-မှတ်မိသမျှဟာသလေးတွေပါ-
**တိုးတိုးပြော**
ခြံထဲရှိသရက်ပင်ပေါ်တွင် သရက်သီးများခိုးနေသော အိပ်ဘေးမှ ချာတိတ်အား အိမ်ရှင်ကဖမ်းမိသည်။ လာလိုက်ခဲ့မင်းအဖေဆီသွားမယ်။ ကလေးကိုမဆုံးမရကောင်းလားလို့ ငါ သူ့ကိုသွားချဲမယ်၊ တိုးတိုးပြောပါဦးလေးရယ် ဖေဖေကြားသွားပါ့မယ်။ ဖေဖေကဟိုဘက်သစ်ပင်ပေါ်မှာ...။
.**လူပျောက်ရှာ**
ယောက်ျားပျောက်သွားသဖြင့် ကူညီရှာဖွေပေးပါရန် ရဲစခန်းသို့မိန်းမဖြစ်သူကလာပြောသည်။ ယောက်ျား၏ပုံပန်းသဏ္လန်ကို မေးမြန်းစုံစမ်းပြီးနောက် ရဲအရာရှိကအမျိုဒသမီးကိုပြောသည်။ `ကောင်းပြီးလေ၊ ကျွန်တော်တို့ကြိုးစားရှာပေးပါ့မယ်။ ဒါနဲ့ခင်ဗျားရဲ့ယောက်ျားကိုတွေ့ရင်ဘာပြောပေးရမလဲ´ ` ပြောလိုက်ပါ၊ကျွန်မအမေ ကျွန်မတို့အိမ်မှာလာနေမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ´
**ပို့စ်မော်ဒန်**
`ပို့စ်မော်ဒန်ဆိုတာဘာလဲဟင်´
`စားစရာမရှိရတဲ့အထဲ အရေမရအဖတ်မရတွေကို မစဉ်းစားဘူးဟေ့´
**အသိပေးရောပေါ့**
စာသင်ခန်းတွင်ဖြစ်သည်။ ဆရာမ…ကဲမောင်မြပြောစမ်း..ရှိတ်စပီးယားဘယ်တုန်းကသေတာလဲ
( မောင်မြ…)ဟင်...သေသွားပြီဟုတ်လား
နေမကောင်းဖြစ်တယ်တောင်မကြားလိုက်မိဘူး..
**အိန်ဂျယ်လှိုင်း**

No comments:
Post a Comment