ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 15, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း- 

**မန်စီးတီးတို့ နှစပေါင်း ၄၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပရီမီယာလိဂ်ဖလားဆွတ်ခူး* (လန်ဒန်၊ မေ ၁၃)
အင်္ဂလန်ပရီမီယာလိဂ်ရာသီပိတ်ပွဲပြိုင်ပွဲများကို မေ ၁၃ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီက အိမ်ကွင်းတွင် ကျူပီအာကို သုံးဂိုး-နှစ်ဂိုး ဖြင့်နိုင်ကာ၄၄နှစ်အတွင်း ပထမဆုံးသော ပရီမီယာလိဂ်ဖလား လားကို ဆွတ်ခူးရရှိသွားပြီဖြစ်သည်။ မန်စီးတီးကစားသမားများသည် အနိုင်ရရမည်ဆိုသောဆန္ဒနှင့် တစ်ချိန်လုံးကျူပီအာအသင်းနောက်တန်းကိုဖိကစားခဲ့သည်။ ကျူပီအာတို့ကလည်း တစ်မှတ်ရလျှင် တန်းဆင်းရမည်မဟုတ်သဖြင့်ဂိုးမပေးရရေးအကြိတ်အနယ် ပိတ်ဆို့ကစားခဲ့သည်။ သို့သော်လည်း ပွဲ ချိန် ၃၉ မိနစ်တွင် ယာယာတိုရေး ဖန်တီးပေးသောဘောလုံးမှတစ်ဆင့် ဇာဘလက်တာက သွင်းယူပေး နိုင်ခဲ့သည်။ မန်စီးတီးတို့ ယင်းဂိုးဖြင့် ကျူပီအာကို ပထမပိုင်းပြီးသည်အထိဦးဆောက်ကစားခဲ့သည်။ ဒုတိယပိုင်းပြန်စပြီးမကြာမီ ဆစ်ဆီက ကျူပီအာအတွက် ချေပဂိုးသွင်းယူခဲ့သည်။ ကျူပီအာအသင်းမှ ဂျိုးဘာတန်နှစ်ဝါတစ်နီဖြင့် ထွက်ခဲ့ရသည်။ ပွဲချိန် ၆၆မိနစ်တွင် ကျူပီအာအသင်းမှ မက်ကီက ကျူပီ အာအတွက်ဦးဆောင်ဂိုးသါင်းယူခဲ့သည်။ ပွဲချိန် ၈၉မိနစ်အထိကျူပီအာက မန်စီးတီးကို နှစ်ဂိုး-တစ်ဂိုး ဖြင့် ဦးဆောင်ကစားခဲ့သည်။ ပွဲချိန်မိနစ် ၉၀တွင်ဒီဇီကိုက ခေါင်းတိုက်ဂိုးဖြင့် မန်စီးတီးအတွက် ပြန် လည်ချေပနိုင်ခဲ့သည်။ ပွဲချိန် မိနစ် ၉၀ ပြည့်၍ အချိန်ပို ငါးမိနစ်ပေးလိုက်သဖြင့် မန်စီးတီး ကစားသမား များ အားတက်သွားပြီး ဆက်လက်ဖိအားပေးကစားခဲ့ရာအချိန်ပိုသုံးမိနစ်မှာ တိုက်စစ်မှူး အဂူရိုက မန် စီးတီးအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့သည်။ ပရီမီယာလိဂ်ပွဲစဉ် (၃၈)အပြီး မန်စီးတီး၊ မန်ယူ၊ အာဆင် နယ်နှင့် စပါးတို့ထိပ်ဆုံးလေးသင်းစာရင်းတွင် ရပ်တည်နိုင်ခဲ့ပြီး ဘော်လ်တန်၊ ဘလက်ဘန်းနှင့် ၀ုဖ်တို့ မှာ တန်းဆင်းခဲ့ရသည်။ (အင်တာနက်)

**ဂျပန်ကွင်းလယ်ကစားသမား ကာဂါဝါအားမန်ယူခေါ်ယူရန် နံပါတ်တစ်ပစ်မှတ်ထား**
 (လန်ဒန်၊ မေ ၁၃)
နည်းပြကြီး ဖာဂူဆန်တွေ့ထားတဲ့ ကစားသမားတွေထဲမှာ ဂျပန်ကွင်းလယ်ကစားသမားလေး ရှင်ဂျီ ကာာဂါဝါလည်း ပါဝင်ပါတယ်။ အသက် ၂၃ နှစ်ပဲရှိသေးတဲ့ ကာဂါဝါဟာဒီနှစ်ဒေါ့မွန်အသင်းကို ဂျာမန် ဘွန်ဒက်(စ်) လီဂါဖလား ဆွတ်ခူးပေးခဲ့သူပါ။သူဟာကွင်းလယ်ကစားသမားကွက်ကို နိုင်နင်းတဲ့အပြင် ဘောလုံးဖြန့်ဝေပေးမှုလည်း အလွန်ကောင်းတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့်လည်း နည်းကြီးဖာဂူဆန်က လာမည့်ရာသီအတွက် မန်ယူဖလားတွေ ပြန်လည်ဆွတ်ခူးနိုင်ဖို့ ကစားသမားသစ်တွေခေါ်ယူရာမှ ဂျပန် ကွင်းလယ်ကစားသမာလေး ကာဂါဝါကိုနံပါတ်တစ်ပစ်မှတ်ထားနေပါတယ်။ ဖာဂူဆန်နဲ့ သူ့ရဲ့လက် ထောက်မိုက်ဖီလန်တို့ဟာ မေ ၁၂ ရက်က ဒေါ့မွန်နဲ့ဘိုင်ယန်မြူးနစ်တို့ကစားတဲ့ပွဲမှာ တက်ရောက် ကြည့်ရှုခဲ့ကြပါတယ်။ ကာဂါဝါဟာ ဒေါ့မွန်ကိုစွန့်ပြီး အိုးထရက်ဖို့ဒ်သို့ ထွက်ခွါ မယ့် အနေအထား ရှိပါ တယ်။ သူ့အနေနဲ့လည်းမန်ယူကို ပြောင်းချင်နေတယ်လို့ ဆိုပါတယ်။ (အင်တာနက်)

**ပရိသတ်အများဆုံးအားပေးတဲ့ဘက်ခမ်းရဲ့ပြိုင်ပွဲ**
(အော့တ၀ါ၊ မေ ၁၃)
ဒေးဗစ်ဘက်ခမ်းရဲ့ဘောလုံးဘ၀တစ်လျှောက်လုံး ဒီပွဲဟာပရိသတ်အများဆုံးလို့ဆိုပါတယ်။ စုစုပေါင်း ပရိသတ် ၆၀၈၆၀ လာရောက်ကြည့်ရှုကြတယ်လို့ ဆိုပါတယ်။ ဘက်ခမ်းကိုကြည့်ချင်လွန်းကြသဖြင့် ကနေဒါပရိသတ်တွေဟာ တစ်ခဲနက်လာရောက်ကြည့်ရှုကြတယ်လို့ဆိုပါတယ်။ ဒီပွဲမှာ တစ်ဖက် တစ် ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ အယ်လ်အေဂလက်ဆီအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ဒေး ဗစ်ဘမ်ခမ်းက ပွဲချိန် ၆၂ မိနစ်မှာအလွတ်တည်ကန်ဘောမှတစ်ဆင့်သွင်းယူပေး ခဲ့တယ်လို့ ဆိုပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာ ဒီဂိုးကို ၂၃ ကိုက်အကွာမှာသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာ အ လွတ်တည်ကန်ဘော ကန်သွင်းရာမှ နာမည်ကျော်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘက်ခမ်းက ဒီပွဲမှာလည်း ကနေဒါနိုင်ငံကသူ့ပရိသတ်တွေ ရှေ့မှောက်မှာ အလှပဆုံးအလွတ်တည်ကန်ဘောကို ကန်သွင်းပြသခဲ့ပါတယ်။ ကနေဒါပရိသတ်တွေအံ့သြမဆုံးဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ (အင်တာနက်)

*အခြားပွဲရလဒ်များ**
ချယ်လ်ဆီး ၂-၁ ဘလက်ဘန်း အဲဗာတန် ၃-၁ နယူးကာဆယ် နော့ဝစ်ခ်ျ ၂-၀ အက်စ်တွန်ဗီတာ စတုတ် ၂-၂ ဘော်လ်တန် ဆန်းဒါးလန်း ၀-၁ မန်ယူ ဆွမ်ဆီး ၁-၀ လီဗာပူး စပါး ၂-၀ ဖူလ်ဟမ် ၀က်စ်ဘရွန်း ၂-၃ အာဆင်နယ် ၀ီဂန်း ၃-၂ ၀ုဖ် (အင်တာနက်)

 **အမေရိကန်အိုင်ဒေါလ် သီချင်းဆိုပြိုင်ပွဲ အဆိုတော်ကာဗနတ်ခ်ျဆုဆွတ်ခူးရန် ရေပန်းစား** (နယူးယောက်၊ မေ ၁၃) သူမဟာ I Can’t Make You Love Me လို့အမည်ရတဲ့သီချင်းနဲ့သီဆိုပြိုင်ပွဲဝင်ရာမှပရိသတ်တွေ အထူး နှစ်ခြိုက်အားပေးကြတယ်လို့ ဆိုပါတယ်။ အဆိုတော် ကာဗနတ်ခ်ျဟာ နာမည်ကျော်အဆိုတော်တစ်ဦး ဖြစ်တဲ့ မီလေဆိုင်းရပ်စ်ကဲ့သို့အဆိုကောင်းတဲ့သူဖြစ်ကြောင်း ပရိသတ်တွေက ပြောဆိုချီး ကျူးကြပါ တယ်။ သူမရဲ့ ဆိုပံဆိုဟန်တွေဟာ အလွန်ကောင်းတယ်လို့လည်း ဒိုင်အဖွဲ့ဝင်ဖြစ်တဲ့ ဂျင်နီဖာ လိုပက်ဇ် က ပြောပါတယ်။ အဆိုတော်ကာဗနက်ခ်ျရဲ့ သီဆိုပြိုင်ပွဲဝင်မှုကို အင်တာနက်မှတစ်ဆင့် ကြည့်ရှု အား ပေး ခဲ့ကြတယ်လို့ ဆိုပါတယ်။ စုစုပေါင်းပရိသတ် သန်း ၇၀ ကျော်က သူမရဲ့သီဆိုမှုကို ကြည့်ရှုအား ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အမေရိကန်အိုင်ဒေါလ်သီချင်းဆိုပြိုင်ပွဲကို ၂၀၁၂ ခုနှစ်မှစပြီး တိုက်ရိုက် ရုပ်မြင်သံကြားထုတ်လွှင့်ပေးခဲ့ပါတယ်။ လာမယ့် မေ ၂၃ ရက်မှာတော့ဒီသီချင်းဆိုပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲအဖြစ် သီဆိုပြိုင်ပွဲဝင်ကြမယ်လို့ ဆိုပါတယ်။ (အင်တာနက်)

 စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)