ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 21, 2012

>
-တောင်ငူဘုရင် နတ်သျှင်နောင်- 

နတ်သျှင်နောင်သည် တောင်ငူ ရွှေနန်းတည်မင်း မင်းရဲသီဟသူနှင့် ဟံသာဝတီ ဆင်ဖြူရှင်မင်းတရား မင်းတရားကြီး၏ သမီးတော် ခင်စောတို့မှ သက္ကရာဇ် ၉၄၀ ပြည့်နှစ်တွင် ဖွားမြင်သော သားတော်ကြီးဖြစ်သည်။မှတ်ချက်။ ။ (မြန်မာ့စွယ်စုံကျမ်းတွင်မူ နတ်သျှင်နောင်သည် သက္ကရာဇ် ၉၄၀-ပြည့်နှစ်တွင် ဖွားမြင်သည်ဟု ရေးသားထားသည်။ အမည်ရင်းမှာ သီဟသူရ ဖြစ်၍ ထိုအမည်နှင့်ပင် နန်းတက်သည် ဟု ရေးထားသည်။ နတ်သျှင်နောင်၏ ခမည်းတော် တောင်ငူရွှေနန်းတည်မင်းမှာ မဟာဓမ္မရာဇာ ဘွဲ့အမည်ဖြင့် နန်းတက်သည်ဟု ဆိုပြီး နန်းတက်သောနှစ်ကို သက္ကရာဇ် ၉၆၄-ခု ဟု ရေးသားထားသည်။) နတ်သျှင်နောင်သည် ငယ်ရွယ်စဉ်ကပင် ဆင်စီး မြင်းစီး၌လည်း ကျွမ်းကျင်၏။ ဓားခုတ် လှံထိုး၌လည်း တော်၏။ လုပ်ရည်ကြံရည်နှင့်လည်း ပြည့်စုံ၏။ စောင်းညှင်း အတတ်ကိုလည်း ကောင်းစွာ သီဆိုတီးမှုတ်တတ်သည်။ ငါးဆူဒါယကာ မင်းတရားကြီး ယိုးဒယားသို့ ချီတက်လုပ်ကြံသောအခါ ၉-နှစ်သား အရွယ်မျှသာရှိသေးသော နတ်သျှင်နောင်သည် တပ်မှူးအဖြစ် မိမိခမည်းတော် တောင်ငူဘုရင် နှင့်အတူပါရသည်။ တပ်မကြီး ပြန်လည်ဆုတ်ခွာသောအခါတွင် တောင်ငူဘုရင်နှင့် သားတော်နတ်သျှင်နောင်တို့ တပ်က နောက်ခံတပ်ပြု၍ လိုက်လာသော ယိုးဒယားတပ်တို့အား ပြည်လည်သွားအောင် တိုက်ခိုက်သောကြောင့် ယိုးဒယားတို့ မလိုက်နိုင်ဘဲ ပြန်သွားကြရသည်။ မိုးကောင်းစော်ဘွား ပုန်ကန်သော အခါတွင်လည်း နတ်သျှင်နောင်သည် တောင်ငူအားနှင့် တပ်တစ်တပ်အဖြစ်ဖြင့် လိုက်ပါတိုက်ခိုက်ရာတွင်လည်း အောင်ပွဲရခဲ့သည်။ ထိုအခါနတ်သျှင်နောင်မှာ ၁၂-နှစ်သားမျှရှိသေးသည်။ ၉၅၄-ခုနှစ်တွင် ယိုးဒယားသို့ ချီတက်သောအခါတွင်လည်း ၁၄-နှစ်အရွယ်ရှိ နတ်သျှင်နောင်သည် မြို့မှထွက်၍ တိုက်လာသော ယိုးဒယားဘုရင် ဗြနရာဇ်ကို တရောမိုင်းတက် အင်းတော်အရပ်တွင် ခုခံတိုက်ခိုက်ရာ ဗြနရာဇ်မခံနိုင်၍ မြို့တွင်းပြန်ဝင်ရသည်။ ဤတိုက်ပွဲသည် နတ်သျှင်နောင်၏ အောင်ပွဲတစ်ခုဖြစ်သည်။ ငါးဆူ ‎ဒါယကာမင်း ကြားသိရလျှင် များစွာအားရတော်မူ၍ ဆုလာဘ်များစွာ ပေးသနားတော်မူသည်။ သက္ကရာဇ် ၉၆၄-ခုနှစ်တွင် တောင်ငူဘုရင် သီဟသူသည် ကေတုမတီရွှေနန်းသစ်ကို တည်တော်မူ၍ နန်းတတ်တော်မူသည်။ သားတော်အကြီး နတ်သျှင်နောင်ကို မဟာဥပရာဇာ ဟူသော အမည်ဖြင့် အိမ်ရှေ့နှင်းတော်မူ၍ ဇင်းမယ်ဘုရင်နှမတော် အိမ်ရှေ့မိဖုရားဖြစ်ဖူးသော ရာဇဓာတုကလျာနှင့် စုံဖက် ပေးအပ်တော်မူသည်။ ရာဇဓာတုကလျာကား နတ်သျှင်နောင်နှင့် ၇-လမျှနေရ၍ လွန်တော်မူရှာသည်။ ခမည်းတော် နတ်ရွာစံလွန်သော် နတ်သျှင်နောင်သည် ၉၇၁-ခုနှစ်တွင် တောင်ငူရွှေထီးရွှေနန်းကို သီသသူရဘွဲ့ခံပြီး သိမ်းမြန်းစိုးစံတော် မူသည်။ ညီတော်ကြီး တောင်ငူမင်းရဲကျော်စွာကို အိမ်ရှေ့အရာပေးသည်။ သို့သော် သက္ကရာဇ် ၉၆၇ တွင် အနောက်ဖက်လွန်မင်းက အင်းဝကို သိမ်းပိုက်ပြီး နှစ်နှစ်မျှအကြာ သက္ကရာဇ် ၉၆၉၊ တန်ဆောင်မုန်းလ တွင် တောင်ငူကို တိုက်သည်။ နတ်သျှင်နောင်အနေဖြင့် အနောက်ဖက်လွန်မင်းနှင့် တစ်ဦးချင်း စီးချင်းထိုးရန် ကြံသော်လည်း အနာစိမ်းပေါက်ကာ မြင်းပေါ်မထိုင်နိုင်သောကြောင့် လက်လျော့ရလေသည်။ ထို့ကြောင့် ပြည်သူအများ ဘေးမှလွှတ်ရန်အတွက် အနောက်ဖက်လွန်မင်းထံ လက်နက်ချ အညံ့ခံရလေသည်။ အနောက်ဖက်လွန်မင်းလည်း တောင်ငူနန်းကို မှန်ကင်းအထွဋ်ချပြီး နတ်သျှင်နောင်ကိုပင် လက်အောက်ခံ ဘုရင်အဖြစ်ထားခဲ့၍ ရဝေရှင်ထွေး၊မင်းဇေယျရန္တမိတ်၊ရှင်သံခို စာဆိုပညာရှင်များကို အင်းဝနေပြည်တော်သို့ မင်းတရားကြီး ခေါ်ဆောင်သွားလေသည်။ သန်လျင်စား ငဇင်ကာသည် သစ္စာတော်ဖောက်ဖျက်၍ တောင်ငူကို တိုက်ခိုက်ပြီး နတ်သျှင်နောင်အား မိဖုရားအခြွေအရံနှင့်အတူ သန်လျင်သို့ ခေါ်ဆောင်သွားရာ အနောက်ဖက်လွန်မင်း စုန်ဆင်းလာ၍ သန်လျင်ကို တိုက်ခိုက်အောင်မြင်သောအခါ သန်လျင်စားငဇင်ကာနှင့် နတ်သျှင်နောင် တို့ပူးပေါင်း၍ သစ္စာဖောက်သည်ကို စစ်မေးသိရှိရသောကြောင့် ၂-ဦးလုံးကိုပင် ၉၇၅-ခုနှစ် တန်ခူးလပြည့်ကျော် ၃-ရက်စနေနေ့၌ ကွပ်မျက်လေသည်။ ကျန်ရစ်သည့် အလောင်းကို ညီတော်တစ်ပါးဖြစ်သည့် တောင်ငူ မင်းရဲကျော်ထင်က မြုပ်နှံပေးသည်။ --
 အားလုံးပျော်ရွင်ပါစေ

 **မာမာ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)