ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 7, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း

 **ကမ္ဘာ့ထိပ်တန်းသမိုင်းပြတိုက်ကြီး၏ မှားယွင်းမှုခုနစ်တန်းကျောင်းသားလေးထောက်ပြ၍ ပြင်ဆင်ရ** (နယူးယောက်၊မေ ၅) ယဉ်ကျေးမှုအနုပညာနှင့် သမိုင်းရေးရာတွင် ကမ္ဘာ့ပထမတန်းစာ ပြတိုက်ကြီးဖြစ်သော အမေရိကန်နိုင်ငံသား နယူးယောက်မြို့ရှိ ယဉ်ကျေးမှုခေတ် ရှေးဟောင်းမြို့ပြ နယ်နိမိတ်များ (The Met) ပြတိုက်ကြီးအနေဖြင့် သမိုင်းမြို့ပြမြေပုံတွင် လွဲချော်နေသည်ကို ၀န်ခံရန်ခက်နေရာမှ ၁၃ နှစ်အရွယ် ခုနစ်တန်းကျောင်းသားလေးတစ်ဦးက အမှားထောက်ပြနိုင်ခဲ့သဖြင့် သမိုင်းအချက်အလက် လွဲမှားနေသည်ကို ပြင်ဆင်ခဲ့ရသည်။ The Met ပြတိုက်ကြီး၏အမှားကို ထောက်ပြနိုင်ခဲ့သောထွန်းသစ်စသမိုင်းပညာရှင်လေး ဘင်ဂျမင်လာမန်ကိုဒီသည် အရှေ့ရောမခေတ်အင်ပါယာ (ဘိုင်ဇင်တိုင်အင်ပါယာ) သမိုင်းကို ကျောင်းတွင်သင်းထားခဲ့ပြီး မကြာမီမှာပင် ပြတိုက်သို့ လေ့လာရေးခရီးရောက်ရှိချိန်၌ ဘိုင်ဇင်တိုက်ပြခန်းရှိ မြေပုံအမှားကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သမိုင်းမြေပုံ၏ ခေတ်ကာလများအရ ရေးဆွဲထားသော နယ်နိမိတ်မျဉ်းများတွင် စပိန်နှင့် အာဖရိကနယ်မြေအပိုင်းများ မပါဝင်သည်ကို စစ်ဆေးတွေ့လိုက်ခြင်းဖြစ်သည်။ လေ့လာရေးခရီးမှ မပြန်မီ မြေပုံအမှားကို ထောက်ပြရန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့သူ ဘင်ဂျမင်က “စားပွဲတစ်လုံးမှာထိုင်နေတဲ့လူကို သွားပြောပြပါတယ်။ သူက ကျနော့်ကို ကလေးဆိုပြီး ယုံကြည်မှုမရှိခဲ့ဘူး” ဟု လာရောက်မေးမြန်းသည့်သတင်းထောက်အား ပြောကြားခဲ့သည်။ သို့သော်လည်း အချိန်သိပ်မကြာမီမှာပင် The Met ပြတိုက်မှ ပြင်ပရေးရာ အကြီးတန်း ဒုတိယဥက္ကဌ၏ချီးကျူးစကားဆိုသည့် e-mail ကို ဘင်ဂျမင် လက်ခံရရှိခဲ့သည်။ ပြတိုက်၏ အလယ်ခေတ်သမိုင်းရေးရာများ မှန်ကန်စေရန် ပြန်လည်ဆန်းစစ်မှုများ ဆောင်ရွက်ရန် ဘင်ဂျမင်က မြှင့်တင်ပေးခဲ့ပါကြောင်း မှတ်ချက်ပြုထားခဲ့သည်။ (အင်တာနက်)

**အာဆင်နယ်အသင်း နိုင်ဂျီးရီးယားသို့ သွားရောက်ကစားမည်** 
(လန်ဒန်၊ မေ ၅) အင်္ဂလိပ်ပရီမီယာလိဂ်ကလပ် အာဆင်နယ်သည် ရာသီအကြိုပွဲအဖြစ် လာမည့် သြဂုတ် ၅ ရက်တွင် နိုင်ဂျီးရီးယးနိုင်ငံ အဘူဂျာမြို့သို့ သွားရောက်ကစားမည်ဖြစ်ကြောင်း အာဆင်နယ်အသင်းတာဝန်ရှိသူများက မေ ၅ ရက်တွင် ပြောကြားသည်။ အာဆင်နယ်အသင်းသည် အာဖရိကထိပ်တန်းအသင်းတစ်သင်းဖြစ်သည့် နိုင်ဂျီးရီးယားလက်ရွေးစင်အသင်းနှင့် ကစားမည်ဟုဆိုသည်။ အာဆင်နယ်အသင်း နိုင်ဂျီးရီးယားနိုင်ငံသို့ သွားရောက်ကစားခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ နိုင်ဂျီးရီးယားနိုင်ငံသည် အာဖရိကတွင် ဘောလုံးနှင့်ပတ်သက်၍ ရေပန်းအစားဆုံးနိုင်ငံဖြစ်သည်။ (အင်တာနက်)

 **၀ီဂန်နည်းပြ မာတီနက်စ်အကောင်းဆုံးနည်းပြဆုရ** 
(လန်ဒန်၊ မေ ၅) ၀ီဂန်နည်းပြ ရော်ဘတ်တိုမာတီနက်စ်အား အသင်းကို တန်းဆင်းဇုန်လွတ်မြောက်အောင် ကြိုးစားပေးနိုင်ခဲ့ခြင်းကြောင့် ဧပြီလအတွက် ပရီမီယာလိပ် အကောင်းဆုံးနည်းပြဆု ချီးမြှင့်လိုက်သည်။ မာတီနက်စ်သည် ဧပြီလအတွင်း ဂီဂန်နှင့်ကစားခဲ့သည့် မန်ယူ၊ အာဆင်နယ်၊ နယူးကာဆယ်အသင်းများကို အနိုင်ကစားနိုင်အောင် လမ်းညွှန်ပေးနိုင်ခဲ့သည်။ ၀ီဂန်အသင်းအား အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ် အောက်ဆုံသုံးသင်းမှ လွတ်မြောက်အောင် ကြိုးစားပေးနိုင်ခဲ့သည်။ အဲဗာတန်အသင်းမှ နီကီကာဂျေလာဗစ်က တစ်လတာအကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးသွားခဲ့သည်။ ခရိုအေးရှားတိုက်စစ်မှူး ဂျေလာဗစ်သည် သုံးပွဲကစားရာတွင် ခြောက်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ မန်ယူနှင့်ကစားသည့်ပွဲတွင် လေးဂိုးစီသရေကျသည့်ပွဲ၌ နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ (အင်တာနက်)

**အင်္ဂလန်ဘောလုံးသမားဟောင်း ဆိုးလ်ကမ်းဘဲလ် အနားယူတော့မည်** 

(လန်ဒန်၊ မေ ၅) အင်္ဂလန်ဘောလုံးအသင်းကစားသမားဟောင်း ဆိုးလ်ကမ်ဘဲလ်ဟာ ဘောလုံးလောကမှ အနားယူတော့မယ်လို့ မေ ၄ ရက်က တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆိုးလ်ကမ်းဘဲလ်ဟာ အာဆင်နယ်နဲ့ စပါး ပို့စ်မောက်နဲ့ နယူးကာဆယ် အသင်းတွေမှာ ခံစစ်မှူးအဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ နယူးကာဆယ်အသင်းမှာ လက်ရှိကစားနေတဲ့ ဆိုးလ်ကမ်းဘဲဘ်ကို နောက်ထပ်စာချုပ်သစ်ထပ်မံချုပ်ဆိုလိုပေမယ့် သူ့အနေနဲ့ လက်မခံနိုင်တော့တဲ့အပြင် နောက်ထပ်ဘောလုံးအသင်းသစ်တစ်သင်းကို ပြောင်းရွှေ့ကစားမှာလည်းမဟုတ်ဘူးလို့ ဆိုနေပါတယ်။ ဆိုးလ်ကမ်းဘဲလ်ဟာ သူ့ရဲ့ ကြေးစားဘောလုံးကစားဘ၀ကို စပါးအသင်းမှာ စတင်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကစားခဲ့သဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာ ဘောလုံးရာသီ ငါးရာသီကစားခဲ့ပြီး အာဆင်နယ်အသင်း အောင်မြင်မှုတွေရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာ ကစားခဲ့စဉ်က ပရီမီယာလိဂ်ဖလားသုံးကြိမ်နဲ့ အက်ဖ်အေဖလားနှစ်ကြိမ် ဆွတ်ခူးရရှိအောင် ကြိုးစားပေးနိုင်ခဲ့ပါတယ်။ အမှတ်တရအနေနဲ့ကတော့ ၂၀၀၆ ခုနှစ် ချန်ပံယံလိဂ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဖိုင်နယ်ပွဲစဉ်မှာ ဘာစီလိုနာအသင်းဘက်ကို ဆိုးလ်ကမ်းဘဲလ်ဂိုးသွင်းနိုင်ခဲ့ခြင်ဖြစ်ပါတယ်။ ဆိုးလ်ကမ်းဘဲလ်ဟာအင်္ဂလန်ဘောလုံးအသင်းအတွက် ၇၃ ပွဲ ပါဝင်ကစားခဲ့ပြီး အင်္ဂလန်နိုင်ငံအတွက် တာဝန်ကျေခဲ့သူ ဘောလုံးသမားတစ်ဦးဖြစ်ပါတယ်။ (အင်တာနက်) **အေတီပီဆားဘီးယားအိုးပင်တင်းနစ်ပြိုင်ပွဲ စပိန်တင်းနစ်သမား အင်ဒူဂျာနိုင်ပွဲရရှိ** (ဘဲလ်ဂရိတ်၊ မေ ၅) အေတီပီဆားဘီးယားအိုးပင်းတင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို မေ ၅ ရက်က ဆက်လက်ယှဉ်ပြိုင်ကစားရာ အင်ဒူဂျာက ရိုဆိုလ်ကိုအနိုင်ရရှိပြီး အကြိုဗိုလ်လုပွဲသို့တက်ရောက် သွားပြီဖြစ်သည်။ စပိန်တင်းနစ်ကစားသမား အင်ဒူဂျာသည် ချက်တင်းနစ်ကစားသမား လူးကတ်စ် ရိုဆိုလ်အား ၆-၄၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပွဲအနိုင်ရရှိရန် အင်ဒူဂျာသည် အချိန် ၁ နာရီ မိနစ် ၃၀ ကြာမျှ ယှဉ်ပြိုင်ကစားခဲ့ရသည်။ အင်ဒူဂျာ၏ တန်ပြန်ရိုက်ချက်နှင့် ထောင့်ဖြတ်ရိုက်ချက်များကို လူကတ်စ်ရိုဆိုလ် ကောင်းစွာမတုံ့ပြန်နိုင်ခြင်းကြောင့် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ အင်ဒူဂျာသည် အေတီပီ ဆားဘီးယားအိုးပင်းတင်းနစ်ဖလားကို ရယူမည်ဟု ပွဲအပြီးတွင် ကြုံးဝါးခဲ့သည်။ (အင်တာနက်)

**ကနေဒါနိုင်ငံမှ နှစ်နှစ်အရွယ် ဉာဏ်ပညာပါရမီရှင်လေး အန်ထော်နီ**
 (လန်ဒန်၊ မေ ၅) ဉာဏ်ရည်အတိုင်းအတာ ဆန်းစစ်ကာ ဉာဏ်ရည်မြင့်မားသူများကို အဖွဲ့ဝင်အဖြစ် လက်ခံဖွဲ့စည်းထားသသော ဗြိတိန်နိုင်ငံရှိ Mensa အဖွဲ့ကြီးသည် ဉာဏ်ကြီးရှင် နှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးကို ယခုနှစ်အတွင်း ဒုတိယမြောက်နှစ်နှစ်အရွယ် အဖွဲ့ဝင်အဖြစ်လက်ခံရန် ရှိနေကြောင်း မေ ၄ ရက်က အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ကနေဒါနိုင်ငံမှ အန်ထော်နီပိုပါယူရီးယားဟု အမည်ပေးထားသော နှစ်နှစ်သားလေးသည် Mansa အဖွဲ့ကြီးတွင် အဖွဲ့ဝင်ဖြစ်နိုင်ကြောင်း၊ IQ (ဉာဏ်ရည်အတိုင်းအတာ) ရမှတ်မှာ ခန့်မှန်းခြေ ၁၅၄ မှတ်ရှိကြောင်း သည်ဗစ်တိုးရီးယားတိုင်းမ်သတင်းစာက သတင်းဖော်ပြသည်။ ထိုဥမယ်စာမမြောက် အရွယ် အန်ထော်နီလေးသည် ဗျည်းအက္ခရာများကို အနုလုံ ပဋိလုံခေါက်တုံခေါက်ပြန်ရွတ်ဆိုနေကြောင်း ကိန်းဂဏန်းတစ်မှ တစ်ထောင်ထိကိုလည်း ရေတွက်နိုင်ကြောင်း စကြ၀ဠာအတွင်းရှိ ဂြိုလ်ကြီးများ၏ အမည်ကိုလည်း သိရှိကြောင်း သတင်းစာက ရေးသားဖော်ပြခဲ့သည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)