ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 21, 2012

>
-ယခုလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ-

 **ဧ၀ရက်တောင်တက်နိုင်သူ ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသမီး ဂျပန်နိုင်ငံသူဖြစ်လာ**
(ခတ္တမန္ဒူ၊ မေ ၁၉)
အသက် (၇၃) နှစ်အရွယ်သို့ ရောက်နေပြီဖြစ်သော ဂျပန်အမျိုးသမီး တောင်တက်သမားတစ်ဦးသည် စနေနေ့တွင် ဧ၀ရက်တောင်ထိပ်သို့ အောင်မြင်စွာ တက်နိုင်၍ လွန်ခဲ့သည့် ၁၀ နှစ်က သူမတင်ထား သော စံချိန်ကိုချိုးကာ ဧ၀ရက်တောင်တက်နိုင်သည့် ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီး ဖြစ်လာ ကြောင်း စီစဉ်သူများက ပြောကြားသည်။ တာမေ့ဝါတာနာဘီသည် ဧပြီလ စောစောပိုင်းတွင် ခတ္တမန္ဒူ မြို့မှ ထွက်ခွာပြီး တိဘက်ဘက်မှနေ၍ ဧ၀ရက်တောင်ကိုတက်ခဲ့သည်။ သူမနှင့်အတူ ဂျပန်တောင်သ မား ဓါတ်ပုံဆရာ နိုရီယူကီမူရာဂူချီအပါအ၀င် အဖွဲ့ဝင်လေးဦးတောက်ရောက်ခဲ့သည်။ သူမသည် မေ ၁၉ ရက် နံနက် ၇ နာရီ တွင် တောင်ထိပ်သို့ ရောက်ရှိခဲ့ကြောင်း တောင်၏မြောက်ဘက်မှ တက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ပြန်လည်ဆင်းလာပြီဖြစ်ကြောင်း ခတ္တမန္ဒူအခြေစိုက် အာရှတောင်တက်ခရီး ကြမ်းအဖွဲ့မှ အောင်းတီရှားရင်းရှာပက ပြောသည်။ ၀ါတာနာဘီသည် အမြင့် ၈၈၄၈ မီတာ (၂၉၀၂၉) ပေ ရှိသည့် တောင်ထိပ်အထိတက်ရောက်ခဲ့ပြီး သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ကာ ဧ၀ရက်တောင်ကို အောင်မြင်စွာတက်နိုင်သည့် ကမ္ဘာ့အသက်အကြီးဆုံးဘွဲ့ထူးကို ပိုလန်နိုင်ငံသူ အန်နာစီဇာဝင်စကိးထံမှ လွှဲပြောင်းရယူလိုက်ပြီဖြစ်သည်။ (အင်တာနက်) -ဆီနီဂေါနိုင်ငံတွင်စားသောက်ကုန်ဈေးနှုန်းကြီးမြင့်- ဆီနီဂေါနိုင်ငံတွင် ကောက်ပဲသီးနှံထွက်ရှိမှုလျော့နည်းပြီး စားသောက်ကုန်ဈေးနှုန်းကြီးမြင့်သည့်အ တွက် ဇီဂွင်ခါဒေသတွင်ဆင်းရဲသူများ စားဖွယ်ရာဝယ်ယူရန်အလို့ငှာ ငွေပေးဘောက်ချာများကို ကုလ သမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (ဒဗလျူအက်ဖ်ပီ)က စတင်ဖြန့်ဖြူးလျက်ရှိကြောင်း အေအက်ဖ်ပီ သတင်းဌာနက စနေနေ့တွင် ဖော်ပြသည်။ ဗစ်နိုနာမြို့မှ မြို့သူမြို့သားများကို မေ ၁၈ ရက်နေ့၌ ပထမ ဆုံးဘောက်ချာများ ပေးဝေခဲ့သည်။ အဆိုပါ ဖြန့်ဝေခြင်းသည် ဆီနီဂေါနိုင်ငံအတွင်း စားနပ်ရိက္ခာ ရှားပါး မှုဒဏ်ခံရသောပြည်သူများကို ဒဗလျူအက်ဖ်အေဖ်ပီ၏အကူအညီပေးရေးအစီအစဉ်မှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ လူဦးရေ ၁၄၅၀၀၀ ရှိသော ဆီနီဂေါပြည်သူများကို အကူအညီပေးရန်ဖြစ်ကြောင်း၊ ၄င်းတို့ သည် စားသောက်ကုန်များ ရောင်းချသည့်ဈေးများနှင့် နီးသော်လည်း ၀ယ်ယူစားသုံးခြင်း မပြုနိုင်သော ကျေးလက်နှင့်မြို့ပြမှ ဖြစ်ကြကြောင်း၊ ဆီနီဂေါနိုင်ငံ ဒဗလျူအက်ဖ်ပီ ညွှန်ကြားရေးမှူး အင်ဂီဘတ်မာရီ ယာဘရီဝါက ပြောကြားသည်။ (အင်တာနက်)

**ပြည်တွင်းစစ်ပြီးဆုံးခြင်း နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် သီရိလင်္ကာနိုင်ငံတွင် စစ်ရေးပြအခမ်း အနား ကျင်းပ** 
(ကိုလံဘို၊ မေ ၁၉)
၂၆ နှစ်ကြာဖြစ်ပွားခဲ့သော ပြည်တွင်းစစ် အဆုံးသတ်ခဲ့သည့် သုံးနှစ်မြောက် နှစ်ပတ်လည်အထိမ်းအ မှတ်အဖြစ် ကြီးမားသော စစ်ရေးပြပွဲတစ်ရပ်ကို သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် မေ ၁၉ ရက်က ကျင်း ပကြောင်း အင်တာနက်သတင်းများတွင် ဖော်ပြသည်။ တမီလ်ကျားသူပုန်များအား တိုက်ခိုက်ခဲ့သော တပ်ဖွဲ့ဝင်များအား အမှတ်တရ အထိမ်းအမှတ်ကျင်းပသည့် အဆိုပါ စစ်ရေးပြပွဲတွင် သီရိလင်္ကာနိုင်ငံ သမ္မတ မဟင်ဒါရာဂျာပက်ဆာက မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။ စစ်ရေးပြပွဲအခမ်းအနားအပြီးတွင် သီရိလင်္ကာအစိုးရက တမီလ်ကျားသူပုန်းများအား တိုက်ခိုက်ခဲ့စဉ်က အစိုးရတပ်ဖွဲ့များကို ဦးဆောင်ခဲ့သူ ဆာရာတ်ဖွန်ဆီကာအား ထိန်းသိမ်းထားရာမှ ပြန်လည်လွှတ်ပေးမည်ဟူသော သတင်းများထွက်ပေါ်ခဲ့ သည်။ ဗိုလ်ချုပ်ကြီးဟောင်း ဖွန်ဆီကာသည် ၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့သော သီရိလင်္ကာသမ္မတရွေး ကောက်ပွဲတွင် လက်ရှိသမ္မတ မဟာဒါရာဂျာပက်ဆာနှင့် ယှဉ်ပြိုင်အရွေးခံရာတွင် ရှုံးနိမ့်ခဲ့ပြီးနောက် လာဘ်ပေးလာဘ်ယူမှုများပြုခဲ့သည်ဟူသော စွဲချက်များဖြင့် ထောင်ဒဏ်ကျခံခဲ့ရသည်။ (အင်တာနက်)

စုစည်းဘာသာပြန် - နိုင်လင်းကြည်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)