-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း -
**ရာသီ (၂၀) အလှဆုံးဂိုးသွင်းဆု မန်ယူတိုက်စစ်မှူး ရွန်နေရရှိ**
(လန်ဒန်၊ မေ ၄)
တိုက်စစ်မှူးရွန်နေသည် မန်ယူနှင့် မန်စီးတီးတို့ကစားခဲ့သည့်ပွဲတွင် ၄င်း၏ခေါင်းပေါ်မှ ပျော်ပြီးလှလှ ဂိုးသွင်းယူပြခဲ့သည်။ အဆိုပါဆုကို ကမ္ဘာတစ်ဝန်းလုံးမှ ပရိသတ်များ၏ ဆန္ဒမဲပေးရွေးချယ်မှုဖြင့် ရွေးချယ်မှုဖြင့် ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။ ဒင်းနစ်ဘားကင့်(မ်)က ၂၀၀၂ ခုနှစ်က အာဆင်နယ်နှင့် နယူးကာဆယ်တို့ကစားစဉ် အလှပဆုံးဂိုးသွင်းပေးနိုင်မှုကြောင့် ရာသီ (၂၀) ပရီမီယာလိဂ် အလှပ ဆုံးဂိုးသွင်းမှု ဒုတိယဆုကို ရရှိသည်။ အွန်နရီက အာဆင်နယ်နှင့် (၂၀) ပရီမီယာလိဂ် အလှပဆုံး ဂိုးသွင်းယူခဲ့၍ တတိယဆုရခဲ့သည်။ ဘာကင့်မ်သည် စိန့်ဂျိမ်းပတ်၌ ကစားသည့်ပွဲတွင် အလှပ ဆုံးဂိုးကန်သွင်းပေးနိုင်ခဲ့သည်။ အွန်နရီသည် ဟိုက်ဘူရီ၌ အလှဆုံးကန်သွင်းနိုင်ခဲ့၍ တတိယဆုရခဲ့ ခြင်းဖြစ်သည်။ ဒေးဗစ်ဘက်ခမ်းက ၁၀ ရာသီအလှဆုံး ဂိုးသွင်းယူဆု ဆွတ်ခူးရရှိသွားခဲ့သည်။ ၄င်း သည် ၂၀၀၂ ခုနှစ်က ၀င်ဘလေကွင်းကြီး၌ အလှပဆုံးဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ပရီမီယာလိဂ်သမိုင်း တွင် အလှဆုံးဂိုးသွင်းဆု ဆွတ်ခူးနိုင်၍ အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ရွန်နေက ပြောကြားသည်။ (အင်တာနက်)
**ဘူဒါပက် ဒဗလျူတီအေ တင်းနစ်ပြိုင်ပွဲ အီရာနီ အကြိုဗိုလ်လုပွဲ တက်ရောက်**
(ဘူဒါပတ်၊ မေ ၄)
အီတလီတင်းနစ်မယ် ဆရာအီရာနီသည် ပြိုင်ဘက် အီတလီတင်းနစ်မယ် ဘရီအင်တီအား ၆-၄၊ ၆-၀ ဖြင့် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ နောက်ထပ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် နယူးဇီလန်တင်းနစ်မယ် အီရာကိုဗစ်နှင့် စထရွိုင်ကိုဗာတို့ပွဲတွင် အီရာကိုဗစ်က ၆-၂၊ ၁-၆၊ ၆-၄ ဖြင့် နိုင်ပွဲရရှိခဲ့သည်။ နောက် ထပ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ရုရှားမှ ဗက်နီနာနှင့် ခရိုအေးရှားမှ မာတစ်တို့ယှဉ်ပြိုင်ကစားရာ ဗက်နီနာက ၆-၃၊ ၆-၂ ဖြင့် နိုင်ပွဲရရှိခဲ့သည်။ ထို့အတူ ကွာတားဖိုင်နယ်ပွဲစဉ်တစ်ပွဲအဖြစ် ဂျော်ဂျီယာမှ တာတစ်ရှ်ဗီလီနှင့် ကနေဒါမှ ဝေါ့ဇ်နစ်တို့ပွဲတွင် တာတစ်ရှ်ဗီလီက ၅-၇၊ ၇-၅ (၇-၄)၊ ၆-၄ ဖြင့် နိုင်ပ ရရှိခဲ့ပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြသည်။ (အင်တာနက်)
**ချန်ပီယံရှစ် play-Off ပြိုင်ပွဲ ၀က်စ်ဟမ်းက ကာဒစ်ကိုနိုင်**
(လန်ဒန်၊ မေ ၄)
အဆိုပါ ပြိုင်ပွဲတွင် ၀က်စ်ဟမ်းအသင်းမှ ကွင်းလယ်ကစားသမား ဂျက်ကောလီဆင်က ၀က်စ်ဟမ်း အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့သည်။ ယင်းတို့နှစ်သင်းသည် လာမည့် မေ ၇ ရက်တွင် ဒုတိယအကျော့အဖြစ် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အခြားအကြိုဗိုလ်လုပွဲအဖြစ် ဘလက်ပူးလ် နှင့် ဘာမင်ဂမ်တို့ ကစားရမည်ဖြစ်သည်။ ဒုတိယအကျော့ ကစားအပြီးရလဒ်အရ အနိုင်ရသည့် အသင်း များ ဗိုလ်လုပွဲတတ်ရမည်ဖြစ်သည်။ ဗိုလ်လုပွဲအနိုင်ရအသင်းသည် ပရီမီလာလိဂ်တန်းတက်အသင်း ဖြစ်လာမည်ဖြစ်သည်။ ရက်ဒင်းနှင့် ဆောက်သမ်ပတန်အသင်းတို့သည် အမှတ်ပေးဇယား ပထမနှင့် ဒုတိယနေရာရအသင်းများဖြစ်၍ ပရီမီယာလိဂ်သို့ တိုက်ရိုက်တတ်ရောက်နိုင်ပြီဖြစ်သည်။ (အင်တာနက်)စုစည်းဘာသာပြန် - ကောင်းမြတ်သူ

No comments:
Post a Comment