ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 23, 2012

>
-ဤခရီးနီးသလား- 

တစ်နေ့က ရွာက ရပ်ဆွေရပ်မျိုးတစ်ဦး ကျမ်းမာရေး မကောင်းလို့ လူမမာမေးရောက်ခဲ့ပါတယ်။ ရွာမှာတုန်းကတော့ တစ်ဦးနဲ့တစ်ဦး ဆွေမျိုးစပ်ရင် ဟိုဘက်မျိုး ဒီဘက်မျိုး တော်ကြတာမို့ စိမ်းသလို နေခဲ့ပေမယ့် ရန်ကုန်လိုနေရာမျိုးမှာ ပြောင်းရွှေ့နေကြတော့ လည်း ရပ်ဆွေရပ်မျိုးဖြစ်ပြီး တကယ်ဆွေရင်း လိုဖြစ်နေကြပါတယ်။ ရောဂါက အရိုးကင်ဆာ၊ ဘန်ကောက်မှာ သုံးကြိမ် သွားကုပြီးပြီ၊ ရောဂါကို ဆရာဝန်ကြီးတွေ လက်လျှော့လိုက်ကြပြီ၊ နောက်ဆုံး အများဆုံးနေရရင် နှစ်လပဲတဲ့။ သူစားချင်တာကြွေးကြ။ သူ့ဆန္ဒ ကိုအလိုလိုက်ကြ။ သူ့အတွက် ဘဝမှာ နေဘို့ ရက်ကန့်သတ်ထားပြီ။ တကယ်တော့ လူမမာမေး သွားတာ မဟုတ်ဘဲ တမလွန်ကို သွားတော့မယ့် မိတ်ဆွေတစ်ဦးကို သွားပြီး နှုတ်ဆက်တာပါ။ လူမမာကို စိတ်ဓါတ်မကျစေဘို့ေ၇ာဂါရဲ့အခြေအနေကို အားလုံးက လျှို့ဝှက်ထားကြတယ်။ အရိုးကင်ဆာလို့ လူမမာက မသိရှာဘူး။ သာမာန် အကြောညပ်တာလို့ ပြောထားသတဲ့။ သူသေရတော့မယ်ဆိုတာ သူလုံးဝမသိရှာဘူး။ လူမမာဆိုလို့ ကုတင်ပေါ်မှာ တုံးလုံး မြော့မြော့လေးနေ မယ်လို့ သာမာန်တွေးထားမိတာ တကယ်ရောက်တော့ လူမမာဟာ သာမာန်လူ တစ်ယောက်လိုပဲ အိမ်ထဲမှာ သွားသွားလာလာ နဲ့ အသားတွေလဲဖြူလို့ စိုစိုပြည်ပြည် စကားတွေလည်း ဖောင်ဖွဲ့အောင် ကောင်းကောင်းပြောနိုင်သေးတယ်။ ``ဟယ် နင်တို့လင်မယား မတွေ့တာကြာတော့ ဝလာလိုက်တာ ကြည့်စမ်း ပိုပြီးတော့လဲ လှလာတယ်``တဲ့ ။ ဝမ်းသာအားရနဲ့ လူမှုရေးပဋိသန္တာရ စကားဆိုရှာတယ်။ ``နင့်သားရော ဘယ်နှစ်တန်းရောက်ပြီလဲ`` ``ဒီနှစ် ငါးတန်းတတ်မယ်လေ---`` ``ဟယ် ကြီးလှပြီပေါ့ အေးလေ --- ရန်ကုန်တစ်မြို့တည်း နေပြီး ကိုယ့်အလုပ်နဲ့ကိုယ် မတွေ့ဖြစ်ကြတာ တော်တော်ကြီးကို ကြာပြီပဲ`` ``ဟုတ်ကဲ့ ခု နေရထိုင်ရတာ သက်သာရဲ့လား`` ``သက်သာပါတယ် ခုကြတော့လည်း လူကောင်းလိုပဲ တစ်ခါတစ်ခါ တင်ပုဆုံက အကြောညပ်တာ တော်တော်ခံရခက်တယ်-- ရွာကိုလည်း ဖုန်းဆက်ထားတယ် နေကောင်းတယ် သက်သာပြီ မလာခဲ့ကြနဲ့လို့လေ -- သူတို့မှာလည်း အလုပ်မအားတဲ့ကြားက အဝေးကြီးကနေ လာနေရတာ မလွယ်ဘူး---`` သူ့အခြေအနေကို သူလုံးဝမသိပါဘူး။ ခံရခက်တဲ့ရောဂါတစ်ခုကို ရထားတာထက် သေဘို့ အထိတော့ သူလုံးဝမစဉ်းစားမိသေးဘူး။ အဲဒီလိုလဲ တကယ်မထင်ရလောက်အောင် အစားအသောက် ပုံမှန်စားနိုင်၊ ပုံမှန် သွားလာနိုင်နေတာပါပဲ၊ ကျွန်တော်တို့မှာသာ သိထားသူများမို့ ဘယ်လိုစကားသုံးပြီး နှစ်သိမ့်ရမယ်ဆိုတာ မစဉ်းစားတတ်အောင်ပဲ။ သူ့မိသားစုအားလုံးလည်း သူ့ကို မျက်နှာမညိုရအောင် ဂရုတစိုက်ပြုစုကြ အလိုလိုက်ကြပေမယ့် သူက မရိပ်မိပါဘူး။ လူမမာမေးကအပြန် ဒါမှမဟုတ် နောက်ဆုံခရီးကို ကြိုတင်သွားပြီး နှုတ်ဆက်ရာကအပြန်မှာ ကျွန်တော့်စိတ်ထဲ မေးခွန်းတွေဝင်လာခဲ့ပါတယ်--
ငါတို့ရော သူ့လိုပဲ သေမယ့်နေ့ကို မသိပဲ မသေတော့မယ့်ပုံစံ ရှင်သန်နေကြတာပါလား---- ငါတို့ရော သူ့အပေါ် ခုဆက်ဆံနေသလိုပဲ ကိုယ့်မိဘနဲ့ မိသားစု၊ ကိုယ့်ပါတ်ဝန်းကျင် နဲ့ အားလုံအပေါ် စိတ်ချမ်းသာအောင် မသေခင်၊ သေသွားရင် နောင်တ ဆိုတာမျိုးမရအောင် အမြဲ သေခြင်းတရားကို နှလုံးသွင်း မဆက်ဆံသင့်ဘူးလား---- တကယ်တော့ သေခြင်းတရားကို သူတစ်ယောက်တည်း မသိတာမဟုတ်ပါဘူး ကျွန်တော်တို့ အားလုံး အားလုံး သေခြင်းတရားကို မေ့ထားပြီး လောဘ၊ ဒေါသ၊ မောဟ တို့ရဲ့မောင်းနှင်ရာ ကို အရှိန်အဟုန်ပြင်းစွာနဲ့ စီးမျောလိုက်ပါနေကြရပြီး သေခြင်းဆိုတဲ့ ထာဝရအမှန်တရားနဲ့ တွေ့တော့မှ--------------

 **ကိုစိုးနှိုင်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)