ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 2, 2012

> -အနာဂတ် မြန်မာပြည် ဒီမိုကရေစီ ခရီးရှည်တွင် ခေတ်ဆိုးထဲမှ အတူတူရုန်းထွက်ခြင်း -( အောင်ခိုင်မြင့် )
၀၂ မေ ၂၀၁၂ (သူရ ဦးရွှေမန်းမှ တလေးတစား လာရောက်နှုတ်ဆက်စဉ် )
ဘယ်အရာကိုမဆို ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရာတွင် ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ် မူတည်ပြီး အကောင်းဆုံးဖြစ်ရန် ရှုထောင့်ပေါင်းစုံက ရှုမြင်သုံးသပ်ကာ အခက်အခဲအမျိုးမျိုးကြားမှနေ လက်တွေ့ကျကျ ဆုံးဖြတ်ရမှုများရှိပါသည် ။ ထိုသို့ ဆုံးဖြတ်ဆောင်ရွက်ရာ၌ တစ်ဦးချင်းအနေဖြင့် ဆုံးဖြတ်ရာတွင် လွယ်ကူမြန်ဆန်သလောက် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ အများသဘောဆန္ဒအလျောက် ဆုံးဖြတ်ရမှုများ၌ အကျေအလည် အကြိတ်အနယ် ဆွေးနွေးသုံးသပ်လျက် ခက်ခက်ခဲခဲ ရှိတတ်ပါသည် ။ ရင့်ကျက်လာသော အသက်အရွယ်နှင့်အတူ ရင်ဆိုင်ခဲ့ရသော အတွေ့အကြုံများမှလည်း သင်ခန်းစာများကို အခြေခံလျက် အတတ်နိုင်ဆုံး မှန်မှန်ကန်ကန်ဆုံးဖြတ်ရမှုများရှိတတ်ပါသည် ။ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြားသည်မှာ NLD ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲကို အပျော့ပြောင်းဆုံး နည်းလမ်းနဲ့ ဖြေရှင်းလိုက်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြားလိုက်ပါသည်။ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်နေသော ယခုကာလ၌ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ကျောမခိုင်း နောက်ကြောင်းပြန်မလှည့်ပဲ နှစ်ဦးနှစ်ဖက်ပြေလည်ပြီး တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် ပါတီစွဲ ကင်းစွာ ဆုံးဖြတ်ခဲ့မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ချီးမွမ်းပြောကြားခဲ့ခြင်းဖြစ်ဟန်တူပါသည် ။ ဆောင်ရွက်နေသောမြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး မိမိမှာ လောလောဆည် ရှိနေတဲ့ စိုးရိမ်ချက်တွေကတော့ ဒီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်သွားဖို့ပဲ ဖြစ်သလို နိုင်ငံရေး အရ ရော စီးပွားရေးအရပါ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ဖြစ်ပါတယ်လို့ ဥရောပသမဂ္ဂ EU ရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton က ပြောလိုက်ပါသည်။ ကချင်ပြည်နယ်တွင် စစ်မီးများတောက်လောင်နေစဲ ဖြစ်သလို နိုင်ငံရေးအကျဉ်းသားများ ဆက်လက်ရှိနေခြင်းက အပြောင်းအလဲကို ဒီထက်မြင်ချင်ပြီး စိုးရိမ်မှုများ နိုင်ငံတကာအသိုင်းအ၀ိုင်းကို ဖြစ်ပေါ်နေစဲဖြစ်သည်မှာ အမှန်ပင်ဖြစ်ပါသည် ။တခြားတစ်ဖက်တွင်လည်း စီးပွားရေး ရင်းနှီးမြုပ်နှံလိုသူများကို ပိုမိုဆွဲဆောင်နိုင်သော တရားမျှတသော ဥပဒေများ၊ အလားအလာကောင်းသော စီးပွားရေး ၊ နိုင်ငံရေးအခင်းအကျင်းများရှိရန်လည်း အထူးပင် လိုအပ်နေပါသည် ။

 (အမျိုးသားဒီမိုကရေစီ လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်နေစဉ်)

 ပြောင်းလဲလာသောစနစ်သစ် ခေတ်ရေစီးကြောင်းနှင့် ကမ္ဘာ့ရွာ၏ နိုင်ငံရေး ၊ စီးပွားရေးဖြစ်စဉ်များက မြန်မာပြည်နိုင်ငံရေး အပြောင်းအလဲကို အနည်းနှင့်အများ ရိုက်ခတ်မှုများရှိခဲ့သည် ။၂၀ ရာစု အတွင်းဖြစ်ပွားခဲ့သော ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲမီ ၊ ဘာလင်တံတိုင်းမပြိုလဲမီ ၁၉၉၀ ၀န်းကျင်ကာလသည် ယခုကာလ၏အတွေးအခေါ်နှင့်မတူတော့ပေ ။ ၂၁ ရာစုကာလ အာဏာရှင် ဆာဒမ်ဟူစိန်၏ ကျဆုံးခန်း ၊ အိုစမာဘင်လာဒမ်နှင့် လစ်ဗျား မှ ကဒါဖီတို့၏ဖြစ်စဉ်များ ၊ အာရပ်နွေဦး လူထုလှုပ်ရှားမှုများ သည်လည်း အတိုက်အခံကိုကော စစ်အစိုးရကိုပါ တိုက်ရိုက်၍ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ရိုက်ခတ်ခဲ့ပေသည် ။ ထို့ကြောင့် ခေါင်းဆောင်ကောင်း တစ်ယောက်သည် ပြောင်းလဲနေသော မြန်မာ့နိုင်ငံရေး ၊ ကမ္ဘာ့ နိုင်ငံရေး အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချရမှုများကို အမြင်ကျယ်ပြီး သဘောပေါက်ရန် လိုအပ်ပေသည် ။ မြန်မာပြည်ဟာ အနာဂတ်မှာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခုဖြစ်ဖို့ ပိတ်ဆို့ပြီးအထီးကျန်နိုင်ငံ ကနေရုန်းထွက်ရန် ပထမခြေလှမ်းသို့လှမ်းခဲ့ပါပြီ၊ ကမ္ဘာ့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက မြန်မာပြည်ရဲ့နိုင်ငံရေး တိုးတက်မှုခြေလှမ်းများကို စောင့်ကြည့်အကဲခတ်ရုံမက ခေတ်သစ်ကမ္ဘာ့စီးပွားရေး နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ရေစီးကြောင်းမှာ နောက်ပြန်မလှည့်ပဲ ဆက်လက်ကူးခတ်ဖို့ လမ်းကြောင်းမှန်ကို လက်တွဲခေါ်ဆောင်နေခြင်းက အားရစရာပါ၊ မြန်မာပြည်မှ အဖွားအို ပြည်သူတစ်ယောက်ပြောသလို မသေခင် အသက်ပေါင်းများစွာ စတေးခဲ့ ပေးဆပ်ခဲ့တဲ့ဒီမိုကရေစီလေးတော့ မြင်သွားချင်သေးတယ် ဟုငြီးငြူသံကို ကြားဘူးသည် ။ ကျနော်တို့အနေဖြင့် အတိတ်မှ ဆုံးရှုံးမှုများကို သင်ခန်းစာယူ၍ ထပ်မံ မဆုံးရှုံးရန် မည်သို့မည်ပုံ ၀ိုင်းဝန်း ကာကွယ်ကြမည်ကို အပြုသဘောဆန်စွာနည်းလမ်းများရှာဖွေကြရပေဦးမည် ။ လူထုတရပ်လုံးမှ ဆုံးရှုံးနေသေးသော လူ့အခွင့်အရေးများကို မည်သို့ပြန်လည်ရယူပြီး အနာဂတ်ဘ၀ကို ပိုမိုကောင်းမွန်စွာ တည်ဆောက်ကြရန် ၊ တိုင်းပြည်နှင့် လူထုကောင်းစားရေးအတွက် ပြည်တွင်းပြည်ပ ဟန်ချက်ညီ ပူးတွဲလုပ်ဆောင်ရန် နည်းလမ်းများ ၀ိုင်းဝန်းရှာဖွေကြရန် ၊ပြည်သူ့အင်အားနှင့် ပြည်သူ့ကိုယ်စားပြု အတိုက်အခံ ပါတီကို ၀ိုင်းဝန်းပံ့ပိုးပြီး မတရားသည့် ဥပဒေများကို ပြုပြင်ပြောင်းလဲနိုင်အောင် လွှတ်တော်တွင်း လွှတ်တော်ပြင်ပနိုင်ငံရေး ၌ ရေတို ရေရှည် နည်းဗျူဟာ မဟာဗျူဟာများ ချမှတ်ပြီး တပ်ဦးမကျွံရန် ၀ိုင်းဝန်းလုပ်ကိုင်ကြရန် လိုအပ်ပါသည် ။ သို့မဟုတ်ပါက ဘာပဲလုပ်လုပ်ဝေဖန် လေကန်နေမည် ဆိုသောသူများအတွက် ကျနော်ငယ်ငယ်က စွဲလန်းနှစ်သက်ခဲ့သော ကာတွန်းလေးတပုဒ်ကို ပြန်လည် မျှဝေခံစားလိုပါသည် ။ ကိုကိုကြောင်ဆိုသူ လူတစ်ယောက်သည် သူ့ရဲ့လုပ်ခ ၀င်ငွေနှင့်မလောက်ငှ ၍ မိသားစုစားဝတ်နေရေးအတွက်အပိုဝင်ငွေရရှိရန် ၀က်မွေးမြူရေးကိုလည်း လုပ်ကိုင်ရပါသည် ။ တနေ့ သူဝက်စားကျွေးနေစဉ် ဘာအစာတွေကျွေးနေသလဲဟု ၀က်ခြံဘေး လာရပ်လျက် အရပ်ထဲအတူနေ လူတစ်ယောက်ကမေးပါသည် ။ ထိုအခါ သူလည်း ပင်ပမ်းသည့်ကြားထဲမှ ရိုးရိုးသားသားဖြေကြားမိသည် မှာ ကျနော်တော့ ၀က်တွေကို အဟာရဖြစ်ဖို့ ပဲဖတ် ၊ နှမ်းဖတ် ၊ ပိန်းရိုးများပါမကျန် တခါတရံ ထမင်းကျန်လေးပါကျွေးပါသည်ဟု ပြောဆိုရှင်းပြလေသည် ။ ထိုအခါ အဆိုပါလူက ပြောဆို ကြိမ်းမောင်းသည်မှာ ခင်ဗျားလို လူတွေကြောင့် သိပ်ခက်တယ် ကိုကိုကြောင် ၊ ခင်ဗျား ဘာသိလည်း ကမ္ဘာကြီးမှာ စားနပ်ရိက္ခာတွေ ရှားပါးပြီး အငတ်ဘေးတွေ ကြုံနေတယ် ၊ ခင်ဗျားက ဘာမဟုတ်တဲ့ဝက်ကို ရေးကြီး ခွင်ကျယ်လုပ်ပြီး အစာရေစာတွေကျွေးပြီး စားနပ်ရိက္ခာတွေ ဖြုန်းတီးနေတယ်၊ ကြပ်ကြပ်လုပ် တနေ့ ဒုက္ခတွေ့မယ်ဆိုပြီး ပြောလျက် ထွက်သွားလေသည်။ ကိုကိုကြောင်းလည်း ဘုမသိ ဘမသိ အဟောက်ခံရပြီး ၀က်ခြံဘေးမှာ ငေါင်ကျန်ခဲ့ရသည် ။ နောက်တနေ့ တွင်မူ ထုံးစံအတိုင်း ကိုကိုကြောင် သူ့ဝက်များကို အစာကျွေးနေစဉ် ဘာအစာတွေကျွေးနေသလဲဟု အရပ်ထဲအတူနေ နောက်ထပ် လူတစ်ယောက်ကမေးပါသည် ။ ထိုအခါ ကိုကိုကြောင်အနေဖြင့် မနေ့ကလူ ပြောသွားသည်မျာကို သင်ခန်းစာယူ၍ ၀က်များကို ဖြစ်သလို ကြုံရာကျွေးကြောင်း ၊ ဟိုဟာနဲနဲ ဒီဟာနဲနဲဗျာ အဆင်ပြေသလိုပေါ့ဟု ခပ်ပေါ့ပေါ့ပင် ဖြေကြားလိုက်ရာ ထိုမေးမြန်းသူက အကြီးအကျယ် ယမ်းပုံမီးကျသည့်အလား ဒေါသထွက်လျက် ကိုကိုကြောင် ခင်ဗျားမှာ လူစိတ်မှ ရှိသေးရဲ့လား ၊ ဒါဟာ တိရိစ္ဆာန်တွေ ညှင်းစဲမှုဆိုပြီး နိုင်ငဲခြားမှာဆို ပြစ်မှုတော်တော်ကြီးတယ် ၊ ခင်ဗျားဗျာ မကျွှေးနိုင်ရင်လည်း မမွေးနဲ့ပေါ့ဟု အကြံပေးသလိုနှင့် ဟိန်းဟောက်သွားလေသည် ။ နောက်တနေ့တွင်လည်း ရပ်ကွက်ထဲတွင် အမြဲတမ်း အားအားယားယား လမ်းသလားနေတတ်သော လူတစ်ယောက်သည် သူ့ဝက်ခြံကို ဘယ်လို မျက်စိလယ် လမ်းမှားပြီးရောက်လာသည် မသိပဲ ရောက်လာခဲ့ပြန်သည် ၊ ထုံးစံအတိုင်း ကြားနေကျမေးခွန်းဖြစ်သော သူ့ဝက်တွေကို ဘယ်လို ကျွေးမွေးကြောင်းမေးလာသည် တွင် ကိုကိုကြောင် ပြန်ပြောလိုက်သည်မှာ မနက်မိုးလင်းသည်နှင့် ၀က်တစ်ကောင်ကို မုန့်ဖိုး တစ်ဆယ်ပေးပြီး သူတို့ဘာသာ စိတ်ကြိုက် ၀ယ်စားကြသည်ဟု ပြောလိုက်ရာ ထိုမေးမြန်းသူသည် မျက်လုံးပြူးပြီး ပါးစပ်ပိတ်သွားလေသည် ။ ကျနော်တို့သည် အနာဂတ် မြန်မာပြည် ဒီမိုကရေစီ ခရီးရှည်တွင် တစ်ဦးနှင့် တစ်ဦး ၊ တဖွဲ့နှင့်တစ်ဖွဲ့အပြုသဘောဆန်စွာ ဝေဖန်ဆွေးနွေးရင်း သူများနိုင်ငံတွေထက် အစစအရာရာ သာလွန်ကောင်းမွန်တိုးတက်ရန် ပြည်တွင်းပြည်ပ ရောက်ရှိရာအရပ်တွင် နိုင်ရာဝန်ထမ်းပြီး ကျရာအလုပ်လုပ် ကျရင်ဖြင့် ခေတ်ဆိုးထဲမှ အတူတူရုန်းထွက်နိုင်လိမ့်မည်ဟု အပြည့်အ၀ ယုံကြည်မိပါသည် ။

**အောင်ခိုင်မြင့်**

-အနာဂတ် မြန်မာပြည် ဒီမိုကရေစီ ခရီးရှည်တွင် ခေတ်ဆိုးထဲမှ အတူတူရုန်းထွက်ခြင်း -( အောင်ခိုင်မြင့် )

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)