ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, April 22, 2012

> -ဗုဒ္ဓ၀ါဒ နှင့် ဘ၀သစ်ဖြစ်ပွားမှု အယူအဆ-
(လင်းထက်ဆွေ-စုစည်း လေ့လာ တင်ပြသည်။)
ဓမ္မမိတ်ဆွေ အကို တစ်ယောက်က လူဝင်စားဖြစ်ရပ်များတွင် သေဆုံးသူ၏ ရုပ်တရား၊နာမ်တရား၊ကံတရား သို့မဟုတ် မည်သည်အရာသည် အမိ၏သားအိမ်အတွင်းသို့ ရောက်ရှိသွားပါသလဲ၊ ဆိုတဲ့ မေးခွန်းလေးတစ်ခု မေးလာ ပါတယ်။ မေးခွန်းလေး က တို သလောက် နက်နဲလှတဲ့ မေးခွန်းလေးပါ။ အဘိဓမ္မာ တတ်ကျွမ်းသူ ပညာရှင်များ က တော့ ပါဠိပါဌ်သား တွေ နဲ့ ဝေေ၀ဆာဆာ ဖြေပေလိမ့်မယ်။ မြန်မာ အချင်းချင်း နားလည် အောင်ပဲ မြန်မာလို ကြိုးစားပြီး ပြောကြည့်ပါမယ်။ ဒီမေးခွန်း ကို အကျဥ်းချုပ်ဖြေရရင်တော့ သေဆုံးသူ၏ ရုပ်တရား၊နာမ်တရား၊ကံတရား တွေ ဟာ ဒီဖက်ဘ၀ မှာ ပဲ ချုပ်ခဲ့ လို့ နောင်ဘ၀ က မိခင်ဝမ်းထဲ သို့ ရောက်သွားတာ ဘာမှ မရှိပါ။ သို့သော်လည်း ဘ၀ဟောင်း ရဲ့ ကမ္မသတ္တိ အဟုန် နဲ့ အနုသယဓါတ် (အ၀ိဇ္ဇာတဏှာဥပါဒါန် ) တို့ ကို စွဲမှီ လို့ နောက်ဘ၀မိခင်လောင်း ရဲ့ သားအိမ်တွင်းမှာ ပဋိသန္ဓေစိတ် နဲ့ ရုပ်နာမ်တရားတွေ ဖြစ်ပြီး ဘ၀သစ် က စတင် ပါတယ်လို့ ပဲ ဖြေချင်ပါတယ်။ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း အယူအဆ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း အယူအဆ ဟာ အိန္ဒိယမှာ ပေါ်ပေါက်ခဲ့သမျှဘာသာတရားတိုင်း တစ်နည်း မဟုတ် တစ်နည်း နဲ့ လက်ခံထားကြတဲ့ အယူအဆဖြစ်တယ်။ ဒီ အယူအဆ က ဘယ်လို ဘယ်ပုံ ပေါက်ဖွားလာ သလဲ ဆို တာ သုတေသီ ပညာရှင်တွေ ငြင်းခုံ နေကြဆဲ ဖြစ်ပေမဲ့ အလွန်ရှေးကျတဲ့ ဝေဒ ခေတ်ကတည်း က ဒီ အယူအဆ ရှိခဲ့ပြီလို့တော့ ခန့်မှန်းကြပါတယ်။ ဝေဒခေတ် ဘာသာရေး က ဘုရားအများကိုးကွယ်တဲ့ဝါဒ (Polytheism) ဖြစ်တယ်။ သဘာဝလောကကြီး တစ်ခုလုံး လှုပ်ရှားသက်ဝင်နေတဲ့စွမ်းအားတွေ နောက်ကွယ် မှာ ဆိုင်ရာ နတ်ဒေ၀တာ အသီးသီး ရှိမယ်လို့ယုံကြည်ကြတယ်။ လက်ရှိဘ၀ ရဲ့ လိုအပ်ချက်တွေ အတွက် နတ်ဒေ၀တာ တွေ ကို တိုင်တည်ပြီး မ စ ဖို့ အတွက် ပူဇော်ပသကြရာက နေ ယာဇ်ပူဇော်မှု အလေ့အထ ပေါ်ပေါက်လာခဲ့တယ်။ နတ်ဒေ၀တာ တွေ ဘုန်းတော်ဖွဲ့တဲ့ ဓမ္မတေး တွေ ရေးစပ်သီကုံးပြီး ရွတ်ဆိုပူဇော်ကြတယ်။ ပူဇော်မှု ရဲ့ အကျိုး က ဒီဘ၀တင်မဟုတ်ပဲ တမလွန်ဘ၀ မှာ လဲ သဂ္ဂဘုံနန်း ကို ရောက်ရှိခံစား ရမယ် ဆိုတဲ့ ယုံကြည်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်။ ဝေဒခေတ် နှောင်းပိုင်း ဥပနိသျဒ်ကျမ်း တွေ ပေါ်ပေါက်လာတော့ သေပြီးနောက် တစ်ဘ၀ ဖြစ်မယ် ဆိုတာထက် ဘ၀ ဆိုတာ သစ္စာတရား ကို မသိမချင်း အဖန်တလဲလဲ မွေးဖွားလိုက် သေဆုံးလိုက် နဲ့ တရစပ်ချားရဟတ်လို လည်နေတဲ့ ဘ၀သံသရာဖြစ်စဉ် အဖြစ်ရှုမြင်လာကြတယ်။ ဘ၀သံသရာဖြစ်စဉ် ရဲ့ ဆင်းရဲခြင်းတွေ ကို လဲ ကြောက်ရွံ့လို့ သံသရာ အဆုံးသတ်မှု ကို ရှာဖွေလာကြတယ်။ တောရဆောက်တည်တဲ့ အရညက ရသေ့သူတော်စင်တွေ ဝေဒ ကို မယုံကြည်ပဲ တပ အကျင့် အားထုတ်တဲ့ သမဏ သူတော်စဉ် တွေ ပေါ်ပေါက်လာခဲ့ ကြတယ်။ ဒီအထဲ မှာ တော့ ဂျိန်း သမဏ (နိဂဏ္ဍ) တွေ က အထင်ရှားဆုံး ဖြစ်လာပါတယ်။ ဂျိန်းတွေ ရဲ့ အမြင် အရ သတ္တ၀ါတွေ ဘ၀ သံသရာလည်နေ ရတာ ဟာ ကံရုပ်တွေ ကြောင့် ဖြစ်တယ်။ မိမိ တို့ ပြုသမျှ ကာယ ၀စီ မနော ကံတရားတွေ က ပြုသူရဲ့ ဇီဝအတ္တ မှာ လာရောက်တွယ်ကပ်နေတယ်။ ဒီ ကံ တွေ မကုန်မချင်း ဇီဝအတ္တ ဟာ ကံပစ်ချ ရာ ဘ၀တွေ ကို ရောက်ရှိကျင်လည်ပြီး ဆင်းရဲ ဒုက္ခတွေ ကို ခံစားနေရတယ်။ မိမိကိုယ်ကို ပင်ပန်းစေတဲ့ တပ (အတ္တကိလမထာနုယောဂ အကျင့်) ကို အားထုတ် ရင် ဒီ စုဆောင်းလာတဲ့ ကံတွေ ဟာ တစ်ဖြည်းဖြည်း အားနည်းလာပြီး နောက်ဆုံးမှာ ဇီဝအတ္တ ဟာ ကံ ရုပ် ဟူသမျှ က နေ သန့်စင် သွားတယ်။ အတ္တ ဟာ အတ္တမဟုတ်တဲ့ အနတ္တသဘောတရားတွေ နဲ့ တသီးတခြား စီဖြစ်သွားတဲ့ အခါမှာ အတ္တရဲ့ လွတ်မြောက်မှု (ကေ၀လ) ကို ရရှိတယ် လို့ ဂျိန်းတွေ က ယုံကြည်တယ်။ ဗုဒ္ဓ၀ါဒ အမြင် ပေါ်ထွန်းခြင်း ဗုဒ္ဓရှင်တော် ပွင့်ထွန်းတော်မူလာ ရာမှာ လေ့လာကြည့်ရင် ဗုဒ္ဓ မဖြစ်ခင် က သမဏ ဖြစ်ခဲ့တယ်။ ဥပနိသျဒ်လာ လောကီ သမာပတ်ကျင့်စဉ်တွေ ဂျိန်း တပ ကျင့်စဉ်တွေ ကို အားထုတ်ခဲ့ဖူးတယ်။ အဲဒီခေတ်ကာလ မှာ ရှိနေတဲ့ ဘ၀သစ် အဖန် တလဲလဲ မွေးဖွား ဖြစ်ခြင်း အယူအဆ ကို လက်ခံ ခဲ့တယ်ဆိုတာ တွေ့ ရပါတယ်။ ဒါပေမဲ့ ဗုဒ္ဓ ဟာ အိန္ဒိယ ဘာသာရေး အတွေးအမြင် သမိုင်း မှာ အလွန်ကြီးမားတဲ့ ပါဒိုင်းအရွေ့ ကို ဖြစ်စေခဲ့တယ်။ ဗုဒ္ဓ ရှေ့ က ဘာသာရေးတွေ အားလုံး က လောက ဖြစ်စဉ် ကို ရှင်းပြ ရာမှာ ခိုင်မာတဲ့ အနှစ်သားအရှိတရား တစ်မျိုးမျိုး ကို အခြေခံ အဖြစ်ထားပြီးတော့ မှ တင်ပြခဲ့ကြတယ်။ ခိုင်မာတဲ့ အနှစ်သားအရှိတရား ဆိုတာ ပကတိရှိနေတဲ့ အတ္တ (ပရမတ္တမ) ဖန်ဆင်းရှင် ဘုရားသခင် (ဣဿရဒေ၀) အသက်ဇီဝ အတ္တ တစ်မျိုးမျိုး ဖြစ်တယ်။ ကံစွမ်းအင် တွေ ဟာ ဒီ အတ္တ မှာ ကပ်ငြိနေသမျှ အတ္တ ဟာ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း သဘော က နေ မလွတ်နိုင်ပဲ တ၀ဲဝဲလည် နေရတယ် ဆိုတဲ့ အမြင်ပါပဲ။ ဗုဒ္ဓရှင်တော် ကတော့ ခိုင်မာတဲ့ အနှစ်သားအရှိတရား ကို လုံးဝငြင်းပယ်တော်မူခဲ့တယ်။ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း သဘော ကို ရှင်းပြ ရာ မှာ အတ္တ ဟာ မလိုအပ်တဲ့ အရာ ဖြစ်တဲ့ အပြင် ဒီ အတ္တ ရဲ့ အရှိတရား ကို မှားယွင်းစွာ စွဲလန်းခြင်း (အတ္တ၀ါဒုပါဒါန်-အတ္တာနုဒိဋ္ဌိ) ဟာ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း ကို ဖြစ်စေတဲ့ လက်သည်တရားခံ ပဲ ဖြစ်တယ် လို့ မြင်ခဲ့ ပါတယ်။ ဒါ က တကယ့် တော်လှန်တဲ့ အမြင်ပဲ။ ဝေဒအမြင် ဂျိန်းအမြင်တွေ မှာ ဖူးဖူးမှုတ် တန်ဖိုး ထားပြီး လွတ်မြောက်အောင်ကြိုးပမ်းနေရတဲ့ အရာ ဟာ ပြဿနာအားလုံးရဲ့ မူလဇာစ်မြစ်လို့ ဗုဒ္ဓရှင်တော် က လင်းပြတဲ့ အတွက်ပါပဲ။ ဗုဒ္ဓဓမ္မ မှာ ဘ၀သစ်ဖြစ်ပေါ်ခြင်း ဆိုတာ သတ္တ၀ါ သေဆုံးတဲ့ အခါ သံဝတ္တန၀ိညာဏ လို့ ခေါ်တဲ့ ဘ၀သစ်ဖြစ်ပွားခွင့် ရှိတဲ့ ၀ိညာဏ် (၀ါ) စိတ်ဝိညာဏ် ရဲ့ အစဉ် စီးဆင်းမှု (၀ိညာဏသောတ) ဟာ အခြားသော သော အကြောင်းတရား အထောက် အပံ့တွေ နဲ့ ပေါင်းစပ် လို့ ဘ၀သစ်တစ်ခု စတင်ဖြစ်ပေါ်စေတာ ကို ပဲ ဆိုလိုပါတယ်။ ဘ၀သစ် ရဲ့ ၀ိညာဏသောတ ဟာ ဘ၀ဟောင်း ရဲ့ စိတ်အစဉ် နဲ့ ကြောင်းကျိုးဆက်နွယ်မှု ရှိသော်လဲ ထပ်တူဖြစ်တဲ့ ၀ိညာဏသောတ လဲ မဟုတ်ဘူး လို့ ဆိုပါတယ်။ ဘ၀သစ် ကို ဖြစ်ပေါ် စေတဲ့ အဓိက အခြေခံတရားတွေ ကတော့ အ၀ိဇ္ဇာ တဏှာ နဲ့ ကမ္မဘ၀ တို့ ပဲ ဖြစ်တယ်။ အ၀ိဇ္ဇာ က မြေကြီး နဲ့ တူတယ် တဏှာ က အစိုဓါတ်နဲ့တူတယ် ကံ ကတော့ မျိုးစေ့ နဲ့တူ ပါတယ်။ ကံ မျိုးစေ့ ကို အ၀ိဇ္ဇာ မြေဆီလွှာ မှာ စိုက်ပျိုးလို့ တဏှာ အစိုဓါတ် က အထောက်အပံ့ ပေးတဲ့ အခါ ဘ၀သစ်ဆိုတဲ့ အပင်ကလေး ပေါက်လာ ရတယ်လို့ ဆိုပါတယ်။ကံမျိုးစေ့ ရဲ့ ကောင်း ဆိုး မြတ် ယုတ် ကွာခြားသလို ဘ၀သစ် တွေ က လဲ အသွင် အမျိုးမျိုးခြားနားပါတယ်။ လူ နတ် ဗြဟ္မာ ဖြစ်စေမဲ့ ကံမျိုးစေ့ ကို စိုက်ရင် နတ်ဗြဟ္မာ ဘ၀သစ် ကို ဖြစ်စေမယ်။ ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကာယ် ဖြစ်စေမဲ့ ကံမျိုးစေ့ ကို စိုက်ရင် ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကာယ် ဘ၀သစ် ကို ဖြစ်စေမယ် လို့ ဆိုပါတယ်။ ဘ၀ တစ်ခု အတွင်း မှာ လဲ အနိမ့်အမြင့် အယုတ် အမြတ် အကောင်း အဆိုး အခြေအနေ တွေ က ဆိုင် ရာ ကံမျိုးစေ့ ရဲ့ အနိမ့်အမြင့် အယုတ် အမြတ် အကောင်း အဆိုး အလိုက် ပဲ ဖြစ်ပေါ် ရတယ်လို့ ဆိုကြပါတယ်။ ဗုဒ္ဓဓမ္မ ရဲ့ သုတ္တန်ပိဋကတ် မှာ ဘ၀သစ် ဖြစ်ပေါ်မှု နဲ့ ပတ်သက်လို့ မဇ္ဇျိမနိကာယ် မှာ မဟာကမ္မ၀ိဘင်္ဂသုတ် ဥပါလိသုတ် ကုက္ကုရ၀တိကသုတ် သံယုတ္တနိကာယ် မှာ မောဠိယသိဝကသုတ် သင်္ခါသုတ် စသည် တို့ မှာ ရှင်တော်ဗုဒ္ဓ ဟောကြားထား ချက်တွေ ရှိပါတယ်။ စွဲမှီဖြစ်ပွားတဲ့ သဘောတရား (ပဋိစ္စသမုပ္ပါဒ) အမြင် ဗုဒ္ဓရှင်တော် က အချင်းအရာ နိဒါန ကွင်းဆက် (၁၂) ပါဝင်တဲ့ အကြောင်းအထောက်အပံ့တရားများအပေါ် စွဲမှီဖြစ်ပွားတဲ့ သဘောတရား (ပဋိစ္စသမုပ္ပါဒ) ကို ထွန်းလင်းပြခဲ့ပါတယ်။ (၁) သတ္တ၀ါတွေ ရဲ့ သဏ္ဍာန်မှာ အာသ၀တရားတွေ က ကိန်းအောင်းနေတယ်။ အာသ၀တရားတွေ ရဲ့ ချယ်လှယ်မှု ကြောင့် သစ္စာတရား ကို မသိမှု (အ၀ိဇ္ဇာ) က ဖြစ်ပေါ်လာပါတယ်။ (၂) သစ္စာတရား ကို မသိမှု (အ၀ိဇ္ဇာ) ကို အခြေခံတဲ့ စိတ် ဟာ မှောက်မှောက်မှားမှား သိတယ် မှတ်သားတယ် ထင်မြင် ယူဆ တယ် စွဲလန်းတယ်။ ဒီ အခါမှာ ချစ်တာတွေ မုန်းတာတွေ ဖြစ်လာပါတယ်။ ချစ်တာကို ရအောင် လိုချင်လာတယ်။ မုန်းတာ ကို လွတ်အောင် ဆန့်ကျင်တယ်။ဒီလို တွန်းအား ဆွဲအားတွေ ကို အခြေခံ လို့ ကောင်းမှု မကောင်းမှု(အဘိသင်္ခါရ) တွေ ဖြစ်ပါတယ်။ (၃) ကောင်းမှု မကောင်းမှု (အဘိသင်္ခါရ) တွေ ဖြစ်ပွားတဲ့ အခါမှာ စိတ်အစဉ်ထဲ မှာ မျိုးစေ့ ဖြစ်တဲ့ ကမ္မသတ္တိ ကို ချန်ရစ်ခဲ့တယ်။ ဒီ ကမ္မသတ္တိ ရဲ့ ကောင်း ဆိုးအသွင်စွမ်းအင်တွေ ကြောင့် ဘ၀တစ်ခု ပြတ်စဲချုပ်ငြိမ်း ပြီးတဲ့ အခါ ဘ၀သစ်ရဲ့ ပထမဆုံးစိတ် (ပဋိသန္ဓေစိတ်) ကို ဖြစ်စေပါတယ်။ (၄) ကမ္မသတ္တိတွေ ကိန်းနေတဲ့ ပထမဆုံးစိတ် (ပဋိသန္ဓေစိတ်) ကြောင့် ဆိုင်ရာ ရုပ်တရား တွေ နာမ်တရားတွေ လဲ တစ်ပြိုင်တည်း ဖြစ်ပေါ်လာပါတယ်။ ဥတု အဟာရ စတာတွေ က လဲ အထောက်အပံပေးပါတယ်။ (၅) ဆိုင်ရာ ရုပ်တရား တွေ နာမ်တရားတွေ (နာမရူပ) ကို အခြေခံ လို့ ကံအစွမ်း နဲ့ အာရုံခံစားနိုင်တဲ့ ဒွါရတွေ (သဠာယတန) ဖြစ်ပေါ်လာပါတယ်။ သင့်ရာ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် စတဲ့ အာယတန တရားတွေ ဖြစ်လာပါတယ်။ (၆) ကိုယ်တွင်း အာယတန တရားတွေ ဖြစ်လာတဲ့ အခါ ပြင်ပ အာယတနတရားတွေ ဖြစ်တဲ့ အဆင်း အသံ အနံ့ အရသာ အထိအတွေ့ အတွေး စတာတွေ နဲ့ ထိတွေ့မှု (ဖဿ) ဖြစ်ပါတယ်။ ကြေးမုံမှန်တစ်ချပ် ဖြစ်လာတဲ့ အခါ ပတ်ဝန်းကျင် က အလိုလို အရိပ်ထင်လာသလိုပါပဲ။ (၇) ထိတွေ့မှု (ဖဿ) နဲ့ အတူ တွေ့ကြုံသော အာရုံတရားတွေ အပေါ် သာယာခြင်း မသာယာခြင်း ဆိုတဲ့ ခံစားမှုသဘော (ဝေဒနာ) လဲ ဖြစ်လာပါတယ်။ (၈) စိတ် ဟာ နဂို ကတည်း က အာသ၀သတ္တိ တွေ ကမ္မသတ္တိတွေ ကိန်း နေတာမို့ ထိတွေ့မှု (ဖဿ) နဲ့ ခံစားမှုသဘော (ဝေဒနာ) တွေ ကို မှောက်မှောက်မှားမှား သိတယ် မှတ်သားတယ် ထင်မြင်ယူဆ တယ် တပ်မက်နှစ်သက်တဲ့ သဘော (တဏှာ) ဖြစ်လာပါတယ်။ (၉) ထပ်တလဲလဲ တပ်မက်နှစ်သက်တဲ့ သဘော (တဏှာ) ဖြစ်လာတဲ့ အခါ အာရုံတွေ အပေါ် စွဲလန်းမှု (ဥပါဒါန) အမျိုးမျိုး ဖြစ်ပေါ်လာပါတယ်။ အတ္တ ကို စွဲလန်းတယ် ဘ၀ ကို ဒိဋ္ဌိကို ကာမဂုဏ်အာရုံတွေ ကို စွဲလန်းတယ် စသဖြင့် စွဲလန်းမှု (ဥပါဒါန) အမျိုးမျိုး ဖြစ်ပေါ်လာပါတယ်။ (၁၀) စိတ်သဏ္ဍာန်မှာ နဂိုရှိနေတဲ့ အ၀ိဇ္ဇာ အာသ၀တရားတွေ ရယ် ဖဿ ဝေဒနာတွေ ရယ်ပေါင်းစပ်လို့ ဖြစ်ပေါ်လာတဲ့ တပ်မက်နှစ်သက်တဲ့ သဘော (တဏှာ) စွဲလန်းမှု (ဥပါဒါန) အမျိုးမျိုး တွေ ကြောင့် အချစ် အမုန်း အမိုက် တုန့်ပြန်မှုတွေ ထပ်ဖြစ်ပါတယ်။ အဘိသင်္ခါရ သဘော ဆောင်တဲ့ ကမ္မဘ၀ တွေ ကမ္မသတ္တိတွေ ကို ဖြစ်ပေါ်စေပြန်ပါတယ်။ (၁၁) ကမ္မဘ၀ တွေ ကမ္မသတ္တိတွေ ကြောင့် ဘ၀တစ်ခု ပြတ်စဲချုပ်ငြိမ်း ပြီးတဲ့ အခါ နောက် ဘ၀သစ်ရဲ့ ပထမဆုံးစိတ် (ပဋိသန္ဓေစိတ်) ကို ဖြစ်စေပါတယ်။ ထိုမှတဆင့် မွေးဖွားခြင်း (ဇာတိ) ကို ဖြစ်စေတယ်။ (၁၂) မွေးဖွားခြင်း (ဇာတိ) ဖြစ်တော့ သတ္တ၀ါ ဟာ လောက ဘုံဘ၀တစ်ခုထဲ ကျရောက်ရတယ်။ အိုခြင်း နာခြင်း သေခြင်းနဲ့တစ်ကွ အဆုံးအပိုင်းအခြားမရှိတဲ့ သောက ပရိဒေ၀ ဒေါမနဿ ဒုက္ခတရားစု တွေ ဆက်ဆက် ဖြစ်ပေါ်ရပါတယ်။ ပဋိစ္စသမုပ္ပါဒ သဘောတရား ရဲ့ နက်နဲမှု ဒီ ဖေါ်ပြခဲ့တာ ကတော့ အကြောင်းအထောက်အပံ့တရားများအပေါ် စွဲမှီဖြစ်ပွားတဲ့ သဘောတရား (ပဋိစ္စသမုပ္ပါဒ) ရဲ့ မြင်ကွင်းအကျဉ်းပါပဲ။ အဘိဓမ္မာစာပေ မှာ တော့ ဒါကို အကျယ်ချဲ့ပြီး အသေးစိတ်သရုပ်ခွဲကြမှာပါ။ ဒီနေရာ မှာ အဓိက ပြောချင်တာ ကတော့ ဗုဒ္ဓရှင်တော် ရှင်းပြတဲ့ အချင်းအရာ နိဒါန ကွင်းဆက် (၁၂) ပါဝင်တဲ့ ပဋိစ္စသမုပ္ပါဒ ဖြစ်စဉ်ထဲ မှာ အတ္တ ဇီဝ နဲ့ ပရမတ္တမ ဣဿရဒေ၀ တို့ အတွက် နေရာ မရှိဘူး ဆိုတာပါပဲ။ နိဒါန ကွင်းဆက် (၁၂) ခု ဟာ တစ်ခု နဲ့ တစ်ခု ချိတ်ဆက် မှီတွယ် ထောက်တည် ပြီး အဆင့်ဆင့် ဖြစ်ပွား ပြောင်းလဲ နေရာ မှာ တစ်ခဏလေး တောင် ရပ်တန့် တည်နေနိုင်တဲ့ စွမ်းရည် မရှိပါဘူး။ တည်နေနိုင်တဲ့ ဋ္ဌီတိဘာဝ မရှိတဲ့ လောက မှာ အတ္တ ဇီဝ နဲ့ ပရမတ္တမ ဣဿရဒေ၀ တို့ အတွက် နေရာ မရှိ နိုင်ပါ။ ဒါကို ဖတ်ကြည့် တော့ အော် လွယ်သားပဲ လို့ ထင်ကောင်းထင်မယ်။ ဒါပေမဲ့ စွဲမှီဖြစ်ပွားတဲ့သဘောတရား (ပဋိစ္စသမုပ္ပါဒ) ဟာ ဗုဒ္ဓဓမ္မတစ်ခုလုံးရဲ့ အမတေ နှလုံးသည်းပွတ် ၀ိညာဉ် ဖြစ်သလို အနက်နဲ ဆုံးဓမ္မတရားလဲ ဖြစ်ပါတယ်။ ဘုရားရှင် ကိုယ်တိုင် က ဒီတရား ကို သတ္တ၀ါတွေ မသိလို့ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း ရဲ့ သံသရာ မှာ ပြေးသွား ကျင်လည် နေရတယ် လို့ ဆိုခဲ့ပါတယ်။ တစ်ခါတုန်း က ရှင်အာနန္ဒာ က သူ့ အတွက် ဒီ ပဋိစ္စသမုပ္ပါဒ သဘာတရား ဟာနက်ယောင် ထင် ရပေမဲ့ နားလည် ဖို့ လွယ်ကူကြောင်းဘုရားရှင် ကို လျှောက်ထား တဲ့ အခါ မှာ ဘုရားရှင်က ဒီ လို မဆို ဖို့ တားမြစ်တော်မူပြီးတော့ ပဋိစ္စသမုပ္ပါဒ သဘာတရား ဟာနက်ယောင် ထင်ရ သလို အမှန်တကယ်လဲ နက်နဲ တဲ့ အကြောင်း ဘုရားတည်းဟူသော အမှီ သဟဲ ရရှိသောကြောင့်သာ ရှင် အာနန္ဒာ အနေနဲ့ နားလည်ရလွယ်ကူ သယောင် ဖြစ်နေတာ ဖြစ်ကြောင်း ကို မိန့်ကြားပါတယ်။ ပဋိစ္စသမုပ္ပါဒ သဘောတရား ဟာ ဥာဏ်သက်ဝင်ဖို့ ခက်တဲ့ အကြောင်းကတော့ လူသားတွေ အနေ နဲ့ ခိုင်မာတဲ့ အတ္တ အရှိတရားအပေါ် စွဲ လန်းမှု က အရမ်းကို နက်ရှိုင်းစွာ အမြစ်တွယ်နေလိုပါပဲ။ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း ရဲ့ သံသရာ အကြောင်း စဉ်းစားတဲ့ အခါ ခိုင်မာတဲ့ အတ္တအရှိတရားအပေါ် စွဲ လန်းမှု က ပါးပါးလေး နောက်ကွယ်မှာ ရပ်နေပြီး လူသားတွေ ရဲ့ အမြင် ကို လွမ်းမိုးနေပါတော့တယ်။ အစွန်းရောက်အမြင်များ နှင့် အစွန်းလွတ်အမြင် ဗုဒ္ဓဓမ္မ ဟာ အစွန်းတရားတွေ ကို ရှောင်သော အမြင်ဖြစ်တယ်။ ခိုင်မာတဲ့ အတ္တအရှိအမြင် (သဿတဒိဋ္ဌိ) ကို ဝေဒန္တ နဲ့ ဂျိန်း တွေ က လက်ခံထားတယ်။ လူမှာ ပြောင်းလဲတတ်တဲ့ ခန္ဓာတွေ အပြင် မပြောင်းမလဲ ထာဝရတည်တဲ့ ခိုင်မာတဲ့ အတ္တရှိတယ်..ဒီ အတ္တ ဟာ လူသေတဲ့ အခါ ကံ အစွမ်းနဲ့ နောက် ခန္ဓာ အသစ် တစ်ခု ဆီ ကို ကူးပြောင်း ရောက်ရှိ သွားတယ်လို့ ယုံကြည်ကြတယ်။ ခိုင်မာတဲ့ အတ္တမရှိအမြင် (ဥစ္ဆေဒဒိဋ္ဌိ) ကို တော့ ရုပ်ကြမ်းဝါဒီ တွေ က လက်ခံထားတယ်။ လူမှာ ပြောင်းလဲတတ်တဲ့ ခန္ဓာတွေ ပဲ ရှိပြီး ဒီခန္ဓာ တွေ က ပဲ လူရဲ့ အတ္တ ဖြစ်ပါတယ်..ဒီ အတ္တ ဟာ သတ္တ၀ါ သေတဲ့ အခါ အသစ်မဖြစ်ပေါ်တော့ ပဲ ပြတ်စဲပြီးဆုံး သွားတယ် လို့ ရုပ်ကြမ်းဝါဒီ တွေ က မြင်တယ်။ မပြောင်းမလဲ ထာဝရတည်တဲ့ ခိုင်မာတဲ့ အတ္တ နဲ့ ကံတွေ နောင် ဘ၀ တွေ အခြားသော မမြင်ရတဲ့ ဘုံဘ၀ တွေ ကို လဲ လို့ ရုပ်ကြမ်းဝါဒီ တွေ က လက်မခံ ပဲ ပယ်ပါတယ်။ ဒီ အစွန်းတရား အမြင် (၂) ပါးဟာ ရှင်းပြဖို့လဲ လွယ်တယ်။ နားလည်လက်ခံ ဖို့ လဲ လွယ်တယ်။ ဗုဒ္ဓဓမ္မ ဟာ ဒီ အစွန်း တရား တွေ ကို ရှောင်တဲ့ အခါ မှာ ရှင်းပြဖို့မလွယ်တဲ့ နားလည်လက်ခံ ဖို့ လဲ မလွယ်တဲ့ အမြင်တစ်ရပ် ဖြစ်လာ ပါတော့တယ်။ ဗုဒ္ဓဓမ္မ ဟာ ရုပ်ကြမ်းဝါဒီ တွေ လို ပဲ မပြောင်းမလဲ ထာဝရတည်တဲ့ ခိုင်မာတဲ့ အတ္တ ကို ပယ်ပြီးတော့ ဝေဒန္တ နဲ့ ဂျိန်း တွေ က လက်ခံထားတဲ့ ကံ နဲ့ ဘ၀သံသရာ ကို ဘယ်လို ယုတ္တိရှိရှိ ကွင်းဆက်မိမိ ရှင်းပြနိုင်မလဲ။ ဘ၀တစ်ခု ရပ်တန့်ချုပ်ငြိမ်းသွားတယ်-ဘ၀သစ်တစ်ခု ထပ်မံ ဖြစ်ပေါ်လာတယ်။ ဘ၀ဟောင်း က ရုပ်နာမ်တရားစုတွေ က ဘ၀ဟောင်းမှာ ပဲ အကြွင်းအကျန် မရှိအောင် ရပ်တန့်ချုပ်ငြိမ်း ခဲ့ လို့ ဘ၀သစ် ကို လိုက်ပါလာတာ ဘာမှမရှိဘူး လို့ ဆိုတယ်။ ဒါပေမဲ့ ဘ၀ဟောင်းရဲ့ ကမ္မသတ္တိစွမ်းအင်တွေ ပါရမီတရားတွေ သညာတွေ စရိုက်အထုံဝါသနာ တွေ ကို ဘ၀သစ် က အမွေဆက်ခံ ရတယ်လို့ ဆို ရာမှာ အတ္တမရှိဘူး ဆိုရင် ဘယ်လို အရာက ဘယ်လိုနည်း နဲ့ သယ်ဆောင် သွားပါသလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။ ဒါဟာ ဗုဒ္ဓဘာသာ ရဲ့ သမိုင်း တစ်လျှောက်လုံး ပညာရှင်တွေ ကို ခေါင်းခဲ စေခဲ့တဲ့ ပြဿနာ ဖြစ်ပါတယ်။ ၀ဇ္ဇီပုတ္တကဂိုဏ်း ရဲ့ ပုဂ္ဂလအရှိ အမြင် ဒီပြဿနာ ကို စတင်ကိုင်တွယ်ဖို့ ကြိုးစားခဲ့တာ ကတော့ ထေရ၀ါဒမှ ခွဲထွက်ခဲ့တဲ့ ၀ဇ္ဇီပုတ္တကဂိုဏ်း (၀ါ) သမ္မိတိယဂိုဏ်း ပဲ ဖြစ်တယ်။ ၀ဇ္ဇီပုတ္တကဂိုဏ်း အနေနဲ့ က လူမှာ ခန္ဓာ (၅) ပါး လဲ မဟုတ် ခန္ဓာ (၅) ပါး မှ သီးခြားလည်း မဟုတ်တဲ့ ပုဂ္ဂလ ဆိုတဲ့ သဘော တစ်ရပ်ရှိတယ်လို့ ယူဆပါတယ်။ ဒီပုဂ္ဂလ ဟာ ဘ၀ သံသရာမှာ ကျင်လည် ပြေးသွားနေ ရတဲ့ သတ္တ၀ါ ဖြစ်တယ်။ အရိပ်ဆိုတာ ရုပ်ဝတ္တုလဲ မဟုတ် ရုပ်ဝတ္တုမှ သီးခြားမဟုတ်သလို ပဲ ဒီ ပုဂ္ဂလ သဘော ဟာ ခန္ဓာ (၅) ပါး ရှိတဲ့ နေရာတိုင်းမှာ ရှိနေတယ်..။ ဒုက္ခ၀န်ထုပ် (ဘာရ) ကို ထမ်းရွက်နေရတဲ့ ၀န်ထုပ်ဆောင်သူ (ဘာရကာရ) လည်း ဖြစ် တယ်လို့ ၀ဇ္ဇီပုတ္တကဂိုဏ်း က ခံယူတယ်။ ပုဂ္ဂလ ရဲ့ အရှိတရား ကို လက်ခံသူတွေ မို့ သူတို့ ကို ပုဂ္ဂလ၀ါဒီတွေ လို့လဲ ဆိုကြပါတယ်။ ပုဂ္ဂလ ကို လက်ခံလိုက်တဲ့ အတွက် ဘ၀ဟောင်း က ကုသိုလ်-အကုသိုလ် ကမ္မသတ္တိ တွေ ပါရမီဖြည့်ဆည်းမှုတွေ အထုံဝါသနာတွေ အနုသယ ကိလေသာတွေ ကိန်းအောင်းနေဖို့ အတွက်နဲ့ ဘ၀သစ်သို့ ဆောင်ယူ သွားနိုင်ဖို့ အတွက် အခြေခံဝတ္တု တစ်ခု ရရှိလိုက် သလို ပါပဲ။ ကွန်ပြူတာ တစ်လုံးထဲ က ဒေတာ တွေ ကို နောက် တစ်လုံးထဲ ပြောင်းထည့်တဲ့ အခါ ကြားခံ ဟာဒ်ဒစ် တစ်ခု ကို သုံးပြီး ရွေ့ သလိုပဲ ဘ၀ဟောင်း နဲ့ ဘ၀ သစ်အကြား အစပ်အဟပ် က ဒီ ပုဂ္ဂလ ဆိုတဲ့ အရာ ပဲ ဖြစ်တယ်လို့ ၀ဇ္ဇီပုတ္တကဂိုဏ်း က ခံယူတယ်။ ပုဂ္ဂလ အရှိ အယူအဆ ဟာ ဟိန္ဒူတွေ နဲ့ ဂျိန်းတွေ ရဲ့ အတ္တဇီဝ အရှိ အယူအဆ နဲ့ တော်တော်လေး ဆင်တူ သလို ဖြစ်တယ်။ ဒါပေမဲ့ မတူတာတွေ လဲ ရှိတယ်။ (၁) ပထမ မတူတဲ့ အချက် က အတ္တဇီဝ ဟာ ခန္ဓာတွေ က နေ သီးခြားဖြစ်နေပေမဲ့ ပုဂ္ဂလ က တော့ သီးခြား မဟုတ်ဘူး။ (၂) ဒုတိယမတူတဲ့ အချက် က ခန္ဓာတွေ က နေ သီးခြားဖြစ်နေတဲ့ အတ္တ ဇီဝ ဟာ အနှစ်သာရအားဖြင့် မပြောင်းမလဲ ထာဝရ တည်တဲ့ အရှိသဘော ဖြစ်ပေမဲ့ ပုဂ္ဂလ ကတော့ ပြောင်းလဲတတ်တဲ့ သဘောမျိုး ၀ဇ္ဇီပုတ္တကဂိုဏ်း က ခံယူတယ်။ (၃) တတိယ မတူတဲ့ အချက် ကတော့ ဟိန္ဒူတွေ နဲ့ ဂျိန်းတွေ ရဲ့ အတ္တဇီဝ ဟာ နောက်ဆုံးလွတ်မြောက်ချိန်မှာ ကျန်ရစ်တဲ့ အရှိတရား ဖြစ်တယ်။ ပုဂ္ဂလ ကတော့ ပြောင်းလဲတတ်တဲ့ သဘောမျိုး ဖြစ်လို့ သူ တည်မှီနေရာ ခန္ဓာတရားစုတွေ နိဗ္ဗာန်ဝင်လို့ ချုပ်ငြိမ်းရတဲ့ အခါ ပုဂ္ဂလ ဟာလဲ လိုက်ပါချုပ်ငြိမ်းရပါတယ်။ သဗ္ဗတ္တိဂိုဏ်း ရဲ့ ဂန္ဓဗ္ဗ အရှိ အယူ အဆ ၀ဇ္ဇီပုတ္တကဂိုဏ်း နောက် ဒီ ဘ၀ ကူးပြဿနာ ကို ဖြေရှင်းဖို့ကြိုးစားတာ ကတော့ ထေရ၀ါဒ ရဲ့ ဂိုဏ်းကွဲ တစ်ခု ဖြစ်တဲ့ သဗ္ဗတ္တိဂိုဏ်း ပဲ ဖြစ်တယ်။ သဗ္ဗတ္တိဂိုဏ်း ရဲ့ အယူအဆ က တော့ ၀ဇ္ဇီပုတ္တကဂိုဏ်း နဲ့ နည်းနည်းကွဲတယ်။ သူတို့ လဲ ခန္ဓာ (၅) ပါး အပြင် မှာ ဂန္ဓဗ္ဗ လို့ ခေါ်တဲ့ ရုပ်နုနာမ်နုတွေ နဲ့ ဖွဲ့စည်းထားတဲ့ သဘာဝတစ်မျိုး ရှိတယ်လို့ ယူဆတယ်။ ဒီ ဂန္ဓဗ္ဗ တရား က ပုဂ္ဂလ လို အတ္တဇီဝ လိုပဲ ကံ ပါရမီ ၀ါသနာ အနုသယ တရားတွေ ကို သယ်ဆောင်ပေးတဲ့ အရာ ဖြစ်တယ် လို့ သဗ္ဗတ္တိဂိုဏ်း က ခံယူတယ်။ ဂန္ဓဗ္ဗ အရှိ အယူ အဆ က အတ္တဇီဝ အယူအဆ နဲ့ ပို ဆင်တူတယ်။ ဘာကြောင့်လဲဆိုတော့ ဂန္ဓဗ္ဗ ဟာ အတ္တ လိုပဲ ခန္ဓာတွေ က နေ ကင်းလွတ်ပြီး သီးခြား ရပ်တည်နိုင်လို့ ပါပဲ။ သတ္တ၀ါ သေဆုံးတဲ့အခါ ဒီ ဂန္ဓဗ္ဗ က ထွက်သွားတယ်။ ရုပ်နုနာမ်နု ဘ၀ မှာ ရှိနေပြီး နောက် ဘ၀အသစ် တစ်ခု ကို မကပ်ရောက် သေးခင်မှာ ကြားကာလဘ၀ (အန္တရာဘ၀) တစ်ခု ကို ဖြတ်သန်း ရတယ်လို့ ဆိုပါတယ်။ ဂန္ဓဗ္ဗ ဟာ ကံတွေ ကိလေသာ တွေ အနုသယ တွေ စင်ကြယ်သွားတဲ့ အခါ မှာ အသင်္ခတ အမတ သဘောကို ဆောင် ကလွတ်မြောက် သွားတယ် လို့ သဗ္ဗတ္တိဂိုဏ်း က ခံယူတယ်။ ဒီ အယူအဆ တွေ က ရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်က ကထာဝတ္ထု ပါဠိတော်မှာ အဆို အခြေ အမျိုးမျိုး သုံးပြီးပယ်ရှား ခဲ့ပါတယ်။ ဒါပေမဲ့ ထေရ၀ါဒဂိုဏ်းမှာ လဲ ဒီလို ဘ၀ကူးပြဿနာ ကို တစ်နည်းတစ်ဖုံးရှင်းရပြန်ပါတယ်။ ၁၂ ရာစု မှာ ပေါ်ခဲ့တဲ့ နာမည်ကျော် အဘိဓမ္မသင်္ဂဟတ္ထ ကျမ်း မှာ ရှင်အနုရုဒ္ဓ က ဘ၀င်စိတ် အရှိ အယူအဆ ကို တင်ပြထားတာတွေ့ ရပါတယ်။ ထေရ၀ါဒဂိုဏ်း ရဲ့ ဘ၀င်စိတ် အရှိ အယူအဆ သာမန်အားဖြင့် သတ္တ၀ါတွေ မှာ အာရုံ ဒွါရတိုက်ဆိုင်တိုင်း မြင် ကြား နံ ရသာ ထိတွေ့ စတဲ့ ၀ီထိစိတ်တွေ ဖြစ်ပါတယ်။ ဒီဝီထိစိတ်များအပြင် ဘ၀တစ်ခုနှင့် တစ်ခု ကူးပြောင်းချိန်နှင့် ဘ၀တစ်ခုအတွင်း စိတ်အစဉ်မပြတ်ရေး အတွက် တာဝန်ယူကြရတဲ့ ၀ီထိစိတ်အစဉ်တွင်မပါဝင်တဲ့ ၀ီထိအလွတ်စိတ်(၀ါ) ၀ီထိမုတ်စိတ်များလည်း ရှိပါတယ်။ ဒီစိတ် တွေ ကတော့ ပဋိသန္ဓေစိတ်၊ ဘ၀င်စိတ်နှင့် စုတိစိတ်တို့ဖြစ်ပါတယ်။ ဒီစိတ် ၃ မျိုးလုံးတွင် ကျန်စိတ်တွေလိုပဲ နာမ်ခန္ဓာ ၄ ပါး( ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိဉာဏ်) အပြည့်အစုံရှိပါတယ်။ ထပ်ခွဲရင် စိတ်တစ်လုံး၊ စေတသိတ် ၃၂လုံး(သို့)၃၃ လုံး (ဒွိဟိတ်၊ တိဟိတ်ပေါ်မူတည်ပြီး) ပါဝင်လေ့ရှိပါတယ်။ ဒီစိတ်တွေဟာ ၀ိပါတ်ဝိဉာဏ် အမျိုးအစားဖြစ်ကြပြီး အတိတ်ဘ၀များက သင်္ခါရကံများ ပြုပြီးတိုင်း ပေါ်ပေါက်ခဲ့သော နာနာက္ခဏိက စေတနာရဲ့ အကျိုး ၀ိပါက ၀ိဉာဏ်များ ဖြစ်ကြပါတယ်။ စိတ်ရဲ့ သဘောမှာ အာရုံကို ညွှတ်တတ်ကိုင်းတတ်သည့်သဘောရှိသဖြင့် အာရုံနှင့် ကင်း၍မဖြစ်ကြပါ။ ထိုစိတ်များ ယူသည့် အာရုံမှာလည်း တစ်မျိုးတည်းဖြစ်နေပြီး ရှေ့ပထမအတိတ်ဘ၀က နောက်ဆုံး မရဏသန္နဇော ယူခဲ့သည့်အာရုံကို ဆက်ယူထားကြပါသည်။ ပစ္စုပ္ပန် အာရုံ ၆ ပါးတို့အနက် မည်သည့် အာရုံကိုမျှ မယူပါ။ ဒါကြောင့်မို့ သတ္တ၀ါတွေ မသိသလို ဖြစ်နေခြင်း ဖြစ်ပါတယ်။ ဒီလို မသိခြင်းကို မသိစိတ်လို့ လဲ ဖေါ်ပြတတ်ကြပါတယ်။ ၀ီထိမုတ်စိတ်များအနက် ဘ၀င်စိတ်ဟာ မွေးသည်မှ သေသည်အထိ ဘ၀ဆက်မပြတ်ရေး တာဝန်ယူရတဲ့စိတ်များ ဖြစ်ပါတယ်။ အိပ်မက်ပင် မမက်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူ ရဲ့ စိတ်အစဉ်တွင် ပဉ္စဒွါရ၀ီထိ၊ မနောဒွါရ၀ီထိတွေ မဖြစ်ပေါ်ပဲ စိတ်အစဉ် မပြတ်အောင် ဘ၀င်စိတ်များ မရေမတွက်နိုင်လောက်အောင် ဖြစ်နေပါတယ်။ ၀ီထိများဖြစ်ပေါ်နေ ချိန်မှာ လည်း တစ်ခုနဲ့တစ်ခုကြားလည်း စိတ်အစဉ်မပြတ်အောင် ဆက်ပေးတဲ့ ဘ၀င်စိတ်များ အမြောက်အမြား ဖြစ်လေ့ ရှိပါတယ်။ ဘ၀င်စိတ် နဲ့ နာနာက္ခဏိကကံ သတ္တိ ဘ၀င်စိတ် ဆိုတာ သတ္တ၀ါတွေ ရဲ့ နဂိုစိတ် အိမ်ရှင်စိတ် ဖြစ်တယ်။ ပြင်ပ က အာရုံတွေ နဲ့ အတွင်းဒွါရတွေ တိုက်ခတ်(ဖဿဖြစ်)တဲ့ အခါမှာ ဒီ ဘ၀င်စိတ်အလျဉ် က ပြတ်တောက် သွားပြီးတော့ ပဉ္စဒွါရ အာရုံတွေ ကို သိတဲ့ ၀ီထိစိတ်တွေ ဖြစ်ပါတယ်။ ၀ီထိတွေ ချုပ်တဲ့ အခါ ဘ၀င်စိတ်တွေ ပြန်ဖြစ်ပြန်တယ်။ ဒီလိုပဲ သတ္တ၀ါ ဟာ ဘ၀င်စိတ်တွေ ၀ီထိစိတ်တွေ အလှည့်ကျ ဖြစ်ပေါ်ရင်း စိတ် ရဲ့ ကြောင်းကျိုးဆက်သွယ်-သန္တတိ ဖြစ်စဉ် က မြစ်ရေအယဉ် လိုပဲ တစ်သွင်သွင်စီးဆင်းနေပါတော့တယ်။ ၀ီထိစိတ်တွေ နဲ့ ပြုလုပ်လိုက်တဲ့ ကောင်း ဆိုး ကံစေတနာသင်္ခါရတရားတွေ က ၀ီထိ အနေနဲ့ ချုပ်ပြတ်ခဲ့ ကြပေမဲ့ မိမိတို့ ရဲ့ ဆိုင်ရာ ကမ္မသတ္တိစွမ်းအင်တွေ ကို ဘ၀င်စိတ်အလျဉ်ထဲ မှာ သိုမှီးခဲ့ပါတယ်။ ဗုဒ္ဓအဘိဓမ္မာရဲ့ ကမ္မ၀ါဒ အရဆိုရရင် ကံရဲ့ သဘောဟာ သိမ်မွေ့ ပြီးတော့ အင်အားသတ္တိလည်းကြီးမားပါတယ်။ ကမ္ဘာများစွာခြားသော်လည်း အကြောင်းတိုက်ဆိုင်လာတဲ့ အခါ ထိုကံမျိုးစေ့မှ အကျိုးပေးသဖြင့် ပဋ္ဌာန်းဒေသနာအရ နာနာက္ခဏိကကံ ဟုခေါ်ကြောင်း ဖေါ်ပြထားပါတယ်။ အကြောင်းဟာအကျိုးနဲ့ကာလဘယ်လောက်ခြားခြား အကျိုးသက်ရောက် နိုင်စွမ်း ရှိတဲ့ အပြင် အကျိုးဟာအကြောင်းနဲ့ ယုတ္တိသဘောကိုလွန်လောက်အောင် ဆပွားကြီးမားကွာခြားစွာ အကျိုးပေးသက် ရောက် နိုင်စွမ်းရှိတယ်လို့ အဘိဓမ္မာရဲ့ ကမ္မ၀ါဒ ကဆိုပါတယ်။ အဘိဓမ္မာအရပြောရလျှင် ဝီထိစိတ်အစဉ်တွင် ၂၉ ပါးသော ဇောစိတ်တို့ ၌ယှဉ်သည့် စေတနာသာလျှင် နောင်ဘဝ အတွက် အကျိုးပေးနိုင်စွမ်းရှိသော ကံသတ္တိဖြစ်တာကြောင့် ထိုဇောစိတ်များဟာ ပုထုဇဉ်၊ အရိယာအားလျော်စွာ ဇောစိတ်( ၅၅ ) ပါးမှ လောကီကုသိုလ်ဇော (၁၇ ) ပါး - ( မဟာကုသိုလ် ၈ပါး နှင့် မဟဂ္ဂုတ်ကုသိုလ် ၉ ပါး) နှင့် အကုသိုလ်ဇော (၁၂) ပါး ပေါင်း ၂၉ ပါးသည်သာ ကံဆိုသော စေတနာဖြစ် တယ်လို့ ဆိုပါတယ်။ ဘ၀င်စိတ် ဟာ ၀ီထိမုတ်စိတ်ဖြစ်လို့ သူ့မှာ ပစ္စုပ္ပန် အာရုံ ၆ ပါး ဆိုင်ရာ သိမှု ၀ီထိတွေ မရှိပဲ အတိတ်ဘ၀ ရဲ့ နောက်ဆုံး မရဏသန္နဇော ယူခဲ့သည့်အာရုံကို ပဲ သိနေတဲ့ စိတ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဘ၀င်စိတ် က ကံအဟုန် နဲ့ သွားနေတာ ဖြစ် ပြီးတော့ ပုဂ္ဂလ နဲ့ ဂန္ဓဗ္ဗ တို့ လိုပဲ ကံ ပါရမီ အနုသယ ၀ါသနာ တို့ တည်ရာ လဲ ဖြစ်ပါတယ်။

-ဗုဒ္ဓ၀ါဒ နှင့် ဘ၀သစ်ဖြစ်ပွားမှု အယူအဆ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)