ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 2, 2012

>
(၂၉-၄-၂၀၁၂) ရက်နေ့မှာ ရန်ကုန်မြို့ရဲ့ အပူရှိန် ခံစားရမှုဟာ အမြင့်ဆုံး အဆင့်ကို ရောက်လာပြီး အန္တရာယ် ရှိတဲ့ အဆင့်ကို ရောက်နေ ပါတယ်။ (၃၀-၄-၂၀၁၂ ရက်နေ့ နံနက် ၀၆း၄၅ နာရီ)
 
အပူရှိန်ခံစားရမှုတွေ ရန်ကုန်မြို့မှာ ရုတ်တရက် မြင့်တက်လာပါတယ်။ “အပြင်မှာ ပူလိုက်တာ အဖေရယ်” လို့က အပြင်က သားကို ကျောင်းကြိုလာတဲ့ သမီးဖြစ်သူက ကျွန်တော်ထိုင်နေတဲ့ ဧည့်ခန်းထဲဝင်လာလာချင်း ပြောလိုက်ပါတယ်။ ကျွန်တော် ဧည့်ခန်းနံရံက နံရံကပ်နာရီကို ကြည့်လိုက်တော့ နံနက် (၁၁း၄၅)နာရီပဲ ရှိပါသေးတယ်။ စောစောလေးကပဲ ဂျာနယ်တစ်စောင်က အယ်ဒီတာချုပ် တစ်ယောက် က ဖုံးဆက်ပြီး မေးသွားသေး တယ်။ “အပြင်မှာ ပူလွန်းလို့ ဘာတွေများထူးခြားနေ ပါသလည်း ဆရာ” တဲ့လေ။ နေ့က (၂၉-၄-၂၀၁၂)ရက်နေ့ပေါ့။ ဒီနေ့ရဲ့ထူးခြားမှု ကတော့ မနက်ကတည်းက တိမ်တွေတက်လာနေပြီး မိုးတွေအုံ့နေတာပါပဲ။ မနက်အစောကြီးရှိသေးတယ်။ နှစ်ယောက်ရှိပြီ ပြောလာကြတော့ ကျွန်တော့ စိတ်ထဲ အတွေးတွေ ၀င်လာတယ်။ ဒီကနေ့ မိုးတွေလည်းအုံ့နေတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက် ကတည်းက (၂၇)ရက်နေ့နောက်ပိုင်း မိုးတွေတက်လာပြီး အပူချိန်တွ ကျသွားနိုင်တယ်လို့ ခန့်မှန်း ပေးထားခဲ့တယ်။ အခုမိုးတွေလည်းအုံ့ အပူချိန်လည်းမမြင့်ပါပဲနဲ့ လူတွေက ပူလိုက်တာဆိုပါလား။ ဒါနဲ့ နှစ်ပေါင်း (၃၀)ကျော်လောက်က ကျောင်းမှာ သင်လာခဲ့ဘူးတဲ့ အပူနဲ့ ပတ်သက်တဲ့ အပူအညွှန်း ကိန်း ဆို တာလေးကို သတိရလာမိပါတယ်။ အပူအညွှန်းကိန်း(Heat Index)ဆိုတာ လေထုရဲ့အမှန်ရှိနေတဲ့ အပူချိန် ထဲမှာ ရေငွေ့ပါဝင်မှုရဲ့ အကျိုး သက်ရောက်မှုကိုပါ ထည့်သွင်းလိုက်ပါက ဘယ်လောက်အထိ အပူရှိန်ကိုခံစားရလာနှိုင်တယ် ဆိုတာကို ပြတဲ့ အပူရှိန်ခံစားရမှု အညွှန်းကိန်းဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ လေအပူချိန် နဲ့ လေထု ထဲရေငွေ့ ပါဝင်မှုတို့ နှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာ လူတွေ အမှန်ခံစား လာရတဲ့အပူချိန် (“felt air temperature”) ဒါမှမဟုတ် “apparent temperature” ဖြစ်ပါ တယ်။ ခြောက်သွေ့နေတဲ့အချိန်မှာ အပူချိန် 90 °F (32 °C) သာရှိတဲ့လေဟာ ရေငွေ့တွေနဲ့ စွတ်စိုလာလိုက် တာနဲ့ အပူချိန် 105 °F (41 °C) လောက် ရှိလာသလို အပူရှိန်ကို ခံစားလာရစေပါတယ်တဲ့။ သာမန်အားဖြင့် လူရဲ့ခန္ဓာကိုယ်ဟာ ကိုယ်တွင်းအပူမြင့်တက်နေမှုတွေကို perspiration လို့ခေါ်တဲ့ ချွေးထွက်(sweating) စေတဲ့အနည်းနဲ့ ခန္ဓာကိုယ်တွင်းက အပူတွေကို အပြင်ကို စွန့်ထုတ်ပေး ပါတယ်။ အကြောင်းကတော့ လူ့ခန္ဓာကိုယ် ဟာ ချွေးထွက်လာတိုင်း အဲဒီချွေးတွေ အငွေ့ပျံ (evaporation)စေတဲ့အခါ အပူလိုပါတယ်။ ချွေးနဲ့အပူနဲ့ပေါင်းမှ အငွေ့ဖြစ်စေပါတယ်။ လိုတဲ့ အပူကို လူ့ခန္ဓာကိုယ်ကပေးရပါတယ်။ အဲဒါကြောင့် ထါက်လာတဲ့ချွေးတွေအငွေ့ပျံထွက်တိုင်း ခန္ဓာကိုယ်က အပူရှုံး(heat loss) ရပါတယ်။ ဒီအခါ ခန္ဓာကိုယ်အနေနဲ့ အအေးဓါတ်(cooling effect)ကို ရစေပါတယ်။ ဒီလို ချွေးတွေကို အငွေ့ပျံမှုဟာ အပြင်လေက ခြောက်သွေ့လေ အငွေ့ပျံနှုန်းကောင်းလေဖြစ်ပါတယ်။ အပြင်လေ မှာ ရေငွေ့တွေ များလာရင်တော့ ချွေးတွေရဲ့ အငွေ့ပျံနှုန်းက လျော့ကျလာပါတယ်။ ဒီအခါမှာ လူ့ခန္ဓာကိုယ်ဟာ အပူစွန့်ထုတ်မှုတွေ ကောင်းကောင်း မလုပ်နှိုင်တော့ တဲ့အတွက် အပူဓါတ်တွေ ပိုမို စုစောင်းလာတဲ့အတွက် အပူရှိန် မြင့်တက်မှုကို ခံစားကြ ရတော့တာပါပဲ။ ဒါကြောင့် အပူရှိန်ကို ခြောက်သွေ့တဲ့လေထက် စိုစွတ်တဲ့လေမှာ ပိုမိုခံစားကြရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ချွေးထွက်လို့ အိုက်နေရင်(ကိုယ်တွင်းမှာ အပူရှိန်မြင့်နေရင်) ယပ်ခတ်လိုက်တဲ့အခါ၊ ပန်ကာလေခံ လိုက်တဲ့ အခါ လေရဲ့ လှုပ်ရှားမှု အရွေ့ စွမ်းအင်ကြောင့် ခန္ဓာကိုယ်ပေါ်က ချွေးတွေ အငွေ့ပျံ သွားစေ ပါတယ်။ ချွေးတွေ အငွေကပျံထွက်တိုင်း လိုတဲ့အပူတွေကို ခန္ဓာကိုယ်ကပေး လိုက်ရတော့ ခန္ဒာကိုယ်ဟာ အပူဆုံးရှုံးရတဲ့အတွက် အအေးဓါတ် ကို ရလာစေ တာဖြစ်ပါတယ်။ အထူးအရေးကြီးတဲ့အချက်ကတော့ အပူအညွှန်းကိန်းများကိုတွက်ချက်ရာမှာ အရိပ်အာဝါသ ရှိတဲ့နေရာ၊ သာမန်လေပြေလေးများတိုက်ခတ်နေတဲ့အချိန် စတဲ့ အခြေအနေများအပေါ်မှာ အခြေပြု တွက်ချက်ထားတဲ့ အတွက်၊ နေရောင်ခြည်ကို အကာအကွယ်မဲ့နေထိုင်ခြင်းပြုပါက အပူအညွှန်းကိန်း တန်ဖိုးဟာ နောက်ထပ် 15°F လောက်အထိ ထပ်ဆောင်းတိုးမြင့်လာနှိုင်ပါတယ်။ အထူးသဖြင့် အလွန်ပူပြင်း ခြောက်သွေ့တဲ့လေတွေတိုက်နေပါက လူသားများ အတွက် ဘေးဖြစ်လာက်အောင် အလွန် အန္တရာယ်ကြီး စေနိုင်ပါတယ်။ ဒါနဲ့ ကဗျာကယာ ရန်ကုန်မြို့ရဲ့ အပူအညွှန်းကိန်းတွေကပို တွက်ကြည့်လိုက် ပါတယ်။ လား…လား…။ တွက်ကြည့်လိုက်တော့ ကျွန်တော် မျက်လုံးပြူးသွားပါတယ်။ ဘာပြုလို့လည်း ဆိုတော့ ကျွန်တော် ဒီလိုတွေ့ လိုက်ရလို့ဖြစ်ပါတယ်။ (အညွှန်း slide ) (၂၉-၄-၂၀၁၂)ရက်နေ့မှာ အမြင့်ဆုံးအပူချိန်ဟာ 100 °F (38 °C) ဖြစ်ပါတယ်။ အပူချိန်ဟာ ထူးထူးခြားခြား မမြင့်ပါဘူး။ ဒါပေမယ့် လေထုရဲ့ စိုထိုင်းဆကတော့ 61% ဖြစ်လာပါတယ်။ ဒါကြောင့်တိမ်တွေလည်း တက်လာ တာဖြစ်ပါတယ်။ မိုးတွေအုံ့လာတာဖြစ်ပါတယ်။ အပူချိန်အနေနဲ့ တော့ အပူသက်သာဖို့သာရှိပါတယ်။ တစ်နည်းပြောရရင်တော့ UV Index အနေနဲ့တော့ ကျလာမှာ သေချာပါတယ်။ ဒျါပမယ့် heat index ကို တွက်လိုက်တော့ 132 °F (56 °C) ရှိနေပါတယ်။ အဓိပ္ပါယ်ကတော့ အပြင်လေထုရဲကအပူချိန်ဟာ 100 °F (38 °C) သာရှိပေမယ့် လေထုထဲ ရေငွေ့တွေ တိုးလာတဲ့အတွက် လူတွေ ခံစားနေရတဲ့ အပူချိန်ကတော့ 132 °F (56 °C) အပူရှိန်မျိုး ဖြစ်နေပါတယ်။ အမေရိကန်ပြည်ထောင်စု အမျိုးသား အဏ္ဏ၀ါရေထု နဲ့လေထု အုပ်ချုပ်ရေး အဖွဲ့ (National Oceanic and Atmospheric Administration-NOAA)ရဲ့ heat index များရဲ့ အန္တရာယ်ရှိမှု အဆင့်သတ်မှတ်ချက် rank တွေအရ ကြည့်လိုက်တော့ မြန်မာနိုင်ငံ ရန်ကုန်မြို့ရဲ့ (၂၉-၄-၂၀၁၂) ရက်နေ့မှာ ဖြစ်ပေါ်နေ တဲ့ အပူရှိန်ရဲ့ အန္တရ်ာရှိမှုအဆင့်ဟာ E.D.(external Danger) အဆင့် ဖြစ်ပါတယ်။ အဲဒီတော့ (၂၉-၄-၂၀၁၂)ရက်နေ့က ရန်ကုန်မြို့ရဲ့ အပူအညွှန်းကိန်းတန်ဖိုး ဟာ ၂၀၁၂ ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့အထိကာလအတွင်း အမြင့်မားဆုံးဖြစ်နေတာ ကို တွေ့ရတဲ့အပြင်၊ ရှေ့တစ်နေ့ ဖြစ်တဲ့ (၂၈-၄-၂၀၁၂) ရက်နေ့ကထက် အပူအညွှန်းကိန်းတန်ဖိုး 20 °F (5 °C) ပိုမိုမြင့်တက် လာခဲ့ပါတယ်။ အပူရှိန်အဆင့် ကတော့ အန္တရာယ်အလွန်ကြီးပြီး လူတွေကို လေသင်တုန်းဖြတ်ခြင်း (heat stroke) အလွယ်တကူ ကြုံတွေ့နှိုင်တဲ့အဆင့် ဖြစ်နေကြောင်းပါဗျာ။။ ဒါကြောင့် အကြံပြုလိုတာကတော့ (၁) နေပူထဲ မထွက်ပါနဲ့၊ မဖြစ်မနေ ထွက်ရမယ်ဆိုရင်လည်း (၂) အပူဆုံးအချိန်ကိုရှောင်ပါ။ (၃) အကြာကြီးမနေပါနဲ့။ (၄) အကာအကွယ်များဖြစ်တဲ့ နေကာမှန်၊ နေကာမျက်မှန်၊ ဦးထုပ်၊ အ၀တ်အစား ပြည့်စုံေ အာင်ဝတ်ပြီးမှာသာ သွားလာပါလို့ အကြံပြုလိုပါတယ်။ အထူးသဖြင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက ထုတ်ပြန်ထားတဲ့ သတိပေးချက်တွေကို လိုက်နာကြ ပါလို့ပြောလိုပါတယ်။ ဒီအခြေအနေကနေပြီး ထွက်ပေါက်ကတော့ မိုးရွာဖို့ပဲ လ
ိုပါ တယ်။ မိုးရွာလိုက်တာနဲ့ အပူရှိန်ခံစားရမှုတွေ ကျဆင်းလျော့နည်း သွားပါလိမ့် မယ်လို့သာ ပြောပါရစေတော့။

 မောင်ထွန်းလွင် (မိုးလေ၀သ) 
 http://www.tunlwin.com/mycate.php?myanmar=100
======ஜ۩۞۩ஜ======= ◄██▓░ Ѧя Ƨσяcɛяɛя ░▓██► ======ஜ۩۞۩ஜ=======

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)