ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, May 26, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း- 
**တောရက်စ်နှင့် မာတာ စပိန်အသင်း၌ ပါဝင်လာဖွယ်ရှိနေ** 

(စပိန်၊ မေ ၂၄) စပိန်အသင်းသည် ယူရို ၂ဝ၁၂ ပြိုင်ပွဲအကြိုအဖြစ် ယှဉ်ပြိုင်ကစားမည့်ဆားဘီးယား၊တောင်ကိုရီးယား အသင်းများ နှင့် ချစ်ကြည်ရေးခြေစမ်းပွဲများ၌ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် ချယ်လ်ဆီးအသင်းမှ တိုက်စစ်မှူးတောရက်စ်နှင့် မာတာတို့အား စပိန်အသင်းအတွက် ကစားသမား ထပ်မံအားဖြည့်လိုက်ပြီဖြစ်သည်။ ချယ်လ်ဆီး အသင်း မှ တိုက်စစ်မှူးတောရက်နှင့် မာတာတို့အတွဲအား စပိန်အသင်းနည်းပြ ဒယ်လ်ဘိုစကေးက အသင်း၏ ပဏာမကစားသမား ၂၁ ဦးစာရင်းတွင် အစောပိုင်းက ချန်လှပ်ထားခဲ့သည်။ သို့သော် ချယ်လ်ဆီးအသင်းချန်ပီယံလိဂ်ဖလား ရရှိခဲ့ပြီးနောက်တောရက်စ်နှင့် မာတာတို့အား စပိန်အသင်းအတွက် ထပ်မံအင်အား ဖြည့် လိုက်ကြောင်း သိရသည်။စပိန်အသင်းနည်းပြ ဒယ်လ်ဘိုစကေးက ချယ်လ်ဆီးကစားသမား ဖာနန်ဒိုတောရက်စ်နှင့် မာတာတို့အား ဖိတ်ခေါ်ထားပြီး ဖြစ်သောကြောင့် အဆိုပါ ကစားသမားနှစ်ဦးသည် မေ ၂၅ ရက်တွင်အသင်းသို့ ဆက်သွယ်လာလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စပိန်အသင်းသည်ယူရို ၂ဝ၁၂ပြိုင်ပွဲအတွက် နောက်ဆုံးကစားသမား၂၃ ဦးစာရင်းကို ထုတ်ပြန်မည်ဖြစ်ပြီး ယူရို၂ဝ၁၂ ပြိုင်ပွဲမတိုင်မီ ဆားဘီးယား၊တောင်ကိုရီးယား အသင်းတို့နှင့်ချစ်ကြည်ရေးခြေစမ်းပွဲတွင် ချယ်လ်ဆီးကစားသမားနှစ်ဦး ပါဝင်လာရန်သေချာကြောင်း စပိန်အသင်းနည်းပြဒယ်လဘိုစကေး က ထုတ်ဖော်ပြောကြားခဲ့သည် ။ (အင်တာနက်)

**အမေရိကန်နိုင်ငံ၏စီးပွား ရေး နှင့် နိုင်ငံရေးကို နောက်ခံပြုထားသည့် ဇာတ်ကားဖြင့်ကန်းရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့် ဘရက်ဒ်ပစ်**
ဟောလိဝုဒ်စူပါစတား နာမည်ကျော်မင်းသား ဘရက်ဒ်ပစ်သည် ၄င်း၏ နောက်ဆုံးရိုက်ကူးခဲ့သော အမေရိကန်နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းကို နောက်ခံပြု ရိုက်ကူးထားသည့် Killing Them Softy ဇာတ်ကား အရောင်းမြှင့်တင်ရေးပြုလုပ်ရန် မေ ၂၂ ရက်က ပြင်သစ်နိုင်ငံရီဗီးယားကမ်းခြေ၌ ကျင်းပလျက်ရှိသော(၆၅)ကြိမ်မြောက် ကန်းရုပ်ရှင်ပွဲတော်သို့တက် ရောက်လာခဲ့သည်။ ဤဇာတ်ကားသည် ဂျော့ဂ်ျ ဗွီဟစ်ဂင်စ်၏ ဝတ္ထုကို ဒါရိုက်တာအန်ဒရူးဒိုမီနစ်ခ် က ရုပ်ရှင်ဇာတ်ကားအဖြစ်ပြန်လည်အသက်သွင်းရိုက်ကူးတင်ဆက်ထားပြီး ဘရက်ဒ်ပစ်က အဓိကဇာတ်ကောင် ဂျက်ကီကိုဂန်အဖြစ် သရုပ်ဆောင်ထားသည်။ယင်းဇာတ်ကားသည်အမေရိကန် နိုင်ငံနဖူးတွေ့ဒူးတွေ့ရင်ဆိုင်ခဲ့ရသော စီးပွားရေးအခက်အခဲနှင့် သမ္မတ ဘာရက်အိုဘားမား၏ ၂ဝဝ၈ ခုနှစ် သမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုကာလတို့ကိုနောက်ခံထား ရိုက်ကူးထားပြီး ယခုနှစ် စက်တင်ဘာလတွင် ဖြန့်ချိပြသရန် စီစဉ်ထားသောကြောင့် အိုဘားမား၏ ဒုတိယအကြိမ် သမ္မတ ရွေးကောက်ပွဲ ကာလမပြီးဆုံးသေးသော စီးပွားရေးပြဿနာများနှင့် ကြုံတွေ့နေရသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။ထို့ပြင် ဤဇာတ်ကားသည် ယခုနှစ်ကန်းရုပ်ရှင်ပွဲတော်သို့ လာရောက်ယှဉ်ပြိုင် ပြသခဲ့သည့် ဇာတ်ကားများမှPalme d’orဆုအတွက် ပဏာမရွေးချယ်ထားသည့် ဇာတ်ကား ၂၂ ကားတွင်လည်း ရွေးချယ်ခံထားရသည်။ဘရက်ဒ်ပစ်က ကန်းရုပ်ရှင်ပွဲတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌၄င်းနှင့် ကာလကြာရှည် လက်တွဲလာသည့် ကမ္ဘာကျော်ဟောလိဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီနှင့် လက်ထပ်ပွဲကျင်းပရန် နေ့ရက် မသတ်မှတ်ရသေးကြောင်းနှင့် ယခုနှစ် ကန်းရုပ်ရှင်ပွဲတော်သို့ အိန်ဂျလီနာဂျိုလီ တက်ရောက်နိုင်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)

 **ဘောလုံးအဖွဲ့ ချုပ်က ဂျိုးဘာတန်အား၁၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်**
ကျူပီအာအသင်း ခေါင်းဆောင်ဂျိုးဘာတန်သည် မန်စီးတီးကစားသမားသုံးဦးအား ကြမ်းတမ်းစွာ ပြုမူခဲ့သည့်၎င်း၏လုပ်ရပ်များကြောင့် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)က ၁၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပြီဖြစ်သည်။ အသက် (၂၉)နှစ်အရွယ်ရှိ ကျူပီအာကွင်းလယ်ကစားသမားဂျိုးဘာတန်သည် ကျူပီအာအသင်းက မန်စီးတီးအသင်းအား သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပရီမီယာလိဂ်၏ နောက်ဆုံးပွဲစဉ် (၃၈)တွင် မန်စီးတီးတိုက်စစ်မှူး ကားလို့တိဗက်စ်အားတံတောင်ဖြင့်တွက်ခဲ့သော ကြောင့် ပရီမီယာလိဂ်ရာသီတွင် ဒုတိယအကြိမ်အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရပြီးလေးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ကျူပီအာ အသင်းခေါင်းဆောင်ဂျိုးဘာတန်သည် မန်စီးတီးတိုက်စစ်မှူးဆာဂျီယို အဂူရိုအား ခြေဦးဖြင့် ကန်ခဲ့မှုနှင့်မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီအား ခေါင်းဖြင့်ထိုးတိုက်ရန် ကြိုးစားခဲ့မှုတို့ကြောင့် ဘောလုံးအဖွဲ့ချုပ်က စွဲချက်နှစ်ခုဖြင့် နောက်ထပ်ရှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။အဆိုပါ စွဲချက်နှစ်ခုဖြင့် အက်ဖ်အေ၁၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့သည့်အပြဒဏ်ကြေးအဖြစ် ပေါင် ၇၅ဝဝဝ ကိုလညဒဏ်တပ်ခဲ့သည်။ ကျူပီအာ ကွင်းလကစားသမား ဂျိုးဘာတန်သည် မန်စီးတ တိုက်စစ်မှူးဆာဂျီယိုအဂူရိုအားခြေဖြင့်ကန်ခဲ့ခြင်းကိုဝန်ခံခဲ့သော်လည်းမန်စီးတီးအသင်းခေါင်းဆောင် ကွန်ပအား ခေါင်းဖြင့်ထိုးတိုက်ရန် ကြိုးစားခဲ့ခြကိုမူ ငြင်းဆိုခဲ့သည်။ (အင်တာနက်)

စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)