ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 6, 2012

>
-ခရီးသည်တစ်ဦး၏ ဒိုင်ယာရီ...
 တစ်တောင်ပေါ်တစ်တောင်ဆင့် တောင်အမြင့်ပတ်ခြံရံ တစ်တောင်ဆုံးပြန်တော့ တစ်လုံးကျန်ပေသမို့ ဖန်ဖန်လေ အားအင်နှိုးလို့ရယ် ကြိုးလျှောက်ရပြန်။ ခါတလေ တကယ်ပန်းတာကြောင့် တော်ပါပြီဆက်မလှမ်းချင်ဘု ရပ်တန်းကရပ်မယ်ကြံ အမှန်တော့ဖြစ်နိုင်မလား?။ စခဲ့မိဟာပေါ့ တစ်နေ့မှာဆုံးရာရောက်ပါလိမ့် အားလျှော့ကာဆုတ်ချင်စမ်းပါနဲ့ စိတ်နွမ်းအသာဖြေဦး မာလာငွေကန်ရေအေးရယ်နဲ့ ငှက်တေးကိုအာရုံဆင်လို့ မူတသွင်အားအင်သစ်လိုက်ပေါ့ ချစ်ဖွယ့်လူသား။ ။ (ငွေတာရီ) ဒီကဗျာလေးကို ငယ်ငယ်တုန်းက ကျောင်းသားဘ၀မှာ သင်ခဲ့ရဖူးတာကို ပြန်ပြီး စဉ်းစားမိတယ်. အဲဒီ့တုန်းက မြန်မာစာ ဆရာမက ကျောင်းသားတွေ နားလည်အောင် ရိုးရိုးလေးပဲ ရှင်းပြခဲ့ဖူးပါတယ်. “ရည်မှန်းချက်တွေဆိုတာ ဘယ်တော့မှ အဆုံးသတ်မသွားနိုင်ဘူး. တောင်တစ်လုံးထိပ်ပေါ်ရောက်တော့ နောက်ထပ်တောင်တစ်လုံး ဆက်တက်ဖို့ ပေါ်လာသလိုပဲ ရည်မှန်းချက်တွေကလည်း တစ်ခုပြီးသွားရင် နောက်တစ်ခု ပေါ်လာတတ်တယ်. အဲဒါကို ဇွဲမလျှော့ဘဲ လူသားပီသစွာ ရှေ့ဆက်လှမ်းရမယ်.” လူတွေဟာ ကိုယ်တိုင်သတ်မှတ်ထားတဲ့ တောင်တွေဆီကို ရှေးရှုဦးတည်ပြီး တက်လှမ်းသွားကြသူတွေ ရှိသလို လူအများစု လိုက်တက်နေတဲ့ တောင်နောက်ကို ကောင်းနိုးနိုးနဲ့ လိုက်တက်နေကြသူတွေလည်း ရှိတတ်ကြပါတယ်. တောင်တက်ခရီး တလျှောက်မှာ အခက်အခဲတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရပြီး နောက်ပြန်လန်ကျသွားသူတွေ ရှိတတ်သလို ရောက်နေတဲ့ လမ်းခုလတ်လေး မှာပဲ အဆင်ပြေသလိုလေး စခန်းချနေထိုင်သွားသူတွေလည်း ရှိတတ်ပါတယ်. တစ်ချို့က တောင်ထိပ်ကို ရောက်သွားပြီး နောက်ထပ် ပိုမိုမြင့်မားတဲ့ တောင်တစ်တောင်ကို လှမ်းမြင်ရင် မဆုတ်မနစ် ရှေ့ဆက်လှမ်းကာ ထပ်တက်ကြပါတယ်. တစ်ချို့ကတော့ ခေတ္တခဏ အနားယူပြီးကာမှ နောက်တစ်ဆင့် တက်လှမ်းကြပါတယ်. တစ်ချို့ကတော့ ဒီလောက်ဆို တော်ပါပြီလေ ဆိုပြီး ရောင့်ရဲတင်းတိမ်ကာ ကိုယ်ရောက်ရှိနေတဲ့ တောင်ထိပ်လေးပေါ်မှာပဲ မီးစာကုန် ဆီခမ်းသည့်တိုင် နေထိုင်သွားတတ်ကြပါတယ်. တကယ်တော့ လူတွေဟာ ကိုယ့်အထုပ်ကိုယ်ထမ်းပြီး ဘ၀ခရီးကို လျှောက်လှမ်းနေကြတဲ့ သံသရာခရီးသည်တွေ မဟုတ်ပါလား. တောင်တက်ခရီးလမ်းတလျှောက် ကိုယ်ကူညီနိုင် သလောက် အချိန်လေးတွေ၊ ခွန်အား လေးတွေထဲကဖဲ့ပြီး ဖေးမကူညီရင်း ဘ၀ခရီးကို လူသားပီသစွာ လျှောက်လှမ်းသွား ကြသူတွေရှိတတ်သလို တောင်ခါးပန်းမှာ ကိုယ်နဲ့ ရည်ရွယ်ချက်တူသူတွေကို တွန်းတိုက်ဖြတ်ချခဲ့ချင်ကြတဲ့ လူတစ်ချို့ရှိတတ်တာကိုလည်း သတိကြီးစွာ ထားရပါလိမ့်မယ်. ကျွန်တော်တက်ခဲ့ဖူးတဲ့ တောင်တွေအကြောင်း လေးလေးနက်နက် ပြန်စဉ်းစားမိခဲ့တယ်. ကျွန်တော်နဲ့ အတူ တောင်ခြေက စပြီး ခွန်အားအပြည့်နဲ့ လှမ်းတက်ခဲ့ကြတဲ့ မိတ်ဆွေတစ်ချို့တွေအကြောင်းကိုလည်း ပြန်ပြောင်းတွေးတောမိတယ်. တစ်ချို့က ကျွန်တော်တက်ခဲ့တဲ့ တောင်ပေါ်မှာရှိနေသလို၊ တစ်ချို့က တစ်ခြားတောင်ထိပ်တွေမှာ ရှိနေကြတယ်. တစ်ချို့ကတော့ တောင်ကြားထဲမှာ ဒလိမ့်ခေါက်ကွေး လဲပြို ကျဆုံးနေကြတယ်. တစ်ချို့ကတော့ တောင်သေးသေးလေးထိပ်မှာ ရပ်ရင်း သူတက်ခဲ့တဲ့ တောင်သာ အမြင့်ဆုံး၊ အကောင်းဆုံးလို့ ကြွေးကြော်နေကြလေရဲ့.. ကျွန်တော်အောက်ကို ငုံ့ကြည့်လိုက်တော့ ကျွန်တော်တက်ခဲ့ဖူးတဲ့ တောင်တစ်ချို့ရဲ့ ထိပ်ဖျားလေးတွေကို ဟိုမှာ သည်မှာ လှမ်းမြင်ရတယ်. ဘေးကိုလှမ်းကြည့်လိုက်တော့ ဒီတောင်ထိပ်ပေါ်မှာ ကျွန်တော်နဲ့အတူတူ ရပ်နေကြတဲ့ လူတစ်ချို့ကို တွေ့ရတယ်. အထက်ကိုမျှော်ကြည့်လိုက်တော့ မိုးသားတိမ်မှုန်တွေကြားမှာ မားမားမတ်မတ် ရပ်နေတဲ့ တောင်အကြီးကြီးတစ်လုံးကို မြင်လိုက်ရတယ်. ဒါပေမယ့် ကျွန်တော်ရောက်ရှိနေတဲ့ တောင်ထိပ်ဟာ ကျွန်တော်ရောက်ချင်ခဲ့တဲ့ တောင်ရဲ့ ထိပ်မဟုတ်ဘူးဆိုတာကို မကြာခင်မှာဘဲ ၀မ်းနည်းစွာ သိလိုက်ရတယ်. ဒီ့ထက်ပိုပြီး ရှုပ်ထွေးသွားစေတဲ့ အချက်တစ်ချက်က ကျွန်တော် ရောက်ချင်ခဲ့တဲ့ တောင်ထိပ်ကို ကျွန်တော်ဖြတ်လျှောက်ခဲ့ပြီးပြီ ဆိုတာပါပဲ. တကယ်တော့လည်း လူတွေဆိုတာ အတ္တတွေ၊ မာနတွေ၊ မခံချင်စိတ်တွေနဲ့ ပြည့်လျှမ်းနေတတ်တော့ ဘ၀ခရီးကို လျှောက်လှမ်းရင်း အပြိုင်အဆိုင်တွေကြားထဲ လမ်းပျောက်သွားတတ်ကြတာမျိုးလည်း ရှိတတ်သေးတယ်မဟုတ်လား. အဲဒီ့လိုမျိုး လမ်းပျောက်သွားခဲ့တဲ့ ဘ၀ခရီးသွားတွေထဲက တစ်ယောက်ဟာ ကျွန်တော်ကိုယ်တိုင်ဖြစ်နေခဲ့ပြီလေ. မကြာသေးခင်က ဆောင်းပါးလေးတစ်ပုဒ်ဖတ်မိတယ်. အဲဒီ့ထဲမှာ ပြင်သစ်နိုင်ငံကို ထွက်ခွာလာပြီး ပညာသင်ခဲ့တဲ့ တရုတ်လူမျိုး ကျောင်းသားလေးတစ်ယောက်အကြောင်း ပါလာခဲ့တယ်. သူက အသက် ၁၅ နှစ်အရွယ်မှာ ပြင်သစ်ပြည်ကို ထွက်လာခဲ့ပြီး ပညာဆက်လက်သင်ယူခဲ့တယ်. ဘွဲ့လည်းရပြီးရော အနောက်နိုင်ငံသားတွေ အများဆုံး အထင်ကြီးတတ်ကြတဲ့ Investment Banking လိုင်းထဲကို တိုးဝင်ခဲ့တယ်. မကြာခင်မှာပဲ Investment Banker တစ်ယောက်ဖြစ်လာခဲ့တယ်. သုံးနှစ်လောက် အလုပ်လုပ်ပြီး အဲဒီ့အလုပ်ကနေ သူထွက်လာခဲ့တယ်. မကြာခင်မှာပဲ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ထူထောင်ခဲ့တယ်. Investment Banking နဲ့ ဘယ်လိုမှ မပတ်သက်တဲ့ ပရိဘောဂပစ္စည်းတွေ ရောင်းဝယ်ရေးလုပ်ငန်းပါ. တရုတ်ပြည်က ပရိဘောဂပစ္စည်းတွေကို ပြင်သစ်မှာ ဈေးကြီးကြီးနဲ့ ပြန်ယူရောင်းတဲ့ လုပ်ငန်းမျိုးပေါ့. အခုတော့ သူ့လုပ်ငန်းဟာ သိပ်ကိုအောင်မြင်နေတဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်နေပါပြီ. ဒါပေမယ့် အဓိကပြောချင်တာက သူပြောသွားတဲ့ စကားလေးတစ်ချို့ပါ. အင်တာဗျူးလုပ်တဲ့သူကမေးတယ်. ခင်ဗျားဘာကြောင့် ဒီလုပ်ငန်းကို ရွေးချယ်လုပ်ဖြစ်ခဲ့တာလဲဆိုတော့ သူက ပြန်ဖြေတယ်. “Investment Banking လိုင်းထဲကို ကျွန်တော်တိုးဝင်ခဲ့တာ ဒီဟာကို ကျွန်တော်ဖြစ်အောင် လုပ်နိုင်တဲ့အကြောင်း ကိုယ့်ကိုယ်ကို ပြသချင်လို့ပါပဲ. ဒါပေမယ့် ကျွန်တော်တကယ်လုပ်ချင်ခဲ့တာ ဒီလုပ်ငန်းမဟုတ်ဘူးဆိုတာ တဖြည်းဖြည်း ကျွန်တော်သိလာခဲ့ရတယ်.” ဒီတော့ အင်တာဗျူးလုပ်တဲ့သူက ထပ်မေးတယ်. ဘာကြောင့် Investment Banker အနေနဲ့ နှစ်အနည်းငယ်ပဲ လုပ်ပြီး ထွက်လိုက်တာလဲဆိုတော့ သူက ဒီလိုလေးပြန်ဖြေတယ်. “အဲဒီ့အလုပ်က ကျွန်တော့်ကို အများကြီးအတွေ့အကြုံတွေ ရစေပါတယ်. ဒါပေမယ့် ဒီလုပ်ငန်းထဲမှာ ကြာကြာနေလေ. လခကပိုကောင်းလာလေဖြစ်ပြီး ကျွန်တော့်အတွက် ရုန်းထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်ဖို့ ပိုခဲယဉ်းလာလေလေ ဖြစ်လာစေနိုင်ပါတယ်. ဒါကြောင့် ကျွန်တော် ဘာလုပ်ချင်တယ် ဆိုတာကို သိပြီးနောက်မှာ အဲဒီ့အလုပ်က ခပ်မြန်မြန်ပဲ ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ” သူ့နာမည်ကတော့ Ning Li ပါ.( ဒီနေရာမှာ သူ့အကြောင်း အပြည့်အစုံ ဖတ်လို့ရပါတယ်) သူပြောခဲ့တဲ့ စကားလေးတွေထဲမှာ “ဒီအရာကို ဖြစ်အောင်လုပ်နိုင်ကြောင်း ကိုယ့်ကိုယ်ကို ပြသဖို့” ဆိုတဲ့ စကားလေးက ကျွန်တော့်နားထဲကို စွဲဝင်ခဲ့တယ်. ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု(Self-esteem) အတွက်ကြောင့် ဒီလိုမျိုး အများက မြင့်တယ်လို့ သတ်မှတ်တဲ့ အရာတစ်ခုကို ရအောင်လုပ်ပြခဲ့တာကို နားလည်လို့ရပါတယ်. ဒါပေမယ့် အဲဒါဟာ တစ်ဖက်ကကြည့်ရင် ကိုယ်တကယ် လုပ်ချင်ခဲ့တဲ့ အရာမဟုတ်ခဲ့တာကြောင့် သက်သက်မဲ့ အချိန်ဖြုန်းတီးမှုတစ်ခု မဖြစ်နေနိုင်ဘူးလားလို့ ကျွန်တော်တွေးကြည့်မိလာခဲ့တယ်. ဒါပေမယ့် နောက်တစ်မျိုး စဉ်းစားဆင်ခြင်ကြည့်ပြန်ရင်လည်း တစ်ချို့အရာတွေက ကိုယ်တိုင်လုပ်ကြည့်ပြီးမှ ကိုယ်နဲ့ ကိုက်ညီသည်၊ မကိုက်ညီသည်ကို သိလာနိုင်တာမျိုးမို့ ကြိုးစားကြည့်ပြီးမှ သိလာရတဲ့ အကြောင်းပြချက်ကို လက်ခံနားလည် နေမိပြန်တယ်. တဆက်တည်းမှာပဲ ငွေဆိုတဲ့ အရာရဲ့ သွေးဆောင်မှုနဲ့ ကိုယ်မလုပ်ချင်တဲ့အလုပ်တစ်ခုထဲမှာ ကြာလေလေ နစ်သွားနိုင်လေလေ ဆိုတဲ့ သဘောတရားကိုလည်း ထိတ်လန့်တုန်လှုပ်စွာ ကျွန်တော် နားလည်လာမိခဲ့တယ်. တစ်စုံတစ်ခုကို လက်ခံတာနဲ့ ငြင်းပယ်တာမှာ ငြင်းပယ်ခြင်းဟာ ပိုပြီး ခွန်အားကြီးမားနေတတ်လေ့ ရှိတယ်လို့ ယေဘုယျအားဖြင့် ကျွန်တော်သုံးသပ်မိပါတယ်. အထူးသဖြင့် အကျိုးအမြတ်နဲ့ ရင်းနှီးဆက်နွှယ်လာနေနိုင်တဲ့ တစ်စုံတစ်ခုမျိုးပေါ့. အဲဒီ့လိုမျိုး ကိုယ့်ကိုယ်ကို တုပ်နှောင်မိစေတဲ့ အနှောင်အဖွဲ့တစ်ချို့ဟာ အခွင့်အလမ်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ လမ်းကြုံဝင်လိုက်လာတတ်သေးရဲ့. စိတ်ထဲမှာ အမှန်တကယ် ပါခဲ့လို့မဟုတ်ဘဲ တစ်စုံတစ်ရာကို လုပ်ပြနိုင်ကြောင်း သက်သေထူခဲ့တဲ့အချိန်မှာ ပေးဆပ်ခဲ့ရတဲ့ အချိန်အရင်းအနှီးတွေ၊ အင်အားအရင်းအမြစ်တွေကို ခုနောက်ပိုင်း တော်တော်လေး နှမြောမိတယ်. ဒါပေမယ့် ပြန်မရနိုင်တော့တဲ့အရာတွေ အတွက် ကျွန်တော် မတမ်းတလိုတော့ပါဘူးလေ. ဘယ်အရာမဆို ယူတတ်ရင် အတွေ့အကြုံတွေ၊ သင်ခန်းစာတွေဆိုတာ တင်းကြမ်းပြည့်နေတတ်တာမျိုး မဟုတ်လား. ဆရာမ ငွေတာရီက ရည်မှန်းချက်တွေကို မြင့်အောင် ထားပြီးရင်းထားဖို့ ထိပ်ဆုံးသို့ ကဗျာလေးနဲ့ ရေးဖွဲ့နှိုးဆော်ခဲ့ပါတယ်. ဒါပေမယ့် တောင်တွေတွေ့တိုင်း ကျွန်တော် မတက်ဖြစ်တော့ပါဘူး. ကျွန်တော်ရောက်ရှိခဲ့ဖူးတဲ့၊ ကျွန်တော် ပြန်လည်ရောက်ရှိချင်တဲ့ တောင်ထိပ်လေးတစ်နေရာကို ပြန်သွားဖို့ လက်ရှိအရိပ်ကနေ ကျွန်တော့်ခြေဖ၀ါးတွေ ရဲဝံ့စွာ စွန့်ခွာခဲ့ပါတယ်… အချို့က ကဲ့ရဲ့စကားတင်း ဆိုနေနိုင်ပါတယ်. အချို့က ချီးကျူးအားကျနေနိုင်ပါတယ်. အချို့ကတော့ ကျွန်တော်ဟာ အကျိုးစီးပွားကို မမြင်အံ့သော လူမိုက်လို့ သမုတ်နေနိုင်သလို အချို့ကတော့ ကျွန်တော်ဟာ လိုချင်တာကို ရအောင်ယူပြီး မလိုချင်တာကိုလည်း ငြင်းပယ်နိုင်စွမ်းရှိသူလို့ သတ်မှတ်နေနိုင်ပါတယ်. စိတ္တ၀တော-ထက်သန်သော စိတ်ရှိသူအား၊ ကိံနာမ-အဘယ်မည်သော၊ ကမ္မံ-အမှုကိစ္စ ဟူသမျှသည်။ န သိဇ္ဈတိ-မပြီးစီးဘဲ ရှိနိုင်အံ့နည်း။ သိဇ္ဈတိဧ၀-မုချဧကန် အမှန် ပြီးစီးအောင်မြင်ရမည်သာတည်း။ ဘာပဲဖြစ်ဖြစ် ဘယ်သူ့ဘယ်သူနဲ့မှ နှိုင်းယှဉ် ချိန်ထိုးနေစရာမလိုဘဲ ကိုယ်ယုံကြည်ရာကို ရှေ့ရှုပြီး လျှောက်လှမ်းနေတဲ့ စိတ်နဲ့ကိုယ်နဲ့ တသားတည်းကျတဲ့ ခြေလှမ်းတွေဟာ သိမ်မွေ့နူးညံ့စွာ အင်အားကြီးမားနေမြဲ... 

**Yan Aung**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)