ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, May 19, 2012

>
-အေဗရာဟမ် လင်ကွန်း ရှေ့နေများသို့ မှာကြားချက် (၁၈၅၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်ဝန်းကျင်)
-
ကျွန်ုပ်သည် ပြည့်စုံအောင်မြင်လှသော ရှေ့နေတစ်ဦးမဟုတ်ပါ။ ယင်းလုပ်ငန်းနှင့် ပတ်သက်၍ ကျွန်ုပ်အနေဖြင့် မအောင်မြင်မှုများရှိသည့်နည်းတူ အတန်အသင့် အောင်မြင်ခဲ့ မှု များရှိခဲ့ပါသည်။ အများက ရှေ့နေ (lawyer) ဟု ခေါ်တွင်ခြင်းခံနေရသူတစ်ဦးအတွက် အဓိက နည်းဥပဒတစ်ရပ်မှာ လုံ့လ၀ီရိယကြီးမားမှုဖြစ်ပါသည်။ ယနေ့လုပ်လျှင် ပြီးနိုင်သည့် အလုပ်ကို မနက်ဖြန်အထိ ချန်မထားပါနှင့်။ စာရွက်စာတမ်း ပေးပို့မှုတွင် နောက်မကျပါစေ နှင့်၊ လက်ထဲတွင်ရောက်လာသည့် အလုပ်ကို မဖြစ်မနေပြီးအောင်လုပ်ထားပါ။ တရားစွဲဆို ရန်ရှိလျှင် အချက်အလက် ပြည့်စုံနေပါက တရားဝင်ကြေငြာချက်ကို ချက်ချင်းရေးချလိုက် ပါ။ ဥပဒေကိုးကားစရာများ ရှိနေပါက ဥပဒေစာအုပ်များတွင် ရှာကြည့်ပါ။ အားပြုလောက် သည့်အချက်ကို မှတ်သားထားပါ။ လိုအပ်လျှင်ရှာတွေ့ပါလိမ့်မည်။ ထုချေရန်၊ လျှောက်လဲ ရန်ရှိလျှင်လည်း ထိုအတိုင်းလုပ်ဆောင်သင့်ပါသည်။ သာမန် collection cases, foreclosures, partitions စသည့် အမှုမျိုးတွင်မူ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို စစ်ဆေး ကြည့်ပါ။ ကောက်ချက်ရေးပါ။ Draft orders နှင့် decrees များကိုလည်း တင်ကြိုရေးထား ပါ။ ယင်းသို့ ဆောင်ရွက်ခဲ့လျှင် အားသာချက် သုံးချက် ပေါ်လာပါလိမ့်မည်။ ကျန်ရစ်ခြင်း၊ မေ့လျော့မိခြင်းမျိုးများ မဖြစ်ပေါ်စေနိုင်ပါ။ တစ်ကြိမ်လုပ်ထားရုံဖြင့် အလုပ်သက်သာသွား စေနိုင်သည်။ တရားရုံးတွင် အားလပ်ချိန်ရသွားနိုင်သည်။ စကားကောက်ကာငင်ကာ ပြောတတ်အောင် လေ့ကျင့်ထားသင့်သည်။ ရှေ့နေများနှင့် ပြည်သူများဆက်သွယ်ရာ လမ်းကြောင်းဖြစ်သည်။ အခြားကိစ္စများတွင် မည်မျှ တော်ပြီး၊ သစ္စာတရားစောင့်သိတတ်မှု ပင် ဖြစ်စေ၊ စကားကောင်းကောင်းမပြောတတ်လျှင် လွယ်လွယ်ဖြင့် အကူအညီတောင်းကြ လိမ့်မည် မဟုတ်ပါ။ စကားရေရေလည်လည်မပြောတတ်ပါက လျှောက်လဲမှု ငြီးငွေ့ဖွယ် ကောင်းပြီး သူ လိုက်နေသည့် အမှုမှာ စောစောစီးစီး ရှုံးနိမ့်နေပြီဟု ဆိုနိုင်သည်။ တရားစွဲဆိုမှုမျိုး မပြုရန် တိုက်တွန်းပါ။ မိမိ၏ အိမ်နီးချင်းများ တစ်ဦးနှင့်တစ်ဦး သင့်သင့်မြတ်မြတ် နေထိုင်ကြရန် တတ်နိုင်သမျှဖျောင်းဖျပါ။ အမှုနိုင်သည်ဆိုသူများသည် အမှန်တကယ် ရှုံးနိမ့်သူများသာဖြစ်ကြောင်း၊ ရှေ့နေငှားခ၊ ကုန်ကျစရိတ်များ ကုန်ကျသွား ခြင်းသာဖြစ်ကြောင်း၊ အချိန်များ အလဟဿ ဖြစ်သွားခြင်းသာ ဖြစ်ကြောင်း ပြောပြပါ။ ရှေ့နေတစ်ယောက်သည် ငြိမ်းချမ်းရေးတမန်တစ်ဦးဖြစ်သည့်အလျောက် လူတော် လူကောင်း တစ်ဦးဖြစ်ရန် အခွင့်အလမ်းကြီး ရရှိနေပါသည်။ ယင်းသို့လုပ်ကိုင်ပေးလိုက် သဖြင့် မိမိ၏ စီးပွားရေးကို မထိခိုက်နိုင်ပါ။ အမှုဖြစ်ရန် အားပေးအားမြှောက် မပြုပါနှင့်။ ယင်းသို့ လုပ်ကိုင်တတ်သူသည် ဆိုးသွမ်းသူတစ်ဦးထက်ပိုသည်။ သူတစ်ပါး အမှုအခင်းဖြစ်အောင် ဆွပေးပြီး မိမိအိတ်ထဲ ပိုက်ဆံများ မထည့်သင့်ပါ။ ရှေ့နေလုပ်ငန်းတွင် ကိုယ်ကျင့်တရား ပါရှိသင့်ပါသည်။
ထိုသို့ လုပ်ဆောင်တတ်သူမျိုးကို ရှေ့နေလောကမှ မောင်းထုတ်ပါ။ အခကြေးငွေကိစ္စလည်း အရေးကြီးလှပါသည်။ စားရေးသောက်ရေးကိစ္စ ထက်ပို၍ မျှော်လင့်ပါသည်။ အမှုသည်နှင့် ရှေ့နေ နှစ်ဦးနှစ်ဖက် အကျိုးရှိစေရမည်။ အကျိုးဆောင်ခ ကို မတန်တဆ မတောင်းပါနှင့်။ အကျိုးဆောင်ခ အဖြစ် ပုံမှန်ပေးငွေထက် ပိုမတောင်းနှင့်။ အကျိုးဆောင်ခကို ညှိနှိုင်းရယူပါ။ မှတ်သားထားပါ။ သို့မှသာ ပေးအပ်လာသည့်တာဝန်ကို စိတ်ဝင်စားပြီး သစ္စာရှိရှိ ဆောင်ရွက်ပေးနိုင်လိမ့်မည်။ fee note ကို မည်သည့်အခါမျှ ရောင်းမစားပါနှင့်။ အမှုအပေါ် စိတ်ဝင်စားမှုနည်းပါးခြင်းသည် ပေါ့ဆမှု (negligence) ဖြစ် သည်။ ရှေ့နေများသည် သေချာပေါက် မရိုးမဖြောင့်သူများဖြစ်သည်ဟု ပြောချင်နေကြပါ သည်။ လူအများက ရှေ့နေများအပေါ် မည်မျှလောက်ထိ ယုံကြည်စိတ်ထားရှိပြီး တန်ဖိုး ထားကြောင်း မသိနိုင်၍ ပြောချင်နေကြပါသည် ဟု သုံးနှုန်းလိုက်ရပါသည်။ သို့ရာတွင် ရှေ့နေများသည် မရိုးသားကြ ဟု အများက လက်ခံယုံကြည်ထားကြပါသည်။ ရှေ့နေ လုပ်ငန်းဖြင့် အသက်မွေးလိုသူ လူငယ်များ ရိုးသားမှုမရှိလျှင် ထိုအလုပ်ကို မရွေးချယ်ကြ ပါနှင့်၊ မိမိကိုယ်မိမိ ရိုးဖြောင့်သော ရှေ့နေတစ်ဦး ဖြစ်မလာနိုင်ပါဟု ယူဆမိလျှင် ရှေ့နေ အလုပ်မလုပ်ဘဲ ရိုးရိုးဖြောင့်ဖြောင့် နေနိုင်အောင် ကြိုးစားပါ။ လူယုတ်မာတစ်ဦး ဖြစ်လာရန် ရှေ့နေလုပ်ငန်းကို မရွေးပါနှင့်။ အခြားအလုပ်အကိုင်တစ်ခုခု ရှာဖွေလုပ်ကိုင်စေလိုပါသည်။
* အေဗရာဟမ် လင်ကွန်းသည် အမေရိကန်ပြည်ထောင်စု၏ ၁၆ဦးမြောက် သမ္မကြီး ဖြစ်သည်။ တောရွာလေးတစ်ရွာတွင် အလွန်နုံချာသော သစ်လုံးအိမ်ကလေး၌ မွေးဖွားသည်။ ငယ်စဉ်က အလွန်ဆင်းရဲသောကြောင့် မီးခွက် ဖယောင်းတိုင်မတတ်နိုင်၍ အလင်းရောင်ရရှိ နိုင်သည့် မီးလင်းဖိုနံဘေးတွင် စာရေး၊ စာဖတ်ရသည်။ ပျဉ်ချပ်ပေါ်တွင် ထင်းမီးသွေးဖြင့် စာရေးလေ့ကျင့်ခဲ့ရသည်။ အလုပ်မျိုးစုံ လုပ်ကိုင်ခဲ့ပြီး။ ၁၈၃၇ ခုနှစ်တွင် ရှေ့နေစာမေးပွဲကို ၀င်ရောက်ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၈၄၈ ခုနှစ်မှ ၁၈၅၄ ခုနှစ်အတွင်း ရှေ့နေလုပ်ငန်းကို သာ အဓိကထား၍ လုပ်ကိုင်ခဲ့သည်။ 

**kophoephyu** 

* ဇော်ဟန်ဇော် ဘာသာပြန်ဆိုသည့် အေဗရာဟမ် လင်ကွန်း ၏ ဂတ်တီစဘတ် နှင့် အခြားသမိုင်းဝင်မိန့်ခွန်းများ ABRAHAM LINCOLN THE GETTYSBURG ADDRESS AND OTHER SPEECHES စာအုပ်မှကောက်နှုတ်ဖော်ပြပါသည်။ 

**လင်းဇော်ထက် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)