ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, May 26, 2012

>
-ယခုလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ- 

**နှင်းလူများ အမှန်တကယ်ရှိ၊ မရှိ ဥရောပသိပ္ပံပညာရှင်များ လေ့ လာရန်ပြင်ဆင်**

 (လန်ဒန်၊ မေ ၂၄) အဆိုပါ နည်းပညာသစ်ကို အသုံးချရန် အောက်စဖို့တက္ကသိုလ်နှင့် လော်ဆိန်းဇီဝပြတိုက်တို့မှ သိပ္ပံပညာရှင်များကနှင်းလူများထံမှ ရရှိသည်ဟု ယူဆရသော အမွေးအမှင်နမူနာအချို့အား မျှဝေအသုံးပြုခွင့်ပေးရန် ကမ္ဘာတစ်လွှားရှိ ပြတိုက်များ၊သိပ္ပံပညာရှင်များနှင့် နှင်းလူသုတေသီများသို့ မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။အမွေးအမှင် အနည်းငယ်မျှ ရရှိရုံဖြင့် ဒီအင်န်အေ ခွဲခြမ်းစိတ်ဖြာမှုနည်းပညာသစ်ကို သိပ္ပံပညာရှင်များက အသုံးပြုနိုင်မည်ဖြစ်ပြီး ရလဒ်အဖြေကိုလည်း ရက်သတ္တပတ် အနည်းငယ်အတွင်း ဖော်ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ဒီအင်န်အေ ခွဲခြမ်းစိတ်ဖြာမှု နည်းပညာသစ်အရ အမွေးအမှင်နမူနာများသည် အမည်မသိ မျိုးစိတ်တစ်ခုမှဖြစ်ကြောင်းဆုံးဖြတ်ပေးနိုင်သည့်တိုင် ယင်းမျိုးစိတ်သည် မျောက်ဝံ သို့မဟုတ်လူအပါအဝင် မည်သည့်မျိုးစိတ်နှင့်မည်မျှနီးစပ်နိုင်သည်ဆိုသော အချက်အားသိပ္ပံ ပညာရှင် များ က ဖော်ထုတ်ပေး နိုင်မည်ဖြစ်သည်။ အမွေးအမှင်ထူထပ်၍ မျောက်ဝံများနှင့် အလားသဏ္ဌာန် တူသော နှင်းလူများသည် တောနက်ကြီးများနှင့် နှင်းဖုံးတောင်တန်းများတွင် နေထိုင်ကြဖွယ်ရှိကြောင်း ယူဆထားကြသည်။ နှင်းလူများ တည်ရှိမူကို သိပ္ပံပညာရှင်အများစုက ယုံကြည်ခြင်း မရှိသော်လည်း ကိုယ်တွေ့ကြုံသူများ၏ တင်ပြမှုများ၊ဓာတ်ပုံများနှင့် ဇာတ်လမ်းဖြစ်ရပ်များကြောင့် နှင်းလူဒဏ္ဍာရီမှာယနေ့တိုင် ရှင်သန်ဆဲဖြစ် သည်။ (အင်တာနက်)

**မိုးတုဖန်တီးမှုနည်းပညာ ပိုမိုအသုံးချနိုင်ရေး တရုတ်နိုင်ငံ ကြိုးပမ်းမည်** (ပေကျင်း၊ မေ ၂၄)
အရေးပေါ်အသုံးချ ဥတုရာသီအတု ဖန်တီးမှုနည်းပညာကဏ္ဍတွင် ရှေ့ဆောင်နိုင်ငံများနှင့် နှိုင်းယှဉ်ပါကတရုတ်နိုင်ငံသည် နောက်ကျ
ကျန်ရစ်နေသေးကြောင်း ဆင်ဟွာသတင်းဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။တရုတ်နိုင်ငံ၏ သဘာဝနှင့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ဘေးဒုက္ခအများအပြားသည် မိုးခေါင်ရေရှားပြဿနာကို အရင်းခံကြောင်း ပေကျင်းမြို့တော်တွင် မေ ၂၂ ရက်က ကျင်းပခဲ့သော အမျိုးသားရာသီဥတုပြောင်းလဲဖန်တီးမှုဆိုင်ရာညီလာခံ၌ မိုးလေဝသ ပညာရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။ မိုးရွာသွန်းမှုဖြစ်ပေါ်စေရန်ဆေးလ်ဗား အိုင်အိုဒိုက် အမှုန်များ သို့မဟုတ် ရေခဲခြောက်များ ထည့်သွင်းတင်ဆောင်ထားသော လေယာဉ်များ၊ဒုံးကျည်များနှင့် အမြောက်ကျည်များကို အသုံးပြုကာ တရုတ်နိုင်ငံသည်၂ဝဝ၂ ခုနှစ်မှစ၍ လူလုပ်ရာသီဥတုဖြစ်စဉ် ၅၆ဝဝဝဝ ဖန်တီးခဲ့သည်။ယင်းသို့ လုပ်ဆောင်မှုကြောင့် တရုတ်နိုင်ငံတစ်ဝန်း မိုးရေတန်ချိန် ၄၈၉ ဒသမ ၇ ဘီလီယံရရှိခဲ့ပြီး စီးပွားရေးအရ အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၄ ဘီလီယံ ချွေတာနိုင်ခဲ့သော်လည်း သိပ္ပံနှင့် နည်းပညာကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှု နည်းပါးသောကြောင့် ရာသီဥတုဖြစ်စဉ်အတုဖန်တီး ရေးကြိုးပမ်း မှုများမှာ တိုးတက်သင့်သလောက်မတိုးတက်ခဲ့ကြောင်း သိပ္ပံပညာရှင်တစ်ဦးကပြောကြား ခဲ့သည်။ (အင်တာနက်) **အာကာသအခြေစိုက် နေစွမ်းအင် အနာဂတ်ကာလ၌ ရေပန်းစာဖွယ်ရှိ** (လန်ဒန်၊ မေ ၂၄) အနာဂတ်ကာလတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အဖြစ် အာကာသအခြေစိုက် နေရောင်ခြည်စွမ်း အင်ကို ထုတ်ယူသုံးစွဲလာကြဖွယ်ရှိကြောင်းဗြိတိန်နိုင်ငံ စကော့တလန်ဒေသ ဂလပ်စကိုမြို့ရှိ စထရက်ချိုက်တက္ကသိုလ်မှ သုတေသီများ၏ လေ့လာချက်တစ်ရပ်တွင် ဖော်ပြသည်။ အာကာသ အတွင်း နေစွမ်းအင်ကို စုဆောင်းရယူပေးမည့် ကိရိယာတစ်မျိုးကို ဗြိတိသျှသုတေသီများက တီထွင်ထုတ်လုပ်နိုင်ရန် လေ့လာလျက်ရှိကြသည်။အဆိုပါ ကိရိယာသည် နေရောင်ခြည်ဆိုလာ ပြားများအဖြစ် ဝန်ဆောင်ပေးမည်ဖစ်ကာ နေစွမ်းအင်ကို မိုက္ကရိုဝေ့ဗ် (ခေါ်)လျှပ်စစ်သံ လိုက်လှိုင်း တိုများ သို့မဟုတ် လေဆာ (ခေါ်) အင်အားပြင်းရောင်ခြည်လှိုင်းမှတစ်ဆင့် ကမ္ဘာမြေပြင်ပေါ်သို့ပြန် လည်ပို့ဆောင်ပေးမည်ဖြစ်သည်။ အာကာသအခြေစိုက် နေစွမ်းအင်ထုတ်လုပ်ရေးကိရိယာ ကို အောင်မြင်စွာတီထွင်ထုတ်လုပ်နိုင်မည် ဆိုပါက ကမ္ဘာပေါ်ရှိ ဝေးလံခေါင်သီသော ဒေသများသို့စွမ်းအင် ထောက်ပံ့ပေးနိုင်ရန် အခွင့်သာမည်ဖြစ်သည်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လျက်ရှိသော ဒေသ များနှင့် သမားရိုးကျ နည်းလမ်းများအရလျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်ရန်ခက်ခဲသော ဒေသများသို့ အာကာသအတွင်း ထုတ်ယူသော နေစွမ်းအင်ကို ထောက်ပံ့ပေးလာနိုင်မည် ဖြစ်ကြောင်းအဆိုပါ တက္ကသိုလ်မှ စက်မှုနှင့် လေကြောင်းအာကာသ အင်ဂျင်နီယာဌာနပါမောက္ခ ဒေါက်တာ မာစီမီလာနိုက ပြောကြားသည်။ ဆာဟာရသဲကန္တာရသည် နေစွမ်းအင်ထုတ်ယူနိုင်ရန် အခွင့်သာသော်လည်းထုတ်ယူပြီး နေစွမ်းအင်ကို ဝေးလံသောကမ္ဘာ့ဒေသ များသို့ ဆက်လက်ပေးပို့ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ အာကာသအခြေစိုက် နေစွမ်းအင်ကိုမူ မိုက္ကရိုဝေ့ဗ်(သို့မဟုတ်) လေဆာဖြင့် ပေးပို့နိုင်ကြောင်း ၄င်းက ပြောကြားသည်။ (အင်တာနက်) 

**အိုလံပစ်အားကစားပွဲတော်ကာလ၌ လန်ဒန်လေကြောင်းနယ်နိမိတ်လုံခြုံရေး စစ်ဘက်ကစောင့် ကြပ်မည်**
 (လန်ဒန်၊ မေ ၂၄) ဗြိတိန်နိုင်ငံ၌ အိုလံပစ်အားကစားပွဲတော် လုံခြုံရေးအတွက်မြို့တော်လန်ဒန်၏လေကြောင်း နယ်နိမိတ်ကို စစ်ဘက်ကတာဝန်ယူစောင့်ကြပ်ပေးမည်ဖြစ်ကြောင်း တိုင်းမ်သတင်းစာကမေ ၂၃ရက် တွင် ရေးသားဖော်ပြသည်။ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်၏ လေကြောင်းနယ်နိမိတ်ကို စစ်ဘက်က လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးလုပ်ငန်းအရစောင့်ကြပ်ပေးခြင်းမှာ ၁၉၄၅ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်သည်။ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင်လန်ဒန်လေ ကြောင်းနယ် နိမိတ်ကို ထားရှိမည်ဖြစ်ကြောင်း၊သို့ရာတွင် အရပ်ဘက်လေကြောင်း ထိန်းသိမ်းရေးမှူးများ ကအို လံပစ်ပွဲတော်အတွက် ဝင်ရောက်လာမည့် ခရီးသည်များတွက်လေကြောင်းဆိုင်ရာ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်းသတင်းတွင် ဖော်ပြသည်။ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဌာနသည် လန်ဒန်လေကြောင်းနယ်နိမိတ်အတွက် လုံခြုံရေးဇုန်နယ်မြေတစ်ရပ်ကို ထူထောင်မည်ဟု မျှော်လင့်ရသည်။အင်္ဂလန်တောင်ပိုင်း ဟမ့်ရှိုင်းယားဒေသ၌ စစ်ဘက်နှင့်အရပ်ဘက်တို့၏ပူးတွဲထိန်းချုပ် ရေးဌာနတစ်ခုကို ဖွင့်လှစ်ရန်လည်း စီစဉ်လျက်ရှိသည်။ ဇူလိုင် ၂၇ရက်တွင် စတင်မည့် အိုလံပစ်အား ကစားပွဲတော်လုံခြုံရေးအတွက်တပ်ဖွဲ့ဝင် ၄ဝဝဝဝ က တာဝန်ယူမည်ဖြစ်သည်။ (အင်တာနက်)

 **အမေရိကန် ရေငုပ်သင်္ဘောပေါ်၌မီးလောင်မှု ဖြစ်ပွား၊ ခုနစ်ဦးဒဏ်ရာရ**
 (၀ါရှင်တန်၊ မေ ၂၄) အမေရိကန်နိုင်ငံ မိန်းပြည်နယ်ရှိ သင်္ဘောကျင်းတစ်ခု၌အဏုမြူစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ ခုနစ်ဦးထက်မနည်းဒဏ်ရာရရှိကြောင်း အမေရိကန်ရေတပ်က မေ၂၄ရက်တွင် ပြောကြား သည်။ယူအက်စ်အက်စ်မိုင်ယာမီအမည်ရှိ ရေငုပ်သင်္ဘောပေါ်၌မေ ၂၃ ရက် ဒေသစံတော်ချိန် ညနေ ၆နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။အဆိုပါရေငုပ်သင်္ဘောကိုပြုပြင်ထိန်း သိမ်း နိုင်ရန်ပို့စ်မောက်ရေတပ်သင်္ဘောကျင်း၌ လွန်းတင်ထားချိန်အတွင်းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ ညဥ့်နက်ပိုင်းအထိ မီးလောင်မှုဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။ရေတပ်သားများနေထိုင်ရာ အခန်းများနှင့် ထိန်းချုပ်ရေးအခန်းများ တည်ရှိရာ ရေငုပ်သင်္ဘော၏ရှေ့ပိုင်း၌ မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုဖြစ်ပွားချိန်တွင် ရေငုပ်သင်္ဘော ပေါ်၌ မည်သည့် လက်နက်မျှတပ်ဆင်ထားခြင်းမရှိကြောင်း၊ဓာတ်ပေါင်းဖိုမှာဘေးကင်းလုံခြုံသောအနေ အထား တွင်ရှိနေကြောင်း သိရသည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)