ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 17, 2012

>
-ကိုယ်နဲ့ ထိုက်တန်တဲ့ နေရာတခုတော့ရှိပါတယ်-
တစ်ခါကကောင်လေးတစ်ကောင်ရှိတယ်.။ သူ့မှာ သူ့ကိုယ်သူ ဘာဝါသနာ ပါလဲလို့ မစဉ်းစားမိ ၊ စဉ်းစားဖို့လဲ သူ့မှာ အချိန်မရှိ ၊ ဒီအချိန်မှာ သူ့ပတ်ဝန်းကျင်မှာ လူကြိုက်များ ကျော်ကြားနေတာက ရပ်ဂဘီ ဘောလုံး အားကစား ။ သူ့သူငယ်ချင်းတွေ တော်တော်များများ ကလည်းအောင်မြင်ထင်ရှားနေကြတယ်။ သူကလည်း ကြိုးစားရင် အောင်မြင်နိုင်တယ် ဆိုတဲ့စကားကို လက်သင့်ခံထားသူ တစ်ယောက် ။ ဒါကြောင့် ရပ်ဂဘီအသင်းထဲ ဝင်ပြီးသူဝင်ပြီး ကြိုးစားတယ်.။ သူ့ကို လေ့ကျင့်ချိန် တစ်လကျော်တော့ လေ့ကျင့်ရေးဆရာက ခေါ်ပြောတယ်.။ “ ကာနက်ဂျီ .. မင်းနဲ့ ရပ်ဂဘီ အားကစားနဲ့ ဘယ်လိုမှ မသတ်ဆိုင်ဘူး.။ မင်းရဲ့ ခန္ဓာကိုယ် အချိုးအစားကလည်း ရပ်ဂဘီ အားကစားသမား အချိုးအစားမဟုတ်ဘူး.။ ဒါကြောင့် မင်းရဲ့ အချိန်တွေ အင်အားတွေကို အလဟသ ဖြစ်ပြီး ဒီရပ်ဂဘီ အားကစားမှာ မကုန်ဆုံးစေနဲ့.။ ” သို့သော် ဒီကောင်လေး အားမလျှော့ခဲ့ပါ.။ သူအစွမ်းကုန်ကြိုးစားတယ်.။ ဒါပေမဲ့ သူ့ခန္ဓာကိုယ် အချိုးအစားကလည်း တတ်မလာခဲ့။ သူ့ကို အသင်းမှာလည်း တစ်ခါမှ အရွေးမခံခဲ့ရ။ သူလေ့ကျင့်မှု ကြိုးစားမှုကိုတော့ မလျှော့ခဲ့.။ ဒါပေမဲ့လည်း သူ့ကို သူ့ရဲ့ သင်တန်းဆရာက နောက်တစ်ကြိမ် ခေါ်ပြောတယ်.။ “ ကာနက်ဂျီ .. မင်းရဲ့ ကြိုးစားအားထုတ်မှု နဲ့ အင်အားတွေ နေရာအသုံးချတာမှားနေပြီ.။ တကယ်ဆို မင်းနဲ့ ဘယ်နေရာမှာ ထိုက်သင့်သလဲ.။ မင်း ဘယ်လိုနေရာတွေမှာ အစွမ်းအစပြခဲ့ဖူးလဲ.။ ဒီနေရာမှာ မင်းရဲ့ စွမ်းအင်တွေကို အသုံးချပြီး မင်းကြိုးစားသင့်တယ်.။ ဒါမှ မင်းဘဝအတွက် ထိုက်တန်တဲ့ နေရာ တစ်နေရာ ရမှာပေါ.။ အခုတော့ မင်းအင်အားတွေ အလကားပြုန်းတီးနေတယ်.။ ဒါကြောင့် ဒီနေ့ မင်းအိမ်ပြန်ရင် မင်းသေချာ စဉ်းစား ။ နောက်နေ့ မင်း ငါ့ကို ပြန်ပြော..။ ဟုတ်ပြီလား.။ ” သင်တန်းဆရာ ကိုယ်တိုင်က ဒီလို သူ့ကို သေချာ ခေါ်ပြောတော့ ဒီကောင်လေး အိမ်ပြန်လာခဲ့တယ်.။ သူအိပ်ယာစောစောဝင်ပြီး သူ ဖြတ်သန်းခဲ့တဲ့ ဘဝကို ပြန်စဉ်းစားတယ်.။ ငါ့ဘဝမှာ ဘယ်နေရာတွေမှာ ငါ အစွမ်းပြဖူးလဲ.။ ဟုတ်တယ်.သူ ငယ်ငယ်ကတည်း ဘယ်အားကစားနေရာမှာမှ သူဖြစ်မြောက်ခဲ့တာ မရှိ ။ ဘယ်တော့မှလည်း အားကစားမှာ သူ မထူးချွန် ၊ ဒီလို သူ့ကိုယ်သူ ပြန်တွေ့တယ်။ ဒါဆို ငါ ဘယ်နေရာမှာ ထူးချွန်လည်း သူပြန်စဉ်းစားတော့ သူက နှုတ်မှုရေးတော့ ကျွမ်းကျင်တယ်.။ ကျောင်းပြိုင်ပွဲတွေမှာ သူ ဆုရဖူးတယ်.။ စကားရည်လုပွဲတွေမှာ သူအစွမ်းပြဖူးတယ်.။ တခြားတခြားသော နှုတ်မှုရေးရာတွေမှာ သူအောင်မြင်ဖူးတယ်။ ခန္ဓာကိုယ်ရင်းပြီး အင်းအားထုတ်ကြိုးစား ယှဉ်ပြိုင်မှုတွေမှာ သူ တစ်ခါမှ မအောင်မြင်ခဲ့.။ သူ သိပြီ.။ ကိုယ်ခန္ဓာ အင်းအားထက် သူက နှုတ်မှု အင်အားသာ အစွမ်းထက်တယ်.။ ဒီလို သူစဉ်းစားမိတော့ နောက်နေ့ သူ ရပ်ဂဘီ သင်တန်းဆရာနဲ့ တွေ့တော့ သူရဲ့ တွေ့ရှိချက်ကို သင်တန်းဆရာကို ပြောပြတယ်.။ ဒီတော့ သူ့ သင်တန်းဆရာက. . . “ ဟုတ်ပြီ.. ဒါအမှန်တရားပဲကွ. ။ လူတွေက ပြောတတ်ကြတယ်.။ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်.။ အားထုတ်သာ ကြိုးစား အောင်မြင်ရမယ် ဒီလို ပြောတတ်ကြတယ်.။ တကယ်တော့ ကြိုးစားတိုင်း ဖြစ်မလာဘူးကွ.။ အရင်ကထက်တော့ တိုးတတ်လာပါတယ်.။ ကိုယ်နဲ့ မအပ်စပ်တဲ့ နေရာမှာ ဆိုရင် တိုးတတ်တာပဲ ရှိမယ်.ထိပ်တန်းမရောက်နိုင်ဘူး.။ မအောင်မြင်နိုင်ဘူး.။ လူဆိုတာ ကိုယ်နဲ့ သင့်တော် အပ်စပ်တဲ့ နေရာကို ရွေးပြီး အစွမ်းကုန်ကြိုးစားမှ ထိပ်တန်းမှာ အောင်မြင်နိုင်တယ်.။ အခုဆိုရင် မင်းကိုမင်း တွေ့နေပြီ.။ မင်းက ဘယ်နေရာမှာ ထူးချွန်လဲ ဆိုတာ မင်းသိနေပြီလေ.။ ဒီတော့ မင်းမှာ အစွမ်းရှိနေတဲ့ နေရာ ၊ မင်းမှာ အင်းအားရှိနေတဲ့ နေရာမှာ မင်းအစွမ်းကုန်ကြိုးစားပါ.။ မင်း တစ်နေ့ ထိပ်တန်းရောက်လာပါလိမ့်မယ်။ ”
သင်တန်းဆရာရဲ့ အကြံပေးစကားလည်း ကြားပြီးရော သူ ရပ်ဂဘီ သင်တန်းကနေ တစ်ခါတည်း နှုတ်ထွက်လာခဲ့တယ်.။ သို့သော် သူ အစွမ်းအစပြဖူးသော နှုတ်မှု ရေးရာ ကဏ္ဍမှာ ဘယ်လို အောင်မြင်အောင် လုပ်ရမလဲ သူ မသိ.။ သို့သော် ထိုအရာကား ပြဿနာ မရှိပါ.။ တကယ်တမ်းသာ ကိုယ်ကျွမ်းကျင် ပိုင်နိုင် ။ အစွမ်းအစ ရှိသောနေရာသာ ဖြစ်ပါစေ. ။ ကိုယ့်ဘဝအောင်မြင်ရေးအတွက် အခွင့်အလမ်းကို တစ်နေ့ စွဲကိုင်လာနိုင်မှာ ဖြစ်တယ်.။ ထိုကောင်လေးလည်း ဒီအတိုင်းပင် ကိုယ့်မှာ အစွမ်းအစ ရှိနေသော စွမ်းအင် အင်းအားကို နေ့စဉ်တိုးတတ်အောင် ကြိုးစားလေ့ကျင့်ရင်း နှုတ်မှုရေးရာ သင်တန်းကျောင်းများ ဖွင့်လှစ်ကာ ကမ္ဘာအနှံမှာ ရှိသော လူမျိုးပေါင်းစုံ ၊ အလွှာပေါင်းစုံမှ ၊ အသက်အရွယ်မျိုးစုံ တို၏ ဘဝကို အောင်မြင်အောင် လေ့ကျင့်ပျိုးထောင် ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီကောင်လေးကို နောင်တစ်နေ့မှာ “ လူသန်းပေါင်းများ၏ ဘဝကို ပြောင်းလဲစေခဲ့သူ (သို့) ဒေးလ်ကာနက်ဂျီ ” ဟု၍ ထင်ရှားကျော်ကြားလာခဲ့ပါတယ်.။ ဒေးလ်ကာနက်ဂျီက သူ့သင်တန်းတွေမှာ အမြဲတမ်းပြောလေ့ရှိတဲ့ သူ့ဘဝအကြောင်း နောက်ခံပုံရိပ်ကလေး ဖြစ်သလို ၊ သူ့ဘဝကို ပြောင်းလဲစေခဲ့တဲ့ အဖြစ်အပျက်လေးလို့ ဆိုတယ်.။ လူဆိုတာ ကိုယ်နဲ့ ပတ်သတ်ထိုက်တန်သော ဘဝတစ်ခု ရရှိဖို့ ဆိုတာ ကိုယ့်မှာ ရှိနေတဲ့ အစွမ်းအစနဲ့ ပတ်သတ်တဲ့ နေရာမှာ ရင်းနှီးမြှပ်နှံတတ်ဖို့တော့ လိုတယ်.။ ပြီးတော့ သူက သူ့ရဲ့ ဆောင်ပုဒ်လေးကို ဒီလို ပြောပြတယ်.။
“ ဤကမ္ဘာလောက အတွင်း မိမိကိုယ်အတွက် ထိုက်တန်သော နေရာတစ်ခု ရရှိရေးသည် မိမိကိုယ်ကို လေးစားသော လူတိုင်း၏ တာဝန်ပင် ဖြစ်လေသည်.။ ” ဒေးလ်ကာနက်ဂျီ Reader Digest ထဲကပါ။ 

 ဖတ်မိတာကောင်းလွန်းလို့ သူငယ်ချင်းတို့ အတွက်...ဖတ်ရအောင်တင်ပေးပါတယ် ခင်မင်လေးစားတတ်သော
 ရွှေအိမ်စည် --

 Posted By Blogger လူဗိုလ် 

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)