ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 23, 2012

>
-ကျေးကျွန်သဖွယ် အနိုင်ကျင့်ခံနေရသော ရဲဘော်များ မည်မျှရှိနေဦးမည် မသိပါ။ ( သေကံမရောက်သူဖြစ်ရပ်မှန် )- 

 ကျွန်တော့အမည် ဇော်ထွန်းပါ။ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ရွှေတောင်မှော်ကျေးရွာကပါ။ ကျွန်တော်ရွာက ကျောင်းမှာ(၄)တန်းအထိ တက်ခဲ့ဘူးတယ်။ နောက်ပိုင်း ကျောင်းမတက်တော့ဘဲ အဖေနဲ့အတူ စပါးရိတ်၊ စပါးကောက်၊ ရွာထဲမှာ ကျပန်းအလုပ်ဝင်လုပ်ပါတယ်။ မိသားစု စားဝတ်နေရေး အဆင်မပြေတဲ့အတွက်ရော၊ ရွာထဲမှာ ဆက်မနေချင်တဲ့အတွက် သူငယ်ချင်း အဆက်အသွယ်နဲ့ ရန်ကုန်မြို့ကိုရရာ ကျပန်းအလုပ်လုပ်ဘို့အတွက် ၂၀၁၁ခုနှစ် (၂)လပိုင်းမှာ ရောက်ခဲ့တယ်။ စရောက်တော့ အလုပ်ရှာမတတ်တာနဲ့ ရန်ကုန်ဘူတာရုံမှာဘဲ (၃)ရက်လောက်အချိန်ကုန်ခဲ့ရတယ်။ နောက်တော့ ဘူတာရုံမှာဘဲ ကုန်တင်ကုန်ချ အလုပ်ဝင်လုပ်တယ်။ အဲဒီမှာ (၂)လလောက် ကြာတဲ့အချိန်.. အရပ်ဝတ်နဲ့ လူနှစ်ယောက်က အလုပ်ရှာပေးမယ်၊ တစ်လကို (၄၅၀၀၀)ကျပ် ရမယ်ဆိုပြီး မရမကစည်းရုံးတဲ့အတွက်၊ ကျွန်တော်လည်း ပုံမှန်ဝင်ငွေရမယ်၊ စားပြီးသောက်ပြီး (၄၅၀၀၀)ကျပ်ဆိုတော့ မဆိုးဘူး၊ နေဘို့ နေရာထိုင်ခင်းရမယ်ဆိုလို့ လိုက်သွားခဲ့တယ်။ ကျွန်တော်ကို ပထမညတော့ သူတို့ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးကြတယ်။ ထမင်းကိုလည်း ၀အောင် ကျွေးကြတယ်။ နောက်တနေ့ကျတော့ ကျွန်တော်နဲ့ ရွယ်သူ (၅) ယောက်နဲ့ အတူကားတစ်စီးနဲ့ ခေါ်သွားကြတယ်။ အစတော့ ဘယ်ကိုသွားတယ်ဆိုတာလည်း မသိရဘူး။ နောက်ပိုင်းကျတော့ ကျွန်တော့ကို စစ်တပ်ထဲ ခေါ်သွင်းတာဖြစ်တယ်ဆိုပြီး စိတ်ထဲက မသကာင်္ဖြစ်လာတယ်။ အမှန်တကယ်… နောက်ဆုံးကျတော့ ကျွန်တော် ရွှေဘိုစစ်သားစုဆောင်းရေးတပ်ရင်း (၄) ကို ရောက်သွားတယ်။ ၂၀၁၁ ခုနှစ် (၅) လပိုင်းလောက်က ဖြစ်တယ်။ အဲဒီစုဆောင်းရေးတပ်စခန်းမှာ (၂)လ လောက်နေပြီးတော့ ပင်လောင်းလေ့ကျင့်ရေး (၄)၊ အပတ်စဉ် (၁၂၁/၂၀၁၁) မှာ (၄)လခွဲ သင်တန်းတက်ခဲ့ရတယ်။ သင်တန်းဆင်းပြီး အဲဒီသင်တန်းကျောင်းထဲမှာ (၂၀)ရက်လောက်ဆက်နေရတယ်။ နေ့တိုင်း သင်တန်းကျောင်းဝင်းမှာ ပက်တိပ်လုပ်ရတယ်။ သင်တန်း ဆရာတွေရဲ့ မိသားစုလုပ်ငန်းကအစ အားလုံးလုပ်ပေးခဲ့ရတယ်။ ၂၀၁၂ ခုနှစ် (၁) လပိုင်း (၁၅)ရက်မှာ ကချင်ပြည်နယ်၊ မိုးကောင်းတပ် ခမရ (၃၈၁)ကို ရောက်တယ်။ ရောက်ရောက်ချင်း ရထားလမ်းလုံခြုံရေးသွားရတယ်။ (၂)လပိုင်း (၂၀)ရက်နေ့မှာ ရထားလမ်း လုံခြုံရေးကနေ ပြန်ခေါ်ပြီး မြစ်ကြီးနားမြို့မှာရှိတဲ့ ခလရ (၂၁) ကို ပို့တယ်။ နောက်တစ်နေ့မှာတော့ ကျွန်တော်အပါ စစ်သား (၁၀၃)ယောက်ကို ရဟတ်ယဉ်အကြီးနဲ့ တစ်ခါတည်းခေါ်သွားတယ်။ ရဟတ်ယဉ်ပေါ်မှာ လူနဲ့လက်နက်ဘဲပါတယ်။ ကျောပိုးအိတ်ကိုတော့ အခြားရဟတ်ယဉ်ငယ် တစ်စဉ်းမှာတင်ရတယ်။ ရဟတ်ယဉ်ကြီးဆိုပေမဲ့ ကျွန်တော်တို့ လူ(၁၀၃)ယောက်ဆိုတော့ မလှုပ်နိုင်အောင် ပြွတ်သိပ်ပြီး ထိုင်ရတယ်။ အဲဒီလေယဉ်နဲ့ နမ်ငှေါလေယဉ်ကွင်းကို ရောက်ခဲ့တယ်။ အဲဒီကိုရောက်တာနဲ့ ကင်းစောင့်ရတယ်၊ ရေခပ်၊ ထမင်းချက်၊ အကုန်လုပ်ရတယ်။ ကျွန်တော်ရဲ့ ဗိုလ်ကြီးxxxxx အတွက် ထမင်းဟင်းကို ချက်ပေးရတယ်။ ဒါပေမဲ့အဲဒီ ဗိုလ်ကြီးဟာ အပြစ်မရှိ အပြစ်ရှာကြိမ်းမောင်းတယ်။ ရိုက်တယ်၊ အနိုင်ကျင့်တယ်။ ကျွန်တော်ထက် လုပ်သက်ကြီးတဲ့ ဆရာတွေအတွက်လည်း ခိုင်းတာအကုန်လုပ်ပေးရတယ်။ အဲဒီမှာ (၂)လကျော် အောင့်အီးခံပြီး နေခဲ့ရတယ်။ နောက်ဆုံးကျတော့ မခံနိုင်တော့ဘဲ၊ ဘာပဲဖြစ်ဖြစ်ဆိုပြီးတော့ ရေခပ်သွားရင်းနဲ့ ထွက်ပြေးခဲ့တယ်။ ဘယ်ကိုသွားရမယ်ဆိုတာ် မသိဘူး၊ ဒါပေမဲ့ ဗန်းမော်မြို့ကိုသွားတဲ့လမ်းရှိတယ် ဆိုတာကြားဘူးတာနဲ့ ဗန်းမော်မြို့ကို ရောက်အောင်သွားမယ်၊ အဲဒီမှာ ကြုံရာ ကျပန်းအလုပ်လုပ်ပြီး အိမ်ပြန်မယ် ဆိုပြီးထွက်လာခဲ့တယ်။ (၅)လပိုင်း (၁၀)ရက်နေ့မှာပါ။ ညမှာတော့ ရှမ်းဘုန်းကြီးကျောင်း တကျောင်းမှာအိပ်တယ်။ နောက်တနေ့ ဆက်ထွက်လာတဲ့အခါ KIA ရဲဘော်တစ်ယောက်က ဆိုင်ကယ်နဲ့လိုက်လာပြီး လာဖမ်းခေါ်သွားတယ်။ KIA ရှေ့တန်းစခန်းမှာ(၃)ရက်နေပြီးမှ နောက်တန်းကို ပြန်ပို့ခံရတယ်။ KIA ကို အဲဒီအချိန်မှာစမြင်ဘူးတယ်။ ကျွန်တော်တို့ကြားသိထားတာကတော့ “KIA နဲ့တွေ့ပြီးမှာတော့ သေပြီသာမှတ်” ဆိုတဲ့ရဲဘော်အချင်းချင်းစကားကိုဘဲ သိတယ်။ ဒါပေမဲ့ အစမှာတော့ ကျွန်တော့ကို သတိနဲ့စောင့်ကြည့်ကြတယ်။ တကယ်ဘဲ တပ်ကထွက်ပြေးလာတယ် ဆိုတာ သိသွားကြတဲ့အခါ သူတို့စားသလို ကျွန်တော့ကို ကျွေးတယ်၊ KIA ရဲဘော်တစ်ယောက်က သူရဲ့အပေါ်အင်္ကျီကိုပေးဝတ်တယ်။ ကျွန်တော့စစ်သားလုပ်သက်က (၄)လ ကျော်ပါ၊ လခ တစ်ခါမှ မရဘူး၊ တခြားရဲဘော်တွေပြောတော့ လေးသောင်းကျော်ရတယ်လို့သိရတယ်။ တိုက်ပွဲ တစ်ခါမှ မသွားရဘူး။ အထက်လူကြီးတွေရဲ့ နှိပ်စက်မှုကို မခံနိုင်ဘူး၊ တိုက်ပွဲမ၀င်ချင်ဘူး ကြောက်တယ်။ ကျွန်တော့ဆန္ဒမပါဘဲ တပ်ထဲ အတင်းဆွဲသွင်းခံရတယ်။ ဒါကြောင့် ဘာဖြစ်ဖြစ်ဆိုပြီး ထွက်ပြေးတာပါ။ အခုလိုအသက်ရှင်မယ် ဆိုတာကအမှန်တကယ်ပဲ မမျှော်မှန်းရဲခဲ့ဘူး။ သေရင်သေ၊ မသေရင် ခြေပြတ်၊ လက်ပြတ်ဖြစ်မယ်လို့ ထင်မှတ်ခဲ့တယ်။ ဖြစ်နိုင်ရင်ရွာကိုဘဲ ပြန်ချင်တယ်၊ အမေကိုသတိရတယ်၊ ကျွန်တော်မတရား တပ်ထဲအသွင်းခံရတာပါ။ ကျွန်တော့အသက် (၁၉)နှစ်ပါ။ (ခမရ (၃၈၁)တပ်ရင်းမှာ တပ်သားဟောင်းဇော်ထွန်း၏ ပြောဆိုချက်ဖြစ်သည်။ ၄င်း၏အမည်ရင်းကို ပြောင်းသုံးထားပါသည်။ ယခု KIA နောက်တန်းစခန်းတွင် ကျန်းမာလျက်ရှိသည်။ ရွာပြန်စရိတ်ရရန် ထရံရက်အလုပ်တွင် လုပ်ကိုင်နေသည်။ အချိန်တန်လျှင် အမေ့ရင်ခွင်ထဲအရောက်ပြန်မည်ဟု ပြောဆိုသော တပ်သားဟောင်း ဇော်ထွန်း၏ ဘ၀တစေ့တစောင်း ဖြစ်ရပ်မှန်ဖြစ်သည်။ ဇော်ထွန်းကဲ့သို့ စစ်တပ်ထဲသို့ ဆွဲသွင်းခံရပြီး တပ်မတော်တွင် ကျေးကျွန်သဖွယ် အနိုင်ကျင့်ခံနေရသော ရဲဘော်များ မည်မျှရှိနေဦးမည် မသိပါ။)

**Willy Tang**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)