ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 9, 2012

> -ယခုအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း သူတို့အကြောင်:- 

**မန်စီးတီးအသင်း နှစ်ပေါင်း ၄၄ နှစ်အတွင်း ပရီ:မီ:ယာ:လိဂ်ဖလားချိန်ရွယ်**
(လန်ဒန်၊ မေ ၇) မန်စီးတီးက အခက်ခဲဆုံးပြိုင်ပွဲတစ်ပွဲဖြစ်သည့် နယူးကာဆယ်ကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရပြီးနောက် နှစ်ပေါက်း ၄၄ နှစ်အတွင်း ပထမဆုံး ပရီမီယာလိဂ်ဖလားဆွတ်ခူးရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိသွားပြီဖြစ်သည်။ မန်စီးတီးအသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို အိုင်ဗရီကို့စ်ကွင်းလယ်ကစားသမား ယာယာတိုရေးက ပွဲပြီးရန် မိနစ် ၂၀ အလိုတွင် သွင်းယူပေးခြင်းဖြစ်သည်။ မန်စီးတီးအသင်းသည် လာမည့် မေ ၁၃ ရက်တွင် ကျူပီအာအသင်းကို ရာသီပိတ်ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မန်စီးတီးက အိမ်ကွင်းတွင် ကျူပီအာကိုအနိုင်ကစားနိုင်ပါက ပရီမီယာလိဂ်ဖလားကို လက်ဝယ်ပိုင်ဆိုင်ရရှိတော့မည်ဖြစ်သည်။ (အင်တာနက်)
 **အဆိုတော် မော်ဒယ်ဗစ်တိုးရီးယား ဘက်ခမ်းကို အကောင်းဆုံးမွေးနေ့လက်ဆောင်ပေး**
 (လော့စ်အိန်ဂျလိစ်၊ မေ ၇)
ကမ္ဘာကျော်ဘောလုံးသမားဒေးဗစ်ဘက်ခမ်းကု ဇနီးဖြစ်သူ အဆိုတော် မော်ဒယ်ဗစ်တိုးရီးယားဘက်ခမ်းကို အကောင်းဆုံးမွေးနေ့လက်ဆောင်ပေးခဲ့ပါတယ်။ မေ ၂ ရက်ဟာ ဒေးဗစ်ဘက်ခမ်းရဲ့ မွေးနေ့ပါ။ သူ့မွေးနေ့မှာ ဇနီးဖြစ်သူဗစ်တိုးရီးယားက အမေရိကန်ကြေးစားဘတ်စကတ်ဘောကစားသမားဟောင်း ဟာဗင်မာဂျစ်ဂျွန်ဆင်လက်မှတ်ရေးထိုးထားတဲ့ ဘတ်စကတ်ဘော ဂျာစီတစ်ထည်ကို မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။ ဒေဗစ်ဘက်ခမ်းဟာ ဘောလုံးသမားဖြစ်ပေမယ့် ဘတ်စကက်ဘောဝါသနာအိုးတစ်ယောက်လို့ဆိုပါတယ်။ ကမ္ဘာကျော်ဘတ်စကက်ဘောသမားတွေကို အားကျတဲ့အထဲမှာ ဒေးဗစ်ဘက်ခမ်းလညး တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။ ထို့ကြောင့်လည်း ချစ်သူဖြစ်သူ ဗစ်တိုးရီးယားက မှတ်မှတ်ရရ ဒီဂျာဒီအင်္ကျီကို အမှတ်တရမွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တာလို့ ဗစ်တိုးရီးယားဘက်ခမ်းက ပြောပါတယ်။ ဒေးဗစ်ဘက်ခမ်းက ဒီဂျာစီအင်္ကျီကို ၀တ်ပြီးပြသခဲ့ရာမှ ဖေ့စ်ဘုတ်စာမျက်နှာမှာ သူ့ပုံတွေတွေ့ရတယ်လို့ဆိုပါတယ်။ ဘက်ခမ်းဟာ သူ့ရဲ့မွေးနေ့ပွဲမှာ ကြက်အူချောင်း ၀က်အူချောင်း၊ ၀က်ပေါင်ခြောက်တွေနဲ့ လုပ်ထားတဲ့ ပလာတာစားနေတဲ့ပုံ၊ ပရိသတ်တွေကသူ့ကို ၀ိုင်းရံထားတဲ့ပုံတွေကိုလည်း ဖေ့ဘုတ်မှာ တွေ့ရတယ်လို့ဆိုပါတယ်။ (အင်တာနက်)

**အားကစားသတင်းအတိုအထွာများ** 
ချယ်လ်ဆီးတိုက်စစ်မှူး ဒရော့ဘာသည် အက်ဖ်အေဖလားရအောင် ကစားပေးနိုင်ခဲ့သဖြင့် ချယ်လ်ဆီးက စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းရမည်ဖြစ်ကြောင်း ကွင်းလယ်ကစားသမား လမ်းပတ်က တိုက်တွန်းလိုက်သည်။ လီဗာပူးနှင့် ကစားသည့် အက်ဖ်အေဖလားဗိုလ်လုပွဲတွင် အနိုင်ဂိုးသွင်းယူပေးသည့် ဒရော့ဘာသည် အက်ဖ်အေဖလားဗိုလ်လုပွဲတွင် လေးကြိမ်မြောက် ဂိုးသွင်းယူသည့် ပထမဆုံးတိုက်စစ်မှူးဖြစ်လာသည်။ အီလတီဂေါက်သီးကစားသမား ဖရန်ဆက်ကိုမိုလီနာရီသည် မတ် ၆ ရက်က စပိန်အိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက် ရှစ်ချက်လျှော့ပြီး ဖလားဆွတ်ခူးသွားခဲ့သည်။ ယင်းဆုဖလားသည် မိုလီနာရီအတွက် တတိယမြောက် ဥရောပပြိုင်ပွဲဖလားဖြစ်သည်။ မြောက်အိုင်ယာလန်ဂေါက်သီးကစားသမား မက်ရွိုင်းသည် ကွိုင်ဟောလိုကလပ်ဂေါက်သီးပြိုင်ပွဲ၌ အမေရိကန် ဂေါက်သီးကစားသမား ရစ်ကီးဖော်လာအား ကျင်းပိုကစားပြီး ရှုံးသွားခဲ့သော်လည်း ကမ္ဘာ့နံပါတ်တစ်ဂေါက်သီးကစားသမားအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ ယင်းတို့နှစ်ဦးသည် အဆိုပါပြိုင်ပွဲတွင် ၁၄ ချက်စီ လျှော့ရိုက်ခဲ့သဖြင့် ကျင်းပိုကစားခဲ့ရခြင်းဖြစ်သည်။ အိုလံပစ်အားကစားပြိုင်ပွဲတွင် နိုင်ငံအတွက် ရွှေတံဆိပ်ဆု ဆွတ်ခူးပေးခြင်းသည် တင်းနစ်လောကတွင် အကြီးမားဆုံးအောင်မြင်မှုဖြစ်ကြောင်း စပိန်တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်က ပြောကြားသည်။ ရာဖေးလ်နာဒယ်သည် လွန်ခဲ့သော လေးနှစ်က ပေကျင်းအိုလံပစ်တွင် စပိန်နိုင်ငံအတွက် ရွှေတံဆိပ်ဆုဆွတ်ခူးပေးနိုင်ခဲ့သည်။ ၄င်းသည် လာမည့်လန်ဒန်အိုလံပစ်တွင် နိုင်ငံအတွ် ရွှေတံဆိပ်ဆွတ်ခူးပေးနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ (အင်တာနက်)

 **ပရီမီယာလိဂ်ဖလားလုပွဲ မပြီးသေးနည်းပြကြီးသုံးဦး အခိုင်အမာပြောကြား**
 (လန်ဒန်၊ မေ ၇) မန်စီးတီး ဂိုးကွာခြားချက်ဖြင့် ဖလားဆွတ်ခူးနိုင်သော်လည်း ကျူပီအာကူညီပေးလျှင် မန်ယူဖလားရနိုင်ကြောင်း မည်ယူနည်းပြ ဖာဂူဆန်က ပြောကြားသည်။ မန်စီးတီးအသင်းသည် ရာသီပိတ်ပွဲအဖြစ် မတ်ဟွတ်ခ်ျ၏ ကျူပီအာကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပြိုင်ပွဲတွင် မန်စီးတီးအနိုင်ရပါက ၄၄ နှစ်အတွင်း ပထမဆုံးပရီမီယာလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။ သို့သော်လည်း ကျူပီအာအသင်းသည် တန်းဆင်းဇုန်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသည့် အသင်းဖြစ်သည်။ တန်းဆင်းဇုန်လွတ်မြောက်ရေးအတွက် ရမှတ်တစ်မှတ်လိုနေသည်။ မန်စီးတီးနှင့်ပွဲတွင် ယင်းတစ်မှတ်ကိုအရယူရန် ကျူပီအာအကြိတ်အနယ် ကြိုးစားလိမ့်မည်ဖြစ်သည်။ ထို့အကြောင့်လာမည့်လက်ကျန်ပွဲသည် ဖလားလုပွဲအတွက် အရေးကြီးဆုံးပွဲဖြစ်ကြောင်း မန်ယူတိုက်စစ်မှူးဟောင်း မတ်ဟွတ်ခ်ျက ကူညီပေးနိုင်လိမ့်မည်ဟု ယုံကြည်မိကြောင်း မန်ယူနည်းပြဖာဂူဆန်က ပြောကြားသည်။ (အင်တာနက်)

**ရီးရဲမက်ဒရစ်၌ ဆက်လက်ကစားမည့် ကွင်းလယ်ကစားသမား ကာကာ** 
(ရီယိုဒီဂျေနေးရိုး၊ မေ ၇)
ရီးရဲမက်ဒရစ်ကွင်းလယ်ကစားသမား ကာကာက မိမိသည် လာမည့်ဘောလုံးရာသီ၌ ရီးရဲမက်ဒရစ်အသင်း၌ပင် ဆက်လက်ကစားလိုသောဆန္ဒရှိကြောင်း မေ ၇ ရက်က ထုတ်ဖော်ပြောကြားသည်။ အသက် ၃၀ အရွယ်ရှိ ဘရာဇီးနှင့် ရီးရဲမကဒရစ်ကွင်းလယ်ကစားသမား ကာကာသည် နည်းပြမော်ရင်ဟိုလက်အောက်တွင် အရန်ဘောလုံးသမားအဖြစ်သာ ပါဝင်ကစားခွင့်ရရှိနေသူဖြစ်သည်။ ကာကာအား ထိုကဲ့သို့အခြေအနေမျိုးကြောင့် ရီးရဲမက်ဒရစ်မှ ထွက်ခွာပါကပြင်သစ်ကလပ် ပဲလစ်စိန့်ဂျာမိန်းအသင်းက ခေါ်ယူရန်ကြိုးစားလျက်ရှိချိန်တွင် ကာကာက ရီးရဲမက်ဒရစ်၌သာ ကစားလိုကြောင်း ထုတ်ဖော်ပြောကြာားခြင်းဖြစ်သည်။ (အင်တာနက်)

စုစည်းဘာသာပြန် - မြင့်မောင်စိုး

-ယခုအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း သူတို့အကြောင်:- 

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)