-သည်းထိတ်ရင်ဖို အကြိတ်အနယ်ဆင်နွှဲကြမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ-
(တိုက်စစ်မှူး ဒရော့ဘာ ဂိုးသွင်းမှာလား….)
ဘောလုံးသမားတွေမျှော်လင့်စောင့်စားနေတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးကို မေ ၁၉ ရက်မှာ ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲတက်လာတဲ့ အသင်းတွေကတော့ ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်နဲ့ ပရီမီယာလိဂ်ကလပ် ချယ်လ်ဆီးအသင်းတို့ ဖြစ်ပါတယ်။ ဒီ ဗိုလ်လုပွဲကို ဘိုင်ယန်မြူးနစ်ကွင်းမှာ ကစားကြမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မူလကတည်းက ဘိုင်ယန်မြူးနစ်ကွင်းမှာ ကစားဖို့ဆုံးဖြတ်ခဲ့တာ ကြောင့် ဘိုင်ယန်မြူးနစ်တို့ ကံကောင်းထောက်မစွာနဲ့ အိမ်ကွင်း အိမ်ပရိသတ်တွေရှေ့မှာ ကစားခွင့်ရ မှာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့ အလေး သာနေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရော ချယ်လ်ဆီးအသင်းပါ ဒီဗိုလ်လုပွဲကိုရောက်ဖို့ ပြိုင်ပွဲ ၁၂ ပွဲစီ အ ကြိတ်အနယ်ကစားပြီးမှ ရောက်ရှိလာကြတဲ့အသင်းတွေ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ချန် ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် နိုင်ပွဲကိုးပွဲ၊ ရှုံးပွဲနှစ်ပွဲနဲ့ သရေတစ်ပွဲကစားပြီး ဗိုလ်လုပွဲကို တက်ရောက်လာ တဲ့အသင်းဖြစ်ပါတယ်။ အလားတူချယ်လ်ဆီးအသင်းကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် နိုင်ပွဲခုနစ်ပွဲ၊ သရေသုံး ပွဲနဲ့ ရှုံးပွဲနှစ်ပွဲကစားခဲ့ပါတယ်။ အထူးသဖြင့် ချယ်လ်ဆီးအသင်းဟာ အကြိုဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ နာမည်ကြီးရီးရဲမက်ဒရစ်ကို အနိုင်ကစားပြီး ဗိုလ်လုပွဲရောက်လာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ၁၉၇၃-၁၉၇၄ တွင် တစ်ကြိမ် ၁၉၇၄-၁၉၇၅ တွင် တစ်ကြိမ် ၁၉၇၅ - ၁၉၇၆ တွင် တစ်ကြိမ် ၊ ၂၀၀၀-၂၀၀၁ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း လေးကြိမ်တိုင်တိုင် ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဗိုလ်လုပွဲသို့တက် ရောက်နိုင်မှု မှာလည်း လေးကြိမ်ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီက အင်တာ မီလန်အသင်းကိုရှုံးပြီးဖလားလက်လွတ်ခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ်မျှဆွတ်ခူး ခဲ့ဖူးခြင်းမရှိသေး တဲ့အသင်း ဖြစ်ပါတယ်။ ၂၀၀၇-၂၀၀၈ ဘောလုံးရာသီက ဗိုလ်လုပွဲကို တစ်ကြိမ် အဖြတ်နဲ့ရှုံးပြီး ဖလား လက်လွတ် ခဲ့ရတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ချယ်လ်ဆီးတို့ရဲ့ လက်ရှိခြေစွမ်းကိုလေ့လာကြည့်ရင် ဘိုင်ယန် မြူးနစ်က သာနေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ အကြိုဗိုလ်လုပွဲနဲ့ ကွာတားဖိုင်နယ်ပွဲ တွေကိုကြည့်ခြင်း အားဖြင့် ဘိုင်ယန်မြူးနစ်က ခြေစွမ်းအသာရှိတယ်ဆိုတာ တွေ့နိုင်ပါတယ်။ လက်ရှိချယ်လ်ဆီးအသင်းမှာတော့ တိုက်စစ်မှူး ဒရော့ဘာ၊ လမ်းပတ်၊ တောရက်စ်၊ အက်ရှ် လေးကိုး၊ မာလူဒါ၊ အက်ဆီယံ၊ ဂါရကာဟေးလ်၊ ဒေးဗစ်လုစ်တို့ ပါဝင်ကစားဖို့ ပြင်ဆင်လျက်ရှိပါတယ်။ ဂျွန်တယ်ရီ၊ အီဗာနိုဗစ်၊ ရာမီယက်စ်နဲ့ မီရာလက်စ်တို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး၊ ချယ်လ်ဆီးအသင်းဟာ ဒီနှစ် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ လီဗာပူးကိုနိုင်ပြီး ဖလားဆွတ်ခူးခဲ့တဲ့ အသင်းဖြစ်ပါတယ်။
(ဘိုင်ယန်မြူးနစ်အတွက် ဖလားယူပေးမယ့် ဂိုမက်ဇ်)
ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ဒီပွဲဟာ နောက်ဆုံး အခွင့်အလမ်း ဖြစ်လိမ့်မယ်လို့ ချယ်လ်ဆီးနည်းပြ ဒီမတ်တီယိုကသူ့ကစားသမားတွေကို ပြောကြားနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှအနိုင်မရခဲ့ရင် နောက်နှစ်ချန်ပီယံလိဂ်ပြိုင်ပွဲ ၀င်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒရော့ဘာနဲ့ လမ်းပတ်တို့ ဦးဆောင်တဲ့ချယ်လ်ဆီးကစားသမားတွေဟာ ဖလားလည်းရစေ၊ ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရစေ၊ ဟူသော သားရွှေအိုးထမ်းလာတဲ့ကိန်း ဆိုက်အောင် လူစုံထုတ် ခြေကုန်ထုတ်ပြီး ကစားမယ့်ပွဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဘိုင်ယန်မြူးနစ်နဲ့ ချယ်လ်ဆီးတို့ရဲ့ ချန်ပီယံလိဂ်ဖလားလုတိုက်ပွဲကြီးကတော့ ဘော လုံးရသအပြည့်အ၀ရှိမယ့် တကယ့်သည်းထိတ်ရင်ဖို့ အကြိတ်အနယ်ဆင်နွှဲကြမယ့် ပြိုင်ပွဲကြီး ဖြစ်ပါ တယ်။
(ကိုးကား-အင်တာနက်) စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment