ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, May 25, 2012

> -ယခုလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ- 
 
**ကမ္ဘာ့အမြင့်ဆုံးမျှော်စင်တိုကျို၌ ဖွင့်လှစ်** 
 (တိုကျို၊ မေ ၂၃) ကမ္ဘာ့အမြင့်ဆုံးမျှော်စင်နှင့် ဂျပန်နိုင်ငံ၏ အထိမ်းအမှတ်သစ်တစ်ခုဖြစ်သည့် တိုကျိုမိုးမြင့်ပင်ယံမျှော်စင် (Tokyo Skytree) ကို အများပြည်သူတို့အတွက် မေ ၂၂ရက်တွင်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။မျှော်စင် ဖွင့်ပွဲနေ့တွင် ဧည့်သည် ၈ဝဝဝ ခန့်သည်မြန်နှုန်းမြင့် ဓာတ်လှေကားများကို အသုံးပြုကာ အမြင့် ၆၃၄ မီတာ(၂ဝ၈ဝ ပေ)ရှိသော ယင်းမျှော်စင်ပေါ်သို့ တက်ရောက်ကြမည်ဟု မျှော်လင့်ရသည်။ တိုကျိုမိုးမြင့် ပင်ယံမျှော်စင်သည် ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းအရ အမြင့်ဆုံးမျှော်စင်အဖြစ် ယုံကြည်ရဖွယ်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အမြင့်မီတာ ၆ဝဝ မြင့်သည့် ကန်တုံမျှော်စင်ကို ကျော်လွန်သွားပြီ ဖြစ်သည်။ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံမှာ ဒူဘိုင်းမြို့ရှိ ကာလီဖာမျှော်စင်ဖြစ်ပြီး ယင်းမှာ အမြင့် ၈၂၈ မီတာ(၂၇၁၇ ပေ)ရှိသော်လည်း ၄င်းမှာ မိုးမျှော်အဆောက်အအုံသာဖြစ်ကာ မျှော်စင်အမျိုးအစား ၌ ပါဝင်ခြင်းမရှိပေ။တိုကျိုမိုးမြင့်ပင်ယံမျှော်စင်တွင် ရုပ်သံဌာနနှင့် ရေဒီယိုအသံလွှင့်ဌာနများပါဝင် သည်။ (အင်တာနက်)

**ရေပြင်ညစ်ညမ်းမှု ထောက်လှမ်းရေးစက်ရုပ်ငါးနည်းပညာကို စမ်းသပ်** (လန်ဒန်၊ မေ ၂၃)
ပင်လယ်ပြင် ညစ်ညမ်းမှု စောင့်ကြည့်ရေးနည်းလမ်းများအား မြှင့်တင်ပေးရန်ကြိုးပမ်းသည့်အနေဖြင့် ဥရောပသိပ္ပံပညာရှင်များ တီထွင်တည်ဆောက်ထားသော စက်ရုပ်ငါးကို စပိန်နိုင်ငံမြောက်ပိုင်း ဂီဂျွန် ဆိပ်ကမ်း ပင်လယ်ရေပြင်၌ မေ ၂၂ ရက်တွင် စမ်းသပ်ခဲ့ကြောင်း သိရသည်။ ရေပြင်ညစ်ညမ်းမှု ဖြစ်စဉ်တစ်ရပ်အား ထောက်လှမ်းရာတွင် ယခင်က ရက်သတ္တပတ်ပေါင်းများစွာ အချိန်ယူရသော်လည်း စက်ရုပ်ငါးနည်းပညာ အသုံးပြုခြင်းဖြင့် လိုအပ်သည့်အချိန်ကာလကို စက္ကန့်ပိုင်းအထိ လျှော့ချ နိုင် မည်ဖြစ်ကြောင်းသိရသည်။ဆိပ်ကမ်းအာဏာပိုင် အဖွဲ့အစည်းများ၊ ရေအရင်းအမြစ်ကုမ္ပဏီများ၊ အဏ္ဏဝါပြတိုက်များနှင့် ရေအရည်အသွေးစောင့်ကြည့်လေ့လာရေးကဏ္ဍ၌ စိတ်ပါဝင်စားသူများအား စက်ရုပ်ငါးနည်းပညာကို ရောင်းချနိုင်ရန်တီထွင် ထုတ်လုပ်သူများက မျှော်လင့်ထားသည်။ကိုယ်ထည် အလျား ၁ ဒသမ ၅ မီတာ ရှိသည့် စက်ရုပ်ငါးကို သက်ရှိငါးများကဲ့သို့ ရေကူးခတ်နိုင်ရန် ပုံစံထုတ် တည်ဆောက်ထားပြီး သင်္ဘောသို့မဟုတ် ရေအောက်ပိုက်လိုင်းများမှ ထွက်ပေါ်လာသော ညစ်ညမ်း မှုများအား ထောက်လှမ်းနိုင်ရေးအတွက်အာရုံခံနည်းပညာများ ထည့်သွင်းပေးထားသည်။ စက်ရုပ် ငါးများသည် အတားအဆီးများအား ရှောင်ကွင်းကူးခတ်နိုင်၍ တစ်ကောင်နှင့်တစ်ကောင်ဆက်သွယ်မှု ပြုလုပ်နိုင်ကာ ၄င်းတို့ ရောက်ရှိနေသည့် နေရာအား မြေပုံညွှန်းထုတ်နိုင်ပြီး အခြေစိုက်စခန်းသို့ မည် သို့ပြန်လာရမည်ကိုလည်း သိရှိကြောင်း ထုတ်လုပ်သူများက ပြောကြားသည်။ (အင်တာနက်)  

**အရှေ့တောင်အာရှ၌သုံးစွဲနေသောငှက်ဖျားတိုက်ဖျက်ရေးဆေးဝါး သုံးပုံတစ်ပုံမှာအတုများဖြစ်နေ** (လန်ဒန်၊ မေ ၂၃) အရှေ့တောင်အာရှနိုင်ငံခုနစ်နိုင်ငံ၌ သုံးစွဲနေသောငှက်ဖျားတိုက်ဖျက်ရေးဆေးဝါး အတန်းအစား ငါးခုမှ ဆေးဝါးနမူနာ ၁၄၃၇ မျိုးကို သိပ္ပံပညာရှင်များက လေ့လာခဲ့ရာ ၃၆ရာခိုင်နှုန်းမှာဆေးဝါးအတု များဖြစ်နေပြီး ၃ဝ ရာခိုင်နှုန်းမှာဆေးဝါး အရည်အသွေးမပြည့်မီကြောင်း တွေ့ရှိခဲ့ရသည်။အလားတူ အာဖရိကတိုက် ဆပ်ဆာဟာရဒေသမနိုင်ငံပေါင်း ၂၁ နိုင်ငံတွင် အသုံးပြုလျက်ရှိသော ငှက်ဖျားတိုက် ဖျက်ရေးဆေးဝါးအတန်းအစားခြောက်မျိုးမှ နမူနာ ၂၅ဝဝကျော်ကို လေ့လာကြည့်ရာ ၂ဝ ရာခိုင်နှုန်းမှာ ထုတ်လုပ်မနည်းစနစ် မှန်ကန်ခြင်းမရှိဘဲ ၃၅ ရာခိုင်နှုန်းမှာ ဆေးဝါးအရည် အသွေး မပြည့်မီကြောင်း တွေ့ရှိခဲ့ရသည်။ကုလသမဂ္ဂကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)၏အဆိုအရ ၂ဝ၁ဝ ခုနှစ်အတွင်း ငှက်ဖျား ရောဂါကြောင့် သေဆုံးရသူကမ္ဘာ့ပြည်သူ ပေါင်း ၆၅၅ဝဝဝ ရှိခဲ့ရာ ယင်းရောဂါအားအမြစ်ဖြတ်တိုက်ဖျက်ရာ၌ စံမမီဆေးဝါးများ ပေါ်ထွက်မှုသည့်အဓိက ပြဿနာ တစ်ရပ် ဖြစ်နေကြောင်း သိရသည်။အတုအပထုတ်လုပ်ထားသော သို့မဟုတ်စံမမီထုတ် လုပ်ထားသောဆေးဝါး အများအပြားမှာ ငှက်ဖျားရောဂါကုသရေးအတွက် အထိရောက်ဆုံးဆေးဝါးများအဖြစ် သတ်မှတ်ထား သည့် အာတီမီစင် (Artemisin) ဆေးဝါးများဖြစ်သည်။ (အင်တာနက်) 

**ဥရောပဒုံးကျည်ကာကွယ်ရေးစနစ်ကို နေတိုးက စတင်ဖြန့်ကြက်ချိန်တိုက်ချင်းပစ်ဒုံးပျံအမျိုးအစား ရုရှားက အောင်မြင်စွာစမ်းသပ်** 
ဥရောပဒုံးကျည်ကာကွယ်ရေးတံတိုင်း ပထမအဆင့်ကို တရားဝင်ဖြန့်ကြက်ရန် နေတိုးအဖွဲ့က သဘော တူညီ ခဲ့ပြီးနောက်ရုရှားနိုင်ငံက ၄င်း၏ တိုက်ချင်းပစ်ဒုံးပျံသစ်အား စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံ ၏ နျူကလီးယားလက်နက် အရံအတားစနစ်အားပစ်မှတ်ထားလာမည့်အရေးကို စိုးရိမ်ရသဖြင့် ရုရှားနိုင်ငံသည်အမေရိကန်ပြည်ထောင်စု ဦးဆောင်သော ဥရောပဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက် မှုအား အပြင်းအထန်ကန့်ကွက်လျက်ရှိသည်။ မေ ၂၃ ရက်တွင် စမ်းသပ်ပစ်ခတ်ခဲ့သော တိုက်ချင်း ပစ်ဒုံးပျံသစ်သည် ကမ်ချက်ကာကျွန်းဆွယ်ဒေသ ကူရာတိုက်ချင်းပစ်ဒုံးပျံ သက်ရောက်ဒေသရှိပစ်မှတ် ဧရိယာအတွင်းကျရောက်ခဲ့ကြောင်း ရုရှားမဟာဗျူဟာ နျူကလီးယားတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြော ကြားသည်။ အဆိုပါ တိုက်ချင်းပစ်ဒုံးပျံသစ်ကို တရားဝင်အမည်မပေးရသေးသော်လည်း တိုပိုလ်-အမ နှင့် ယာ့စ် တိုက်ချင်းပစ်ဒုံးပျံနည်းပညာများအား အဆင့်မြှင့်တင်တည်ဆောက်ထားသည့်ပဉ္စမမျိုး ဆက်လက်နက်အဖြစ် ရုရှားစစ်ဘက်က သတ်မှတ်ထားသည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - အေ၀မ်းစိုး

-ယခုလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ- 
 
No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)