ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, April 23, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**ဂန်းစတားအဖြစ်ရှုစားရဦးမည့် လီယိုနာဒိုတိုက်တန်းနစ်မင်းသား**
  လီယိုနာဒိုနှင့် မာတင်စကော်ဆီဆီတို့သည် ဂျော်ဒန်ဘဲလ်ဖို့တ်က၄င်း၏ ဘ၀ဇတ်ကြောင်းကိုအခြေခံရေးသားထားသော အမည်ရှိဘ၀မှတ်တမ်းစာအုပ်ကို ရုပ်ရုင်ဇတ်ကားအဖြစ် အသက်သွင်းရန်သဘောတူခဲ့ကြသည်။ ၄င်းတို့နှင့်ဦးသည် ယင်းဇတ်ကားကိုယမန်နှစ်ကတည်းက ပူးပေါင်းရိုက်ကူးရန် စီစဉ်ခဲ့သော်လည်းပျက်ပြယ်သွားခဲ့ကြောင်း ရက်ဒ်ဂရန်တီ ရုပ်ရှင်ထုတ်လုပ်ရေးကတရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ The Wolf of Wall Street စာအုပ်သည် ဂျော်ဒန်ဘဲလ်ဖို့တ်က၄င်းကိုယ်တိုင် Wall Street တွင်ကျင်လည်ခဲ့ရစဉ် မူးယစ်ဆေးဝါးနှင့်အရက်အလွန်အကျွံ သောက်သုံခဲ့မှု၊ အပျော်အပါးလိုက်စားခဲ့မှုစသည့် ဘ၀ဒုက္ခအခက်အခဲ အနိမ့်အမြင်များကို မှတ်တမ်းပြုရေးသားဖော်ပြထားသောနယူးယောက်မြို့မှခေတ်သစ်ဂန်းစတားများ(လက်နက်ကိုင်လူဆိုးဂိုဏ်းဝင်းများ)ကြောင်းကို ထင်ဟပ်ပြသည် စအုပ်ဖြစ်သည်။ယင်းဇတ်ကားသည် လီယိုနာဒိုနှင် စကော်ဆီဆီတို့ ပူးပေါင်းရိုက်ကူးသည့် ပဉ္စမမြောက်ဇတ်ကား ဖြစ်လာမည်ဖြစ်သည်။၎င်းတို့နှစ်ဦးသည် ယခင်ကနာမည်ကျော် Aviator and Shutter Island ဇာတ်ကားတို့ဖြစ်သည်။ (အင်တာနက်)

**လူကာမိုဒရစ်အား စာချုပ်သစ် ချုပ်ဆိုရန်စပါးအသင်းကြိုးပမ်းလျက်ရှိ**
အဆိုပါ ခရိုအေးရှား ကွင်းလယ်ကစားသမားလူကာမိုဒရစ်ကို မန်စီးတီးအသင်းက အမြဲတမ်းစာချုပ်ချုပ်ဆိုခေါ်ယူရန် လျှို့ဝှက်ကြိုးပမ်းနေချိန်၌ ချယ်လ်ဆီးအသင်းကလည်း မိုဒရစ်အား ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ပေး၍ ခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိသည်။သို့သော် စပါးအသင်းဥက္ကဌ ဒန်နီရယ်လီဗီကမူလူကာမိုဒရစ်အား ၀ှိုက်ပာတ်လိန်းမှနေ၍ မည်သည့်အသင်းမဆို ရောင်းချမည်မပာုတ်ကြောင်း အခိုင်အမာပြောကြားလိုက်သည်။ထို့အပြင် စပါးအသင်းက လူကာမိုဒရစ်အားယခုနှစ်ဘောလုံးရာသီ အပြောင်းအရွှေ့ ဈေးကွက်ပိတ်ချိန်မတိုင်မီ ချုပ်ဆိုမည့် စာချုပ်သစ်မှာ တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀ ၏ နှစ်ဆနီးပါးအထိ ရည်ရွယ်ထားသည်ဟု ဆိုသည်။သို့သော် စပါးအသင်းနည်းပြ ဟယ်ရီရက်နက်ကစပါးကွင်းလယ်ကစားသမား လူကာမဒရစ်နှင့် စာချုပ်သစ်ထပ်မံချုပ်ဆိုခြင်းနှင့်စပ်လျဉ်း၍မိမိမသိရှိရကြောင်း ဆိုသည်။ (အင်တာနက်)

**ဂျက်စတင်ဘီဘာနှင့် တေလာဆွစ်ဖ်တို့ သီချင်းတစ်ပုဒ် သီဆိုအသံသွင်းခဲ့ကြောင်း ဆီလီနာဂိုမက်ဇ် ပြောကြား** လူငယ်ပရိသတ်များ၏ နှစ်သက်အားပေးခြင်းခံနေရသည့် ပေါ့ပ်ဂီတငွေကြယ်ပွင့် ဂျေဘီနှင့် နာမည်ကျော် ကျေးလက်သီချင်း အဆိုတော် တေလာဆွစ်ဖ်တို့ ပူးပေါင်းသီဆိုအသံသွင်းခဲ့သော Beautiful တေးသီချင်းနှင့် ပတ်သက်၍ အသေးစိတ်ကို လူသိနည်းခဲ့သော်လည်း ယင်းတေးသီချင်းကို ဆီလီနာဂိုမက်ဇ်က နားဆင်ခံစားခဲ့ရပြီး စိတ်ဝင်စားမှုရှိခဲ့သည်ဟု သိရသည်။ အဆိုတော်သရုပ်ဆောင် ဆီလီနာဂိုမက်ဇ်က တေးသီချင်းသစ်များ သီဆိုအသံသွင်းထုတ်လုပ်ရန် အစီအစဉ်မရှိသေးကြောင်းနှင့် သရုပ်ဆောင်အနုပညာလုပ်ငန်းများကိုသာ ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားသည်။ ဂိုမက်ဇ်သည် သူ၏ တေးသီချင်းအချို့ကို သူပါဝင်သရုပ်ဆောင်ရမည့် ရုပ်ရှင်ကားများတွင် နောက်ခံတေးသီချင်းအဖြစ်ထည့်သွင်း အသုံးပြုရန် စီစဉ်ထားသည်ဟုလည်း သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)

**ဂြိုလ်ပေါ်မှ သယံဇာတများ အာဖရိကတောထဲမှ ဒိုင်နိုဆောနှင့် ဆီတစ်ဂါလန် မိုင် ၃၀၀၀ မောင်းနိုင်သည့်ကား** 
 ကမ္ဘာတစ်လွှား သိပ္ပံနယ်ပယ်မှ သတင်းများအနက် ထူးထူးခြားခြားသတင်းအချို့ကို အကျဉ်းမျှ ကောက်နုတ်တင်ပြလိုပါသည်။ ပထမဆုံးသတင်းမှာ ကမ္ဘာကျော်အင်တာနက်နှင့် ဆော့ဖ်ဝဲကုမ္ပဏီကြီးဖြစ်သော ဂူးဂဲလ်(Google Inc.) နှင့် ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်တာကြီးဖြစ်သော ဂျိမ်းစ်ကင်မရွန်းတို့က ကျောထောက်နောက်ခံပြု၍ ကမ္ဘာပေါ်တွင် မရှိဖူးသေးသော ကုမ္ပဏီတစ်ခုကို တည်ထောင်လိုက်သည့် သတင်းဖြစ်သည်။ ကမ္ဘာ့ထိပ်တန်းကုဋေကြွယ်သူဌေးကြီးတစ်ဦး စိတ်တူကိုယ်တူပူးပေါင်းတည်ထောင်လိုက်သော ကုမ္ပဏီမှာ အပြည်ပြည်ဆိုင်ရာ နက္ခသယံဇာတကုမ္ပဏီ (Planetary Resources Inc.) ဖြစ်ပြီး ၄င်းတို့၏ ရည်မှန်းချက်မှာ အာကာသအတွင်း ဂြိုလ်သိမ်များပေါ်တွင် သတ္တုတူးဖော်ရန်ဖြစ်သည်ဟုဆိုသည်။ ကုမ္ပဏီအနေဖြင့် ၄င်းတို့၏ စီမံကိန်းကို အင်္ဂါနေ့က ဆီယက်တဲလ်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယေဘုယျသဘောသာ ထုတ်ဖော်ပြောကြားသွားခဲ့သည်။ ကုမ္ပဏီ၏ ထုတ်ပြန်ကြေညာချက်မှာ စိတ်ကူးယဉ်သိပ္ပံဝတ္ထုဆန်ဆန် သို့မဟုတ် ဟောလိဝုဒ်ရုပ်ရှင် ဇာတ်လမ်းဆန်ဆန် ဖြစ်နေခြင်းကြောင့် အချို့ပုဂ္ဂိုလ်များအဖို့ ကျိတ်၍ ရယ်စရာဖြစ်ကောင်းဖြစ်နိုင်သော်လည်း Planetary Resources ၏ စီမံကိန်းများမှာ အသစ်အဆန်းများ မဟုတ်ဘဲ နာဆာမှ သိပ္ပံပညာရှင်များနှင့် အခြားသိပ္ပံပညာရှင်အုပ်စုများက လက်ခံယုံကြည်ထားကြသော “ကမ္ဘာမြေနှင့် အနီးအနားမှ ဂြိုလ်သိမ်ဂြိုလ်ငယ်များပေါ်မှ သံရိုင်းနှင့် နီးကယ်ကုန်းကြမ်းများကို ရရှိနိုင်ပြီး အဆိုပါ သယံဇာတကုန်ကြမ်းများကို ကမ္ဘာမြေသို့ ရယူရမည့် နည်းလမ်းများနှင့်ပတ်သက်၍ သိပ္ပံပညာရှင်များလောကတွင် ဆွေးနွေးနေခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုအခါ အဆိုပါ စိတ်ကူးစိတ်သန်းနှင့် ငွေပုံအောကာစွန့်စားရမည့်လုပ်ငန်းဆီသို့ ဂူးဂဲလ်နှင့် ဂျိမ်းစ်ကင်မရွန်းတို့က ၀င်ရောက်လာခြင်းပင်ဖြစ်သည်။ ဒုတိယသတင်းတစ်ပုဒ်မှာ အာဖရိကတိုက်ရှိ ဝေးလံနက်ရှိုင်းလှသောတောကြီးများကို သွားရောက်ကာ သက်ရှိထင်ရှားရှိနေသေးသည့်ဟု ယုံကြည်ထားသည့် ဒိုင်နိုဆောကဲ့သို့သော သတ္တ၀ါကြီးတစ်ကောင်ကို ရှာဖွေရန်အတွက် လူငယ်တစ်ဦးက အင်တာနက်ပေါ်မှ တစ်ဆင့် အလှူခံနေသည့် သတင်းပင်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု မစ်ဇူးရီပြည်နယ်မှ စတီးဖန်မက်ကားလတ်အမည်ရှ လူငယ်တစ်ဦးက အာဖရိက ဒေသ အခေါ်အားဖြင့် Moke ‘le ‘mbe ‘mbe ‘ ဟုခေါ်သော သတ္တ၀ါကြီးရှိနေသည်ဆိုသည်။ ဒိုင်နိုဆောကဲ့သို့သော အဆိုပါသတ္တ၀ါကြီးမှာ အရှည် ၃၅ ပေ (၁၁မီတာ)၊ မီးခိုးညိုရောင် အရေပြားနှင့် ရှည်ပြီးသွယ်သော လည်တိုင်တို့ရှိသည်ဟု ဆိုသည်။ အဆိုပါသတ္တ၀ါကြီးမှာ မြစ်ကမ်းပါးရှိ လိုဏ်ဂူများတွင် နေထိုင်ပြီး ဆင်များ၊ ရေမြင်းများနှင့် မိကျောင်းများကို စားသောက်သည်ဟု ဒေသခံအများအပြားက ယုံကြည်ကြသည်။ မက်ကားလက်က ၄င်းနှင့်အပေါင်းအပါသုံးယောက်တို့ ပထမဆုံးသွားမည့်နေရာမှာ ကွန်ဂိုနိုင်ငံဖြစ်ပြီး ဇွန် ၂၆ ရက်တွင် စတင်ထွက်ခွာမည်ဟု ဆိုထားသည်။ နောက်ဆုံးသတင်းမှာ လောင်စာ တစ်ဂါလန်ဖြင့် မိုင် ၃၀၀၀ မောင်းနှင်နိုင်သော ကားတစ်မျိုးကို တက္ကသိုလ်ကျောင်းသားလူငယ်များက တီထွင်လိုက်သည့် သတင်းဖြစ်သည်။ (အင်တာနက်)

 စုစည်းဘာသာပြန် -အေ၀မ်းစိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)