မင်္ဂလာခင်ဗျာ။ ။၂၀၀၅ခုနှစ် ဒီဇင်ဘာလ ၁၈ရက်နေ့ (နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့) မှာပဲ မဲဆောက်အပါအ၀င် တာ့(ခ်)ခရိုင်အတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်း ဥပဒေပေါင်းစုံ ပညာပေးရေးနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းဆောင်တာ ၂ ခုကို အကျိုးဆောင်ဖို့ ထိုင်းအစိုးရထံကနေ တရားဝင်ခွင့်ပြုချက် ရရှိထားတဲ့ တာ့(ခ်)ခရိုင်အတွင်းက တစ်ခုတည်းသော ထိုင်း ရှေ့နေနဲ့လူ့အခွင့်အရေးပညာပေး အဖွဲ့ဟာဒီကနေ့မှာ အကျိုးရှိတဲ့(၀ါ)အချိန်ကာလနဲ့လျော်ညီတဲ့ ပညာ ပေးသင်တန်းတစ်ခုကို ပြုလုပ်ခဲ့ပါပြီ။ အဲဒါကတော့ မဲဆောက်မြို့အခြေစိုက် တာ့(ခ်) ခရိုင်မော်တော် ယာဉ်ထိန်းဌာနက ရဲဒုတိယဗိုလ်မှူးကြီး-ဆူဖရင်း အမှူးပြုတဲ့ ယာဉ်ထိန်းရဲ အရာရှိအချို့နဲ့ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC) နဲ့ ထိုင်းလူ့အခွင့်အရေးကာကွယ်မြှင့်တင်မှု ဖောင်ဒေးရှင်း (HRDF)တို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံရဲ့ လမ်းစည်းကမ်း ယာဉ်စည်းကမ်းဥပဒေ (BE-2535) မှာ ပါရှိတဲ့ အချက်အလက်တွေကို တက်ရောက်လာတဲ့ စက်ရုံအလုပ်ရုံ ၈-ခုက အလုပ်သမား (၇၀) ဦး ခန့်ကို ပညာပေးဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
သြော်…မဲဆောက်မြို့ပိုင်ရုံးအစည်းအဝေးခန်းမမှာ ပြုလုပ် ခဲ့တာပါ။
ကိုင်း…ဒီကနေ့ဘယ်လိုဘယ်ပုံ ပုံဖော်လှုပ်ရှားကြသလဲဆိုတာ ဓါတ်ပုံတွေကိုကြည့်ကြရအောင် နော်။
*လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ဥပဒေအချက်အလက်များကို ယာဉ်ထိန်းရဲဌာနတပ်ကြပ်ကြီးမှ ရှင်းပြနေစဉ်**
(LLC ရုံးမှ စကားပြန် စောကိုထွေးက ယနေ့သင်တန်းပြုလုပ်ရခြင်း အကြောင်း ရှင်းပြနေစဉ်)
(ရှေ့နေမ အေ့ဂျင်ဂျာရတ်၊ ရှေ့နေမ ဖိလူ၊ စောကိုထွေး)
(ရဲဒုတိယဗိုလ်မှူးကြီး ဆူဖရင်းက ထိုင်းနိုင်ငံ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း BE-2535 ဥပဒေ အကြောင်း ဟောပြောနေစဉ်)
(တာ့(ခ်)ခရိုင်အတွင်းလှုပ်ရှားနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားခေါင်းဆောင်ဂျက်ဘာ (JACBA) မှ ဦးမိုးကြိုးက ပတ်စ်ပို့၊ ဗီဇာအကြောင်းရှင်းပြနေစဉ်)
သတင်းနှင့်ဓါတ်ပုံ -သောင်ရင်းနဂါး
****မဲဆောက်ဒေသ မြန်မာအလုပ်သမားများအား တာ့ခ်ခရိုင်ယာဉ်ထိန်းရဲဌာနက ယာဉ်စည်းကမ်းလမ်းစည်းကမ်းသင်တန်း ပညာပေး**
သြော်…မဲဆောက်မြို့ပိုင်ရုံးအစည်းအဝေးခန်းမမှာ ပြုလုပ် ခဲ့တာပါ။
ကိုင်း…ဒီကနေ့ဘယ်လိုဘယ်ပုံ ပုံဖော်လှုပ်ရှားကြသလဲဆိုတာ ဓါတ်ပုံတွေကိုကြည့်ကြရအောင် နော်။
*လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ဥပဒေအချက်အလက်များကို ယာဉ်ထိန်းရဲဌာနတပ်ကြပ်ကြီးမှ ရှင်းပြနေစဉ်**
(LLC ရုံးမှ စကားပြန် စောကိုထွေးက ယနေ့သင်တန်းပြုလုပ်ရခြင်း အကြောင်း ရှင်းပြနေစဉ်)
(ရှေ့နေမ အေ့ဂျင်ဂျာရတ်၊ ရှေ့နေမ ဖိလူ၊ စောကိုထွေး)
(ရဲဒုတိယဗိုလ်မှူးကြီး ဆူဖရင်းက ထိုင်းနိုင်ငံ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း BE-2535 ဥပဒေ အကြောင်း ဟောပြောနေစဉ်)
(တာ့(ခ်)ခရိုင်အတွင်းလှုပ်ရှားနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားခေါင်းဆောင်ဂျက်ဘာ (JACBA) မှ ဦးမိုးကြိုးက ပတ်စ်ပို့၊ ဗီဇာအကြောင်းရှင်းပြနေစဉ်)
သတင်းနှင့်ဓါတ်ပုံ -သောင်ရင်းနဂါး
No comments:
Post a Comment