာမရှိပါရင်ကွယ်…အချိန်တွေ…တိုင်းမှာအမြဲ…ပီတောက်ပွင့်ရက်ပဲ…ဖြစ်လို့ နေချင်တယ်…)² အပိုဒ်- ၂။ ။ ရေမြေ…ခြားလည်းကွယ်…လွမ်းစာတွေ…ရေးစေခြင်းဖြင့်တကယ်… မှာခြွှေစကား များရယ်… သစ္စာနွယ်…တန်းမြင့်နေသည့်နှယ်…။ မောင်ရေ…ဆက်ဆက်တကယ်…ရောက်အောင်သာ…လှမ်းလာခဲ့ပါ့ကွယ်…ဖော်ရွေအပြုံးနဲ့ရယ်…ဆီးကာသာ…စောင့်ကြိုနေပါ့မယ်…။ အပိုဒ် - ၃။ ။ ပိတောက်ပွင့်ရင်…မောင့်ကိုလာလမ်း…မှန်းဆရွယ်…မျှော်နေသူဘ၀မယ်… ပန်းရေဝေးသည့်နှယ်...(သြော်)…ပိတောက်တွေ…နေ့စဉ်ပွင့်ပါစေကွယ်…။

အကြောင်းအကြောင်းသော အကြောင်းကြောင်းများကြောင့် နဖူးစာမင်ရည်ကျဲကာ မေတ္တာလွဲပွဲကြုံ တွေ့ခဲ့ ရလင့် ကစား ပိတောက်များ…ပိတောက်များ…ပိတောက်များ… ပွင့်ဝေသည်ကို တွေ့မိလေတိုင်း… မိမိစိတ်တွေမှိုင်းကာ…ရင်လှိုင်းထမိပါသတည်း။

 **သောင်ရင်းနဂါး **
 ထိုင်း-မြန်မာနယ်စပ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)