ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 1, 2012

> -တာ့(ခ်)ခရိုင် ဦးစီးအရာရှိကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဒီကနေ့မေဒေးအခမ်းအနား မဲဆောက် က ဆင်းရဲသားရပ်ကွက်မှာကျင်းပ-

(ထိုင်းအလုပ်သမားဝန်ကြီးဌာန တာ့(ခ်) ခရိုင်ဦးစီးအရာရှိနိုင်းပရာဆတ်)

ချွေးနဲ့ သွေးနဲ့ရေးတဲ့ သမိုင်းဝင်မေဒေးနေ့ကို ထိုင်း-မြန်မာနယ်စပ်တာ့(ခ်)ခရိုင် မဲဆောက်မြို့ရဲ့ ဆင်းရဲ သားရပ်ကွက်ကြီးမှာ ဂျက်ဘာ (JACBA) အဖွဲ့နဲ့ မက်ပ်ရေဒီယိုတို့က ပူးပေါင်းကျင်းပကြ ရာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂၀၀ ကျော် တက်ရောက်ခဲ့သလို အမှတ်မထင်ဆိုသလိုပဲ ထိုင်းအလုပ်သမား ၀န်ကြီးဌာန တာ့(ခ်)ခရိုင် အလုပ်သမားကာကွယ်ရေးရုံး (ဆ၀ါဒီကန်)က ဦးစီးအရာရှိ (ညွှန်ကြားရေး မှူးအဆင့်) နိုင်းပရာဆတ်ကိုယ်တိုင် တက်ရောက်လာပြီး အားပါး တရ ဟောပြောသွား တာတွေ့ရပါ တယ်။
 ဒီကနေ့မဲဆောက်မြို့ရဲ့ အခြေခံလူတန်းစား တွေနေ ထိုင်တဲ့ မယ်ပ ၁၀ ရပ်ကွက် (မြန်မာတို့ အခေါ် - ဘန့်ဆောင်ခွဲ) မှာ တခုတ်တရလာရောက် ဟောပြောခဲ့တဲ့ ဦးစီးအရာရှိလက်ထဲကို မိမိတို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) အကြီးအကဲဦးမိုးကြိုးနဲ့အဖွဲ့က “ယနေ့ ကျရောက်တဲ့ မေဒေးနေ့မှာပဲ ရွှေ့ပြောင်းအ လုပ်သမားများနဲ့ပတ်သက်ပြီး တောင်းဆိုချက် ၉ ခုပါတဲ့ ကြေညာချက်ကို ပေးအပ်ခဲ့ပါတယ်။ ဦးစီးအရာရှိကလည်း ချက်ချင်းပဲ ဖတ်ရှုပြီး တောင်းဆိုချက် ၉ ချက်အပြင် အခြားသောထိုင်း နိုင်ငံအလုပ်သမားဥပဒေပါ အခွင့်အရေးတွေကို မိနစ် ၄၀ ခန့် စိတ်ပါ လက်ပါ အားပါးတရ ရှင်း ပြသွားတာကို မြင်ကြရပါတယ်။ 
 (ထိုင်းအလုပ်သမားဝန်ကြီးဌာန တာ့(ခ်) ခရိုင်ဦးစီးအရာရှိနိုင်းပရာဆတ်မှ စိတ်ပါလက်ပါဟော ပြောနေ စဉ်)
ကိုင်း… ပြောနေကြာပါတယ်။ အခြေခံလူ ထုလူတန်းစားတွေနဲ့ အတူ မေဒေးအကြောင်းကိုပြောပြီး အလုပ်သမားဘ၀ အဖိနှိပ်ခံရမှုဆိုင်ရာ ရင်ဖွင့် သံတွေကိုပါ အလုပ်သမားတွေကို ပြောဆိုခွင့်ပေးတဲ့ ဒီကနေ့ဆင်းရဲသားရပ်ကွက်က မေဒေးနေ့ အခမ်း အနားက ကိုယ်ထူကိုယ်ထ လုပ်ကိုင်ကြရတာမို့ အားရှိသလို မမျှော်လင့်ဘဲ ခရိုင်ဦးစီးအရာရှိ ကိုယ်တိုင် ကြွရောက်ခဲ့တာမို့ အားလုံးသော အလုပ်သမားတွေ အံ့သြ၀မ်းသာခဲ့ကြရပါတယ်။ ဟောဒီဓါတ်ပုံတွေကို ကြည့်ပါဦး။

(မေဒေးရဲ့အဓိကအနှစ်သာရဖြစ်တဲ့ ၈နာရီလုပ်မယ်. ၈နာရီပျော်မယ်..၈နာရီနားမယ်လို့ ကြွေးကြော်နေကြစဉ်  )

(ခရိုင်ဦးစီးအရာရှိ(ညွှန်ကြားရေး မှူးအဆင့်) နိုင်းပရာဆတ်ထံသို့ ဂျက်ဘာအဖွဲ့မှတောင်းဆိုချက် ၉ ချက်ပါကြေညာချက်ကို ပေး အပ်နေစဉ်)
(FTUB အဖွဲ့မှ အလုပ်သမားသွေးစည်းညီညွှတ်ရေးနဲ့ အလုပ်သမားသမဂ္ဂသီချင်း သီဆိုနေစဉ်)

 (ရွှေ့ပြောင်းလုပ်သားတစ်ဦးရဲ့ ရင်ဖွင့်သံ)

(ရွှေ့ပြောင်းအလုပ်သမ တစ်ဦးရဲ့ ရင်ဖွင့်သံ) 

( သွေးစည်းချစ်ကြည်ရေး သရက်သီးအပြန်အလှန်ခွံ့ကျွေးနေကြစဉ်)
(ခရိုင်ဦးစီးအရာရှိ(ညွှန်ကြားရေး မှူးအဆင့်) နိုင်းပရာဆတ်မှ စိတ်ပါလက်ပါဟော ပြောနေ စဉ်)

(အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥာဏ်စမ်းပဟေဠိ)

*မဲဆောက်ဒေသ ရွှေ့ပြောင်းအလုပ်သမားပေါင်းစုံတို့၏ မေဒေးနေ့သဘောထားထုတ်ပြန် ကြေညာချက်*

နေ့စွဲ ၁-၅-၂၀၁၂

ယနေ့သည် “တစ်နေ့အလုပ်ချိန် ၈ နာရီရရှိရေးအတွက် လွန်ခဲ့သောနှစ်ပေါင်း (၁၂၂) နှစ်က အမေရိကန် ပြည်မှ နောင်တော်အလုပ်သမားတို့၏ ချွေးနှင့်၊ သွေးနှင့် ရင်းနှီးကာ ရယူပေးခဲ့သော “သမိုင်း ၀င်မေဒေး” နေ့ဖြစ်သည်။ မေဒေးနေ့နှင့် အတူ “၈နာရီလုပ်မယ်၊ ၈ နာရီ ပျော်မယ်၊ ၈ နာရီနားမယ်” ဟူသည့် တစ်ရက်တာအချိန်ကို ပိုင်းခြားစိတ်ဖြာကာ လုပ်သင့်တာလုပ်၊ ထို့နေက်ပျော်သင့် တာပျော်ထိုက် သည့် အချိန်တွင် လွတ်လပ်ပျော်ရွှင်စွာနေ၊ ထို့နောက် နားသင့်နားထိုက်သည့်အချိန်မှာအပန်းဖြေနားနေ ကြရသောအလုပ်သမားအခွင့်အရေးသည် လူ့အခွင့်အရေးပင်ဖြစ်သည်။ သို့ဖြစ်၍ “အလုပ်သမားအခွင့် အရေးသည် လူ့အခွင့်အရေးပင်ဖြစ်သည်” (Labour Rights is Human Rights) ဟူ၍ အမွန်အမြတ် ဆောင်ပုဒ်ထားရှိခဲ့ပေသည်။ ယနေ့ကမ္ဘာကြီးတွင် ကုန်ထုတ်စွမ်းအားစုကြီးတစ်ခုလုံး၏ အဓိကလုပ်အားရှင်များ ဖြစ်ကြသော အလုပ်သမားများကို လေးစားတန်ဖိုးထားကြရာ၌ မိခင်နိုင်ငံတွင်းရှိ အလုပ်သမားများကို သာမက ပြည်ပ နိုင်ငံများမှအကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသော ရွှေ့ပြောင်းအလုပ်သမားများသည်လည်း ယင်း တို့၏ လုပ်အားတန်ဖိုးဖြင့်ပင် သက်ဆိုင်ရာနိုင်ငံကို အလုပ်အကျွေးပြုနေကြပေသည်။ ရွှေ့ပြောင်းအလုပ် သမားဟူ၍ သုံးနှုန်းလိုက်လျှင်ပင် မိခင်နိုင်ငံသားအလုပ်သမားများမလုပ်ချင်ကြသော ခက်ခဲကြမ်းတမ်း သောအလုပ်၊ ညစ်ပတ်ပေရေသောအလုပ်နှင့် အန္တရာယ်ရှိသောအလုပ်များကို လုပ်အားခဈေးပေါပေါနှင့် လုပ်ကိုင်ပေးနေကြရပေသည်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား (၃) သန်းခန့်ရှိရာတွင် မိမိတို့ မြန်မာရွှေ့ပြောင်း အလုပ်သမားမှာ ၈၀%ခန့်ရှိပြီး အင်အားအများဆုံးဖြစ်ပေသည်။ မိမိတို့မြန်မာနိုင်ငံသည် ယခုအခါ အပြောင်းအလဲသို့ ဦးတည်နေပြီဆိုသော်လည်း ယခင်ကတည်းက ရှိနေခဲ့သော အကျင့်ပျက်ခြစားမှု၊ လူမှန်နေရာမှန်မရှိမှု၊ စီမံခန့်ခွဲရေးညံ့ဖျင်းမှု၊ အလုပ်အကိုင်ရှားပါးမှုနှင့် ဆင်းရဲမွဲတေမှုစသည်တို့မှာ ရှိမြဲရှိ နေဆဲဖြစ်သည်။ထို့ အတွက်ကြောင့်လည်း အိမ်နီးချင်းထိုင်းနိုင်ငံသို့ ၀င်ပေါက်နေရာအသီးသီးမှ တရားမ ၀င်အလုပ်သမားများအဖြစ် ယနေ့ထိတိုင်ဝင်ရောက်နေကြဆဲဖြစ်သည်။ ထိုသို့တရားမ၀င် ၀င်ရောက် လာသော မြန်မာရွှေ့ ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံမှ နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှန် (Workpermit) ထုတ် ပေးပြီး ယခုအခါယာယီနိုင်ငံကူးလက်မှတ်နှင့် မြန်မာနိုင်ငံသားဟုတ်မှန်ကြောင်း စီစစ်ပြီးလက်မှတ်ထုတ် ပေးခြင်း (Passport & Visa) စသည်တို့ကိုလည်း ထိုင်းနှင့်မြန်မာညှိုနိုင်းကာ ဆောင်ရွက်ပေးလျက်ရှိပါသည်။ တရားမ၀င်မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တရားဝင်အလုပ် သမာများအဖြစ် လိုအပ်သလို ဆောင်ရွက်ပေးခြင်းကို ကျေးဇူးတင်ဝမ်းသာရပါသည်။ သို့ရာတွင် Passport & Visa အတွက် ကုမ္ပဏီများမှ တဆင့်ဆောင်ရွက်ရသည်ဖြစ်၍ သတ်မှတ်ဈေးနှုန်းထက် များစွာ ကုန်ကျနေရခြင်းကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှများစွာ စိတ်ဆင်းရဲကြရပါသည်။ မရှိရှိတာကိုဈေးငှား၊ ပေါင်နှံးရောင်း ချပြီး ပြုလုပ်ကြရပါသည်။ ဤသို့ Passport & Visa နှင့် Workpermit ကို မရှိ ရှိသည့်ကြားမှ ပြုလုပ်ပြီးကြသော်လည်း ထိုင်း နိုင်ငံတွင် လက်တလောဖြစ်ပေါ်နေသော ဘတ် ၃၀၀ စီမံချက်ကို မဆိုထားနှင့် ယခင်ဒေသအလိုက် သတ်မှတ်ခံနှုန်းဖြစ်သော (တာ့ခ်ခရိုင်တွင် ၁၆၂ ဘတ်)ကိုပင် မရကြပါ။ ထို့အပြင် တနင်္ဂနွေနေ့နှင့် ထိုင်း နိုင်ငံ နေ့ထူးနေမြတ် ၁၃ ရက်တွင်လည်း အလုပ်ပိတ်မပေးကြပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးအလုပ် သမားများကိုလည်း ထိုင်းဥပဒေပါ ခံစားခွင့်အတိုင်းမပေးပဲ အလုပ်ဖြုတ်ပစ်သည်များရှိပါသည်။ မြန်မာ ရွှေ့ပြောင်းအလုပ်သမများသည် အိမ်ထောင်သားမွေးမှုကို ပြုလုပ်ပြီးကြလျှင် သားသမီးမွေး ဖွားလာ ပါက မြန်မာပြည်ရှိ မိဘ၊ ဘိုးဘွားများထံ ကလေးကိုပြန်ပို့ရခြင်းသည် လူ့အခွင့်အရေးဆုံးရှုံးရခြင်း တစ်မျိုးဆိုနိုင်ပါသည်။ သို့ဖြစ်၍ တစ်နေ့အလုပ်ချိန် ၈ နာရီသတ်မှတ်ခဲ့ကြသော ဤမေဒေးနေ့တွင် မိမိတို့မဲဆောက်ဒေသ မြန်မာရွှေ့ပြောင်းအလုပ်သမားအလွှာပေါင်းစုံတို့မှ အောက်ပါတောင်းဆိုချက်များကို လူကြီးမင်းတို့သိစေ ရန် တင်ပြအပ်ပါသည်။ 1. ပတ်စ်ပို့၊ ဗီဇာရှိနေသောမြန်မာရွှေ့ပြောင်းအလုပ်သမားများအား လတ်တလော အကောင်အ ထည်ဖော်ရန်ရှိသော ဘတ် ၃၀၀ စီမံချက် (တာ့ခ်ခရိုင် ၂၂၆ ဘတ်) အတိုင်းပေးရန်။ 2. ပတ်စ်ပို့၊ ဗီဇာ ရရှိပြီးဖြစ်သော်လည်း ပတ်စ်ပို့၊ ဗီဇာ အစစ်အမှန်နှင့် Word permit အစစ်အမှန်ကို ကာယကံရှင်အလုပ်သမား၏ လက်ဝယ်တွင်ထားရှိခွင့်ပေးရန်၊ (မိတ္တူကိုသာပေးထားသဖြင့် ဒေ သခံရဲတို့မှ တားဆီး၊ ငွေညှစ်ခြင်းကို ခံနေကြရ၍ဖြစ်သည်။) 3. ကိုယ်ဝန်ဆောင်အမျိုးသမီးအလုပ်သမားများအား ထိုင်းဥပဒေပါ ခံစားခွင့်အတိုင်းပေးရန်နှင့် က လေးမွေးဖွားပြီးပါက လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခွင့်ပေးရန်။ 4. အလုပ်သမားများကလစဉ် တင်ပြဆွေးနွေးလိုသည်များရှိသည့်အတွက် လစဉ်အလုပ်ရှင်၊ အလုပ် သမား (မျက်နှာစုံညီတွေ့ဆုံပွ) ပြုလုပ်ပေးရန်၊ 5. လူထုအခြေပြုအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများထိုင်းအလုပ်သမားသမဂ္ဂများနှင့် ဆက်သွယ်ခွင့်ပေးရန်။ (အဖွဲ့အစည်းများနှင့် ဆက်သွယ်ပါက အလုပ်ဖြုတ်ခံရမှုများရှိနေပါသည်။) 6. လစာထုတ်လျှင် မလိုလားအပ်သော ဖြတ်တောက်ကြေးများအား မဖြတ်တောက်ပဲသတ်မှတ် လစာ အပြည့်ပေးရန်။ (လုပ်ငန်းရှင်မှ ပေးကမ်းရမည့် ဆက်ကြေးများကို အလုပ်သမားများကပါ ပေးဆပ်နေရခြင်းအတွက်) 7. အလုပ်ချိန် ၈ နာရီကျော်လျှင် သတ်မှတ်စံနှုန်းအတိုင်း အိုတီကြေးပေးရန်။ 8. ပုတ်ပြတ်စား၊ ဒါဇင်စား၊ ကီလိုစားများကိုလည်း သတ်မှတ်လုပ်အားခတိုးမြှင့်ပေးရန်၊ (နေ့စား အလုပ်သမာများနှင့် မတူပဲ အလုပ်ပြီးမြောက်မှုအပေါ်မူတည်ပြီးလုပ်ပေးနေရသဖြင့် အိုတီကြေး ဆိုတာ ယင်းတို့မရကြပါ။) 9. တနင်္ဂနွေနေ့နှင့် ထိုင်းနိုင်ငံ၏ နေ့ထူးနေ့မြတ် ၁၃ ရက်တွင် လုပ်အားခအပြည့်နှင့် နားရက်ရရှိရန်၊

 လေးစားစွာဖြင့်
မဲဆောက်ဒေသရွှေ့ပြောင်းအလုပ်သမားများ+ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ၁-၅-၂၀၁၂

-
The statement of migrant Workers
Mae Sot their desire on May Day.

on May Day. Date, 1st May 2012

To day is May Day, Which we remember Our brothers or Leaders of Labour from U.S.A have been fight and risk to get 8 hours doing time/ one day last (122) Years. Labour rights is Human right, because all of Labours have get their chances. They are doing, 8 hour, happy 8 hours and resting 8 hours. Hereby “Labour Rights is Human Rights” and that is very nice slogan for our workers. To day on the world we must be obey or respect to Labours. Who are main resource for their countries’ investments. Thus the migrant workers also working for their staying country. The migrant workers doing their works which are, difficult, dangerous and dirty. But they could not set norm workers charges and doing with cheap cost. In this country Thailand, there are three million population of migrant workers and 80 % are Burmese migrants who are the most population. Although our Burma have change it’s policy just some cases are still now. There are loose character, unfit person in work, dies administration, decrease Job and poverty. So they entered the neighboring countries through the a lot of entrances as migrations. Now the Government of Thailand support or help them to get temporary Passport and visa, work permit collaboration with Burmese authorities. We would like to thank Thai authorities which they have help to our migrants illegally to legality. But Burmese migrants feel unhappy because the cost of Passport and visa very. Very expensive doing by many companies. So, they have a lot of debts. Although they do Passport and work permit even they have many problems and terrible, but they could not get norm rate 162 ฿ in Tak province, unable to get 300 ฿ Project. Not holiday for them even Sunday and other 13, Gazette holiday. Majorities of pregnancy women workers were dismissed by employers. It they set pregnancy, born the babies, they sent the babies to motherland, that’s are one of last Human Rights. Hereby we would like to notify our desire on this May Day. (1) To get according to the 300 ฿ Procedure in clued (226 ฿ in Tak Province.) (2) To Keep themselves original Passport, visa and workpermit. (It they haven’t keep original they have harmful effect, when they meet Police.) (3) To get Rights for Pregnancy women workers according to the rule of Thailand and to do again after born. (4) Monthly multiple meeting between employers and workers. (5) Get chance to contact CBO, (community Base Organization) Human Rights Organizations and Labours union. (Dismiss cases, if they contort any Organizations.) (6) To get full pay on pay day. (Labours give many surplus costs in stead of employer) (7) Get overtime charges with norm. (They get a little OT charges) (8) To increase costs for fixed workers, example Dozens, Kilo and fixed pay Persons. (They are different from daily wages because they get their charges which done works. Never get OT fees) (9) To get rest on exert Sunday and 13, Gazette days with full pay as holidays.

 Be respectfully

Migrant workers + Joint Action Committee for Burmese Affairs (JACBA) from Mae Sot.
 1.5.2012

သတင်း-သောင်ရင်းနဂါး

-တာ့(ခ်)ခရိုင် ဦးစီးအရာရှိကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဒီကနေ့မေဒေးအခမ်းအနား မဲဆောက် က ဆင်းရဲသားရပ်ကွက်မှာကျင်းပ- 
(Masters of Ceremory-Sai Naung-Ma Toe-Ma Than Than Nwe)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)