ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 8, 2012

>
-ထာဝရမိတ်ဆွေ တစ်ခဏမိတ်ဆွေ- ထာဝရမိတ်ဆွေ တစ်ခဏမိတ်ဆွေ-

မိတ်ဆွေကောင်းဆိုသည်မှာ ခက်ခဲဆုံးအချိန်တွင် မိမိတို့ နှင့်အတူရှိနေခြင်းဖြစ်သည်။ လူမှုသဘာဝမှာ သာရာစီး၊ ပျော်သလိုနေ၊ အခွင့်ထူးရ စသည့်အချက်များရှိနေမှသာ မိမိတို့နှင့်အတူတကွရှိနေတတ်ပေသည်။ လက်တွေ့ ဘဝနယ်ပယ်တွင် အခက်အခဲ အကြပ်အတည်းများ တွေ့ ကြုံလာပါက ထိုသူတို့ ထံမှ ဖယ်ခွာသွားတတ်ကြသူများမှာ တစ်ခဏတာမိတ်ဆွေဟု ခေါ်သည့် မိတ်တွေတုများသာ ဖြစ်သည်။ အချို့ ကလည်း တော်သလိုနေ၊ လွယ်သလိုလုပ်၊ ဘာသိဘာသာနေသွားတတ်သူများမှာလည်း တစ်ခဏမိတ်ဆွေများ ဖြစ်ပေသည်။ လူတစ်ချို့မှာ အဆင်ပြေချြောမွေ့ နေပြီး အလိုလိုက်အကြိုက်ဆောင်နေလျှင် အကြိုက်တွေ့ကြသောကြောင့် အလွန်ခင်မင်စရာကောင်းသူပါပဲဟု ဆိုလေသည်။ ထိုသူသည် တစ်ခါတစ်ရံ စိတ်နှင့် အခန့် မသင့်ဖြစ်ပြီး သဘောထားကွဲလွဲသွားလျှင်မူ ထိုသူထံမှ ဖယ်ခွားတတ်ကြလေသည်။ ထို့ သို့ သော မိတ်ဆွေသင်္ဂများမှာ လူမှုဘဝတွင် များမှများပေသည်။ တစ်ခါမြင့်မားနေစဉ် အခါတွင်လည်း အလွန်ပင်လေးစားချစ်ခင်ဖွယ် ကောင်းပါဘိဟု ဆိုကြပြန်သေးသည်။ ထိုသူနိမ့်ပါးသွားသောအခါတွင် ဖုတ်လေသည့် ငါးပိ ရှိသည်ဟုပင် မထင်တော့ဘဲ လမ်းတွေ့လျှင်ပင် မသိချင်ယောင်ဆောင်သွားတတ် ကြလေသည်။ အမှန်တကယ် မိတ်ဆွေကောင်းတို့ သည် မိမိခံစားရသည်တို့ ကို နားလည်ပေးခြင်း၊ မိမိကြုံတွေ့ရသည့် အခက်အခဲကို ဝိုင်းဝန်းဖြေရှင်းပေးခြင်း မည်သည့်အခြေအနေတွင် ရောက်နေသည်ဖြစ်စေ နှုတ်၏ဆောင်မခြင်း၊ လက်၏ဆောင်မခြင်းတို့ ကိုပြုလေသည်။
-မိတ်ဆွေကောင်းဆိုသည်မှာ အခက်အခဲဆုံးအချိန်တွင် မိမိနှင့်အတူရှိနေခြင်းပင်ဖြစ်သည်။ မိမိကိုလည်း အခက်အခဲကြုံအောင် မည်သို့ မျှပြုမူသည့်သူ မဟုတ်ချေ။ ထို့ အပြင် မိတ် ဆွေကောင်းတို့ သည် မိမိမိတ်ဆွေ၏ နဂိုရှိပြီးသားပုံစံအတိုင်းပင် လက်ခံကြသည်။ အရှိ အတိုင်းဖြစ်တည်နေသည်ကို လက်ခံကြသည်။ အရှိအတိုင်းဖြစ်တည်နေသည်ကို လက်ခံ ကြသည်။ စိတ်သဘောထားမှာ တစ်သမတ်တည်းရှိပြီး မည်သည့်အခြေအနေရောက်ရောက် ပြောင်းလဲမသွားချေ။ အချို့မိတ်ဆွေကောင်းများမှာ ပိုမိုပြီး မြင့်မြတ်သာလွန်ကြပေသည်။ မည်သူတရာပျက် ပျက် ကိုယ်မပျက်ဘဲ အဆိုပါမိတ်ဆွေ ဖယ်ခွာသွားသော်လည်း ခွင့်လွတ်တတ်သည်းခံတတ် ကြသည်။ အဆိုပါမိတ်ဆွေက မိမိကိုပြန်လည် ရန်တုံမူလျှင်လည်း ကျေကျေနပ်နပ်ကြီး ခံစား ပေးတတ်လေသည်။ ထို့ကြောင့် အဆိုပါမိတ်ဆွေကောင်း၊ မိတ်ဆွေတုတို့ သည် လောကလူ့ ရွာတွင် ရှိတတ်ကြရာတွင် အချို့မိတ်ဆွေတို့ သည် မိတ်ဆွေကောင်း၊ မိတ်ဆွေမကောင်း မခွဲ ခြားတတ်လောက်အောင် ဖြစ်တတ်ကြသဖြင့် မိမိ၏ ဆင်ခြင်ဥာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာ ဝေဖန် ပိုင်းခြားတတ်ရမည် ဖြစ်လေသည်။ သို့ မဟုတ်ပါမူ မိတ်ဆွေတုကို မိတ်ဆွေစစ်ဟု ထင်မြင် ပေါင်းသင်းမိပြီး ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း ဖြစ်တတ်ကြသည်ကို လူမှု့ဘဝနယ်ပယ် တွင် တွေ့ ရတတ်လေသည်။ လူမှုရေးကျင့်ဝတ်များတွင် မိတ်ဆွေကျင့်ဝတ် ငါးပါးရှိရာတွင်- ( ၁ ) မိမိတတ်နိုင်သလောက် ပေးကမ်းချီးမြှင့်ခြင်း၊ ( ၂ ) ကိုယ့်အောက်သို့ မနှိမ်ချပဲ ကိုယ်နှုင့်တန်းတူထားကာ ဆက်ဆံခြင်း။ ( ၃ ) နှစ်ဦးနှစ်ဝ ကြီးပွားရန်အတွက် စီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်တတ်ခြင်း။ ( ၄ ) ပြောဆိုဆက်ဆံရာတွင် စကားအရာ ပြေပြစ်ချိုသာစွာ ပြောဆိုတတ်ခြင်း။ ( ၅ ) စီးပွားဥစ္စာရှာဖွေရာတွင် သစ္စာဖောက်ဖျက်မှု မရှိခြင်းတို့ ဖြစ်သည်။ ထို့ အပြင် ကျေးဇူုးခံမိတ်ဆွေကျင့်ဝတ် ငါးပါးလည်းရှိသေးသည်း၊ ၄င်းတို့ မှာ- ( ၁ ) မေ့လျော့နေသော ဥစ္စာကို စောင့်ရှောက်ပေးခြင်း။ ( ၂ ) တစ်ဖက်မိတ်ဆွေ၏ ဥစ္စာကို စောင့်ရှောက်ပေးခြင်း။ ( ၃ ) မိမိမိတ်ဆွေ ဘေးဒုက္ခရောက်သောအခါ အားကိုးရာဖြစ်ခြင်း။ ( ၄ ) ဘေးဒုက္ခရောက်သောအခါ ပစ်ပယ်စွန့်ခွာမသွားခြင်း။ ( ၅ ) သားစဉ်မြေးဆက် အဆက်ဆက် မိတ်ဝတ်မပျက်ဘဲ ပေးကမ်းချီးမြှင့်ခြင်းတို့ ဖြစ်သည်။ အဆိုပါ မိတ်ဆွေများသည် မိမိတို့ ဘဝအတွက် ထာဝရမိတ်တွေစစ်များဖြစ်ကြသည်။ လူမှုဘဝနယ်ပယ်တွင် ကျင်လည်ကျကုန်သော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့  သည် မိမိတို့နှင့် ပေါင်းသင်းဆက်ဆံကြမည့်သူများအား မိတ်ဆွေစစ်၊ မိတ်ဆွေတု၊ ထာဝရ မိတ်ဆွေ၊ တစ်ခဏမိတ်ဆွေဟု ခွဲခြားသိမြင်နိုင်စွမ်းရှိကြခြင်းဖြင့် မိမိတို့ ဘဝ ထာဝရသာယာ လှပနေမည်သာ ဖြစ်ပေသည်။

 **သုည**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)