ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, May 25, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း- 

**မော်ရင်ဟိုရီးရဲမက်ဒရစ်၌ ဆက်ရှိနေမည်** (မက်ဒရစ်၊ မေ ၂၃) မော်ရင်ဟိုသည် ယခုနှစ်ဘောလုံးရာသီကုန်၌ ပရီမီယာလိဂ်မန်စီးတီးနှင့် အသင်းဟောင်းချယ်လ်ဆီး တို့နှစ်သင်းအနက် တစ်သင်းသို့ပြောင်းရွှေ့မည်ဟု ပြီးခဲ့သည့်သီတင်းပတ်များက သတင်းများထွက်ပေါ် နေခဲ့သည်။ အသက် ၄၉ နှစ်အရွယ်ရှိ နည်းပြမော်ရင်ဟိုသည် ယခင်စာချုပ်ဆိုထားသည့် စာချုပ်အရ ၂၀၁၄ ခုနှစ်အထိ ရီးရဲမက်ဒရစ်အသင်းတွင် နည်းပြအဖြစ် တာဝန်ယူရမည်ဖြစ်သည်။ ယခုသက်တမ်း တိုးနှစ်နှစ်စာချုပ်အရ ၂၀၁၆ ခုနှစ်အထိရီးရဲမက်ဒရစ်တွင် နည်းပြအဖြစ်တာဝန်ယူရတော့မည်ဖြစ်သည်။ မော်ရင်ဟိုသည် စီးရီးအေကလပ်အင်တာမီလန်အသင်းသို့ စီးရီးအေဖလား ရယူပေးခဲ့ပြီးနောက် စပိန် လာလီဂါဖလား ဆွတ်ခူးပေးနိုင်ခဲ့ရာ ရီးရဲမက်ဒရစ်ကလပ်တာဝန်ရှိသူများက နည်းပြမော်ရင်ဟိုအား သက်တမ်းတိုးစာချုပ်ခဲ့ခြင်းဖြစ်သည်။ နည်းပြမော်ရင်ဟို၏ စွမ်းဆောင်မှုကြောင့် ရီးရဲမက်ဒရစ်အသင်း သည် စပိန်လာလီဂါဖလားနှင့် ဝေးကွာနေရာမှ ယခုနှစ်တွင် ပြန်လည်ကိုင်မြှောက်အောင်ပွဲခံနိုင်ခဲ့ခြင်း ဖြစ်သည်။ လာမည့် ၂၀၁၂-၂၀၁၃ ဘောလုံးရာသီတွင်လည်း လာလီဂါဖလားကိုကာကွယ်နိုင်ရေးကြိုး စားမည်ဟု မော်ရင်ဟိုက ပြောကြားသည်။ ထို့အတူ ရီးရဲမက်ဒရစ်ပြိုင်ဘက် ဘာစီလိုနာအသင်းသည် လည်း နည်းပြဂွါဒီယိုလာ အသင်းမှထွက်ခွာမည့်သတင်းထွက်ပေါ်ခဲ့ရာ ယခုအခါ ဘာစီလိုနာကလည်း နည်းပြဂွါဒီရိုလာအား စာချုပ်အသစ်ထပ်မံချုပ်ဆိုနိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် မော်ရင်ဟိုနှင့် ဂွါဒီယိုလာ တို့နှစ်ဦး စပိန်လာလီဂါတွင် လာမည့်ဘောလုံးရာသီ၌ ပြန်လည်ဆုံတွေ့ကြဦးမည်ဖြစ်သည်။ (အင်တာနက်)

**စပိန်တိုက်စစ်မှူး ဒေးဗစ်ဗီလာ ယူရို ၂၀၁၂ တွင် ပါဝင်ကစားနိုင်မည်မဟုတ်ဟုဆို** (စပိန်၊ မေ ၂၃)
စပိန်တိုက်စစ်မှူး ဒေးဗစ်ဗီလာသည် ခြေထောက်ဒဏ်ရာရရှိထားခြင်းကြောင့် ယူရို ၂ဝ၁၂ ပြိုင်ပွဲ တွင်စပိန်အသင်း၌ ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်း မေ ၂၃ ရက် အင်တာနက်အားကစားသတင်း တစ်ရပ်တွင်ဖော်ပြသည်။ စပိန်တိုက်စစ်မှူး ဒေးဗစ်ဗီလာသည်၎င်း၏ ခြေထောက်ဒဏ်ရာအား ဆေးဝါး ကုသနေဆဲဖြစ်ပြီး စပိန်အသင်းတွင်မကြာမီ ပြန်လည်ကစားနိုင်မည် ဖြစ်ကြောင်း တိုက်စစ်မှူးဒေးဗစ် ဗီလာ ကအသင်းနည်းပြ ဒယ်လ်ဘိုစကေးအားပြောကြားခဲ့သည်။ သို့သော် ဒေးဗစ်ဗီလာ စပိန်နိုင်ငံ အသင်း၌ ပါဝင်လာရန်မှာမသေချာကြောင်း၊ နိုင်ငံအသင်းပဏာမကစားသမားစာရင်း၌ ဒေးဗစ်ဗီလာ အားထည့်သွင်းထားသည့်အတွက် ဒေးဗစ်ဗီလာနိုင်ငံအသင်း၌ ပါဝင်လာမည်ဟုယုံကြည်ထားကြောင်း စပိန်အသင်း နည်းပြ ဒယ်လ်ဘိုစကေးက ထုတ်ဖော်ပြောကြားခဲ့သည်။ စပိန်အသင်းသည်အုပ်စု(ဃ) တွင်ခရိုအေးရှား၊ အိုင်ယာလန်၊ အီတလီစသည့်အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ဇွန် ၁ဝ ရက်တွင်အီတလီအသင်းနှင့်လည်းကောင်း၊ ဇွန်၁၄ရက်တွင်အိုင်ယာလန်အသင်းနှင့်လည်းကောင်း၊ ဇွန် ၁၈ ရက်တွင် ခရိုအေးရှားအသင်းနှင့်လည်းကောင်း အုပ်စုအဆင့်ပွဲစဉ်များကို ယှဉ်ပြိုင်ရမည်ဖြစ် သည်။ထို့ကြောင့် စပိန်အသင်း ယူရို ၂ဝ၁၂ပြိုင်ပွဲသည် နီးကပ်လာပြီဖြစ်ရာတိုက်စစ်မှူးဒေးဗစ်ဗီလာ ခြေထောက်ဒဏ်ရာ ဆေးဝါးကုသနေခြင်းကြောင့်ပါဝင်လာဖွယ်မရှိကြောင်း၊ သို့သော်ဒေးဗစ်ဗီလာ သည် ပြိုင်ပွဲပေါင်း ၈၂ ပွဲကစားပြီး ၅၁ ဂိုးသွင်းယူကာ စပိန်၌ဂိုးသွင်းစံချိန် တင်ထားသူဖြစ်ကြောင်းစပိန် အသင်းနည်းပြ ဒယ်လ်ဘိုစကေးကပြောကြားခဲ့သည်။ (အင်တာနက်)

 **ဒီဇီကို မန်စီးတီးအသင်းမှ ထွက်ခွာမည်လား** (မန်ချက်စတာ၊ မေ ၂၃)
ဒီဇီကိုသည်၂ဝ၁၁ ခုနှစ်က ဝုလ်စဘာ့အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ကားလို့တိဗက်ဇ်မန်စီးတီးအသင်းသို့ ပြန်လည်ရောက်ရှိလာ ပြီးနောက် ပုံမှန်ပွဲထွက်ခွင့် လျော့ကျခဲ့သည်။ ဒီဇီကိုသည် မန်စီးတီးအသင်းအတွက် ယခုနှစ်ဘောလုံး ရာသီတွင် ပြိုင်ပွဲပေါင်း ၄ဝ ကစားပြီး ၁၉ ဂိုးသွင်းယူထားသူဖြစ်သည်။ ဒီဇီကိုသည် မန်စီးတီးအသင်း နည်းပြ မန်စီနီနှင့် ဆက်ဆံရေးအဆင်မပြေသော်လည်း ၄င်း၏ အနာဂတ်အတွက်ဆုံးဖြတ်ချက်မချမီ အသင်း၏ရာသီအကြိုပွဲစဉ်များ ယှဉ်ပြိုင်သည်အထိမန်စီးတီးအသင်း၌ ကစားရန် ဆန္ဒပြု ထားခဲ့သည်။ သို့သော် မာရီယိုဘာလော့တယ်လီသည် မန်စီးတီးအသင်း၌ နောက်ထပ် တစ်ရာသီဆက်လက်ကစား မည်ဟု မန်စီးတီးအသင်းက အတည်ပြုထားကြောင်းနှင့်မန်စီးတီးအသင်းနည်းပြ မန်စီနီကနာပိုလီ ကစားသမား အက်ဒီဆင်ကာဗာနီအား ခေါ်ယူရန် ပစ်မှတ်ထားလာခြင်းကြောင့် ဒီဇီကိုအနေဖြင့် မန်စီးတီးအသင်းမှ ထွက်ခွာရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မန်စီးတီးအသင်းနည်းပြ မန်စီနီသည် ယခုနှစ်အပြောင်းအရွှေ့ကာလတွင်ရော်ဘင်ဗန်ပါစီနှင့် အေဒင်ဟားဇက်တို့နှစ်ဦးပေါင်းအား ပေါင် သန်း ၆ဝ အကုန်အကျခံကာ ခေါ်ယူရန် ကြိုးစားခဲ့ခြင်းကြောင့် ဒီဇီကိုက မန်စီးတီးအသင်းမှထွက်ခွာ ကာ အသင်းသစ်ရှာဖွေရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒီဇီကိုကပြောကြားခဲ့သည်။ (အင်တာနက်)

**မကြာမီရှုစားရတော့မည့် ရိန်း၏ အက်ရှင်ဇာတ်ကား**
အာရှစူပါစတား ကိုရီးယားမင်းသားရိန်း၏ အက်ရှင်ဇာတ်ကားကို ယခုနှစ်နွေရာသီတွင် အကြိုပြသပွဲ များ ပြုလုပ်သွားမည်ဖြစ်ကြောင်း CL ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။ CLရုပ် ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ကိုရီးယားနာမည်ကျော်မင်းသား ရိန်းနှင့် ဆင်ဆီဂျောင်းတို့ အဓိကပါဝင် လှုပ်ရှားထားသည့် R2B: Return to Base ဇာတ်ကားကို အကြိုပြသပွဲများ ပြုလုပ်ရန်နေ့ ရက်များ မ သတ်မှတ်ရသေးသော်လည်း သြဂုတ်လအတွင်း ကိုရီးယားနိုင်ငံတစ်ဝန်း ဖြန့်ချိပြသသွားမည်ဖြစ် ကြောင်း၊ ယင်းဇာတ်ကားကို မူလက Soar Ito the Sun ဟုအမည်ပေးခဲ့သော်လည်း အက်ရှင်ဇာတ် ကား ၏ အမည်နှင့် လိုက်ဖက်စေရန်၊ ဆွဲဆောင်မှုရှိစေရန် အမည်ပြောင်းလဲခဲ့ကြောင်းထုတ်ဖော်ပြော ကြားသည်။၁၉၆၄ ခုနှစ်က ကိုရီးယားရုပ်ရှင်ကား Red Muffler ဇာတ်ကားကုပြန်လည်ထုဆစ်ပုံဖော် ထား သည့် R2B: Return to Base ဇာတ်ကားသည် ကိုရီးယားကျွန်းဆွယ်တွင် ဖြစ်ပွားခဲ့သည့်စစ်ဘေး စစ်ဒဏ်အန္တရာယ်အသွယ်သွယ်ကြားမှ တိုက်လေယာဉ်မှူးများ၏ ဘဝနှင့် အချစ်ကို ဖော်ကျူးထား သည့် အသည်းတထိတ်ထိတ်ရင်တဖိုဖို ရှုစားရမည့် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်သည်။ ယင်းဇာတ် ကားတွင် မင်းသားရိန်းက တိုက်လေယာဉ်မှူးတစ်ဦးအဖြစ်သရုပ်ဆောင်ထားပြီး ဆင်ဆီဂျောင်းကစက် ပြင် ပညာရှင်တစ်ဦးအဖြစ် သရုပ်ဆောင်ထားသည်။ ထို့ပြင် ယင်းဇာတ်ကားတွင် ယိုးဂျန်ဆန်၊ လီဂျွန်ဆက်နှင့် ဂျန်ဆက်ဝန်တို့ကလည်း ဇာတ်ပို့ဇာတ်ရံများအဖြစ် ပါဝင်အားဖြည့်ပေးထားပြီး အက်ရှင်သရုပ်ဖော် ဇာတ်ဝင်ခန်းများအတွက် F-15K ဂျက်တိုက်လေယာဉ်များအသုံးပြုရိုက်ကူးခဲ့သည့် ပထမဆုံး ကိုရီးယားအက်ရှင်ဇာတ်ကားဖြစ်သည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - နိုင်လင်းကြည်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)