ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, May 5, 2012

>
-လူထုကျန်းမာရေး (နွေရာသီတွင် ဆင်ခြင်သင့်သည်များ ) -

**Public Health** 
၁။ ရေခဲရေသောက်တဲ့အခါ နွေရာသီမှာ ပူပြင်းတာ မှန်ပေမယ့် ရေခဲရေ အေးအေးသောက်တာ သင့်ခန္ဓာကိုယ်နဲ့ ပတ်ဝန်းကျင်ရဲ့ အပူချိန်တွေကြားမှာ အပူအအေး မမျှတမှု ဖြစ်စေတာကြောင့် မသောက်သင့်ပါဘူး။ သင်က ရေခဲရေ သောက်လေ့၊ သောက်ထရှိသူ တစ်ယောက်ဖြစ်နေရင် နေပူထဲကနေ ပြန်ရောက်လာချင်းတော့ ရေခဲရေကို ချက်ချင်း မသောက်ပါနဲ့။ ခဏလောက်နားပါ။ ပြီးမှ ရေခဲရေ သောက်ပါ။ ဖြစ်နိုင်ရင်တော့ ရိုးရိုးရေ သောက်တာ အကောင်းဆုံးပါ။ ၂။ ကိုယ်ပူကြီးတဲ့အခါ နွေရာသီမှာ ဖျားနာလာတဲ့အခါ အဝတ်အစား ထူထူဝတ်၊ စောင်အထပ်ထပ်ခြုံပြီး ချွေးထုတ်တာမျိုးတွေ မလုပ်ပါနဲ့။ ရောဂါ ပိုဆိုးသွားနိုင်ပါတယ်။ ဖျားနာပြီး ကိုယ်ပူကြီးနေခဲ့ရင် ခန္ဓာကိုယ်ကို အေးအောင်လုပ်ပေးပါ။ ရေဖတ်ဝတ် ကပ်ပေးတာ၊ ရေခဲကပ်ပေးတာမျိုး ပြုလုပ်ပေးပါ။ လိုအပ်ပါက တစ်ကိုယ်လုံး အေးသွားအောင် ရေချိုးချပေးပါ။ ၃။ လေ့ကျင့်ခန်းလုပ်တဲ့အခါ လေ့ကျင့်ခန်း လုပ်တာက ကျန်းမာရေးအတွက် သင့်တော်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ အရာပါ။ ဒါပေမဲ့ နွေရာသီမှာတော့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်တာမျိုးကို ရှောင်ပါ။ ချွေးထွက်များပြီး ကုန်ခန်းသွားတဲ့ ဓာတ်ဆားနဲ့ ရေဓာတ်ကို ပြန်မဖြည့်ပေးနိုင်ရင် အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်ပါတယ်။ ရေများများသောက်ပေးပါ။ နွေရာသီရဲ့ အပူဒဏ်ကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးနိုင်စေဖို့ ရေများများ သောက်သုံးပေးတာက အသင့်တော်ဆုံးပါ။ ၄။ နေပူထဲသွားတဲ့အခါ နွေရာသီရဲ့ ပူပြင်းတဲ့ နေရောင်ခြည်အောက်မှာ ထီး၊ ဦးထုပ် မပါဘဲ လျှောက်သွားနေလို့ သင့်တော်ပါ့မလား။ ထီးနဲ့ဖိနပ် မပါရင် နွေရာသီက သင့်အတွက် အကျည်းတန်နေမှာပါ။ နွေရာသီရဲ့ ပူပြင်းတဲ့ နေရောင်အောက်မှာ သင့်အသားအရေကို နွေအပူဒဏ်ကနေ ကြံ့ကြံ့ခံ ကာကွယ်ပေးဖို့ သင်အပြင်သွားတိုင်း ထီးယူသွားဖို့နဲ့ နေရောင်အောက် ရောက်တဲ့အခါ ထီး၊ ဦးထုပ်ဆောင်းဖို့ မမေ့ပါနဲ့။ နေရောင်ခြည်ကြောင့် မျက်ဝန်းတစ်ဝိုက်မှာ အရေးကြောင်း ဖြစ်တာကို ကာကွယ်ဖို့ နေပူထဲသွားတဲ့အခါ နေရောင်ခြည်ကို အမှန်တကယ် ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်တပ်ပါ။ ၅။ ဝမ်းနုတ်ဆေးသောက်တဲ့အခါ ဝမ်းနုတ်ဆေးသောက်တာတွေက ဓာတ်ဆားနဲ့ ရေဓာတ်ကို ခန်းခြောက်သွားစေပါတယ်။ နွေရာသီလို ပူပြင်းချိန်မှာ ဝမ်းနုတ်ဆေး မစားသင့်ပါဘူး။ လိုအပ်ပါက ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ပါ။ ၆။ အသီးအနှံစားတဲ့အခါ နွေရာသီမှာ အပူရှိန်ပြင်းတာကြောင့် အသီးတွေ မှည့်လွယ်ပါတယ်။ အဲဒါကြောင့် သင့်အိမ်မှာ ဝယ်ထားတဲ့ အသီးတွေ အမှည့်လွန်သွားခဲ့ရင် လွှင့်ပစ်ရမှာ နှမြောပြီး မစားပါနဲ့။ အထူးသဖြင့် လမ်းမှာ သင်ဝယ်စားတဲ့ အသီးတွေကလည်း အမှည့်လွန်နေနိုင်ပါတယ်။ အမှည့်လွန် အသီးတွေက ပိုချိုတာကြောင့် ယင်ကောင်တွေ နားနိုင်ပါတယ်။ ယင်ကောင်ရဲ့ ခြေထောက်မှာ ရောဂါပိုးတွေ သယ်ဆောင်ထားတာကြောင့် သင့်ဆီ ရောဂါပိုးတွေ ကူးစက်နိုင်ဖို့ အခွင့်အလမ်း များပါတယ်။ ၇။ အစားအသောက်တွေ စားတဲ့အခါ ရောဂါပိုးတွေထဲက အသည်းရောင်အသားဝါ အေပိုးတွေကို အစားအသောက်တွေကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင် အသားဝါ အေပိုးရှိသူရဲ့ မစင်ကနေ တစ်ဆင့် တခြားသူတွေကို ကူးစက်နိုင်ပါတယ်။ အသည်းရောင် အသားဝါ အီးပိုးကတော့ ရေကနေ တစ်ဆင့် ကူးတာများပါတယ်။ အေပိုးက သာမန်လူကောင်းတွေမှာ ရောဂါဆိုးဆိုးရွားရွား မဖြစ်ပေမယ့် ကိုယ်ဝန်ဆောင် မိခင်တွေမှာတော့ အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ နွေရာသီမှာ ကူးစက်မှုအများဆုံး ရောဂါပိုးကတော့ Escherichiacoli (E-coli) ဖြစ်ပြီး ဝမ်းရောဂါကို ဖြစ်စေပါတယ်။ တခြားဝမ်းရောဂါ ဖြစ်စေတဲ့ပိုးတွေထဲက Rota-viruses က ကလေးရော၊ လူကြီးမှာပါ အဖြစ်များတဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ ၈။ အဝတ်အစား ဝတ်ဆင်တဲ့အခါ ချည်ထည် ပွပွချောင်ချောင် အင်္ကျီတွေက လေဝင်လေထွက် ကောင်းတာကြောင့် ခန္ဓာကိုယ်ကို အေးမြနေစေပြီး ချွေးထွက် နည်းစေပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်း လုပ်တဲ့အခါ ချွေးစုပ်ယူနိုင်တဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်ဖို့လိုပါတယ်။ အဝတ်အစားကို နှစ်ထပ်၊ သုံးထပ်ဝတ်ဆင်တာမျိုးက နွေရာသီမှာ ဖက်ရှင်ကျတဲ့ ဝတ်ဆင်မှုမျိုး မဖြစ်စေဘဲ ပူအိုက်ကာ စိတ်ရှုပ်ထွေးမှု ဖြစ်စေပါတယ်။ ဒါ့အပြင် ချွေးထွက်တာကို ပိုအားပေးတာကြောင့် အထပ်ထပ် ဝတ်ဆင်တာမျိုးကို ရှောင်ပါ။ ၉။ ဖိစီးမှုများတဲ့အခါ ပူအိုက်လွန်းတာကြောင့် ချွေးထွက်များပြီး စိတ်ဖိစီးမှုကို ဖြစ်စေပါတယ်။ စိတ်ဖိစီးမှု များတာကြောင့်လည်း ချွေးထွက်များတာကို ဖြစ်စေပါတယ်။ ဖိစီးမှုနဲ့ ချွေးထွက်များတာက အပြန်အလှန် သက်ရောက်မှု ရှိနေပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်ကို အနားရစေမယ့် ယောဂကျင့်တာ၊ တရားအားထုတ်တာနဲ့ အသက်ရှူ လေ့ကျင့်ခန်း လုပ်ပေးပါ။ ဒီနည်းတွေက ချွေးထွက်များတာကို ကုစားနိုင်ပါတယ်။

 ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)  

Posted by..... May Mon Kyaw

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)