ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 14, 2012

>
-လူ့ဘ၀ ပူဇာပဲလေ့ နှင့် ရွေးချယ်ခွင့် အပိုင်းအစများ- 

 ယမန်နေ့ညက မြ၀တီရုပ်မြင်သံကြားအစီအစဉ်ကို ပက်လက်ကုလားထိုင်တလုံးပေါ်တွင် ရေနွေးကြမ်းလေးသောက်ကာ ဇိမ်ယူပြီး ကြည့်မိသည် ။ ကိုမောင်မောင်အေး ၊ ကိုဆန်းထွဋ် တို့၏ ပူဇာပဲလေ့ အစီအစဉ်နှင့် ကြုံကြိုက်လေသည် ။ ထိုအစီအစဉ်ကား မြန်မာနိုင်ငံတွင် လူစိတ်ဝင်စားသော အစီအစဉ်များထဲတွင် ထိပ်ဆုံးမှ ပြေးသော အစီအစဉ်ပင်ဖြစ်ကြောင်း စာဖတ်သူလည်း သိမည်ထင်သည် ။ ဟုတ်သည် ၊ ထိုအစီအစဉ်အချိန်ရောက်လျှင် တစ်ရပ်ကွက်လုံးရှိ လူများထံမှ ဟာ ၊ ဟင် သွားပါပြီကွာ ၊ ဟေးး ၊ ကောင်းတယ်ဟေ့ အစရှိသော အသံများကို အစဉ်အမြဲ ကြားရတတ်သည် ။ ကျနော်တို့ ရပ်ကွက်မှာ လက်လုပ်လက်စားပေါများသော ရပ်ကွက်မို့ထင်သည် ။ လူများသည် ကိုယ်တိုင်မရသော်လည်း စင်ပေါ်မှ ကံထူးသူကို သိန်း သုံးဆယ်ဆုကြီးကို ရစေချင်ကြလေသည် ။ ကျနော်ကိုယ်တိုင်လည်း လူအများကြီးထဲမှ ကံထူးစွာ ( ကံထူးစွာဟုသုံးရခြင်းမှာ ကိုဆန်းထွဋ်မေးသော မေးခွန်းများမှာ မည်သို့ ပင် ပညာတတ်သော်လည်း ကျိန်းသေသိနိုင်မည့် မေးခွန်းများမဟုတ် ၊ လောဂျစ်နည်းဖြင့် လည်းတွက်၍မလွယ် ထိုကြောင့် ကံကို ထိုးချရခြင်းဖြစ်သည် ) ဖြင့် စင်ပေါ်ရောက်လာသော ထိုပုဂ္ဂိုလ်အား ယခင်က ဆယ့်ငါးသိန်း ၊ ယခု သိန်းသုံးဆယ် ကံ ထူးရှင်ကြီး ဖြစ်စေချင်လှသည် ။ မုဒိတာများပေ ။ အားလုံးသိကြသည့်အတိုင်း ကစားနည်းမှာ ရိုးရိုးရှင်းရှင်းပင် ဖြစ်သည် ။ နှစ်သက်ရာ နံပါတ်တခုကို ရွေးလိုက်ပါ ၊ ပြီးရင် ကျန်တဲ့ နံပါတ်များကို တခုခြင်း ဖယ်ထုတ်ပါ ၊ ထို ဖယ်ထုတ်နေရင်းပင် စပွန်ဆာခေါ်ထောက်ပံ့ပေးသူက ကျန်ရှိသည့် ဆုအလိုက် ဆက် မဆော့ပါက ငွေပေးသော ကစားနည်းပင်ဖြစ်သည် ။ ရွေးချယ်သူမှာ လည်း နောက်ဆုံးကိုယ်ရွေးထားသော နံပါတ်အထိရွေးချယ် ပိုင်ခွင့်ရှိသည် ။ ကျနော် တီဗီကို ကြည့်ရင်း ကြည့်ရင်းတွေးတွေးမိသည် ။ ကျနော်တို့ ဘ၀တွင်လည်း ဤကဲ့သို့ပင် ဖြစ်ပေလိမ့်မည် ။ ကျနော် တို့သည် ကံအားလျှော်စွာ လူဖြစ်လာကြရသည် ။( စင်ပေါ်ရောက်လာသော ကံထူးရှင်နှင့်တူသည် )။ ထိုနောက် ကျနော်တို့သည် လူလားမြောက်သောအခါ ကိုယ်နှစ်သက်ရာတခုကို ပန်းတိုင်ထား၍ လူ့ဘ၀ခရီးလမ်းကို လျှောက်ကြရသည် ။ (ကြိုက်နှစ်သက် ရာ ဆုတစ်ခုကို ရွေးချယ်လိုက်သည် နှင့် တူလေသည် ။) ကျနော်တို့ ပန်းတိုင်ထားသော အရာ ဆီကို မရောက်ပဲ ကြားတွင် ဖြစ်သင့်ဖြစ်ထိုက်သော အလုပ်များကိုလုပ်ရင်း ရည်မှန်းချက်ပန်း တိုင်ကို မရောက်သူများလည်းရှိသည်။ ( သိန်းသုံးဆယ် ဆုကိုရွေးလျှက် ငါးသိန်း ၊ ရှစ်သိန်း စသည်ဖြင့်သာ ရသွားသူများနှင့်တူသည်) အချို့ကလည်း မိမိရွေးချယ်ထားသော ဆုကိုသာ တရှိုက်မတ်မတ် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ လက်ခံသွားကြသည် ၊ တနည်း အားဖြင့် လေးစားမိသည် ။ အမှန်အားဖြင့် ဆိုသော် လူ့ဘ၀ ပူဇာပဲလေ့မှာ ကျနော်တို့နေ့စဉ်ကစားနေရသော ကစားနည်းပင်ဖြစ် သည် ။ ကျနော်ဆို ငယ်စဉ်က စစ်ဗိုလ်ဖြစ်ချင်သည် ၊ ဖြစ်မလာခဲ့ ၊ ကံကြမ္မာက ခွင့်မပေး ။ထိုနောက် ရဲအရာရှိဖြစ်ချင်သည် ၊ ၊ ဆေးပင်စစ်ပြီးပြီ ၊ ဖြစ်မလာခဲ့ ၊ ကံကြမ္မာက နှောင့်ပြန်သည် ။ ကျနော်တို့သည် မိမိစိတ်ထဲတွင် ရွေးချယ်ထားသော ဘ၀ ရှိစမြဲပင် ။ သို့သော်ထိုဘ၀များကိုမရပဲ ဖြစ်သင့် ဖြစ်ထက်သောနေရာများ တွင်သာ အသက်ဆက်နေရသူများ အဘယ်လောက်ရှိသနည်း ။ မိမိ လိုချင်သော ဘ၀ ကိုရပြီးမှ ထိုဘ၀ ကိုရွေးမိသည့်အတွက်နောင် တရကြသူများမည်လောက်တောင်ရှိသနည်း ။ မှန်းသည်က သိန်းသုံးဆယ် ၊ ရသည်က နှစ်ထောင် ၊ ထိုကဲ့သူလူများလည်း ရာထောင်ချီ ၍ ရှိလိမ့်မည် ။ ကျနော်တို့သည် ထိုလူ့ဘ၀ ပူဇာပဲလေ့တွင် ညဏ်ကိုလွှာသုံးကာ ထိုက်သင့်သော ဆုကြေးယူကြမည်လော ၊ ရွေးချယ် ထားသောအရာဆီကို သာ ဇွဲခတ်သွားကြမည်လော ၊ တွေးရင်းတွေးရင်း ၊ တီဗွီထဲမှ ကံထူးရှင်ပုဂ္ဂိုလ် သိန်းသုံးဆယ်ရပါစေကြောင်း ဆုမွန်ကောင်းတောင်းမိနေတော့သည် ၊

 **မာဃလုလင်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)