>
-ဂုရုဆန်ကို နေ့စဉ်အမြဲခြိမ်းခြောက်နေသော စိန်ခေါ်ချက်များ-
**(အများအကျိုးဆောင် ကိုယ့်ပုဆိုးပေါင် နှင့် အခြားဆောင်းပါးစုများ)**
ထိုင်းနိုင်ငံတွင်သာမက မြန်မာပြည်ရှိနယ်မြို့ရွာများတွင် မော်တော်ဆိုင်ကယ်လ်သည် ခရီးနီး၊ ခရီးလတ်၊ ကိုသာမက ခရီးဝေးမှာပါ အသုံးဝင်မှန်း၊ နိစ္စဓူဝသုံးစွဲနေကြသော ခရီးသည်နှင့်ယာဉ် တစ်ခုဖြစ်မှန်း လူတိုင်းသိကြပါသည်။ သို့ရာတွင် အနှီခရီးနှင့် ယာဉ်ငယ် (နှစ်ဘီးရပ်တည်ယာဉ် ငယ်) ကို စီးနင်းမည့်သူသည် (၁)ဘီးပေါက်လျှင် ဖားထေးရမည့်ငွေကြေး၊ (၂)ဘီးပေါက ရုံမျှ မ က ကျွတ်ပြဲ၍၊ကျွတ်ကွဲ၍အစားထိုးရမည့်ငွေကြေး၊ (၃)ဆိုက်ကယ်လ်ဆီထည့်ရမည့်ငွေကြေး၊ ထိုင်း နိုင်ငံတွင်ဆိုလျှင်မြန်မာပြည်သားများ ဆိုင်ကယ်လ်၊ကားတရားဝင်စီးနင်းခွင့်မရှိကြသဖြင့် ပုလိပ် အစစ်အဆေးနှင့် တွေ့လျှင် ပေးဆောင်ရမည့် ဒဏ်ကြေးဖြစ်သောငွေကြေး (၀ါ) ၊ ချဉ်း ကပ်ရမည့် အရက်ဖိုးစသည် တို့သည် အသင့်ဆောင်ထားအပ်သော ဆောင်ရန် ငွေကြေးများ ဖြစ်ပါသည်။
အများနည်းတူ ရေလိုက် ငါးလိုက်နှင့် အများမိုးခါးရေးသောက်ချိန်တွင် မသောက်ခဲ့လေသော ဂုရုဆန်သည် ထိုင်း-မြန်မာနယ်စပ်တာ့(ခ်)ခရိုင်တလွှား (တာ့ခ်ခရိုင်တွင် ၉ မြို့နယ်ပါဝင်သည်) တွင် ဆိုင်ကယ်လ်စီး၍တစ်မျိုး၊ လိုင်းကားစီး၍တစ်နည်း၊ အသိမိတ်ဆွေတစ်ဦးဦး၏ကားကို မ ကြုံကြုံအောင်ရှာကြံလိုက်ပါ၍ တစ်ဖုံ ဤ ၉ မြို့နယ်စလုံးကို ဗြောင်းသတ်အောင်ရောက်ဖူး၊ လေ့လာဖူး၊ ထိုးဖောက်တည်ဆောက်ခဲ့ဘူးပါလေပြီ။ သို့ရာတွင် ဂုရုဆန်၌ ငွေကြေးများစွာကျပ် တည်းမှုရှိပါသည်။ မိမိ၏ထိုးဖောက်စည်းရုံးနိုင်စွမ်းကိုမိမိလုံးဝယုံကြည်နေမှုကြောင့်သာဂုရုဆန် ဤသို့သွားလာလှုရှားနေရသော်လည်း တခါတရံ ဆိုင်ကယ်ထွက်ခွာရန် ဆိုက်ကယ်ဆီဖိုးပင် မရှိပါချေ။ ဤတွင် စက်ဘီးပြောင်းစီးကာ မောမောပန်းပန်းသွားလာလှုပ်ရှားရပါတော့သည်။ စက်ဘီးစီးသောနေ့တွင် လေ့ကျင့်ခန်းပုံစံစက်ဘီးစီးရလျှင် ကိစ္စမရှိသော်လည်း နေပူစပ်ခါးတွင် အသွား ၃ ကီလိုမီတာ၊ အပြန် ၆ကီလိုမီတာ (သို့) ၇-၈ ကီလိုမီတာအထိ ဂုရုဆန်က ခြေဆန့် လျှင် ဆန့်သည့် အတိုင်းအတာဖြင့် အပြန်ခရီးသည် ခရီးတာရှည်တတ်ပါသည်။
ဤသို့ မော မောပန်း ပန်းဖြင့် အိမ်သို့ ပြန်ရသည့်အခါတိုင်း ရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ် ဘက်မှလာ သော ငါ၊ ပျဉ်းမနားဒေသဘက်၏ အဆက်အနွယ်ဖြစ်သောငါ၊ အင်းစိန်တောရ၊ သာယာဝတီ တောရနှင့် ပုသိမ်တောရတို့တွင် ၁၂ နှစ်နီးပါး ခိုင်ခိုင်ကျည်ရပ်တည်ခဲ့သော ငါတည်း ဟူ သော “မိုက်စိတ်၊ ထီမထင်စိတ်”သည် ခဏတာကြွထလာခဲ့ပါသည်။ ဤတွင် ပင်မိုက်စိတ် ကြောင့် ဖြစ်တည်လာရ သော အချိုချောင်ရပ်တည်ကာ ကောင်းစားနေသူအချို့အချို့တို့ထဲမှ လုယက် ချင်သောမိမိနှင့် ထိစပ်နေသော မရှိဆင်းရဲသားများအား လုယက်ရာမှ ရရှိသော ငွေကြေးဖြင့် ပြန်လည်ဝေငှပေး လိုသော စိတ်အရင်းခံဖြစ်ပေါ်လာမိပါသည်။ သို့ရာ တွင် မိမိရောက် ရှိနေ သောနေရာသည် သူတ ပါးနိုင်ငံဖြစ်သည်။ အိမ်ကြက်ချင်းခွပ်နေကြရုံဖြင့် ကြက်ကုလား ၀မ်း သာအောင် ငါတို့မလုပ် သင့် ဟု စိတ်ကိုအတန်တန်ဆုံးမကာ ချိုးနှိမ် ခဲ့ရပါသည်။ တောရ ကျောင်းမှာ ၁၂ နှစ်တာနေခဲ့စဉ် က လေ့ကျင့်ခဲ့ရသော စိတ်ကျင့်စဉ် များကိုပြန်လည် လေ့ကျင့် ရပါသည်။ ဒီကြားထဲသွားလာလှုပ်ရှားရာ ထိုင်း-မြန်မာနယ်စပ်တလွှားတွင်ပိုက်ဆံချေးသူများ၊ ခဏယူသုံးတာပါဆိုကာပြန်မပေးသူများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ကိုယ့်အတိုင်းအတာ နှင့်ကိုယ်သုံးစွဲနေရသော ဂုရုဆန်မှာငွေကြေး အသုံးအစွဲအတွက်ဇယားချထားသော ရက် အနည်းငယ်လျော့သွားကာပိုမိုကျပ်တည်းရပြန်ပါသည်။ နဂိုကတည်းက ထီမ ထင်စတိုင်ဖြင့် ဘာဆိုဘာကိုမှ မကြောက်တတ်ခဲ့သော ဂုရုဆန်သည် ငွေကြေးအသုံးအစွဲကို များစွာဂရုစိုက် နေသည့် ကြားမှပင် မိမိ၏ကိုယ်ပိုင်အလုပ်သဘောတရားဖြစ်သောထိတွေ့၊ ထပ်မံထိတွေ့၊ ဆက်စပ်၊ ထပ်မံဆက်စပ်၊ ထိုး ဖောက်၊ ထပ်မံထိုးဖောက်၊ တည်ဆောက်၊ ထပ်မံတည်ဆောက် စသည့်ဗျူဟာအခင်းအ ကျင်းတွင် အလုပ်ပင်များနေသော်လည်း ၀င်ငွေအလွန်နည်းကာ အလုပ်လုပ်နေစဉ်အတွင်းအသုံးအစွဲကား မလောက်ငှချင်တော့လောက်အောင် ဖြစ်နေ ပါတေ့သည် ။ဤလိုအပ်ချက်များမှာ ဂုရုဆန်ကို နေ့စဉ်အမြဲခြိမ်းခြောက်နေသော စိန်ခေါ် ချက်များလည်း ဖြစ်ပါတော့သည်။
သြော့…သြော်၊ ငါက အများအကျိုးဆောင်နေသူလေ၊ ဒါကြောင့်လည်း ရှိစုမဲ့စု ပုဆိုးကိုပေါင် လိုက်ပေးအုံးတော့
ဂုရုဆန်ရေ...။
ရေးဖွဲ့-
ဆန်တာကလော့စ် (ခေတ္တ-အင်္ဂပူ)

No comments:
Post a Comment