ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 23, 2012

> -ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း- 

**အဆိုတော်ချယ်ရီကိုးလ်၏ဖက်ရှင် ကိန်းစ်ရုပ်ရှင်တွင် ဆွဲဆောင်မှုအရှိဆုံးဖြစ်**
 (လန်ဒန်၊ မေ ၂၁) အသက် ၂၈ နှစ်ရှိ အဆိုတော်ချယ်ရီကိုးလ်သည် အခြားသရုပ်ဆောင်နှင့် အဆိုတော်များနှင့်မတူ အောင် တစ်မူထူးခြားစွာဝတ်ဆင်ပြသခဲ့သည်။ သူမက အပေါ်ပိုင်းကို အဖြူရောင် အသားပေးဝတ်ဆင် ထားသည်။ အောက်ပိုင်းတွင် အဖြူရောင်ဝမ်းဆက်နှင့် အနီရောင် ပန်းပွားရှည်ကြီးကို တွယ်ဆက်၍၀တ် ဆင်ထားသည်။ အနီရောင်ကော်ဇောနှင့် သူမ၏ အနီရောင်ပန်းပွားတို့မှာ တစ်သားတစ်ရောင်တည်းဖြစ် နေ၍ ပို၍စိတ်ဝင်စားခဲ့သည်။ အထူးသဖြင့် ဖက်ရှင်သတင်းထောက်များအတွက် စိတ်ဝင်စားမှုအ ကောင်းဆုံးပြကွက်ဖြစ်လာခဲ့သည်။ အနီရောင်တိမ်တိုက်များအတွင်းမှ ထွက်ပေါ်လာသည့်ပုံစံဖြစ် အောင် အဆိုတော် ချယ်ရီကိုးလ်က အကောင်းဆုံးဝတ်ဆင်ပြခဲ့ခြင်းဖြစ်သည်။ ယင်းဖက်ရှင်ဝတ်စုံကို ဒီ ဇိုင်နာ စတီဖိန်းရိုလ်လန်းဟူတေးက တီထွင်ချုပ်လုပ်ပေးခဲ့ကြောင်း သိရသည်။ အဆိုတော် ချယ်လ်ရီ ကိုးလ်သည် ယင်းဖက်ရှင်ဝတ်စုံနှင့် လိုက်ဖက်အောင် အဖြူရောင် စိန်နားကပ်ကို ပန်ထားပြီး လက်တစ် တွင် စိန်စီထားသော ပိုက်ဆံအိတ်လှလှ လေးတစ်လုံးကို ကိုင်ဆောာင်ထားသည်။ သူမ၏ ဖက်ရှင်ဒီ ဇိုင်းသည် ယခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်တွင် လူစိတ်ဝင်စားမှုအရှိဆုံး ဖက်ရှင်ဒီဇိုင်းဖြစ်ခဲ့သည်။ (အင်တာနက်)

**တိုက်စစ်မှူး ဒရော့ဘာ တရုတ်သို့ သွားရောက်ကစားတော့မည်** (လန်ဒန်၊ မေ ၂၁)
တိုက်စစ်မှူး ဒရော့ဘာသည် ချယ်လ်ဆီးသမိုင်းတွင် ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူး ပေးခဲ့ပြီးနောက် ချယ်လ်ဆီးပရိသတ်များကို နှုတ်ဆက်ထွက်ခွာရန် ပြင်ဆင်နေပြီဖြစ်သည်။ ချယ်လ်ဆီး ကလည်း တိုက်စစ်မှူး ဒရော့ဘာ တရုတ်ကလပ် ရှန်းဟိုင်းရှန်ဟွာသို့ အလွတ်ပြောင်းရွှေ့မှုကို အတည် ပြုကြေညာရန် စောင့်ဆိုင်းလျက်ရှိသည်။ တိုက်စစ်မှူး ဒရော့ဘာသည် ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ် ဖလားဆွတ်ခူးခဲ့သည့် ပြိုင်ပွဲတစ်လျှောက်လုံး အလွန်အရေးကြီးသော အဆုံးအဖြတ်ဂိုးများကို သွင်းယူ ပေးခဲ့သူဖြစ်သည်။ အပြာရောင်ချယ်လ်ဆီးအင်္ကျီကို နောက်ဆုံးဝတ်ဆင်ပြီး ဘိုင်ယန်မြူးနစ်ကို အနိုင်က စားရာတွင် နောက်ဆုံးပယ်နယ်တီအဆုံးအဖြတ်ဂိုးကိုလည်း သွင်းယူပေးခဲ့ပြီး ဖြစ်သည်။ ဒရော့ဘာက ချယ်လ်ဆီးပရိသတ်အပေါ် တာဝန်ကျေခဲ့ပြီဖြစ်သည်။ မကြာမီ တရုတ်ကလပ်သို့ ထွက်ခွာတော့မည်ဖြစ် သည်။ ဒရော့ဘာအား တရုတ်ကလပ်က တစ်ပတ်ပေါင် ၂၅၀၀၀၀ ပေးမည်ဖြစ်သည်။ ကစားဖော်တိုက် စစ်မှး အနယ်ကာမှာ တရုတ်ကလပ်တွင် စတင်ကစားနေပြီဖြစ်သည်။ (အင်တာနက်)

 **မန်စီနီအား တစ်နှစ်ပေါင်ငါးသန်းဖြင့် မန်စီးတီးက သုံးနှစ် ထပ်မံစာချုပ်မည်** (လန်ဒန်၊ မေ ၂၁) နည်းပြမန်စီနီအား နောက်ထပ်သုံးနှစ်စာချုပ်ရန် မန်စီးတီးဥက္ကဌ ၀ါဒွန်းအယ်လ်မူဘာရက်နှင့် အဘူဒါဘီ မြို့တွင် ဆွေးနွေးလျက်ရှိသည်။ မန်စီးတီးက တစ်နှစ်လျှင် ပေါင်ငါးသန်းဖြင့် သုံးနှစ်ထပ်မံစာချုပ်မည် ဖြစ်ကြောင်း သိရသည်။ နည်းပြမန်စီနီအား မန်စီးတီးအသင်းက လွန်ခဲ့သော နှစ်နှစ်ခွဲကာလတွင် ပေါင် ၃.၅ သန်းဖြင့် ခေါ်ယူစာချုပ်ခဲ့ခြင်းဖြစ်သည်။ မန်စီးတီးအသင်းအား ထိုက်ထိုက်တန်တန် ပရီမီယာလိဂ် ဖလားကို ဆွတ်ခူးပေးခဲ့ပြီးနောက် အသင်းပိုင်ရှင်များက စာချုပ်သစ်ထပ်မံချုပ်ဆိုရန် ပြင်ဆင်လျက်ရှိ သည်။ နည်းပြမန်စီနီ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ၄၄ နှစ်တာအတွင်း ပထမဆုံးသောပရီမီလာလိဂ် ဖလားကြီးကို ဆွတ်ခူးပေးနိုင်ခဲ့ပြီဖြစ်သည်။ (အင်တာနက်) 
**တိုက်စစ်မှူး တောရက်စ် ချယ်လ်ဆီးမှ ထွက်ခွာဖွယ်ရှိ**
 (လန်ဒန်၊ မေ ၂၁) ချယ်လ်ဆီးတိုက်စစ်မှူး တောရက်စ်သည် ချယ်လ်ဆီးသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင် ခဲ့သော်လည်း အသင်းမှ ထွက်ခွာဖွယ်ရှိနေသည်။ ဘိုင်ယန်မြူးနစ်နှင့် ကစားခဲ့သည့်ချန်ပီယံလိဂ်ဗိုလ်လု ပွဲတွင် အရန်ခုံတွင် ထိုင်ခဲ့ရခြင်းကို ဘောလုံးသမားဘ၀တစ်လျှောက်လုံး စိတ်အပျက်မိဆုံးဖြစ်ကြောင်း တောရက်စ်က ၀န်ခံပြောကြားခဲ့သည်။ စပိန်တိုက်စစ်မှူး တောရက်စ်ကိ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် လီဗာပူးအသင်းမှ ပေါင်သန်း ၅၀ ပေးပြီး ချယ်လ်ဆီးက ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ၄င်းအနေဖြင့် ယခုနှစ် ရာသီအတွင်း ၁၁ ပွဲသာ ပါဝင်ကစားခဲ့ရပြီး ခြောက်ဂိုးသာသွင်းယူပေးနိုင်ခဲ့သည်။ ချယ်လ်ဆီးနှင့် ၄င်း၏ အနာဂတ်နှင့်ပတ်သက်၍ မကြာမီဆွေးနွေးမည်ဟု တောရက်စ်က ပြောကြားသည်။ (အင်တာနက်) 

 **စပါးမှ မိုဒရစ်အား ရီးရဲမက်ဒရစ်က ပေါင် ၂၅ သန်းပေး**
 (လန်ဒန်၊ မေ ၂၁) ချန်ပီယံလိဂ်ကစားခွင့် မရတော့သည့် စပါးအသင်းမှ လူကာမိုဒရစ်အား ရီးရဲမက်ဒရစ်က ပေါင် ၂၅ သန်းပေး ခေါ်ယူရန် ကမ်းလှမ်းလိုက်ပြီဖြစ်သည်။ စပိန်လာလီဂါချန်ပီယံ ရီးရဲမက်ဒရစ်က ခရိုအေးရှား တိုက်စစ်မှူး လူကာမိုဒရစ်အားပေါင် ၂၅ သန်းပေးခေါ်ယူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့ သည်။ ရီးရဲမက်ဒရစ်က တိုက်စစ်မှူးကာကာကို ပဲရစ်စိန့်ဂျာမိန်းကလပ်သို့ ရောင်းချပြီး ရသည့်ငွေနှင့် မိုဒရစ်ကို ၀ယ်ယူရန် ပြင်ဆန်နေသည်ဟု ဆိုသည်။ ပြီးခဲ့သည့် နွေရာသီပက မိုဒရစ်ကို ပေါင် ၄၀ ပေး ရန် ကမ်းလှမ်းလာမှုကို စပါးအသင်းက ပယ်ချခဲ့သည်။ ယခုနှစ်ရာသီတွင် စပါးတို့အနေဖြင့် မိုဒရစ်အား ဆက်လက်ခေါ်ထားရန် အခက်အခဲနှင့်ရင်ဆိုင်နေရသည်။ ချယ်လ်ဆီးက ဘိုင်ယန်မြူးနစ်ကိုနိုင်ပြီး ဖလား ဆွတ်ခူးသွားခဲ့ခြင်းကြောင့် လာမည့်နှစ်ချန်ပီယံလိဂ်တွင် စပါးတို့ ၀င်ခွင့်ရမည်မဟုတ်တော့ပေ။ လက်ရှိ မိုဒရစ်၏ တန်ဖိုးမှာ ပေါင်သန်း ၃၀ ကျော်သာ ထိုက်တန်တော့မည်ဟုဆိုသည်။ ၄င်းအနေဖြင့် ယူရို ၂၀၁၂ ပြီးလျှင် ဆုံးဖြတ်ချက်အခိုင်အမာချရတော့မည်ဖြစ်သည်။ (အင်တာနက်) 

**ပေါ့ပ်အဆိုတော် အဒေလီ ဘေလ်ဘုတ်ဂီတဆု ၁၂ ဆုဆွတ်ခူး** 
(လော့စ်အိန်ဂျလိစ်၊ မေ ၂၁) ကမ္ဘာပေါ်ပေါ့ပ်အဆိုတော် အဒေလီသည် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ မေ ၂၁ ရက်က ကျင်းပသော ဘေလ်ဘုတ် (Billboard) ဂီတဆုပေးပွဲတွင် စုစုပေါင်း ဂီတဆု ၁၂ ဆု ဆွတ်ခူးရရှိသွားခဲ့ သည်။ အဆိုတော် အဒေလီသည် အဆိုပါဂီတဆုပေးပွဲတွင် ဆု ၁၈ ဆုဆွတ်ခူးမည်ဟု ပဏာမရွေးချယ် မှုစာရင်းထွက်ပေါ်ခဲ့ရာမှ ၁၂ ဆုဆွတ်ခူးသွားခဲ့ခြင်းဖြစ်သည်။ သူမ၏ ဒုတိယမြောက်အယ်လ်ဘမ်ဖြစ် သည့် 21 နှင့် အကောင်းဆုံးပေါပ့်ဂီတပညာရှင်ဆု၊ အကောင်းဆုံးအယ်လ်ဘမ်ဆုတို့အပါအ၀င် ဆု ၁၂ ဆု ဆွတ်ခူးသွားခဲ့ခြင်းဖြစ်သည်။ ဆုရသူများတွင် ဂျက်စတင်ဘီဘာ၊ ကာတီပယ်ရီနှင့် တေလာဆွစ်တို့ လည်းပါဝင်ကြသည်။ ဆုပေးပွဲပေးအခမ်းအနားကို လော့အိန်ဂျလိစ်မြို့ MGM Grand Garden ၌ ကျင်း ပခဲ့သည်။ ရက်ပ်အဆိုတော် ခါလီဖာ၊ လီဝိန်း၊ P&R အဆိုတော် ခရစ်ဘရောင်းတို့လည်း လူသစ်တန်း အမျိုးသားဂီတပညာရှင်ဆု၊ တစ်နှစ်တာ အမျိုးသားအကောင်းဆုံးတေးသံရှင်ဆု၊ R&B အကောင်းဆုံး ဂီတပညာရှင်ဆုများ အသီးသီးဆွတ်ခူးခဲ့ကြသည်။ (အင်တာနက်) 

**တရုတ်ရုပ်ရှင်မင်းသမီး လီပင်းပင်း ကိန်းစ်ရုပ်ရှင်ပွဲတော်တက်ရောက်** 
(ပါရီ၊ မေ ၂၁)
(၆၅ ကြိမ်မြောက် ကိန်စ်ရုပ်ရှင်ပွဲတော်ကို ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပလျက်ရှိရာ တရုတ်ရုပ်ရှင်မင်း သမီး လီပင်းပင်းလည်း တက်ရောက်လျက်ရှိသည်။ ကိန်းစ်ရုပ်ရှင်ပွတော်၌ ပါဝင်ဆင်နွှဲလျက်ရှိသော နိုင်ငံတကာမှ အနုပညာရှင်များအကြားတွင် ထူးခြားသောရိုးရာဝတ်စုံဒီဇိုင်းဖြင့် ၀တ်ဆင်ကာ ပွဲတက် လာသော ရုပ်ရှင်မင်းသမီး လီပင်းပင်းမှာ ကိန်းစ်ရုပ်ရှင်ပွဲတော်၌ ဆွဲဆောင်မှုအရှိဆုံး ရုပ်ရှင်မင်းသမီး အဖြစ် သတ်မှတ်ခံရကြောင်း မတ် ၂၁ ရက်၌ သတင်းထုတ်ပြန်သည်။ ရုပ်ရှင်မင်းသမီးသာမက အဆို တော်တစ်ဦးလည်းဖြစ်သော လီပင်းပင်း၏ ပြီးခဲ့သည့်နှစ်က Snow Flower and the Secret Fan အမည်ရှိ ရုပ်ရှင်ကားမှာ တရုတ်နိုင်ငံတစ်ဝန်း ပရိသတ်အကြိုက်ဆုံး ဇာတ်ကားတစ်ကား ဖြစ်ခဲ့သည်အ ထိ အောင်မြင်ခဲ့သည်။ ထို့အတူ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်း၌ ထုတ် လွှင့်ပြသခဲ့သော The Hunter အမည်ရှိ ဇာတ်ကားတွင်လည်း စူဆောင်ဟန်အမည်ရှိ အမျိုးသမီးတစ် ဦးအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ရာ ရဲရင့်ပြီး ဆုံးဖြတ်ချက်ပြတ်သားသည့် အမျိုးသမီးတစ်ဦးအဖြစ် ပီပြင်စွာ မြင်တွေ့ခဲ့ကြရသည်။ ရုပ်ရှင် မင်းသမီး လီပင်းပင်းသည် ၂၀၁၂ ခုနှစ်တွင်း I Do အမည်ရှိ ဇာတ်ကားကို ရိုက်ကူးနေပြီး မကြာမီ ရုံ တင်ပြသတော့မည်ဖြစ်သည်။ ထို့အတူ Resident Evil Retribution ရုပ်ရှင် ကားကိုလည်း ကိုယ်တိုင်ပါ ၀င်သရုပ်ဆောင်ကာ ကိုယ်တိုင်ထုတ်လုပ်သူအဖြစ် လုပ်ကိုင်လျက်ရှိသည်။ ရုပ်ရှင်မင်းသမီး လီပင်း ပင်းသည် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး ဂျက်ကီချန်းနှင့် ဒရာမာဇာတ်ကား တစ်ကားရိုက်ကူးရန် စီ စဉ်လျက်ရှိသည် ။ယင်းဇာတ်ကားသစ်ကို ရုပ်ရှင်မင်းသားဂျက်ကီချန်းနှင့်အတူ ကိုယ်တိုင်သရုပ်ဆောင် ကာ ပူးတွဲထုတ်လုပ်သူအဖြစ်လည်း လုပ်ကိုင်ရန် စီစဉ်လျက်ရှိသည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - ကောင်းမြတ်သူ ၊ မြင့်မောင်စိုး

-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း- 

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)