ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, April 30, 2012

>
-ယခုလအတွင်း ထိုင်းနှင့်မလေးရှားနိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ-

(ဧပြီလ ၃၀ရက်၊ ၂၀၁၂) ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် ၉ မြို့နယ်ကိုအခြေခံကာမြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် အလုပ်သမားအခွင့်အရေးနှင့် ထိုင်းဥပဒေဆိုင်ရာ ဗဟုသုတများ၊ သတင်းအချက်အလက်များကို ဖလှယ်ကာ စာကြည့်တိုက်နှင့် စာအုပ်စင်များ၊ နေ့သစ်အလကနှင့် ငါတို့လမ်းသစ်အမက၊ အိပ်မက်သစ်အမကစသည်တို့ကို ပုံဖော်လှုပ်ရှားနေသော မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) သည် မက်ပ်ရေဒီယိုနှင့် တွဲဖက်ကာ မနက်ဖြန်တွင်ကျရောက်မည့် ၁၂၂ ကြိမ်မြောက် မေဒေးနေ့ကျင်းပရန် အဆင်သင့်ပြင်ဆင်နေသည် ကိုတွေ့ရသည်။ ယနေ့မွန်းလွဲပိုင်းတွင်လည်း “သြဂတ်စ်စပိုင့်အပါအ၀င်မေဒေးနေ့ဖြစ်ပေါ်ရေးအတွက် သေဒဏ်စီရင်ခံရသော မဟာသူရဲကောင်းလေးဦး အကြောင်းအပါအ၀င်မြန်မာပြည်နှင့် မေဒေး” စသည်ဖြင့် မေဒေးနေ့အကြောင်းအရာပေါင်းစုံကို မက်ပ်ရေဒီယိုမှတဆင့် ရွှေ့ပြောင်းအလုပ်သမား သောတရှင်များထံ ဟောပြောခဲ့ကြောင်းသိရသည်။ (မြန်မာပြည်သားသတင်းစဉ်) (ဧပြီလ ၂၈ရက်၊ ၂၀၁၂) ဖြစ်ရပ် ၁။ ။ မန်စီးတီး ဘောလုံးအသင်းမလေးရှားနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ချစ်ကြည်ရေးဘောလုံးပွဲစဉ် လာရောက်ကစားခြင်းဖြစ်သည်။ မန်စီးတီးနှင့် မလေးရှားဘောလုံးအသင်းတို့သည် ကွာလာလမ်ပူမြို့ ဘူကစ်ဂျာလီ ဘောလုံးကွင်း၌ ဇူလိုင် ၃ ရက်တွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည်။ မန်စီးတီးအသင်း လာရောက်ကစားမှုကို မိမိတို့ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုရမည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံ များထဲမှ မိမိတို့နိုင်ငံကိုလာရောက်ကစားခြင်းကြောင့် ကျေနပ်မှုဖြစ်ရကြောင်း မလေးရှားဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ တန်ကူအဗ္ဗဒူလာ စူလ်တန်အာမက်ရှိတ်က ပြောကြားသည်။ (အင်တာနက်) ဖြစ်ရပ် ၂။ ။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထမ့်ဆောင်ယန်းမြို့နယ် မယ်လဒုက္ခသည်စခန်း ဇုံ(စီ-၀မ်း)တွင် ယနေ့ နေ့လည် ၁၂နာရီခွဲတွင် ကော်သူးလေ ကရင်နှစ်ခြင်းခရစ်ယာန် ကျမ်းစာသင် ကောလိပ်ကျောင်းအတွင်း မီးလောင်ခဲ့ရာ ရိက္ခာဂိုဒေါင်၊ စာကြည့်တိုက်နှင့် ကျမ်းစာကျောင်းရှိ အဆောက်အအုံအားလုံး မီးထဲ ပါသွားသည်ဟု သိရသည်။ ကိုယ်တိုင် မြင်တွေ့သူ မယ်လစခန်း ကျမ်းစာကျောင်းဆရာမ နော်တာမလာဖောက “မီးက တော်တ်ာပြင်းတယ်။ ကျမတို့ ကျောင်းမှာ ဘာမှ မယူနိုင်ဘူး။ မီးထဲ အကုန်ပါသွားတယ်။ ကွန်ပျူတာကော၊ အတီးအမှုတ် တူရိယာတွေကအစ ဘာမှ မယူ နိုင်ခဲ့ဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။အဆိုပါ ဖြစ်ပွားသည့် မီးလောင်မှုသည် မည်သည့်အကြောင်းကြောင့် စတင်လောင်ကျွမ်းခဲ့သည်ကို မသိရသေးသော်လည်း ကျမ်းစာ ကျောင်းအ၀င်းရှိ ကျောင်းအုပ်အိမ်၌ ၀ါယာရှော့ဖြစ်ရာခဲ့ရာမှ စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု ယူဆရကြောင်း သူမက ဆက်ပြော သည်။(KIC) ဖြစ်ရပ် ၃။ ။ ရွေးကောက်ပွဲဥပဒေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပေးဖို့ မြို့တော် ကွာလာလမ်ပူမှာ တောင်းဆို ဆန္ဒပြ နေကြတဲ့ ထောင် သောင်းချီတဲ့ လူအုပ်ကြီးကို မလေးရှားရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရေပိုက်တွေသုံးပြီး လူစုခွဲခဲ့ပါတယ်။မြို့လယ်ခေါင်မှာရှိတဲ့ လွတ်လပ်ရေး ရင်ပြင်မှာ ဆန္ဒမပြရဘူးလို့ အစိုးရက ကန့်သတ် ထားတဲ့ အမိန့်ကို အာခံပြီး ကာထားတဲ့ သံဆူးကြိုးတွေကို ကျော်လွားပြီး အနည်းဆုံး ဆန္ဒပြသူ ၂ သောင်းခွဲလောက် ၀င်ရောက် ဆန္ဒပြခဲ့ကြ တာပါ။(BBC) (ဧပြီလ ၂၆ရက်၊ ၂၀၁၂) ဖြစ်ရပ် ၁။ ။ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ တစ်နေ့တာလုပ်အားခ အပြည့်အ၀ရရှိရေးအတွက် ထိုင်းအလုပ်သမားရေးရာဦးစီးဌာနနှင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ ယမန်နေ့က ပထမဦးဆုံးအကြိမ် တိုက်ရိုက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။တာ့ခ်ခရိုင် အလုပ်သမားရေးရာဦးစီးဌာနမှ ဦးဆောင်ကာ မဲဆောက်မြို့ စင်ထရယ်ဟိုတယ်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာရွှေ့ ပြောင်းအလုပ်သမားကူညီရေးအဖွဲ့တို့ တွေ့ဆုံပြီး အလုပ်သမားများ၏ တစ်နေ့တာလုပ်အားခ ရရှိရေးအတွက် အပြန်အလှန် ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြသည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသည့် FTUB အဖွဲ့မှ ကိုကျော်မြင့်က ပြောသည်။(KIC) ဖြစ်ရပ် ၂။ ။ ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖေါ် လုပ်ဆောင်နေသော ရွှေဂတ်စ် စီမံကိန်း ရပ်တန့်ရေး အတွက် တတိယ အကြိမ်မြောက် ဆန္ဒပြတောင်းဆိုမှု တစ်ခုကို ယနေ့ (ဧပြီလ ၂၆ ရက်) နေ့တွင် မလေးရှား နိုင်ငံတွင် ပြုလုပ်ခဲ့သည်။ ဆန္ဒပြပွဲသို့ ရခိုင်အမျိုးသား ၃၅၀ ခန့်က ပူးပေါင်း ပါဝင်ခဲ့ကြပြီး ပိုစတာများ ကိုင်ဆောင်၍ ကြွေးကြော်သံများ ကြွေးကြော်ကာ ကွာလာလမ်ပူရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။(နိရဉ္စရာ) (ဧပြီလ ၁၉ရက်၊ ၂၀၁၂) ဆယ်စုနှစ် နှင့်ချီပြီး တက္ကသိုလ်ကျောင်းသားများ နိုင်ငံရေးပါတီဝင်ခွင့် ပိတ်ပင်ခြင်းနှင့်ပတ်သက်ပြီး မလေးရှားပါလီမန်က ယနေ့ပယ်ဖျက်လိုက်သည်။ သို့ရာတွင် တက္ကသိုလ်ကျောင်းသားများအနေဖြင့် နိုင်ငံရေးပါတီဝင် ရိုးရိုးအဖြစ်သာ ပါတီဝင်နိုင်ပြီး ခေါင်းဆောင်နေရာ ပါဝင်ခွင့်နှင့် ကျောင်းသားသမဂ္ဂများတွင် ခေါင်းဆောင်မှု ရယူခွင့်ကို ပိတ်ပင်မြဲပိတ်ပင်ထားကြောင်း သိရသည်။ (RFA) (ဧပြီလ ၁၈ရက်၊ ၂၀၁၂) ဘန်ကောက်ပြည်နယ် ဒေသများမှ သင်္ကြန်တွင် ခေတ္တပြန်လာကြသော သားသမီးများက မတည်ပြီး ဒုလ္လဘရဟန်းခံနှင့်ရှင်ပြုပွဲ တစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်) ခရိုင် ဖုတ်ဖရမြို့နယ်၊ဘန့်ဟတ်ရွာ(မြန်မာတို့အခေါ်-၄၄ကီလိုမီတာ) အကြန့်ဝင်း တနေရာ၌ ယနေ့ကျင်းပကြရန်ရှိကြောင်း၊ ဒုလ္လဘရဟန်းတပါး၊ ကိုရင် ၅ ပါးအနည်းဆုံးပါဝင်ကြမည်ဖြစ်ကြောင်းသတင်းရရှိသည်။ (မြန်မာပြည်သားသတင်းစဉ်) (ဧပြီလ ၁၇ရက်၊ ၂၀၁၂) ဖြစ်ရပ်၁။ ။ ထိုင်းနိုင်ငံတောင်ပိုင်းမှ ယာယီပတ်စ်ပို့နှင့် ဗီဇာပြုလုပ်ရန် မဲဆောက်သို့ ဆင်းလာကြရင်း အဖမ်းခံကြရသော မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၀) ဦး အနက် ၂ ဦး ယနေ့ မွန်းလွဲပိုင်းတွင် မဲဆောက်လ၀ကုအချုပ်ခန်း၌ သေဆုံးသွာားကြောင်း သတင်းရရှိသည်။ မဲဆောက်အခြေစိုက် အန်န်ဂျီအိုတစ်ခုက ဤသတင်းကြားသိရသဖြင့် သွားရောက်စုံစမ်းမေးမြန်းရာတွင် ၄င်းတို့မှာပင်တာဝန်ရှိသဖြင့် အလောင်းမြေကျသည်အထိ အစစတာဝန်ယူပါကြောင်း မဲဆောက်လ၀က ရုံးက ပြန်လည်ပြောကြားကြောင်း အန်န်ဂျီအိုနှင့် လိုက်ပါသွားသော စီဘီအိုတစ်ဦးဖြစ်သူ သကိုးသီဟဇော်က ပြောကြားသည်။ (မြန်မာပြည်သားသတင်းစဉ်) >ဖြစ်ရပ်၂။။ ၆၅နှစ်နှင့် အထက် သက်ကြီးဝါကြီး (၇၀၀) ခန့်ကို ပူဇော်ကန်တော့ကြသော ၁၂ ကြိမ်မြောက် စုပေါင်းသက်ကြီး ပူဇော်ပွဲအခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ စီဒီစီအထကကျောင်း၌ ယနေ့ကျင်းပသည်။ ဤအခမ်းအနားကျင်းပနိုင်ရန်အတွက် ဆရာမဒေါက်တာစင်သီယာမောင်နှင့် ကျင်းပရေးကော်မတီဝင်များက ဒေသတွင်းရှိ အန်န်ဂျီအိုများ၊ စီဘီအိုများ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများထံမှ လှူဒါန်းငွေများဖြင့် စုပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ (မြန်မာပြည်သားသတင်းစဉ်) (ဧပြီလ ၁၆ရက်၊ ၂၀၁၂) ယနေ့သည် ထိုင်းသင်္ကြန်အတက်နေ့ ဖြစ်သည့်အားလျော်စွာ တနှစ်ပတ်လုံးညစ်ထေးခဲ့သည်များကို ဆေးကြောသည့်အနေဖြင့် မဲဆောက်မြို့လုံးကျွတ်ရေဆေးကြော သန့်စင်ခြင်းပွဲတော်ကို အကြိမ် ၂၀ မြောက်အဖြစ် မဲဆောက်စည်ပင်သာယာရုံးမှ ကြီးမှူးပြီးအလှပြယာဉ် ၁၀ စီး၊ ထိုင်းရိုးရာယဉ်ကျေးမှု ယာဉ်၃၀စီး ပါဝင်ပြီး၊ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်ကိုတွေ့ရသည်။ (မြန်မာပြည်သားသတင်းစဉ်) (ဧပြီလ ၁၅ရက်၊ ၂၀၁၂) ထိုင်းသင်္ကြန်ဒုတိယအကြတ်နေ့ (ဧပြီလ ၁၄ရက်၊ ၂၀၁၂) ထိုင်းသင်္ကြန်ပထမအကြတ်နေ့ (ဧပြီလ ၁၃ရက်၊ ၂၀၁၂) ထိုင်းသင်္ကြန်အကျနေ့ (ဧပြီလ ၁၂ရက်၊ ၂၀၁၂) ---ထိုင်းသင်္ကြန်အကြိုနေ့-- ဖြစ်ရပ်၁။ ။ ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင် မယ်ရမတ်မြို့နယ် မယ်ချရောင်းတိုက်နယ်၊ ဆမ်ပါလိုက် ကျေးရွာပြောင်းခင်းတနေရာတွင် ခင်ပွန်းဖြစ်သူကို ဇနီးဖြစ်သူနှင့် ဆွေမျိုးတသိုက်ကသတ်ဖြတ်ခဲ့သော ရာဇ၀တ်မှုတခု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သားသတင်းစဉ်) ဖြစ်ရပ်၂။ ။ မလေးရှားကို မြန်မာအိမ်ဖော် အလုပ်သမားတွေ စေလွှတ်မယ်ဆိုရင် မြန်မာအလုပ်သမားတွေရဲ့အခွင့်အရေးကို အကာကွယ်ပေးနိုင်မဲ့ အခြေခံ သဘောတူညီချက်တွေကို မလေးရှားအစိုးရနဲ့ ဦးစွာကတိက၀တ် ပြုထားဖို့လိုကြောင်း မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ Burma Campaign Malaysia အဖွဲ့က သမ္မတ ဦးသိန်းစိန်အစိုးရကို ပေးတဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။(RFA) ဖြစ်ရပ်၃။ ။ နိုင်ငံတကာ အလှူရှင်များအနေနှင့် ပြည်တွင်းထဲသို့ ပံ့ပိုးကူညီမူများ တိုးမြှင့်ပြုလုပ်နေချိန်တွင် နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့မူများကို လျှော့ချ၊ ဖြတ်တောက်ခြင်းများအပေါ် စိုးရိမ်သည်ဟု ထိုင်း-မြန်မာ နယ်စပ် နယ်စပ်ဒေသတလျှောက် လှုပ်ရှားနေသည့် လူမူကူညီရေးအဖွဲ့ ၃၆ ဖွဲ့က ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ကရင်ပြည်နယ်အတွင်း နယ်လှည့် ဆေးကုပေးနေသည့် ကျောပိုးအိတ်အဖွဲ့မှ ကိုမန်းမန်းက “အထူးသဖြင့် နော်ဝေအစိုးရက ချမှတ်ပေးတဲ့ အကူအညီတွေပေါ့။ လက်ရှိငြိမ်းချမ်းရေး ရန်ပုံငွေကိုပဲ ဦးစားပေးပြီး နယ်စပ်ဖြတ်ကျော်တဲ့ အကူအညီတွေကို ဖြတ်တောက်မယ်လို့ သိနေရတယ်။ ကျနော်တို့အဖွဲ့ ရန်ပုံငွေ တချို့လည်း ရပ်သွားတာမျိုးရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။(ဧရာဝတီ) (ဧပြီလ ၁၁ရက်၊ ၂၀၁၂) ပြည်တွင်းငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ယနေ့ နေ့လည်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည် ရောက်ရှိလာပြီဟု သိရသည်။ ယနေ့မနက် ၇နာရီအချိန်တွင် ဘားအံမြို့ရှိ ဇွဲကပင်ဟိုတယ်မှ စတင်ထွက်ခွာခဲ့ပြီး နေ့လည် ၁၂နာရီဝန်းကျင်းတွင် နယ်စပ်ဒေသသို့ ပြန်လည်ရောက်ရှိလာသည့် အဆိုပါ ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ယခုခရီးစဉ်အပေါ် အားရပ်ကျေနပ်မှု ရှိသည်ဟု ဆိုသည်။(KIC) (ဧပြီလ ၁၀ရက်၊ ၂၀၁၂) ဖြစ်ရပ် ၁။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်သို့ ရောက်ရှိနေကြသော မဲဆောက်ဒေသမှ လူထုအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၂ ဦးတို့သည် ယနေ့တွင် ထိုင်းနိုင် ဘန်ကောက်မြို့လယ်တစ်နေရာ၌ကျင်းပသော တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများနှင့် ယင်းတို့၏မိသားစုဝင် ကလေးများနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေး ကြသည်ကို တွေ့ရသည်။ (မြန်မာပြည်သားသတင်းစဉ်) ဖြစ်ရပ်၂။ ။ မြန်မာနိုင်ငံ၏ တိုးတက် ဖြစ်ထွန်း မှုများ ကမ္ဘာ့ မျက်နှာစာ၌ ပွင့်လင်း မြင်သာ လာသည်နှင့် အမျှ နိုင်ငံရပ်ခြားသို့ တရားဝင်ရော၊ တရားမဝင် သွားရောက် အလုပ် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား များအား ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆွဲဆောင်လျက် ရှိနေသည်။ ထို့ကြောင့် မြန်မာ အလုပ် သမားများ အများဆုံး ဝင်ရောက် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ အနေဖြင့် ကြုံတွေ့ရမည့် လုပ်သား ပြတ်လပ်မှုအား ကြိုတင် ပြင်ဆင် ထားကြရန် စက်မှု လုပ်ငန်း ကြီးများမှ ထိုင်းမီဒီယာ များသို့ ထုတ်ဖော် ပြောကြားထားပါသည်။ kanyong လျှပ်စစ် ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ supachai sarethsathian ကမူ “ကျွန်တော်တို့ ထိုင်းနိုင်ငံအတွက်တော့ အခု ကြုံတွေ့ နေရတဲ့ လုပ်သား ပြတ်လပ်မှု ပြသနာဟာ ရေရှည်မှာ ပိုမို ဆိုးရွားလာဖွယ် ရှိပါတယ်။ အထူးသဖြင့် မြန်မာ လုပ်သားတွေ နေရပ်ပြန်တာပေါ့။ နောက်တစ်ခုက ထိုင်းပြည်တွင်း စိုက်ပျိုးရေး ကဏ္ဍတွေရဲ့ ထုတ်ကုန်တွေ ဈေးမြင့်လာတာနဲ့အမျှ စက်မှုလုပ်ငန်း လုပ်သားတွေလည်း စိုက်ပျိုးရေး ကဏ္ဍတွေမှာ ဝင်ရောက် လုပ်ကိုင်ဖို့ ဆွဲဆောင်တဲ့ အချက်ဖြစ်နေပါတယ်” ဟု ဧပြီလ ၁၀ ရက်နေ့တွင် ထိုင်းပြည်တွင်း မီဒီယာများအား ပြောကြား သွားပါသည်။( ရွှေဟင်္သာ သတင်းဌာန) ထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်ခလာ ခရိုင်က ပင်လယ်စာ စက်ရုံတွင် လစာနည်းသည့် အတွက် တိုးပေးရန် မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ် သမားများက ယမန်နေ့က ဆက်လက် ဆန္ဒပြတောင်းဆို ခဲ့ကြကြောင်း ထိုဒီစက်ရုံမှ မြန်မာ အလုပ် သမားတဦးက ပြောပါသည်။ ပင်လယ်စာ ထုတ်လုပ်သည့် ဆဖတ်ထနာ စက်ရုံတွင် မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမား ၁၀၀၀ ခန့် အလုပ်လုပ် ကိုင် နေပြီး လုပ်ခ လစာနှင့် အလုပ်သမား ရပိုင်ခွင့်တွေ အတွက် တပါတ်ခန့် ဆန္ဒပြနေကြခြင်း ဖြစ်ပါသည်။ အာဏာပိုင်များကလည်း ဆန္ဒပြမှုကို ထိမ်းသိမ်းသည့် အနေဖြင့် သေနတ်သံဖေါက်ပြီး ထိမ်းသိမ်းခဲ့ရသည်ဟု အလုပ်သမား များကဆိုပါသည်။ဆန္ဒပြပွဲတွင် ကမ္ဘောဒီးယားနိုင်ငံသားများ အများဆုံး ပါဝင်ပြီး ယမန်နေ့က ဆန္ဒပြမှုမှာတွင် မြန်မာ အလုပ်သမား ၄၀၀ ခန့် ပါဝင် ဆန္ဒပြခဲ့ကြပါသည်။ အလုပ်သမားများသည် တရားဝင် လုပ်ကိုင်ကြသူများ ဖြစ်ကြပြီး စာချုပ်ပါ သဘောတူညီ ချက် အတိုင်း လုပ်အားခနှင့် အလုပ်သမား အခွင့်အရေးများကို လုပ်ဆောင်မှု မရှိသည့်အတွက် ဆန္ဒပြနေခြင်းဖြစ်ပါသည်။ ( ရွှေဟင်္သာ သတင်းဌာန) မလေးရှား ရခိုင်အသင်းပေါင်းချူပ်ကြီး MAO(Malaysia Arakan Organization) မှကြီးမူး၍ ပထမဆုံး အကြိမ်မလေးရှားနိုင်ငံ ရခိုင်းရိုးရာသင်္ကြန်ပွဲတော်ကြီးကို ဧပြီ ၁၃ ရက်နေ့တွင် စည်းကား သိုက်မြိုတ်စွာ ကျင်းပသွားရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ (နိရဉ္စရာ) (ဧပြီလ ၉ရက်၊ ၂၀၁၂) ဆယ်စုနှစ် နှင့်ချီပြီး တက္ကသိုလ်ကျောင်းသားများ နိုင်ငံရေးပါတီဝင်ခွင့် ပိတ်ပင်ခြင်းနှင့်ပတ်သက်ပြီး မလေးရှားပါလီမန်က ယနေ့ပယ်ဖျက်လိုက်သည်။ သို့ရာတွင် တက္ကသိုလ်ကျောင်းသားများအနေဖြင့် နိုင်ငံရေးပါတီဝင် ရိုးရိုးအဖြစ်သာ ပါတီဝင်နိုင်ပြီး ခေါင်းဆောင်နေရာ ပါဝင်ခွင့်နှင့် ကျောင်းသားသမဂ္ဂများတွင် ခေါင်းဆောင်မှု ရယူခွင့်ကို ပိတ်ပင်မြဲပိတ်ပင်ထားကြောင်း သိရသည်။ (RFA) (ဧပြီလ ၈ရက်၊ ၂၀၁၂) ထိုင်း-မြန်မာနယ်စပ်အေ ခြ စိုက် ကရင့်အမျိုးသား အစည်းအရုံး ကေအန်ယူက ဒီကနေ့ဘဲ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ ဆက်ဆံရေးရုံး ဖွင့်လှစ်လိုက်ပါတယ်။ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီမှု ရပြီး နောက်ပိုင်း ပထမဆုံး ဖွင့်တဲ့ ဆက်ဆံရေးရုံး ဖြစ်ပါတယ်။ ဒီရုံးကနေ စစ်ရေး ပဋိပက္ခတွေ ဖြေရှင်းဖို့ နောက် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရတဲ့ ရွာပုန်းရွာရှောင် ကရင်ပြည်သူတွေကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင် မယ်လို့လည်း ကေအန်ယူက ဆိုပါတယ်။ မြန်မာ အစိုးရနဲ့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ ရန်ကုန်ကို ရောက်ရှိလာတဲ့ ကရင့်အမျိုးသား အစည်းအရုံး ကေအန်ယူက ပဲခူးတိုင်း ညောင်လေးပင် ခရိုင် အတွင်းက ကျောက်ကြီး မြို့နယ်မှာ ပထမဆုံး ဆက်ဆံရေးရုံးကို တနလာင်္နေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။ ကေအန်ယူရဲ့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် သွားရောက်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။ (VOA) (ဧပြီလ ၆ရက်၊ ၂၀၁၂) ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA ကို ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် Democratic Karen Benevolent Army (DKBA) ဟူ၍ ဧပြီလ ၄ ရက်နေ့က ပြောင်းလဲလိုက်ကြောင်း တွဲဖက်အတွင်းရေးမှူး (၂) ဗိုလ်မှူး စောလုံ့လုံက ပြောသည်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သော DKBA ညီလာခံတရပ်ကို ၎င်းတို့၏ ဌာနချုပ် ရှိရာတွင် ကျင်းပပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးကြပြီးနောက် ထိုကဲ့သို့ တပ်အမည် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ ဧပြီလ ၁-၂ ရက်နေ့များက မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာတွင် ဗုဒ္ဓဘာသာနှင့် ခရိယာန်ခေါင်းဆောင်များ၊နိုင်ငံရေး သမားများနှင့် DKBA ခေါင်ဆောင်များ ပါဝင်ဖွဲ့စည်းလိုက်သော ကလူထူးဘော ကရင်အစည်းအရုံး KKO ၏ မူနှင့် လိုက်လျောညီထွေ ရှိစေရန် ပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးစောလုံ့လုံက ပြောသည်။(မဇ္စျိမ) (ဧပြီလ ၅ရက်၊ ၂၀၁၂) ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဖွင့်လှစ်တဲ့ အပတ်စဉ် ၆ ဗိုလ်သင်တန်းဆင်းပွဲကို မနေ့က ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာရှိတဲ့ KNLA တပ်မဟာ ၅ ရဲ့ စစ်ရေးပြကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြနှယ်စိမ်းစိမ်း (အင်းစိန်) (ဧပြီလ ၄ရက်၊ ၂၀၁၂) ဖြစ်ရပ် ၁။ ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)က အနာဂတ်တွင် နိုင်ငံရေးလုပ်ငန်းစဉ်များ လုပ်ဆောင် နိုင်ရန် ရည်ရွယ်၍ ကလို့ထူးဘော ကရင်အစည်းအရုံး Klo Htoo Baw Karen Organization (KKO)ဟု ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သိရ သည်။KKO ဖွဲ့စည်းခြင်းကို ယခုလ ၁ ရက်နှင့်၂ ရက်နေ့က ကရင်ပြည်နယ် မြ၀တီမြို့နယ် ဆုံဆည်းမြိုင်ကျေးရွာ သူးမွဲခီး ဘုန်းတော်ကြီး ကျောင်းတွင် ညီလာခံခေါ်ယူ၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ KKO ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေးဌာန၊ နိုင်ငံခြားရေး ဌာန၊ ကျန်းမာရေး၊ စီးးပွားရေး၊ ပညာရေး အပါအ၀င် စုစုပေါင်းဌာန ၁၄ ခု ပါရှိမည်ဖြစ်ကြောင်း KKO တွဲဖက်အတွေင်းရေးမှူး ၂ စောလုံ့လုံ က ပြောသည်။( ဧရာဝတီ) ဖြစ်ရပ် ၂။ ။ မြန်မာအစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ၂၁ ဦးပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ လမ်းကြောမှတဆင့် ရန်ကုန်မြို့သို့ ထွက်ခွာသွားသည်။ ယခုလ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကြာမြင့်မည့် ခရီးစဉ်တွင် KNUအဖွဲ့သည် အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်မည့်ကိစ္စ၊ နယ်မြေဖြတ်သန်းသွားလာခွင့်ကိစ္စနှင့် နယ်မြေပိုင်းခြားသတ်မှတ်ခြင်း ကိစ္စရပ်များကို၊ ပြည်နယ်အဆင့်အနေဖြင့် ထပ်မံဆွေးနွေးရန်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း အပါအ၀င် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း ဦးဆောင်သည့်အဖွဲ့နှင့် ဘားအံမြို့တွင် ဆွေးနွေးကြမည်ဖြစ်သည်။ သတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)