ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, May 18, 2012

>
-ယခုလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ- 

**(၆၅)ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်ဖွင့်လှစ်** (ပါရီ၊ မေ ၁၆)
(၆၅)ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို မေ ၁၆ ရက်က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ မေ ၁၆ ရက်မှ ၂၇ ရက်အထိ ကျင်းပမယ့် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို နိုင်ငံတကာမှ ဒါရိုက်တာ များ၊ ရုပ်ရှင်အနုပညာရှင်များနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီရုပ်ရှင် ပွဲတော်ကို ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပတာဖြစ်ပြီး ဒါရိုက်တာဝက်စ်အင်ဒါဆင်နဲ့ ဘီလ်မာ ရေးတို့ ရိုက်ကူးခဲ့တဲ့ Moonrise Kingdom ဇာတ်ကားနဲ့ ပြသဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီဇာတ် ကားးဟာ ၁၉၆၀ ခုနှစ် ၀န်းကျင်က လူငယ်စုံတွဲများရဲ့ အဖြစ်အပျက်ကို ဇာတ်လမ်းဖွဲ့ ရိုက် ကူးထားတာ ဖြစ်ပါတယ်။ ကိန်းစ် ရုပ်ရှင်ပွဲတော်ရဲ့ ပိတ်ပွဲအခမ်းအနားကိုတော့ Therese Desqueyroux ဇာတ်ကားနဲ့ပြသပြီး ရုပ်သိမ်းမှာဖြစ်ပါတယ်။ ကိန်းစ်ရုပ်ရှင်ပွဲတော်ရဲ့ အကဲ ဖြတ်ဒိုင် အဖွဲ့ကိုတော့ အီတလီနိုင်ငံမှ ရုပ်ရှင်ထုတ်လုပ်သူဖြစ်တဲ့ နစ်နီမိုရက်တီက ခေါင်း ဆောင် မှာဖြစ်ပါတယ်။ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အနောက်ဆုံးဆန်ဒါတင်ဇာတ်ကား ၂၂ ကား ကို ရွေးချယ်ထားပြီး အဲဒီဇာတ်ကားတွေထဲကမှ ရွေးချယ်ပြီး ဆုတွေချီးမြှင့်မှာဖြစ်ပါတယ်။ (အင်တာနက်)

**ဗီယက်နမ်နိုင်ငံ၏ ဒုတိယမြောက်ဂြိုလ်တုလွှတ်တင်** 
(ဟနွိုင်း၊ မေ ၁၆)  

ဗီယက်နမ်နိုင်ငံ၏ ဒုတိယမြောက် ဆက်သွယ်ရေးဂြိုလ်တုကို ပြင်သစ်နိုင်ငံရ ဂိုင်ရာနာဒေသ ကူရူအမည်ရှိ ဥရောပ အာကာသယာဉ်လွှတ်တင်ရေးခစန်းမှ မေ ၁၅ ရက်က ဂရင်းနစ် စံ တော်ချိန် ၂၂ နာရီ ၁၃ မိနစ်က လွှတ်တင်လိုက်ကြောင်း ဗီယက်နမ်အရာရှိများက မေ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။ ဗီနာဆက်-၂ ဟုအမည်ပေးထားသော ၄င်းဂြိုလ်တုကို အ ရီရာနေ-၅ ဒုံးပျံဖြင့် သယ်ဆောင်သွားခြင်းဖြစ်သည်။ အဆိုပါဂြိုလ်တုသည် ဒုံးပစ်စင်မှလွှင် တင်ပြီး ၃၅ မိနစ်ခန့်အကြာတွင် ဒုံးပျံမှခွဲထွက်ကာ ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ အ လိုအလျောက် ထွက်ခွာသွားခဲ့သည်။ ဗီနာဆက် - ၂ ဂြိုလ်တုကို အောင်မြင်စွာ လွှတ်တင် နိုင်ခြင်းသည် ဗီယက်နမ်နိုင်ငံအနေဖြင့် သတင်းအချက်အလက်နှင့် နည်းပညာနယ်ပယ်တွင် စွမ်းအားပြည့်ဝစွာ ဆောင်ရွက်နိုင်တော့မည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ပြီဖြစ်ကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဒန်က ပြောကြားသည်။ (အင်တာနက်)

**မင်းမျိုးမင်းနွယ်အဆက်ဆက်ပိုင်ဆိုင်ခဲ့သော တော်ဝင်စိန်ပွင့်ကြီးအား လေလံတင်ကြမ်းခင်းဈေးနှစ်ဆ အမေရိကန်ဒေါ်လာ ၉.၇ သန်းဖြင့် ရောင်းချ**
 (ဂျီနီဗာ၊ မေ ၁၆) ကမ္ဘာပေါ်တွင် ရှေးအကျဆုံးနှင့် အထင်ရှားဆုံးဖြစ်သော တော်ဝင်စိန်ပွင့်ကြီး Beausancy ကို ဂျီနီဗာတွင် လေလံတင်ရောင်းချရာ ကြမ်ခင်းဈေး၏နှစ်ဆ အမေရိကန်ဒေါ်လာ ၉.၇ သန်းဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့သည်။ ၁၉၁၀ ခုနှစ်တွင် ပြင်သစ်ဘုရင်မ မာရီဒယ် မေဒေးစီနန်းတက် ပွဲတွင် ဆင်မြန်းခဲ့သော ၃၅ ကရက်ရှိ ယခုတော်ဝင်နန်းထိုက် စိန်ရတနာအား နာမည်ထုတ် ဖော်ခြင်းမရှိသူတစ်ဦးက လေလံဆွဲဝယ်ယူသွားခဲ့ခြင်းဖြစ်သည်။ အလွန်တရာရှားပါးသည့် သစ် တော်သီးပုံ ယခုတော်ဝင်စိန်ပွင့်ကြီး ဈေးကွက်သို့ရောက်ရှိလာခြင်းဖြစ်သည် အလွန်တန်ဖိုးရှိပြီး လေလံဆွဲကြရာတွင်လည်း သူ့ထက်ငါအပြိုင်အဆိုင်ဈေးပေးခဲ့ကြရာ လေလံပွဲစည်ခဲ့ကြောင်း ဆော့ဘေးလေလံရုံးမှ ဒေးဗစ်ဘန်းနက်က
 ပြောကြားသည်။ 

**တရုတ်နိုင်ငံရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်တွင်း၌ ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွား**
 (ပေကျင်း၊ မေ ၁၆) တရုတ်နိုင်ငံ စင်ကျန်းယူဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အနောက်မြောက်ပိုင်းရှိ ကျောက် မီးသွေး မိုင်းတွင်းတစ်တွင်းတွင် မေ ၁၅ ရက်က ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားရာ ခြောက်ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက မေ ၁၆ ရက်တွင် ပြောကြားသည်။ ဖြစ် ပွားမှုမှာ ကူတန်မြို့တွင်းရှိ ဟောင်ရှန်းကျောက်မီးသွေးမိုင်းတွင်းတွင် ကျိကျန်းကျင်ကျန်း ကုမ္ပဏီလီမီတက်မှ ၀န်ထမ်းခြောက်ဦးတို့ မိုင်းကျင်းထဲ၌ အလုပ်လုပ်ကိုင်လျက်ရှိစဉ် ညနေ ၆ နာရီခန့်၌ ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် ဒေသတွင်းထုတ်လုပ်ရေးနှင့် ဆောက်လုပ် ရေး ကော်ပိုရေးရှင်းများ ဘေးကင်းလုံခြုံမှုကြီးကြပ်ရေးဗျူရိုက သတင်းထုတ်ပြန်သည်။ (အင်တာနက်)

 **ကြယ်တာရာနဂါးငွေ့တန်းအတွင်းသက်ရှိများနှင့် ရှင်သန်နိုင်သော လွင့်မျောဂြိုလ် ဘီလီယံများစွာတွေ့ရှိဟု သိပ္ပံပညာရှင်များပြောကြား** 
(လန်ဒန်၊ မေ ၁၆) အဆိုပါ အတွေးအခေါ်အား ဘတ်ခ်ျကင်ဟန်တက္ကသိုလ် နက္ခတ္တဇီဝသိပ္ပံဘာသာရပ်ပါမောက္ခ ဖြစ်သည့် ချန်ဒရာဦးဆောင်သော နိုင်ငံတကာနက္ခတ္တဗေဒပညာရှင်အဖွဲ့အစည်းက အဆိုပြုခဲ့ ခြင်းဖြစ်သည်။ သက်ရှိများရှင်သန်နိုင်သော လွင့်မျောဂြိုလ်ကြီးများသည် မဟာပေါက် ကွဲမှု ကြီးပေါ် ပေါက်ပြီး နှစ်သန်းပေါင်းအနည်းငယ်အတွင်း စကြသဠာအဦးအစ၌ပေါ် ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းတို့ကို နဂါးငွေ့တန်း၏ ပျောက်ဆုံးနေသော အစိုင်အခဲထုထည်များဟုခေါ် တွင် ထားကြောင်း အာကာသ သိပ္ပံဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။ အချို့သော အာကာ သသိပ္ပံပညာရှင်များ၏ ပြီးခဲ့သည့်အဆိုပြုချက်များအရမှု ယခုကဲ့သို့ သက်ရှိများရှင် သန်နိုင် သော လွင်မျောဂြိုလ်များသည် နဂါးငွေ့တန်းကြယ်စုများအတွင်း ဘီလီယံအနည်းငယ်ခန့်သော ပါဝင်တည်ရှိနေသည်ဟု ခန့်မှန်းပြောဆိုထားကြသည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - ဇော်ဦးခိုင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)