ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 20, 2012

>
-အစိမ်းရောင် ဖိုးဘီးယား*- 

ကိုယ်နားလည်တဲ့ အစိမ်းရောင်ဟာ- သဘာဝရဲ့ အရောင်ဖြစ်တယ် အဝါနဲ့ အပြာတို့ရဲ့ စည်းချက်ညီညီ ပေါင်းစပ်ခြင်းဖြစ်တယ် တရားမျှတခြင်းရဲ့ အရောင်ဖြစ်တယ် သစ်ပင်တွေရဲ့ အရောင်ဖြစ်တယ် ပင်လယ်ရဲ့ အရောင်ဖြစ်တယ် မြက်ခင်းတွေရဲ့ အရောင်ဖြစ်တယ် တွင်းထွက်ကျောက်စိမ်းတွေရဲ့ အရောင်ဖြစ်တယ် သက်ရှိသတ္တဝါတချို့ရဲ့ အသားအရောင်ဖြစ်တယ် အဲဒါတွေအပြင် အစိမ်းရောင်ဟာ ဟန်နီကန်ဘီယာဗူးခွံတခုရဲ့ အရောင်လည်း ဖြစ်သေးတယ် ကိုယ်နှစ်သက်တဲ့ အစိမ်းရောင်ဟာ- အသစ်တဖန် ပြန်လည်မွေးဖွားခြင်းရဲ့ သင်္ကေတဖြစ်တယ် နုနယ် ပျိုမြစ်လန်းဆန်းခြင်းရဲ့ သင်္ကေတ ဖြစ်တယ် အချိုးတကျ ဖွံ့ဖြိုးကြီးထွားလာခြင်းရဲ့ သင်္ကေတ ဖြစ်တယ် တောင့်တ မျှော်လင့်ခြင်းရဲ့သင်္ကေတ ဖြစ်တယ် ခေါင်းညိတ် ခွင့်ပြုခြင်းနဲ့ လိုက်လျောခြင်းရဲ့ သင်္ကေတဖြစ်တယ် အပူ အအေး မျှတခြင်းရဲ့ သင်္ကေတဖြစ်တယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးရဲ့ သင်္ကေတဖြစ်တယ် အဲဒါတွေအပြင် အစိမ်းရောင်ဟာ စတားဘတ်ခ်ကော်ဖီဆိုင်ရဲ့ သင်္ကေတလည်း ဖြစ်သေးတယ် ကိုယ်မသိလိုက်တဲ့ အစိမ်းရောင်မှာ- ဖျိုးကနဲ ဖျတ်ကနဲ ကိုယ်ရောင်ဖျောက်နိုင်တဲ့ သတ္တိရှိတယ် မလိုလားအပ်တဲ့ အရိုင်းဆန်မှုတွေ ပါဝင်တယ် ထင်ရှားတဲ့ စိမ်းကား မုန်းတီးမှုတွေ ပါဝင်တယ် သွေးအေးတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ပါဝင်တယ် မနာလို ဝန်တိုခြင်းတွေ ပါဝင်တယ် ထိတ်လန့် တုန်လှုပ်ခြင်းတွေ ပါဝင်တယ် အဲဒါတွေအပြင် အစိမ်းရောင်မှာ အေးစက်တဲ့ နာဖျားနေမှုတွေလည်း ပါဝင်သေးတယ် ကိုယ်မြင်လိုက်ရတဲ့ အစိမ်းရောင်မှာ- အလျင်စလိုနိုင်မှုတွေ နဲ့အတူ အလောတကြီးနိုင်မှုတွေ ပါဝင်တယ် မလိုအပ်တဲ့ အမှားအယွင်းပေါင်း မြောက်များစွာ ပါဝင်တယ် မယုံကြည်နိုင်စရာ… တစက္ကန့်… နှစ်စက္ကန့်… သုံး လေး စက္ကန့်… မျက်တောင်တခတ်အောက်က အံ့သြဖွယ်ရာ ပြောင်းလဲမှုတွေ ပါဝင်တယ် ကုသိုလ်ကံ အကုသိုလ်ကံ… အဲဒီလို ကံတွေနဲ့အတူ တားဆီးလို့မရတဲ့ ကံကြမ္မာ အလှည့်အပြောင်းတွေ ပါဝင်တယ် ပြုပြင်ယူလို့ မရတော့တဲ့ နောက်ကျခြင်းတွေ ပါဝင်တယ် အဲဒါတွေအပြင် ပြင်းထန် ကျယ်လောင်တဲ့ ပေါက်ကွဲသံတခုလည်း ပါဝင်သေးတယ် အစိမ်းရောင် မီးပွင့်တခုရဲ့ အလွန်မှာ- အဖြူရောင်လွင်ပြင်ကျယ်ကြီးတခုထဲကို အလင်းတန်းတချို့ အရှိန်ပြင်းပြင်းနဲ့ ဖြတ်ပြေးသွားတယ် အနီရောင်နဲ့ အပြာရောင်တို့ တမဟုတ်ချင်း ရောနှောပေါင်းစပ်သွားတယ် ရှိလက်စ အပျော်တွေ အမြန်ဆုံး နိဂုံးချုပ်သွားတယ် ပျိုမြစ်ခြင်းတွေ အပိုင်းပိုင်း အစစ အက်ကွဲ ကြေမွသွားတယ် ရှင်သန်ခြင်းတွေ အဝေးကြီးကို လွင့်စင်သွားတယ် နောက်ဆုံးတော့ အဲဒီ အစိမ်းရောင်ထဲမှာ ပြန်လည် ဆယ်ယူလို့မရတဲ့ အရှက် သိက္ခာနဲ့ အတူ ညည်းတွား ငိုကြွေးနေကြတဲ့ ဘဝပေါင်းများစွာ ပါသွားလေတယ်…

 ဖိုးဘီးယား* = Phobia
Posted by သက်ဝေ 

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)