>
-ဘ၀အမောပြေ-
**အလုပ်**
မူလတန်းကျောင်းသားလေးနှစ်ဦး ကျောင်းမှအပြန် လမ်းတွင် တစ်ဦးနှင့် တစ်ဦး ၄င်းတို့ဖခင် ဖြစ်သူများအကြောင်း အပြန်အလှန် ပြောကြလေသည်။
ပထမကျောင်းသား - ငါ့အဖေက တရားသူကြီးကွ။
ဒုတိယကျောင်းသား - ဟုတ်လား။
ပထမကျောင်းသား - တရားရုံးမှာ ထိုင်ခုံအမြှင့်ကြီးမှာထိုင်ပြီး တရားခံတွေကို အပြစ်ပေးနေတာကွ။
ဒုတိယကျောင်းသား - သြော်…။
ပထမကျောင်းသား - ကဲ…မင်းအဖေကကော ဘာလုပ်သလဲ…။
ဒုတိယကျောင်းသား- ငါ့အဖေရဲ့အလုပ်က မင်းအဖေထက်သာတာမြင်စေချင်တယ်။
ပထမကျောင်းသား - ဘာဖြစ်လို့လဲ။
ဒုတိယကျောင်းသား - ဒီမှာ…မင်းအဖေ တရားသူကြီးမပြောနဲ့ ဘုရင်တောင် ငါ့အဖေရှေ့မှာ သေသေချာချာထိုင်ပြီး ခေါင်းငုံ့နေရတာကွ…။
ပထမကျောင်းသား - ဟုတ်လား…မင်းအဖေက ဘာအလုပ်လုပ်လို့လဲ…။
ဒုတိယကျောင်းသား - ဆံပင်ညှပ်သမားကွ…။
ပထမကျောင်းသား - “ဟေ”
အာကာဟိန်း-ရေးသားသည်။

No comments:
Post a Comment