-အမိန့် မရ အပေါင်ဆိုင်များ-
ဆင်ခြေပုံးရပ်ကွက်တွေထဲမှာ အပေါင်နဲ့ အတိုးကြီးပေးလုပ်စားနေကြတာ စီးပွားတော်တော်ဖြစ်တယ်ဆိုပဲ။ သာမာန်လူတန်းစားတွေ အနေနဲ့ တစ်နေ့ တစ်နေ့ ကုန်ကျစရိတ်ကများကများနဲ့ ။ ကျွန်မနေတာ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာပါ။
တစ်နေ့ နံနက် ၇နာရီခွဲလောက်ပေါ့။ နှစ်အိမ်ကျော်လောက်က အော်ခေါ်သံ ၊ ရန်တွေ့ သံတွေ ဆူညံနေအောင်ကြားလိုက်ရပါတယ်။ သူများတွေ ဘုရားဝတ်ပြ့ ချိန်၊ မင်္ဂလာအရှိဆုံးအချိန်ပါ။ ဘာဖြစ်တာလဲလို့ သိချင်စိတ်ကြောင့် ပန်းပင်ရေလောင်း၇င်း ယောင်လည်လည်နဲ့ စပ်စုမိပါတယ်။ ဖြစ်ပုံက မနေ့ ကပေးစရာရှိတဲ့အတိုးနဲ့ အရင်းအား ညသန်းခေါင်ကျော်သည်အထိစောင့်ပါသော်လည်း လာရောက်မပေး ခြင်းနှင့် အကျိုးအကြောင်းလာရောက်မပြောသောကြောင့် မနက်အစောကြီးလာရောက် ပြောဆိုနေခြင်းဖြစ်ကြောင်း သိလိုက်ရပါသည်။ ယင်းမိသားစုမှာ ကလေး ၃ယောက်စလုံး ကျောင်းသားများဖြစ်ခြင်းကြောင့် အမျိုးသမီးမှာ ယောကျာင်္းကားမောင်းလုပ်စာတစ်ခုထဲနဲ့  မိသားစု စားဝတ်နေရေး၊ သားသမီးများရဲ့  ပညာရေး ၊ ရပ်ကွက် သာရေးနာရေး အားလုံး ကိုဖြေရှင်းနေရတာပါ။ နောက်ဆုံးကြားလိုက်ရတာကတော့ ၃ရက်မြောက်လို့ မှရရင်ရ မရရင် ရုံး(ရပ်ကွက်ရုးံ)ကိုတိုင်မယ် လို့ ကြားလိုက်ရပါတယ် ။ ရုံးကိုလည်း အဲဒီချစ်တီးမိန်းမတွေက ပိုင်ပြီးသား။ အိမ်နီးချင်းအစ်မခမျာ မျက်နှာဇီးရွတ်လောက်ပဲရှိတော့ပါတယ်။ ၃ရက်မပြည့်ခင်မှာပဲ ဆွေမျိုးနီးစပ်တော်သူ ဦးလေးတစ်ယောက်ရဲ့ ကူညီမူနဲ့  ငွေလည်းပြန်ပေးနိုင်ခဲ့သလို တိုင်မယ်ပြောသောချစ်တီးအမျိုးသမီးကိုလည်း နောက်နောင်ယခုလို ရပ်ကွက်ထဲ ဆူပူသောင်းကြမ်းခြင်းပြုပါက ဥပဒေမဲ့ အပေါင်ဆိုင်ဖွင့်ခြင်း၊အတိုးပေးခြင်းများကိုရဲစခန်းသို့ တိုင်ကြားမည်ပာုပြောခဲ့ပါတယ် .....
လူကြီးတစ်ယောက်ရဲ့ ဆုံးဖြတ် ကြောင့် ကြီးတဲ့အမူ့ ငယ်စေ၊ငယ်တဲ့အမူ့  ပပျောက်ခဲ့ပါတယ်။
အဲဒီ ချစ်တီးအလုပ်လုပ်နေသူတွေကို စိတ်အခြင်ပေါက်နေမိလို့  ရေးလိုက်တာပါ။ ကောင်းရောင်းကောင်းဝယ် လုပ်စားနေတဲ့သူတွေကြတော့ ဆောင်လိုက်ရတဲ့အခွန်။" ပာိုကတစ်မျိုး ... ဒီကတစ်မျိုး.... ရေဆိုပျိုမေတွေရဲ့ အလှကတိုး " ။။။။။ ((((((((((((((p
**the the**

No comments:
Post a Comment