ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 8, 2012

>
-ယခုအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း သူတို့အကြောင်:-
**ချယ်လ်ဆီး ယာယီနည်းပြဒီမတ်တီယို အမြဲတမ်းနည်းပြဖြစ်လာရန် နီးလာပြီ** 
(လန်ဒန်၊ မေ ၆) ချယ်လ်ဆီးယာယီနည်းပြ ဒီမတ်တီယိုက အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ချယ်လ်ဆီးက လီဗာပူးကို နှစ်ဂိုး-တစ်ဂိုးဖြင့်နိုင်ပြီး ဖလားဆွတ်ခူးခဲ့ပြီးနောက် အမြဲတမ်း နည်းပြဖြစ်လာရန် တောင်းဆိုလိုက်သည်။ ဒီမတ်တီယိုသည် မတ်လက ချယ်လ်ဆီးနည်းပြဗီးလက်ဘို့စ်နေရာတွင် ယာယီတာဝန်ခံယူခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်သည်အထိ ဦးဆောင်ခဲ့သည်။ မိမိအား အမြဲတမ်းနည်းပြခန့်ထားရန် အသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ခ်ျက ရာသီအကုန်တွင် အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်ကြောင်း ဒီမတ်တီယိုက ဆိုသည်။ ဒီမတ်တီယိုသည် ချယ်လ်ဆီးအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ပြီးနောက် ၁၈ ပွဲကစားခဲ့ရာတွင် နှစ်ပွဲသာ အရှုံးရှိခဲ့သည်။ ရာသီကုန်အထိ အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း အီတလီသား ဒီမတ်တီယိုက ပြောကြားသည်။ (အင်တာနက်)

**အားကစားသတင်းအတိုအထွာ** 
အာဆင်နယ်အသင်းနှင့် နော့ဝှစ်အသင်းတို့သည် မေ ၅ ရက်ညက ပရီမီယာလိဂ်ပွဲစဉ် (၃၇)အဖြစ် ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်သုံးဂိုးစီဖြင့် သရေကျသွားခဲ့သည်။ နော့ဝှစ်အသင်းမှ မော်ရင်ဆင်၏ နောက်ကျဂိုးကြောင့် အာဆင်နယ်အသင်းသည် လာမည့်နှစ်ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ခြိမ်းခြောက်ခံနေရသည်။ ၂၀၁၂ ခုနှစ် ကမ္ဘာ့စနူကာပြိုင်ပွဲတွင် အင်္ဂလန်စနူကာချန်ပီယံ ရွန်နီအိုလ်လီဗန်က မက်သရူးစတီဗင်အား ၁၇- ၁၀ ဖြင့် နိုင်ပြီး ဗိုလ်လုပွဲသို့တက်ရောက်သွာပြီဖြစ်သည်။ ၄င်းသည် ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲသို့ တက်ရောက်လာခြင်းဖြစ်သည်။ ဗိုလ်လုပွဲတွင် အလီကာတာနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။ မန်ယူဝါရင့်ကွင်းလယ်ကစားသမား ဖလက်ချာသည် လာမည့်ရာသီအကြိုတွင် မန်ယူအတွက် စတင်ကစားပေးနိုင်တော့မည်ဖြစ်ကြောင်း နည်းပြဖာဂူဆန်က အတည်ပြုပြောကြားသည်။ ၄င်းသည် ဒီဇင်ဘာလကတည်းက ဒဏ်ရာကြောင့် အနားယူခဲ့ရသည်။ အာဆင်နယ် ညာနောက်တန်းကစားသမား ဆက်ဂ်နာသည် နော့ဝှစ်နှင့် ကစားသည့်ပွဲတွင် ခြေချောင်းကျိုးသွားခဲ့သဖြင့် ပြင်သစ်အသင်းနှင့် အတူကစားရန် စီစဉ်ထားသည့် ယူရို ၂၀၁၂ ပြိုင်ပွဲများ လွဲချော်မည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများက ပြောကြားသည်။ အသက် ၂၉ နှစ်ရှိ ဆက်ဂ်နာသည် ယင်းပွဲတွင် ၃၃ မိနစ်ကြာကစားခဲ့ပြီးနောက် ခြေချောင်းကျိုးသွားသဖြင့် ထမ်းစင်ဖြင့် ထွက်သွားခဲ့ရသည်။ (အင်တာနက်)

**မက်ဆီ လေးဂိုးသွင်းပြီး ဘာစီလိုနာနိုင်ပွဲရ.. ရီးရဲမက်ဒရစ်တို့လည်း အဝေးကွင်း၌ အမှတ်ပြည်. ယူ** 
(မက်ဒရစ်၊ မေ ၆) စပိန်လာလီဂါပွဲစဉ် (၃၇) ဘောလုံးပွဲစဉ်များကို မေ ၆ ရက်နံနက်က ဆက်လက်ယှဉ်ပြိုင်ကစားရာ ဘာစီလိုနာနှင့် အက်စ်ပန်ညိုတို့ပွဲတွင် ဘာစီလိုနာက မက်ဆီတစ်ဦးတည်းသွင်းသည့် ဂိုးလေးဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။ ဘာစီလိုနာအသင်းသည် လာလီဂါဖလားကို မရရှိနိုင်သော်လည်း ဂုဏ်သိက္ခာအတွက် ယခုပွဲကို အဓိကပွဲထွက်ကစားသမားများ ထုတ်သုံးကာ ယှဉ်ပြိုင်ခဲ့သည်။ ဘာစီလိုနာတို့အိမ်ကွင်း၌ ပွဲစတင်ကတည်းက အချိတ်အဆက်မိမိကစားနိုင်ခဲ့ရာ ပွဲချိန် ၁၂ မိနစ်ပင် မက်ဆီက ဗွေဆော်ဦးဂိုးသွင်းယူပေးနိုင်ခဲ့သည်။
ပထမပိုင်းပွဲချိန်အတွင်း ဘာစီလိုနာတို့ ထပ်မံဂိုးမသွင်းနိုင်ခဲ့သော်လည်း ပွဲချိန် ၆၄ မိနစ်၌ ပယ်နယ်တီမှတစ်ဆင့် မက်ဆီက တစ်ဂိုးထပ်သွင်းယူနိုင်ခဲ့သည်။ ထို့နောက် ပွဲချိန် ၇၅ မိနစ်၌ မက်ဆီကပင် တစ်ဂိုးထပ်မံသွင်းယူပြီး ပွဲချိန် မိနစ် ၈၀ ၌ ပယ်နယ်တီမှတစ်ဆင့် စတုတ္ထမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲ၌ တစ်ဦးတည်း လေးဂိုးသွင်းယူခဲ့သော မက်ဆီသည် ယခုနှစ်ဘောလုံးရာသီတစ်ရာသီတည်း၌ပင် လာလီဂါ၌ ဂိုးပေါင်း ၅၀ သွင်းယူနိုင်ခဲ့သူဖြစ်သည်။ ဘာစီလိုနာသမိုင်း၌လည်း တစ်ရာသီတည်း ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် စံချိန်တင်နိုင်ခဲ့သည်။ နောက်ထပ်ပွဲစဉ်ဖြစ်သည့် ဂရင်နာဒါနှင့် ရီးရဲမက်ဒစ်တို့ပွဲတွင် ရီးရဲမက်ဒရစ်က နှစ်ဂ:ို-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။ ဂရင်နာဒါအသင်းအတွက်ဂိုးကို ပွဲချိန် ၅ မိနစ်၌ပင် ဖရန်ကိုဂျာရာက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ရီးရဲမက်ဒရစ်အတွက် ဂိုးများကို ပွဲချိန် မိနစ် ၈၀ မိနစ်၌ စီရိုနယ်ဒိုက တစ်ဂိုး ပွဲချိန် မိနစ် ၉၀၌ ဒေးဗစ်ကော်တစ်က ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိ၍ ဂိုးဝင်သွားသဖြင့် လက်ဆောင်ဂိုးရရှိခဲ့ပြီး ပွဲအပြီး၌ ရီးရဲမက်ဒရစ်က နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

  **စတားလုံး၏ The Tomb ဇာတ်ကားသစ် လာမည့်နှစ်၌ပြသမည်**
 (လော့စ်အိန်ဂျလိစ်၊ မေ ၆) The Tomb ဇာတ်ကားတွင် ရုပ်ရှင်မင်းသားကြီးစတားလုံးမှာ အက်ရှင်ခန်းများပါဝင်သော်လည်း တည်ငြိမ်ပြီးလှုပ်ရှားမှုနည်းသော သရုပ်ဆောင်မှုအပိုင်းများ၌သာ ပါဝင်နိုင်လျှက်ရှိသည်။ တိုက်ခိုက်မှုနည်းပြီး စွန့်စားရှာဖွေမှုဇာတ်လမ်းအမျိုးအစားဖြစ်သည်။ အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်သော ရုပ်ရှင်မင်းသားကြီးစတားလုံးသည် ၂၀၁၂ခုနှစ် မတ်လက ပြသခဲ့သော Bullet to the Head ဇာတ်ကားတွင် ပရိသတ်များ၏ အားပေးမှုကိုရရှိခဲ့သည်။ ဆက်လက်ပြီး The Expendables ဇာတ်ကားကိုလည်း ပြီးခဲ့သည့်ဧပြီလကပြသခဲ့ရာ ၀င်ငွေအများအပြားရရှိခဲ့သည်။ ရုပ်ရှင်မင်းသားကြီး စတားလုံး၏ The Tomb အမည်ရှိ ဇာတ်ကားသစ်ကို လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ပြသနိုင်ရန်စတင်ရိုက်ကူးနေပြီဖြစ်ကြောင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် စတားလုံးက မေ ၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ (အင်တာနက်) 

**တောင်ကိုရီးယားရုပ်ရှင်မင်းသားကင်ဟွန်ဂျူန်း.စင်ကာပူသို့ ရောက်ရှိပြီး ပရိသတ်နှင့်တွေ့ဆုံ**
 (ဆိုးလ်၊ မေ ၆) တောင်ကိုရီးယားရုပ်ရှင်မင်းသားနှင့် အဆိုတော် ကင်ဟွန်ဂျူန်းသည် စင်ကာပူနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ စင်ကာပူရှိ အားကစားရုံးခန်းမတွင် ပရိသတ်အား ဖျော်ဖြေမည်ဖြစ်သည်။ ကင်ဟွန်ဂျူးသည် စင်ကာပူပြီးလျှင် တရုတ်၊ ဟောင်ကောင်၊ တရုတ်(တိုက်ပေ) ထိုင်းသို့လည်း သွားရောက်ကာ ပရိသတ်များနှင့် တွေဆုံမညဖြစ်သည်။ ရုပ်ရှင်မင်းသားကင်ဟွန်းဂျူန်းပါဝင်သည့် Boy Over Flowers ရုပ်မြင်သံကြားဇာတ်လမ်းတွဲဖြင့် အာရှပရိသတ်များ၏ အားပေးခြင်းခံခဲ့ရသူဖြစ်သည်။ ကင်ဟွန်းဂျူး၏ ၂၀၁၁ ခုနှစ်က ဖြန့်ချိခဲ့သော Break Down တေးအယ်လ်ဘမ်မှာလည်း အာရှပရိသတ်များ လူကြိုက်များခဲ့သည်။ အသက် ၂၆ နှစ်အရွယ်ရှိ ရုပ်ရှင်မင်းသားနှင့် အဆိုောတ် ကင်ဟွန်းဂျူန်းသည် Conquest For City/City Conquest ဇာတ်ကားသစ်ကိုလည်း ရိုက်ကူးလျက်ရှိရာ မကြာမီထုတ်လွှင်ပြသမည်ဖြစ်သည်။ ထို့အပြင် If You’re like Me အမည်ရှိ ဒရာမာရုပ်မြင်သံကြားဇာတ်လမ်းတွဲကိုလည်း တောင်ကိုရီးယားနိုင်ငံတစ်ဝန်း၌ ထုတ်လွှင့်ပြသလျက်ရှိသည်။ (အင်တာနက်) **အဆိုတော်ဂျက်ဝှိုက်ရဲ့ အယ်လ်ဘမ် အဒေလီရဲ့ အယ်လ်ဘမ်ထက် ရောင်းအားကောင်းလာ** (လန်ဒန်၊ မေ ၆) ဗြိတိသျှဂီတလောကမှာ တစ်ချိန်လုံးလူကြိုက်များ ရောင်းအားကောင်းခဲ့တဲ့ အဆိုတော်အဒေလီရဲ့ ၂၁ လို့အမည်ရတဲ့တေးအယ်လ်ဘမ်ကို ကျော်တက်နိုင်တဲ့ တေးအယ်လ်ဘမ် ထွက်ပေါ်လာခဲ့ပါပြီ။ ဒီတေးအလ်လ်ဘမ်ရဲ့ အမည်ကတော့ BLUnderbuss လို့အမည်ရပါတယ်။ White Stripers ဂီတအဖွဲ့ရဲ့ ရှေ့ထွက်အဆိုတော် ဂျက်ဝှိုက်ရဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ်ဖြစ်ပါတယ်။ (အင်တာနက်) 

 စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)