ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 20, 2012

>
-ချန်ပီယံလိဂ်ရဲ့ သမိုင်းသစ်ကို ချဲလ်ဆီးရေးထိုးလိုက်ပြီ၊ ဒရော့ဘာနဲ့ ပီတာဆက်ခ်ျတို့ရဲ့ မဟာကြိုးပမ်းမှုက ချဲလ်ဆီးကို ချန်ပီယံဖြစ်စေခဲ့ပြီ၊ မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား..????- 

ဥရောပစံတော်ချိန် မေ ၁၉ ရက်နေ့ည (ထိုင်းနဲ့မြန်မာစံတော်ချိန် ဒီနေ့မနက်စော စော )မှာ ဥရောပကလပ်အသင်းများချန်ပီယံလုပွဲ (ချန်ပီယံလိဂ်) ဗိုလ်လုပွဲမှာ မိနစ် ၉၀အတွင်းဘော လုံးပိုင်ဆိုင်မှု (၂၂%)ပဲရှိတဲ့ချဲလ်ဆီးက ဘောလုံးပိုင်ဆိုင်မှု (၇၈%)လောက်ရှိတဲ့အိမ်ကွင်း၊ အိမ် ပရိသတ်ရဲ့ အင်အားသာလွန်တဲ့ ဘိုင်ယန်မြူးနစ်ကလပ်ကို မိနစ် ၉၀အတွင်း(၁ဂိုး-၁ဂိုး)၊အချိန် ပိုမှာ (ဂိုးမရှိသရေစီ)နဲ့ ပယ်နယ်တီအပြန်အလှန်ကန်သွင်းကြရာမှာ (၄ဂိုး၃ဂိုး) နဲ့ အနိုင်ရရှိပြီး ချန်ပီယံလိဂ်သမိုင်းမော်ကွန်းသစ်ကို ရေးထိုးနိုင်ခဲ့ပါပြီ။ အရင်ချဲလ်ဆီးနည်းပြဟောင်း ဟိုဆေး မော်ရင်ဟို (ယခု-ရီးရဲယ်မက်ဒရစ်နည်းပြ) သိပ်ကိုလိုချင်ခဲ့တဲ့ အခုချဲလ်ဆီးယာယီနည်းပြလေး “ဒီမတ်တီယို”ယို ကံကြမ္မာကောင်းနဲ့ ကစားသမားအားလုံးရဲ့ မဟာအားထုတ်မှုဟာ ကောင်းတဲ့ အဖြေရလဒ်ရအောင် စွမ်းဆောင်ပေး နိုင်ခဲ့ပါပြီ။
ချဲလ်ဆီးပိုင်ရှင်သူဌေးမင်း “အီဗရာမိုဗစ်” က လည်း ကိုယ်တိုင်လာရောက်အားပေးပြီး ဒရော့ဘာကမ်းပေးလိုက်တဲ့ “ချန်ပီယံလိဂ်ချန်ပီယံ” ဆုဖလားကြီးကို အားပါးတရ ကိုင်မြောက်ပြီး “ငါကွ၊ ငါ့အသင်းကွ” လို့ ကြွေးကြော်နိုင်ခဲ့ပါပြီ။ တဖက်ကမြင်ကွင်းမှာ ဆုပေးပွဲကိုတာင် ချိနဲ့်နေတဲ့ခြေလှမ်းတွေနဲ့တက်ရရှာတဲ့ ပယ်နယ်တီ မ၀င် ခဲ့သူ “ရှဝိန်းစတိုင်ဂါ”၊ မိနစ် ၉၀ မှာရော အချိန်ပိုမှာပါဂိုးမသွင်းနိုင်ခဲ့သူ “မာရီယိုဂိုမက်ဇ်” ၊ မိမိကိုယ်တိုင်ပယ်နယ်တီ ၁ ဂိုးကို ၀င်အောင်ကန်ပြခဲ့ပြီး တဖက်ပယ်နယ်တီ ၁ လုံးကိုလည်း မ၀င်အောင်ကာကွယ်ပေးခဲ့သူ ဂိုးဖမ်းသမားသူရဲကောင်း “နူအာ” (နူအာမှာလည်း မျက်ရည် မကျအောင် ထိန်းနေရရှာရဲ့) ပွဲအဖြေအပေါ်စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့မိနစ်၉၀ အတွင်း အပိုင် ပယ်နယ်တီရပေမယ့်မ၀င်ခဲ့သူ “အာဂျန်ရော်ဘင်” စသဖြင့် ချဲလ်ဆီးကစားသမားတွေ ပျော်တပြံုးပြံုး၊ မော်မဆုံးဖြစ်နေချိန်မှာ ဘိုင်ယန်ကစားသမား တွေ ကစားကွင်းထဲမှာ တုံးလုံးနဲ့ ပက်ခေါက်ဖြစ်နေကြချန်ပေါ့ဗျာ။
ဘာပဲဖြစ်ဖြစ် ဒီမနက် ချန်ပီယံလိဂ်ရဲ့ မဟာသူရဲကောင်းတွေကတော့ ချဲလ်ဆီးအသင်း အတွက် မိနစ် ၉၀ အတွင်း ခေါင်းတိုက်ချေပဂိုး ၁ ဂိုးနဲ့ ပယ်နယ်တီ ၁ လုံးကို အမှားအယွင်းမရှိ သွင်းပေခဲ့သူ “ဒီဒီရာဒရော့ဘာ” ရယ်၊ ချဲလ်ဆီးဂိုးပေါက်ကို လုံခြုံအောင်စောင့်ကြပ်ပေးခဲ့ပြီး ရှဝိန်းစတိုင်ဂါ ကန်သွင်းတဲ့ပယ်နယ်တီကို ပုတ်ထုတ်ကာကွယ်ခဲ့သူ ဂိုးဖမ်းသမားသူရဲကောင်း “ပီတာဆက်ခ်ျ” တို့ပဲဖြစ်ပါတယ်လို့ဆို ချင်ပါတယ်။ ဒီနေရာမှာ သင်ခန်းစာကတော့ မိမိထက်အစစအရာရာ၊ အင်အားသာလွန်သူကို စနစ် တကျအဆင့်ဆင့်ပိတ်ဆို့ကစားပြီး တစ်ကွက်ကောင်း၊ တစ်ချက်ကောင်း ကို ချောင်းမြောင်း (ကျားချောင်း၊ ခြင်္သေ့ချောင်း) လို့ အခွင့်ကောင်းကို ဒေါင်းတင်၊ မောင်းတင် ရယူ ဖမ်းဆုပ်နိုင် ရင် အနိုင်ရလဒ်ဟာ ကိုယ့်လက်ထဲကို ရောက်ကိုရောက်တယ်ဆိုတာပါပဲ။ ကဲ… အခုနှစ် ချန်ပီယံလိဂ် ချန်ပီယံသစ်ချဲလ်ဆီးအဖို့တော့ အသက် ၃၀ အရွယ်နဲ့ အ သက် ၃၀ ကျော်ကစားသမားတွေဖြစ်တဲ့ (ဒရော့ဘာ၊ ဂျွန်တယ်ရီ၊ ဖရန့်လမ်းပတ်၊ အက်ဆီ ယန်၊ ပီတာဆက်ခ်ျ၊ အက်ရှ်လေကိုး) စသူတို့အတွက် နောက်တစ်ကြိမ်မရနိုင်တော့တဲ့ မဟာ အခွင့်အရေးကို ဖမ်းဆုပ်လိုက်နိုင်တာပါပဲ။ ဘယ်အရာမဆို ဘယ်လောက်ပဲအင်အားကြီးနေပါစေ ဗျူဟာမြောက် ပိတ်ဆို့ဟန့် တားနိုင်မယ်၊ ဗျူဟာမြောက် ပိတ်ဆို့ဟန့်တားနိုင်မယ်၊ တစ်ကွက်ကောင်းကို မောင်းတင်၊ ဒေါင်းတင်ချောင်းမြောင်းတိုက်ခိုက်နိုင်မယ်ဆိုရင် ဟောဒီချဲလ်ဆီးအသင်းလိုပဲ (မဖြစ်နိုင်ဘူး ဆိုတာ ဘာမှမရှိ၊ ဘောလုံးဟာ လုံးတယ်) လို့ သက်သေပြနိုင်မှာ ဧကန်ပါပဲခင်ဗျာ။ ကျနော်တို့တိုင်းပြည်ကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတစုံတရာရှိအောင် စစ်အာဏာရှင်တွေနဲ့အကြောင်းသင့်၊ အပေါင်းချင့်နေကြရာမှာ ဒေါ်အောင်ဆန်းစုကြည် ခေါ်ဆောင် ရာဒီိမိုကရေစီလမ်းမများဆီကို မရောက်ရောက်အောင် လူထုနဲ့အတူ၊ လူထုထောက်ခံသူနဲ့အတူ ချီတက်ကြရမှာ သမိုင်းပေးတာဝန်ပါပဲ။ 

(ဟေ့… မဖြစ်နိုင်ဘူးဆိုတာ - သေချာပြီလားကွ) 

 ရေးဖွဲ့-သောင်ရင်းနဂါး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)