ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 24, 2012

>
-ယခုလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ- 

**ဆမ်ဆောင်း Galaxy S3 စမတ်ဖုန်း အလုံးကိုးသန်းကျော် ရောင်းချပေးရန် အမှာစာရ** (ဆိုးလ်၊ မေ ၂၂) တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သော ဆမ်ဆောင်းမှ ထုတ်လုပ် လိုက်သည့် Galaxy S3 စမတ်ဖုန်းသည် ၂၀၁၂ ခုနှစ်၏ ရောင်းအားအကောင်းဆုံး မိုဘိုင်းလ်ဖုန်းဖြစ် လာသည်။ အန်းသရွိက်ပါဝါသုံး အဆိုပါ စမတ်ဖုန်းကို ယခုမေလကုန်အထိ အလုံးကိုးသန်းကျော်ရောင်း ချပေးရန် အမှာစာများ လက်ခံရရှိထားပြီးဖြစ်ကြောင်း ဆမ်ဆောင်းကုမ္ပဏီက ပြောကြားသည်။ ဆမ် ဆောင်းကုမ္ပဏီက ပြီးခဲ့သည့်နှစ်တွင် ထုတ်လုပ်ခဲ့သည့် Galaxy S2 သည်လည်း ကမ္ဘာ့အရောင်းရဆုံး စမတ်ဖုန်းဖြစ်ခဲ့သည်။ လွန်ခဲ့သည့် ခြောက်လအတွင်း S2 စမတ်ဖုန်းရောင်းချမှုမှာ စုစုပေါင်း အလုံးရေ ၁၀ သန်းအထိ ရှိခဲ့သည်။ ဆမ်ဆောင်းသည် ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းဈေးကွက်ကို ပိုင်ဆိုင်ထားသည့် အက်ပဲလ်ကို ယခုနှစ်အစောပိုင်းကတည်းက ကျော်တက်နိုင်ခဲ့ပြီဟု ဆိုသည်။ Galaxy S3 စမတ်ဖုန်း သည် ဆမ်ဆောင်းကုမ္ပဏီက နောက်ဆုံးထုတ်လုပ်လိုက်သည့် စမတ်ဖုန်းအမျိုးအစားသစ်ဖြစ်သည်။ (အင်တာနက်)

**နောက်ဆုံးပေါ် အင်တာနက်တီဗွီအယ်လ်ဂျီမှ ထုတ်လုပ်ပြသ** 
(နယူးယောက်၊ မေ ၂၂)
ကမ္ဘာ့ထိပ်တန်းအီလက်ထရွန်နစ်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် အယ်လ်ဂျီက နယူးယောက် အင်တာနက် သီတင်းတစ်ပတ်ပြပွဲတွင် ၄င်း၏ဒုတိယအမျိုးဆက်ဂူဂဲလ်တီဗွီကို ပြသခဲ့သည်။ အဆိုပါ တီဗွီကို LG G2 Series တီဗွီဟု အမည်ပေးထားသည်။ အက်တာနက်ရော ရုပ်မြင်သံကြားပါအသုံးပြုကြည့်ရှုနိုင်သည် အင်တာနက်တီဗွီဖြစ်သည်။ အယ်လ်ဂျီက ယင်းကဲ့သို့သော တီဗွီမျိုးဆက်သစ်အဖြစ် ထုတ်လုပ်ခြင်းဖြစ် သည်။ အဆိုပါတီဗွီကို အမေရိကန်ဈေးကွက်တွင် စတင်ရောင်းချနေပြီဖြစ်သည်။ မကြာမီ အာရှဈေး ကွက်များသို့ ဖြန့်ချိနိုင်မည်ဟု ဆိုသည်။ ရုပ်မြင်သံကြားရော အင်တာနက်ပါအသုံးပြုလိုသူများအတွက် တီထွင်ထုတ်လုပ်ခြင်းဖြစ်ကြောင်း အယ်လ်ဂျီအီလက်ထရွန်နစ်ကုမ္ပဏီဥက္ကဌ ဟာဗစ်ကွမ်းကပြောကြား သည်။ (အင်တာနက်)

**နယူးဇီလန်ရေပိုင်နက်အတွင်း ပြည်ပငါးဖမ်သင်္ဘောများ ဖမ်းဆီးမည်** (၀ယ်လင်တန်၊ မေ ၂၂) နယူးဇီလန်နိုင်ငံက ပြည်ပအလံလွှင့်ထူထားသည့် မည်သည့်ငါးဖမ်းသင်္ဘောမဆို မိမိတို့ရေပြင်ပိုက်နက် အတွင်း တားမြစ်ဖမ်းဆီးမည်ဖြစ်ကြောင်း နယူးဇီလန်အစိုးရက မေ ၂၂ ရက်တွင် သတင်းထုတ်ပြန် သည်။ နယူးဇီလန်နိုင်ငံသည် ကမ်းလွန်ရေပြင်ပိုက်နက်အဖြစ် ၁၂ မိုင်မှ မိုင် ၂၀၀ အထိ ကျယ်ဝန်းပြီး ကမ္ဘာပေါ်တွင် ပဉ္စမမြောက်အကြီးဆုံးရေပြင်ပိုင်နက်ရှိသည့် နိုင်ငံဖြစ်သည်။ ထိုရေပြင်ပိုက်နက်အတွင်း နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်ထူထောင်ထားသော ငါးဖမ်းလုပ်ငန်းများကို အကာအကွယ်ယူကာ တရားမ၀င်ငါးဖမ်းခြင်းများ၊ ပြုလုပ်နေသဖြင့် နယူးဇီလန်က တားမြစ်ဖမ်းဆီးမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။ (အင်တာနက်)

**ရာသီဥတုဆိုးရွာလာမှုကြောင့် ဧ၀ရက်တောင်ထိပ်မှ ဆင်းလာသူသုံးဦးသေဆုံး** 
(ခတ္တမန္ဒူ၊ မေ ၂၂) ဧ၀ရက်တောင်ထိပ်မှ ပြန်ဆင်းလာသည့် တောင်တက်ကမားများတွင် သုံးဦးသေဆုံးပြီး နှစ်ဦးပျောက် ဆုံးနေကြောင်း နီပေါတောင်တက်ဌာနအရာရှိ ဂျာနင်ဒရာရှရက်သာက မေ ၂၁ရက်တွင် ပြောကြား သည်။ အမြင့်မေ ၂၉၀၀၀ ကျော်ရှိ ဧ၀ရက်တောင်ထိပ်မှ အဆင်းတွင် ဂျာမန်တောင်တက်သမားတစ်ဦး နီပေါနိုင်ငံ၌ မွေးဖွားသူ ကနေဒါတောင်တက်သမားနှင့် ကိုရီးယားတောင်တက်သမားတို့သည် မေ ၁၉ ရက်က သေဆုံးသွားခြင်းဖြစ်ကြောင်း ဂျာနင်ဒရာရှရက်သာက မေ ၂၁ ရက်က ပြောကြားသည်။ မေ ၁၈ ရက်နှင့် ၁၉ ရက် နံနက်ပိုင်းတို့က ရာသီဥတုသာယာလျက်ရှိသော်လည်း မေ ၁၉ ရက်ညနေပိုင်းက မုန်တိုင်းကျရောက်ကာ ရာသီဥတုဆိုးရွားသွားခြင်းဖြစ်သည်ဟုဆိုသည်။ သတင်းအချက်အလက်သေး စိတ်ကို ဖော်ပြခြင်းမရှိကြောင်း သိရသည်။ (အင်တာနက်)

**ဆေးလိပ်ငွေ့ရှူရှိုက်မိသည့် ကလေးငယ်များ ဆီအိမ်ရောဂါဖြစ်ပွားမှု ပိုမိုမြင့်လာ**
ဆေးလိဂ်သောက်သော မိဘများ၏ ဆေးလိပ်ငွေ့ကို ရှူရိုက်နေရသည့် ကလေးငယ်များသည် ဆေးလိပ် မသောက်သည့် မိဘများ၏ ကလေးငယ်များထက် ဆီးအိမ်အောင့်သည့်ဝေဒနာကို ပိုမိုခံစားရသည့် လက္ခာဏာများ တွေ့ရှိရကြောင်း လေ့လာသုတေသနပြုချက်တစ်ရပ်က ဆိုသည်။ ဆီးသွားရန် တိုက် တွန်းနေရသည့် ကလေးငယ်များ၊ ဆီး မကြောခဏသွားနေသည့် ကလေးငယ်များနှင့် ဆီးမထိန်းနိုင် သည့် ကလေးငယ်များအပါအ၀င်ဆီးအောင့်လက္ခဏာများခံစားနေရသည့် အသက်လေးနှစ်မှ ၁၇ နှစ် အရွယ်အတွင်းရှိ ကလေးငယ်များကို လေ့လာသုတေသနပြုခဲ့ရာမှ ထိုသို့တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုဆို သည်။ (အင်တာနက်)

**တရုတ်နိုင်ငံ တောင်ပိုင်းဒေသများတွင် မိုးသည်းထန်နိုင် မြောက်ပိုင်းဒေသများ အအေးပိုမိုလွန်ကဲ မည်ဟ မိုးလေ၀သပညာရှင်များခန့်မှန်း**
(ပေကျင်း၊ မေ ၂၂) တရုတ်မိုးလေ၀သပညာရှင်များက နိုင်ငံ၏အနောက်တော်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် မိုးများ သည်းထန်စွာ ရွာသွန်းမည်ဖြစ်ကြောင်း၊ မြောက်ပိုင်းဒေသများတွင် အအေးလွန်ကဲသည့်ရာသီဥတုမျိုး ကြုံတွေ့နိုင်ကြောင်း မေ ၂၂ ရက်က ခန့်မှန်းချက်ထုတ်ပြန်သည်။ နိုင်ငံ၏တောင်ပိုင်း၊ ယန်စီမြစ်တောင် ဘက်ရှိဒေသများနှင့် အနောက်တောင်ပိုင်းရှိ ဒေသအချို့တွင် မိုးသည်းထန်ခြင်းနှင့် လေပြင်းမုန်တိုင်း ကျရောက်ခြင်းကို မေ ၂၂ ရက်မှ ၂၄ရက်အတွင်းကြုံတွေ့နိုင်သည်ဟုအမျိုးသားမိုးလေ၀သနှင့်ဇလဗေဒ ဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။ ကွီကျိုပြည်နယ်နှင့် ကွမ်စီကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် မိုးမုန်တိုင်းများ ကျရောက်မည်ဖြစ်ပြီး မိုးရေချိန်မီလီမီတာ ၁၈၀ အထိ ရောက်ရှိနိုင်ကြောင်း အဆိုပါဌာန ကပြောကြးသည်။ (အင်တာနက်)

စုစည်းဘာသာပြန်- အာကာကျော်
 
No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)