-အမှတ်စဉ် ၄ ရှေ့နေထောက်ကူ သင်တန်းသားများ တာ့(ခ်)ခရိုင် ထိုင်းအလုပ်သမား ကြီးကြပ် ရေးရုံး ကွင်းဆင်းလေ့လာ-
အမှတ်စဉ် (၄)၊ ရှေ့နေထောက်ကူသင်တန်း (Para Legal Training – No 4 ) သင်တန်းသား ၁၄ ဦး တို့ဟာ ဒီကနေ့နံနက်ပိုင်းမှာ မဲဆောက်မြို့အခြေစိုက် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာ န၊ တာ့(ခ်)ခရိုင်၊ အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (ဆ၀ါဒီကန်) ဆီကိုကွင်းဆင်းလေ့လာ ခဲ့ကြပါတယ်။ ဆ၀ါဒီကန်ရုံးက တာ့(ခ်)ခရိုင် ဒုတိယဦးစီးအရာရှိ ဖိမဲ့တာနဲ့အဖွဲ့က စကားပြန် နန်းမီးမီးကတဆင့် ဆ၀ါဒီကန်ရုံးရဲ့ လုပ်ငန်းဆောင်တာတွေရယ်၊ မြန်မာရွှေ့ပြောင်းအလုပ်သ မားပြဿနာတွေကို ဘယ်လိုဘယ်ပုံ ကူညီဖြေရှင်းပေးသလဲဆိုတာကို ရှင်းလင်းပြောပြခဲ့ပါ တယ်။ သြော်… ဒီသင်တန်းသားတွေဟာဘာဖြစ်လို့ အခုလိုသင်တန်းတက်နေကြတာလဲဟုတ် စ။ ဒီလိုရှိပါတယ်။ ထိုင်းနိုင်ငံရှေ့နေများကောင်စီဥပဒေအထောက်အကူ ပြုဌာန (LLC)နဲ့ ဒေါင်း ဒင်္ဂါးပြားပမာဖြစ်တဲ့ ထိုင်းနိုင်ငံလူ့အခွင့်အရေး ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) တို့က စီစဉ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာ ထိုင်းဥပဒေပညာပေးမှုနဲ့ ဆ၀ါဒီကန်ရုံးလို ထိုင်း အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ဆောင်ရွက်တက်ဖို့ရယ်၊ ထိုင်းရှေ့နေတွေရဲ့ လက် ထောက်အဖြစ်နဲ့ အမှုအခင်းတွေက ကူညီစစ်ဆေးပေးတတ်ဖို့ရယ်ကို သင်တန်းတက်နေကြ တာပါ။ သူတို့ ၁၃ ဦးသင်တန်းတက်ကြတာက ၃ ရက်ထဲပါ။ အခု မေလ (၁၅၊ ၁၆၊ ၁၇) ၃ ရက် ပေါ့လေ။ ဒီကနေ့မှာတော့ သင်တန်းရဲ့ နောက်ဆုံးပိတ်အိတ်နဲ့ လွယ်တဲ့ရက်အဖြစ်နဲ့ တာ့(ခ်) ခရိုင်နဲ့ မဲဆောက်ရဲ့ ထိုင်းအလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (ဆ၀ါဒီကန်)ကို လာရောက် ကွင်းဆင်းလေ့လာနေကြတာဖြစ်ပါတယ်။
သတင်း-သောင်ရင်းနဂါး

No comments:
Post a Comment