-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ကာရေဘီကျွန်းစုတွင် ပုတ်သင်မျိုးစိတ်သစ် ၂၄ မျိုးတွေ့ရှိ**
**ရှေးနှစ်ပေါင်းများစွာက ကြိုးကြာငှက်ကြီးတစ်ကောင်၏ခြေရာ ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိ**
(မက်ဒရစ်၊ မေ ၄)
ယခုတွေ့ရှိသည့် ခြေရာရုပ်ကြွင်း၏သက်တမ်းမှာ နှစ်သန်းပေါင်း ၂၅ သန်းရှိပြီးကြိုးကြာငှက်အုပ်စုဝင် ငှက်မျိုးစိတ်ဖြစ်ကြောင်း သိပ္ပ္ပံညာရှင်များက ဂျာနယ်တွင်ရေးသာဖော်ပြခဲ့ခြင်းဖြစ်သည်။ လာရီယိုဂျာ ဒေသတွင်း တွေ့ရှိသည့် ခြေချောင်းသုံးချောင်းရှိ ရှေးငှက်ကြီးတစ်ကောင်၏ ခြေရာရုပ်ကြွင်းကို ယခုကဲ့သို့ ရှာဖွေတွေ့ရှိခြင်းမှာ အရေးကြီးသည့် ဖော်ထုတ်တွေ့ရှိချက်တစ်ရပ်ဖြစ်ကြောင်း စပိန် သုတေသနပညာရှင်အဖွဲ့က ပြောကြားသည်။ ရုပ်ကြွင်းရှိ ခြေချောင်းသုံးချောင်းတွင် အလယ်ခြေ ချောင်းအရှည်မှာ လေးလက်မခန့်ရှိသဖြင့် ခန္ဓာကိုယ်လည်း ကြီးမားမည့် ငှက်ကြီးတစ်ကောင် ဖြစ်နိုင်ကြောင်း သုတေသနအဖွဲ့ခေါင်းဆောင် လာရီယိုဂျာတက္ကသိုလ်မှ ဖိလစ်မရက်ဇ်က ပြောကြား ခဲ့သည်။ (အင်တာနက်)
**ပျောက်သွားခဲ့သော ကျေးငှက်ငယ်ရဲစခန်းတွင် အိမ်လိပ်စာရွက်ပြကာ သခင့်ထံပြန်လာနိုင်**
(တိုကျို၊ မေ ၄)
ငှက်ပိုင်ရှင်ဖြစ်သည့် အသက် ၆၄ နှစ်ရှိပြီဖြစ်သော အဘွားအိုသည် ထိုကျေးငှက်ငယ်လေးကို လွန်ခဲ့ သည့်နှစ်နှစ်ကျော်ကတည်းက အချစ်တော်အဖြစ် မွေးမြူထားခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်က ကျေးငှက် လေးတစ်ကောင်မွေးထားဖူးရာ ပျောက်သွားခဲ့သဖြင့် ထိုအဖြစ်မျိုးထပ်မဖြစ်စေရန် အိမ်လိပ်စာ ရွက် တတ်အောင် သင်ထားပေးခဲ့ခြင်းဖြစ်ကြောင်း ငှက်ကလေးကို ပြန်လာပေးကြသည့် ရဲဝန်ထမ်းများကို ရှင်းပြခဲ့သည်။ ပိုင်ရှင်ဖြစ်သူအိမ်မှ ထိုငှက်လေးသည် ဧပြီ ၂၉ ရက်က လှောင်အိမ်မှလွတ်သွားကာ ပျောက်သွားခြင်းဖြစ်ပြီး ဦးတည်ရာမဲ့ ပျံသန်းနေရာမှ လူတစ်ဦး၏ ပခုံးထက်လာနားစဉ် ပြန်လည် ဖမ်းဆီးမိကာ ရဲဌာနသို့ လာရောက်အပ်နှံခံရခြင်းဖြစ်သည်။ ရဲဌာနတွင် နှစ်ရက်တာ ထိန်းသိမ်း မွေးမြူထားခဲ့ပြီးမှ ထိုငှက်ကလေးသည် အိမ်လိပ်စာတစ်ခုကို တတွတ်တွတ်ရွတ်ပြလာရာ ယခုကဲ့သို့ သခင်ဖြစ်သူအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လည်ရောက်ရှိ ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ (အင်တာနက်)
**ကမ္ဘာ့အသက်အကြီးဆုံး ဘွဲ့ရကျောင်းသား သြစတြေးလျမှ အလန်စတီးဝပ်ဖြစ်လာ**
(ဆစ်ဒနီ၊ မေ ၄)သြစတြေးလျနိုင်ငံမှ အသက် ၉၇ နှစ်အရွယ်ရှိ အမျိုးသားကြီးတစ်ဦး မေ ၄ ရက်က တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ရာ ကမ္ဘာပေါ်တွင် အသက်ကြီးဆုံး ဘွဲ့ရကျောင်းသားကြီးအဖြစ် ဂင်းနက်စ်မှတ်တမ်း၌ ဖော် ပြခဲ့ရသည်။ အလန်စတီးဝပ်အမည်ရှိ ၄င်းအမျိုးသားကြီးသည် သြစတြေးလျနိုင်ငံ လစ်မိုရီမြို့ရှိ ဆောက်သန်းခရော့စ်တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ သူသည် အသက် ၉၁ နှစ်အရွယ်တွင် နယူးအင်္ဂလန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကိုလည်း ရယူနိုင်ခဲ့သဖြင့် ထိုစဉ်ကပင် အသက် အကြီးဆုံး ကျောင်းတတ်ဘွဲ့ယူမည် ကျောင်းသားကြီးအဖြစ် ဂင်းနက်စ်မှတ်တမ်းတင်နိုင်ခဲ့သူဖြစ်သည်။ အလန်စတီးဝပ်သည် ၁၉၃၆ ခုနှစ်၌ ဆစ်ဒနီမြို့တက္ကသိုလ်မှ သမိုင်းဆိုင်ရာ ဘွဲ့ကိုလည်း ပထမဆုံး ရယူနိုင်ခဲ့ရာ ယခုအချိန်၌ ဘွဲ့လေးဘွဲ့ရရှိနေပြီဖြစ်သည်။ သူသည် အမေရိကန်နိုင်ငံ ချီကာဂိုမြို့ နော့ဝက်စ်စတင်းတက္ကသိုလ်မှ သွားဘက်ဆိုင်ရာ ခွဲစိတ်ကုသမှုပညာဘွဲ့ကိုလည်း ရယူခဲ့သည့်အပြင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ သွားဘက်ဆေးကုသရေးဆိုင်ရာ ဆရာဝန်တစ်ဦးအဖြစ် လက်တွေ့ လုပ် ကိုင်ခဲ့သူလည်းဖြစ်သည်။ အလန်စတီးဝပ်သည် ယခုအခါ ဘွဲ့လေးဘွဲ့ ရရှိနေပြီဖြစ်သော ကမ္ဘာ့ အသက် အကြီးဆုံး ဘွဲ့ရတစ်ဦးလည်းဖြစ်သည်။ (အင်တာနက်)
**မက္ကဆီကိုနိုင်ငံ၌ သတင်းထောက်နှစ်ဦးသေဆုံးလျက်တွေ့ရှိ**
(မက္ကဆီကိုစီးတီး၊ မေ ၄)
မက္ကဆီကိုနိုင်ငံအရှေ့ပိုင်း ဗီရာခရုစ်ပြည်နယ်၌ မေ ၃ ရက်ကတွေ့ရှိသည့် ညှဉ်းပန်နှိပ်စက် သတ် ဖြတ်ထားသည့် အလောင်းလေးလောင်းအနက် နှစ်လောင်းမှာ သတင်းစာဆရာနှစ်ဦး၏ ရုပ် အ လောင်းများဖြစ်ကြောင်း မက္ကဆီကိုအာဏာပိုင်များက ပြောကြားသည်။ အသတ်ခံရသည့် သတင်း ထောက်နှစ်ဦးမှာ မေ ၂ ရက်က ပျောက်ဆုံးသွားခဲ့သည့် ဂီလာမိုကူနာဗာရီလာနှင့် ဂါဘရီယယ်ဟူး တို့ဖြစ်ကြောင်း ဗီရာခရုစ်ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စန္ဒြာဂါဆီယာက ပြောကြားသည်။ ကျန်ရုပ်အလောင်းနှစ်လောင်းမှာ အက်စကီဘန်ရိုဒရီဂွက်နှင့် အိုင်ရာဆီမာကီစာရာတို့၏ အရုပ အလောင်းများဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဟာဗီးယားဒွါတေဒီအိုချိုရာက ပြောကြားသည်။ ၄င်းတို့နှစ်ဦးမှာ သတင်းစာဆရာများဟုတ်မဟုတ် ချက်ချင်းမသိရသေးဟုဆိုသည်။ (အင်တာနက်)စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment