ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 8, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ- 
 **ထိုင်းနိုင်ငံအရှေ့ပိုင်း၌ စက်ရုံတစ်ရုံမီးလောင် ၁၃ ဦးသေဆုံး၊ ၉၀ ကျော်ခန့် ဒဏ်ရာရရှိ** (ဗန်ကောက်၊ မေ ၆)
ထိုင်းနိုင်ငံအရှေ့ပိုင်း ရာယွန်ပြည်နယ်ရှိ စက်မှုဇုန်တွင် မေ ၅ ရက်က စက်ရုံတစ်ရုံ မီးလောင်မှုဖြစ်ပွားရာ အလုပ်သမား ၁၃ ဦးသေဆုံးပြီး ၉၀ ကျော်ခန့် ဒဏ်ရာရရှိခဲ့ကြောင်း မေ ၆ ရက်တွင် သတင်းပြန်သည်။ ၄င်းစက်ရုံမှာ ဓာတ်တုပစ္စည်းထုတ်လုပ်သည့်စက်ရုံဖြစ်ပြီး မေ ၅ ရက် ညနေ ၃ နာရခန့်က ဓာတုကုန်ကြမ်းပစ္စည်းများမှတစ်ဆင့် ပေါက်ကွဲမီးလောင်းခဲ့ခြင်းဖြစ်သည် ပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ (အင်တာနက်)
**အင်္ဂါဂြိုလ်မျက်နှာပြင်ပေါ်တွင် မှန်ရောင်တောင်ပနေသော သဲမှုန်များတွေ့ရှိ** (နာဆာ မေ ၆) အင်္ဂါဂြိုလ်မျက်နှာပြင်ပေါ်တွင် မှနရောင်တလက်လက်ထနေသော သဲမှုန်များကို တွေ့ရှိကြောင်း အင်္ဂါဂြိုလ်မျက်နှာပြင်ကို လေ့လာနေသော စပရစ်အာကာယာဉ်မှပေးပို့သည့် ဓါတ်ပုံများအရေ သိရှိရကြောင်း နာဆာမှ သိပ္ပံပညာရှင်များက ပြောကြားသည်။ ၄င်းမှန်သဲမှုများသည် အင်္ဂါဂြိုလ်မျက်နှာပြင်ပေါ်တွင် စတုန်ရန်းမိုင်ပေါင်းများစွာ၌ တွေ့ရှိရခြင်းဖြစ်ကြောင်း အထူးသဖြင့် အင်္ဂါဂြိုလ်မျက်နှာပြင်၏မြောက်ဘက် မြေနိမ့်ပိုင်တွင်း ဖြစ်ကြောင်း ၄င်းတို့က ပြောကြားသည်။ (အင်တာနက်)

**ဂျပန်နိုင်ငံ၌ နင်းမုန်တိုင်းများတိုက်ခတ် တောင်တက်သမားရှစ်ဦး သေဆုံးဖွယ်ရှိ** (တိုကျို၊ မေ ၆)
ဂျပန်နိုင်ငံမြောက်ပိုင်း အဲတောင်တန်းပေါ်တွင် မေ ၅ ရက်က နှင်းမုန်တိုင်းများတိုက်ခတ်မှုကြောင့် အသက်အရွယ်ကြီးသောတောင်တက်သမား ရှစ်ဦးပါအဖွဲ့သည် ပျောက်ဆုံးလျက်ရှိကြောင်း မေ ၆ ရက်တွင် ဂျပန်အရာရှိများက ပြောကြားသည်။ ပျောက်ဆုံးနေသော တောက်တက်အဖွဲ့မှ ခြောက်ဦးသည် အသက် ၆၀ နှင့် ၇၀ အကြား အမျိုးသားကြီးမျးဖြစ်ကြသည်။ ၄င်းတို့ကို ရဟတ်ယာဉ်ဖြင့် လိုက်လံရှာဖွေလျက်ရှိကြောင်း ယင်းတောင်တက်သမားများသည် နာဂါနိုစီရင်စု အလယ်ပိုင်းအဲတောင်တန်းရှိ ကိုရန်ဂီတောင်အနီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။ ၄င်းတောင်တက်အဖွဲ့မှ အသက် ၆၇ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး၏ သေဆုံးနေသော ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ရာမှ အားလုံးသေဆုံးဖွယ်ရှိကြေင်း ပြောကြားခဲ့သည်။ (အင်တာနက်)

  **မြေပြင်အာကာသယာဉ်စခန်း ဂါနာတည်ဆောက်နေ မကြာမီ ဂြိုလ်တုများလွှတ်တင်မည်** (အက်ရာ၊ မေ ၆) ဂါနာနိုင်ငံ၏ မြေပြင်အာကာသစခန်းအဖြစ် အသုံးပြုရန်အတွက်ဗြီိတန်နိုင်ငံမှ ဗိုဒါဖွန်းကုမ္ပဏီက ဂြိုလ်တုစခန်းတစ်ခုကိုလွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း မေ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။ ဂါနာနိုင်ငံသည် အာကာသသိပ္ပံနည်းပညာများလေ့လာရန်နှင့် ဂြိုလ်တုများလွှတ်တင်နိုင်ရန်အတွက် ဂါနာသုတေသနသိပ္ပံပညာရှင်များက စတင်ဆောင်ရွက်နေကြပြီဖြစ်သည်။ ဂါနာနိုင်ငံ၏ မြေပြင်အာကာသယာဉ်စခန်းကို မြို့တော်အက်ရာ၏ အနောက်ဘက် ကီလိုမီတာ ၂၀ ခန့်အကွာ ကန်တန်စီမြို့တွင် တည်ဆောက်ထားသည်။
 (အင်တာနက်) 

**ဓါတ်ပုံနှင့် ပရင်တာနှစ်မျိုးအသုံးပြုနိုင်သည့် ကင်မရာသစ်** 
 (၀ါရှင်တန်၊ မေ ၆) အမေရိကန်နိုင်ငံ အမေဇုန်ကုမ္ပဏီမှ ဓါတ်ပုံနှင့် ပရင်တာနှစ်မျိုးစလုံးအသုံးပြုနိုင်သော ကင်မရာသစ်တစ်လုံးကို တီထွင်ထုတ်လုပ်လိုက်ကြောင်း မေ ၃ ရက်၌ သတင်းထုတ်ပြန်သည်။ ဓါတ်ပုံပေါင်း ၆၀ ကိုလျှပ်စစ်ပြက်အတွင်း ဆက်တိုက်ရိုက်ကူးနိုင်ပြီး ၄င်းဓါတ်ပုံများကို ချက်ချင်းဓါတ်ပုံအဖြစ် ထုတ်ပေးနိုင်သည့် ကင်မရာဖြစ်သည်။ တစ်ဖန် ယင်းကင်မရာဖြင့် အနံခြောက်လက်မ၊ အလျား ရှစ်လက်မအရွယ်အစားရှိစက္ကူများကို မိတ္တူကူးပြီး စာရွက် ၄၀၀ အထိ ထုတ်ပေးနိုင်သည့် ပရင်တာအဖြစ်လည်း အသုံးပြုနိုင်သည်။ (အင်တာနက်) 

**တရုတ်နိုင်ငံကမ်းလွန်၌ သဘောင်္နစ်မြုပ်** 
(ဖူကျန်၊ မေ ၆) တရုတ်ကမ်းလွန်တွင် မေ ၄ ရက်ညနေက မုန်တိုင်းမိ၌ သဲတင်သင်္ဘောတစ်စင်းနစ်မြုပ်ပြီး နစ်ရက်ကြာအထိ လူသုံးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကြေညာသည်။ သေင်္ဘောနစ်စဉ်က လိုက်ပါလာသူ သင်္ဘေဘာသားခြောက်ဦးအနက် ပျောက်ဆုံးနေသုံးဦးကို ကယ်ဆယ်ရေးလုပ်သားများက ရှာဖွေလျက်ရှိကြောင်း သိရသည်။ သင်္ဘောစတင်နစ်လျှင်နစ်ချင်း လိုက်ပါလာသည့်သင်္ဘောသားခြောက်ဦးစလုံး ရေထဲသို့ခုန်ဆင်းခဲ့ကြသော်လည်း သုံးဦးကိုသာ အနီးမှဖြတ်သွားသည့်သင်္ဘောက ကယ်ဆယ်နိုင်ခဲ့သည်ဆို၏။ (အင်တာနက်) 

စုစည်းဘာသာပြန် - မိုးမြင့်လင်းလက် - အာကာဟိန်း

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)