-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**ကမ္ဘာကျော်အဆိုတော် အဒေလီ အကောင်းဆုံးသီချင်းရေးဆရာဆု ဆွတ်ခူး**
ဗြိတိသျှအဆိုတော် အဒေလီတစ်ဦး Lvor Novello Awards ဂီတဆုပေးပွဲမှာ အကောင်းဆုံးသီချင်း ရေးဆရုဆု ဆွတ်ခူးရခဲ့ပြန်ပါပြီ။ သူမဟာ ၂၀၁၁ ခုနှစ်မှာ လူကြိုက်အများဆုံး သီ ချင်းတစ်ပုဒ်ဖြစ်တဲ့ Rolling in the Deep သီချင်းနဲ့တစ်နှစ်တာ အကောင်းဆုံးသီချင်းရေးဆရာဆုဆွတ် ခူးခဲ့တာ ဖြစ်ပါ တယ်။ သို့သော်လည်း အဆိုတော် Ed Sheeran The A-team လို့အမည်ရတဲ့ သီချင်းနဲ့ Rolling in the Deep ကို ကျော်ပြီး အကောင်းဆုံးမြူးဇစ်သီချင်းဆု ဆွတ်ခူးသွားခဲ့ပါတယ်။ အဆိုတော် ပီဂျေဟာ ဗေးကတော့ Let England Shake လို့ အမည်ရတဲ့ တေးအယ်လ်ဘမ်နဲ့ အကောင်းဆုံး တေးအယ်လ် ဘမ်ဆု ဆွတ်ခူးသွားခဲ့ပါတယ်။ သူမရဲ့ တေးအယ်လ်ဘ်ဟာအဆိုတော်အဒေလီရဲ့ 21 နဲ့ ကိတ်ဘုတ်ရှ် ရဲ့ 50 Words For Show တို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးအယ်လ်ဘမ်ဆု ဆွတ်ခူး သွားခဲ့တာဖြစ် ပါတယ်။ ဒီဂီတဂုဏ်ပြုဆုချီးမြှင့်ပွဲဟာ ဗြိတိသျှနဲ့ အိုင်ယာလန် တေးပြုစာဆိုတွေနဲ့ အဆို တော်တွေကို ဂုဏ်ပြုတဲ့ပွဲဖြစ်ပါတယ်။ ဒီနှစ်မှာတော့ သက်တမ်း ၅၇ နှစ်ရှိခဲ့ပါပြီ။ အဆိုတော်အဒေလီ ဟာ Rolling in the Deep သီချင်းနဲ့ someone Like You လို့ အမည်ရတဲ့ သီချင်းတွေနဲ့ အကောင်း ဆုံး သီချင်း ရေး ဆရာဆု ဆွတ်ခူးနိုင်မယ်လို့ ရေပန်းစားခဲ့သူပါ။ ဒါပေမယ့် သူမဟာ Rolling in The Deep နဲ့ပဲ သီချင်း ရေးဆရာဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီသီချင်းဟာ လန်ဒန်မြောက်ပိုင်းအဆိုတော် အဒေလီကို ကမ္ဘာ ကျော် ပေါ့ပ်အဆိုတော် တစ်ဦးဖြစ်အောင်လုပ်ပေးနိုင်ခဲ့တဲ့ သီချင်းပဲဖြစ်ပါတယ်။ သူမရဲ့ဒုတိယမြောက် အမ်လ်ဘမ်ဖြစ်တဲ့ 21 မှာ ဒီသီချင်းပါပါတယ် ဒီတေးအယ်လ်ဘမ်ဟာ ကမ္ဘာတစ်ဝန်း အချပ်ရေ ၁၈သန်း အထိ ရောင်းချခဲ့ရတဲ့ အယ်လ်ဘမ်ဖြစ်ပါတယ်။ (အင်တာနက်)
**ရောမ မာစတာတင်းနစ်ပြိုင်ပွဲ လီနာနိုင်ပွဲရပြီး နောက်တစ်ဆင့်တက်** (ရောမ၊ မေ ၁၈)
ရောမမာစတာတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း တတိယအဆင့်ပွဲစဉ်များကို မေ ၁၈ ရက်က ဆက်လက်ယှဉ်ပြိုင်ရာ တရုတ်တင်းနစ်မယ် လီနာက တောင်အာဖရိကတင်းနစ်မယ် ရှချီပါကို အနိုင်ရရှိပြီး နောက်တစ်ဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။ လီနာသည် ရှချီပါကို ၇-၆ (၇-၃)၊ ၆-၂ ဖြင့် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ လီနာသည် ယခုပွဲကို အနိုင်ရရှိရန် ခက်ခက်ခဲခဲကစားခဲ့ရခြင်းဖြစ်သည်။ နောက်ထပ် ပွဲစဉ်တစ်ပွဲအဖြစ် ချက်တင်းနစ်မယ် ဗစ်တိုဗာနှင့် ရိုမေးနီးယားတင်းနစ်မယ် ဆာစဟီရာတို့ပွဲတွင် ဗစ်တိုဗာက ၆-၂၊ ၅-၇၊ ၆-၂ ဖြင့် နိုင်ပွဲရရှိခဲ့ပြီး နောက်တစ်ဆင့်သို့ တက်ရောက်ခဲ့သည်။ ထို့အတူ ဆီရီနာဝီလျံနှင့် စပိန်တင်းနစ်မယ် ဂါရီဂတ်စ်တို့ပွဲတွင် ဆီလီနာဝီလျံက ၆-၃၊ ၆-၁ ဖြင့်နိုင်ပွဲရရှိခဲ့သည် ။တစ်ဖန် ဗီးနက်ပ်စ်ဝီလျံနှင့် သြစတြေးလျတင်းနစ်မယ် စတိုဆာတို့ပွဲတွင် ဗီးနပ်စ်ဝီလျံက ၆-၄၊ ၆-၃ ဖြင့် နိုင်ပွဲရရှိပြီး နောက်တစ်ဆင့်သို့ တက်ရောက်ခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - ကောင်းမြတ်သူ

No comments:
Post a Comment