ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 2, 2012

>
-မိသားစုအတွက် လုံလောက်တဲ့အချိန်ပေးနိုင်ရမယ်-

အဖေက အလုပ်အရမ်းကြိုးစားတဲ့လူတစ်ဦးဖြစ်တယ် ။ အမေနဲ့ ကျွန်တော်တို့ကလေး ၃ ယောက်ကို ရှာဖွေကျွေးမွေး ဖို့အတွက် အဖေဟာ ပေါင်မုန့်တွေလိုက်ပို့တဲ့အလုပ်ကိုလုပ်တယ် ။ အဖေဟာ အလုပ်ပြီးချိန်တိုင်း ညနေခင်း တိုင်းမှာ သင်တန်းတွေလိုက်တက်တယ် သူ့ကိုယ်သူတိုးတက်အောင်လုပ်ခြင်းအားဖြင့်အချိန်တွေကို ကုန်စေလေ့ရှိတယ် ။ သူ့စိတ်ကူးထဲမှာတော့ တစ်နေ့သူဟာ ဒီထက်ဝင်ငွေကောင်းတဲ့အလုပ်တစ်ခု ရရမယ် လို့ပေါ့ ။ ခြွင်းချက်အနေနဲ့ တနင်္ဂနွေတစ်ရက်မှာတော့အဖေဟာ မိသားစုနဲ့အတူ မိသားစုထမင်းဝိုင်း ကို မြိန်ယှက် စွာစားလေ့ရှိတယ် ။ အဖေဟာ အလုပ်အရမ်းကြိုးစားပြီး ခက်ခဲပင်ပန်းစွာ သင်ယူတယ် ဘာကြောင့်လည်း ဆိုတော့ သူ့မိသားစုလိုအပ်တဲ့အရာမှန်သမျှကို ၀ယ်ပေးနိုင်ဖို့ လိုအပ်တဲ့ငွေကြေးကို သူ ထောက် ပံ့ပေးနိုင်ဖို့အတွက်ပေါ့ ။ ဒါပေမယ့်ကျွန်တော်တို့မိသားစုက တော့အဖေ့ကို အမြဲစောဒကတက်ခဲ့ကြတယ် ။ အဖေဟာ ကျွန်တော် တို့နဲ့အမြဲအ ချိန်ပြည့်မနေဘူး မိသားစုအတွက်လုံလောက်တဲ့အချိန်မပေးနိုင်ဘူးပေါ့ ။ သူ့အကြောင်းပြ ချက် ကတော့ မိသားစုအတွက် သူအလုပ်လုပ်နေရတာပါတဲ့ ။ ဒါပေမယ့်သူဟာ တခါတရံမှာတော့ မိသားစုကို ဒီထက် အချိန်များများပိုပေးနိုင်ဖို့အတွက် တမ်းတမိနေပုံပါပဲ ။ သင်တန်းက စာမေးပွဲ အောင်စာရင်းတွေကြေငြာတဲ့နေ့ရောက်လို့လာပါပြီ ။ အဖေအရမ်းပျော်နေတယ် အဖေက စာမေးပွဲအောင်ယုံသာမက ဂုဏ်ထူးနဲ့ပါအောင်ခဲ့တယ် ။ သိပ်မကြာခင်မှာပဲ အဖေဟာ Senior Supervisor ရာထူးနဲ့ ဒီထက်ပိုကောင်းတဲ့လစာနဲ့ ဒီထက်ပိုကောင်းတဲ့အလုပ်တစ်ခုကို ရရှိခဲ့ပါတယ် ။ အိပ်မက်တွေတကယ်ဖြစ်လာခဲ့သလိုပါပဲ ။ အဖေဟာ အခုဆိုရင် သူ့မိသားစုကို ဘ၀ရဲ့လိုအပ်ချက်တွေ ( လို့အဖေထင်မြင်တဲ့ ) အ၀တ်အစားအကောင်းလှလှကလေးတွေ အစားကောင်းအသောက်ကောင်းတွေနဲ့ အပမ်းဖြေ ခရီးစဉ်တွေ နဲ့ဖြည့်ဆည်းပေးခဲ့တယ် ။
ဒါပေမယ့်မိသားစုကတော့ အဖေ့ကို ရက်သတ္တပတ်များစွာတိုင်အောင် မျက်နှာခြင်းဆိုင်ဖို့ အခွင့်မရခဲ့ပါဘူး ။ အဖေက အလုပ်ကို ဒီထက်ပိုပြီးကြိုးစားခဲ့တယ် Manager ဆိုတဲ့ရာထူးကို တိုးမြှင့်ခံရဖို့အတွက်ပေါ့ ။ တကယ်တော့ ဒီရာထူးနဲ့ထိုက်တန်အောင် အဖေဟာ တက္ကသိုလ်တစ်ခုက ဖွင့်တဲ့တခြားသင်တန်းတစ်ခုကို တက်ဖို့အတွက် စာရင်းပေးသွင်းခဲ့တယ် ။ နောက်ကျွန်တော်တို့က အဖေဟာ မိသားစုနဲ့ လုံလောက်တဲ့အချိန်မပေးနိုင်ကြောင်းစောဒကတက်ခဲ့ကြပြန်တယ် ။ အဖေကတော့ သူလုပ်သမျှဟာ မိသားစုအတွက်လုပ်ရတာဖြစ်တယ်လို့ အရင်အခေါက်ကအတိုင်း ပြောခဲ့တယ် ။ အဖေရဲ့ကြိုးစားမှုတွေအရာထင်ခဲ့ပြီးအဖေဟာ ရာထူးတိုးမြှင့်ခံခဲ့ရတယ် ။ အဖေဟာ ဂုဏ်ယူစွာနဲ့ပဲ အမေ့ကို ကူညီဖို့နဲ့ တခြားအိမ်မှုကိစ္စလေးတွေကူလုပ်ဖို့အတွက် အိမ်ဖော်တစ်ယောက်ငှားခဲ့တယ် ။ ပြီးတော့အဖေက ဒီ၃ ခန်းတွဲ အိမ်ကျဉ်းလေးက မိသားစုအတွက်ကျဉ်းလွန်းနေတယ် ဒီထက်ပိုပြီး မိသားစုကို ကောင်းမွန်အောင်ထားဖို့ အတွက် သက်တောင့်သက်သာနေရဖို့အတွက် ကွန်ဒိုတိုက် ခန်းဝယ်ဖို့ ဆုံးဖြတ်လိုက်တယ် ။ အတွေ့အကြုံတွေများလာတာနဲ့အမျှ အလုပ်မှာ အောင်မြင်မှုတွေများလာနဲ့အမျှ အဖေဟာ ရာထူးတွေဒီထက်ပိုမြင့်အောင်ကြိုးစားခဲ့တယ် ။ ဒါပေမယ့်မိသားစုကတော့ အဖေနဲ့အတူတူ အချိန်ကုန်ဆုံး ဖို့အတွက် အခွင့်မရခဲ့ရပါဘူး ။ အရင်က မိသားစုအတူလက်ဆုံစားခဲ့ရတဲ့တနင်္ဂနွေထမင်းဝိုင်းဟာလည်း အဖေ ဟာ အလုပ်ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပျက်ကွက်ခဲ့တယ် ။ တိတ်ဆိတ်ခြောက်သွေ့လို့ပေါ့ ။ မျှော်လင့်ခဲ့တဲ့အတိုင်းပါပဲ အဖေရဲ့ကြိုးစားမှုကြောင့် လှပတဲ့ ကွန်ဒိုတိုက်ခန်းတစ်ခန်းဝယ်နိုင်ခဲ့တယ် ။ မြို့တစ်မြို့ လုံးကိုလှမ်းမြင်နေရတဲ့ ဈေးကြီးတဲ့ တိုက်ခန်းတစ်ခန်းပေါ့ ။ အဲဒီအိမ်သစ်လေးရဲ့ တနင်္ဂနွေညနေ ခင်းလေးမှာ အဖေက မိသားစုကို ၀မ်းမြောက်ဖွယ်သတင်းကြေငြာခဲ့တယ် ။ သူဟာ ယခုအချိန်ကစလို့ ရာထူးထပ် တိုးအောင်မလုပ်တော့ဘူး ဘယ်လိုသင်တန်းမှ ဆက်မတက်တော့ဘူး မိသားစုနဲ့ပဲ အချိန်တိုင်းလိုလို ကုန်ဆုံးစေ မယ်ဆိုတဲ့အကြောင်းပေါ့ ။ အဲဒီတစ်ညလုံးမိသားစုနဲ့ပျော်ရွှင်စွာ အဖေနေခဲ့တယ် ။ ဒါပေမယ့် - - နောက်တစ်ရက်ရဲ့ မနက်ခင်းမှာတော့ အဖေ ဟာ ဘယ်တော့မှ မနိုးထလာခဲ့တော့ပါဘူး ။ အဖေ ဆုံးသွားခဲ့တယ် ။ ####################### မိသားစုတစ်စုအတွက် ဘ၀တစ်ခုအတွက် အရေးအကြီးဆုံးက ငွေကြေးရှာဖွေနေယုံ ၊ တင့်တောင့် တင့်တယ် ထားနိုင်ဖို့ကြိုးစားနေယုံ ၊ သင်တန်းတွေတက်နေယုံ ၊ အလုပ်ကြိုးစားနေယုံနဲ့မလုံလောက်ပါဘူး ။ မိသားစုအတွက် လုံလောက်တဲ့အချိန်ပေးနိုင်ရမယ်ဆိုတာ - - - ။ 

**သက်တန့်ချို** 

Live and work အား ဘာသာပြန်ခံစားသည် ။ စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်....................... --မေမွန်ကျော်--

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)