ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, April 30, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

**အဆိုတော် ဘီယွန်ဆေးအား ကမ္ဘာ့အလှပဆုံးအမျိုးသမီးဆုပေး** 
(နယူးယောက်၊ ဧပြီ ၂၈)
ဂရမ်မီဆုရအဆိုတော်လည်းဖြစ် ကလေးမိခင်လည်းဖြစ်တဲ့ ဘီယွန်ဆေးကို ပီးပဲမဂ္ဂဇင်းက ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့အလှပဆုံးအမျိုးသမီးအဖြစ် ၂၆ ရက်က ရွေးချယ်လိုက်ပါတယ်။ သက် ၃၀ အရွယ်ရှိတဲ့ အဆိုတော်ဘီယွန်ဆေးက ခင်ပွန်းဖြစ်သူ Rapper အဆိုတော် Jay-Z အတွက် ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက နယူးယောက်မြို့မှာ သမီးလေးမွေးဖွားပေးခဲ့ပြီး ၀မ်းသားမဆုံးဖြစ်ပြီးတဲ့နောက် ပီးပဲမဂ္ဂဇင်းက ကမ္ဘာ့အလှပဆုံးအမျိုးသမီးဆုပေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။ သူ့တို့ဇနီးမောင်နှံဟာ သမီးလေးရဲ့နာမည်ကိုတော့ ဘလူးအိုင်ဗီကာတာလို့ အမည်ပေးခဲ့တယ်လို့ ဆိုပါတယ်။ “ကလေးမွေးထားတဲ့ အမျိုးသမီးတစ်ဦးကို ကမ္ဘာ့အလှပဆုံးဆု ချီးမြှင့်ပေးတဲ့ အတွက် အလွန်ဝမ်းသာကြည်နူးမိပါတယ်” လို့ ဘီယွန်ဆေးက ပီးပဲမဂ္ဂဇင်းကို ပြောပါတယ်။ (အင်တာနက်)
**အချစ်အတွက် အလုပ်များနေတဲ့ဆိုတဲ့ အဆိုတော် ချယ်ရီကိုးလ်**
“တစ်နေ့တစ်နေ့ ကျမမှာ အားရတယ်မရှိပါဘူး၊ များရတဲ့အကြောင်းကလည်း ဘ၀နဲ့ဆိုင်ပါတယ်။ ဘ၀တစ်လျှောက်လုံး လက်တွဲသွားရမယ့်သူနဲ့ အရေးတကြီးကိစ္စတွေ ဆွေးနွေးနေရလို့ အချိန်မရတာပါ” လို့ အဆိုတော် ချယ်ရီကိုးလ်က ပြောပါတယ်။ ဒီရက်ပိုင်းတွေမှာ ဘာကိုမှစိတ်လည်းစိတ်မ၀င်စားပါဘူး။ တစ်စုံတစ်ဦးက ကျမနာမည်ကို ခေါ်နေတာတောင် ပြန်မထူးနိုင်လောင်အောင် အလုပ်များနတယ်လို့လည်း သူမကဆိုပါတယ်။ အသက် ၂၈ နှစ်ရှိတဲ့ အဆိုတော်ချယ်ရီကိုးလ်ဟာ အရက်သောက်တာကို အလွန်မုန်းတယ်လို့ သိရပါတယ်။ သူအရက်မုန်းသလိုသူ့ချစ်သူကိုလည်း အရက်သောက်တာ တားမြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ချယ်ရီကိုးလ်က အရက်သောက်တာကို မုန်းတယ်လို့ဆိုပေမယ့် ကိုယ်တိုင်တော့ ၀ိုင်နည်းနည်းသောက်တယ်လို့ သိရပါတယ်။ ၀ိုင်ဟာ အမျိုးသမီးတွေအတွက်ဆေးဖြစ်တဲ့အတွက် သောက်ရတာကို သူမကဆိုပါတယ်။ ဒါ့အပြင်သူမက ချောကလက်နဲ့ ငှက်ပျောသီးကိတ်မုန့်တေါကိုလည်း အလွန်ကြိုက်တယ်လို့ဆိုပါတယ်။ အဆိုတော်ချယ်ရီကိုးလ်ဟာ ချယ်လ်ဆီးကစားသမား အက်ရှ်လေးကိုးလ်ရဲ့ ဇနီးဟောင်းဖြစ်ခဲ့ပါတယ်။ ဒီနောက်မှာ သူမဟာ ချယ်လ်ဆီးနောက်တန်းလူ ဂျွန်တယ်ရီနဲ့လည်း ဇာတ်လမ်းတွေရှိခဲ့တယ်လို့ သိရပါတယ်။ (အင်တာနက်)  
**ကမ္ဘာ့အလှမယ် ကိုလ်မီနာရက်စ်အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ရုပ်ရှင်ရိုက်ကူးရန်ရောက်ရှိ** (ဂျကာတာ၊ ဧပြီ ၂၈) ၂၀၁၁ ခုနှစ် ကမ္ဘာ့အလှမယ်ဘွဲ့ရရှိထားတဲ့ ဗင်နီဇွဲလားနိုင်ငံသူအသက် ၂၂ နှစ်အရွယ်ရှိ အိုင်ဗင်လူနာဆိုလ်ဆာကို့စ် ကိုလ်မီနာရက်စ်ဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းအပန်းဖြေစခန်းကို ဧပြီ ၂၇ ရက်ကအလည်အပတ်ခရီးရောက်ရှိလာပါတယ်။ ဘာလီကျွန်း ကင်ကာနာဥယျာဉ်ကိုလည်း သွားရောက်လေ့လာမှာဖြစ်ပါတယ်။ ကမ္ဘာ့အလှမယ် ကိုလ်မီနာရက်စ်ဟာ ဟောလိဝုဒ်ရုပ်ရှင်ကုမ္ပဏီဖြစ်တဲ့ယူနီဗာဆယ်နဲ့လည်း ဇာတ်ကားရိုက်ကူးဖို့ ဘာလီကျွန်းမှာ စီစဉ်ထားပါတယ်။ အဲဒီဇာတ်ကားမှာ ကိုလ်မီနာရစ်ဟာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဘာလီကျွန်းရဲ့ သာယာလှပတဲ့ ရှူခင်းတွေကိုပါဝင်အောင် ရိုက်ကူးဖို့စီစဉ်ထားပါတယ်။ (အင်တာနက်) 

**တောင်ကိုရီးယားရုပ်ရှင်မင်းသား လီဗြောင်ဟွန်းဟောလိဝုဒ်မင်းသားဘရုစ်ဝီလီနှင့် ဇာတ်ကားသစ်ရိုက်မည်** 
(ဆိုးလ်၊ ဧပြီ ၂၈) တောင်ကိုရီးယားရုပ်ရှင်မင်းသားလီဗြောင်ဟွန်းနှင့် ဟောလိဝုဒ်ရုပ်ရှင်မင်းသားဘရုစ်ဝီလီတို့သည် The Rock အမည်ရှိ အက်ရှင်ဇာတ်ကားသစ်တစ်ကားကို ရိုက်ကူးရန်စီစဉ်နေကြောင်း ဧပြီ ၂၇ ရက်က သတင်းထုတ်ပြန်သည်။ ယင်းဇာတ်ကားကို ဒါရိုက်တာ ဂျွန်အမ်ချူကရိုက်ကူးမည်ဖြစ်ပြီး လာမည့် ၂၀၁၃ ခုနှစ် နှစ်ဆန်းတွင်အပြီး ရိုက်ကူးရန် စီစဉ်ထားသည်။ ယင်းဇာတ်ကား၌ အမေရိကန် ကိုရီးယားလူငယ်တစ်ဦး၏ တွေ့ကြုံရင်ဆိုင်ရသောဖြစ်ရပ်များကို အက်ရှင်ဇာတ်ဝင်ခန်းများဖြင့် ရိုက်ကူးထားခြင်းဖြစ်သည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - ကောင်းမြတ်သူ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)