ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, May 4, 2012

>
-အိမ်ရှင်မများအောင်မြင်စေချင်- 

အိမ်တစ်အိမ်လုံးရဲ့ အိမ်မှုကိစ္စအ၀၀ကို ထောင့်စေ့အောင် ထိမ်းသိမ်းဆောင်ရွက်၊ စီးတဲ့ရေ ဆည်တဲ့ ကန်သင်းဆိုသလို လင်ယောကျာ်း တစ်လအပ်သမျှ မျှတအောင် စီမံခန့်ခွဲ၊ မလေလွင့်သင့်တာ မလေလွင့်ရလေအောင် သိမ်းထုတ်သေချာ စုဆောင်း၊ သားသမီးများကို လိမ်မာရေးခြားရှိအောင် ပဲ့ပြင်ထိမ်းကြောင်းသူကို အိမ်ရှင်မရယ်လို့ သတ်မှတ်ခဲ့ကြမယ် ထင်ပါတယ်။ အိမ်ရှင်မဆိုတဲ့ စကားက စာလုံးလေး သုံးလုံးမျှသာပေမယ့် အဲ့ဒီ ဂုဏ်ပုဒ်လေးနဲ့ ညီညွတ်အောင် ဆောင်ရွက်ကြရတဲ့ ကျွန်မတို့ မိန်းမသားများရဲ့ တာဝန်ဝတ္တရားတွေက တကယ်တမ်းကြတော့ မသေးလှပါဘူး။ မိုးလင်းလို့ မျက်လုံးနှစ်လုံး စဖွင့်လို့ မျက်နှာသစ်၊ သွားတိုက်ပြီးထဲက ဇယ်ဆက်နေအောင် လုပ်လိုက်ရတဲ့ မနည်းမနော အလုပ်များက ညဖက် အိပ်ရာနဲ့ နောက်ကျောထိမှ ရပ်ပါတော့တယ်။ ဒီနေ့ခေတ် အိမ်ရှင်မ တော်တော်များများက အရင်တုန်းကလို အိမ်မှုကိစ္စများနဲ့ချည်း တကုတ်ကုတ် ဆောင်ရွက်နေကြသူများ မဟုတ်တော့ပါဘူး။ နယ်ပယ်အသီးသီး၊ အလွှာအသီးသီးမှ ယောကျာ်းသားများနဲ့ ပုခုံးခြင်းယှဉ်၊ ဥာဏ်ခြင်းယှဉ်၊ ရင်ဘောင်တန်းလို့ ရပ်တည်နေကြပါပြီ။ အသိပညာရှင် အိမ်ရှင်မ၊ အတတ်ပညာရှင် အိမ်ရှင်မများကို နေရာတိုင်းမှာ လက်ညှိုးထိုးမလွဲ တွေ့မြင်နေရပါပြီ။ ဟိုးယခင် ကျွန်မတို့ ငယ်စဉ်ကာလ အချိန်အခါများက အိမ်ထောင်ဦးစီး ယောကျာ်းသားတစ်ယောက် ရှာဖွေတဲ့ ၀င်ငွေနဲ့ တစ်အိမ်ထောင်လုံးကို လောက်ငှစေယုံမျှမက၊ အပိုအလျှံလေးများပင် စုဆောင်းနိုင်ခဲ့ပါတယ်။ ကျွန်မ မှတ်မိပါသေးတယ်။ လကုန်ရက်တိုင်း ရုံးဝန်ထမ်း အဖေက ကျွန်မတို့ မိသားစုဝင် လေးယောက်လုံးကို လဟာပြင်ဈေးက မောင်စိန်ဆိုင်မှာ ဘဲကင်၊ ကြံမဆိုင်ဟင်းချိုနဲ့ ထမင်းပေါင်းဝယ်ကျွေး၊ ရွှေပုဇွန်မှာ ဖာလူဒါတိုက်၊ အပြန် သမ္မတရုပ်ရှင်ရုံမှာ ရုပ်ရှင်ဝင်ကြည့်နဲ့၊ လကုန်ရက်တိုင်း ကျွန်မတို့ ကလေးတွေ ပျော်ခဲ့ကြရပါတယ်။ အမေကလဲ မိသားစုဝင်တွေကို တစ်လတစ်ခါ အ၀တ်အစားသစ်လေးတွေ အလှည့်ကျု ၀ယ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ငွေပိုငွေလျံလေးများ ရှိလာရင်လည်း ရွှေစ၊ ငွေစလေးများ အမေ့မှာ စုဆောင်းနိုင်ပါသေးတယ်။ ဒီနေ့ခေတ်ကြီးမှာတော့ အိမ်ရှင်မတွေ မီးဖိုချောင်ထဲမှာပဲ နေနေလို့မရတော့ပါဘူး။ အိမ်တစ်အိမ်မှာရှိတဲ့ မိသားစုအားလုံး ချောင်ချောင်လည်လည် စားသောက်နိုင်ဖို့၊ တရိပ်ရိပ်တက်နေတဲ့ လူနေမှုစရိတ်တွေကို ကာမိစေဖို့၊ အိမ်ရှိလူကုန် အလုပ်ထွက်လုပ်နေရတဲ့ ခေတ်ရောက်နေပါပြီ။ ဒီတော့ သားတို့ သမီးတို့ မေမေများလဲ၊ အိမ်ထောင်ဦးစီး ဖေဖေများနည်းတူ အလုပ်ထွက်လုပ်ကြရပြီပေါ့။ ဒီနေ့ခေတ်မှာ အိမ်ရှင်မအများစုဟာ အိမ်မှုကိစ္စများ ဆောင်ရွက်နေကြရယုံမျှမက၊ လုပ်ငန်းခွင်တွေမှာ တာဝန် ထမ်းဆောင်နေရင်း တစ်ဖက်တစ်လမ်းကနေ ၀င်ငွေ ရှာဖွေနေကြပါပြီ။ အိမ်ရှင်မများဟာ အိမ်မှုကိစ္စလဲ မလစ်ဟင်းအောင် အားထုတ်သလို၊ တဖက်မှာလဲ မိသားစု ၀င်ငွေကို တစ်ပိုင်တစ်နိုင် ရှာဖွေပေးပြီး ဟန်ချက်ညီညီနဲ့ အိမ်ထောင်တာဝန်ကို ထိမ်းနိုင်နေကြတာဟာ တကယ်တမ်းကြတော့ မလွယ်ကူလှပါဘူး။ အိမ်ရှင်မများ အိမ်ထဲမှာ နေနေရတာထက်၊ ပြင်ပအလုပ်များကို တွဲဖက်လို့ တာဝန်ယူနေကြရပြန်တော့၊ နား မျက်စိများ အလိုလို ပွင့်ပြီးသား ဖြစ်နေကြပြန်ပါတယ်။ မိမိရဲ့ ကိုယ်ပိုင် ၀င်ငွေ ရရှိနေပြန်တော့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလဲ ရရှိလာပါတယ်။ ကိုယ်တတ်ကျွမ်းထားတဲ့ ပညာကို ပြန်အသုံးချခွင့် ရနေပြန်လို့လဲ မိမိ အရည်အသွေးတွေကို အလိုလို သွေးနေပြီးသား ဖြစ်နေပြန်ပါတယ်။ ယနေ့ခေတ်မှာ အမျိုးသမီးများ၊ အမျိုးသားများနှင့် တန်းတူအခွင့်အရေး ရရှိနေပါပြီ။ အမျိုးသားများနှင့် တန်းတူအခွင့်အရေး ရှိနိုင်တယ်ဆိုလို့၊ တန်းတူလိုက်ယှဉ်လို့ မရနိုင်တာတွေလဲ ရှိပါတယ်လို့ စကားကပ် ပြောချင် ပြောနိုင်ပါသေးတယ်။ ဒါပေမယ့် မြန်မာ့ယဉ်ကျေးမှုအရ ကန့်သတ်ထားတဲ့ ကိစ္စတွေကလွဲလို့ ကျွန်မတို့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ၊ အမျိုးသားတွေနဲ့ ယှဉ်ပြီး လိုက်မလုပ်နိုင်တဲ့ ကိစ္စဘာမှ မရှိပါဘူး။ ယနေ့ မြန်မာ့လွှတ်တော်ထဲမှာ အိမ်ရှင်မတွေ ယောကျာ်းသားများ နည်းတူ နေရာယူ ဆောင်ရွက်နေကြတာကို ကြည့်ရင်သိနိုင်ပါတယ်။ တချို့ အိမ်ရှင်မတွေကတော့ အိမ်မှုကိစ္စအပြင် တခြားပြင်ပအလုပ်များကို လုပ်ဖို့ရာ စိတ်မ၀င်စားကြပါဘူး။ အိမ်မှုကိစ္စတွေ လုံးထွေးရစ်ပတ်နေကြရတာနဲ့ အသားကျနေပြီး၊ အဆီတွေတက် ၀ဖြိုးနေရတာကိုပဲ ကျေနပ်နေကြပါတယ်။ အလယ်တန်းကျောင်းသား သားတစ်ယောက်မိခင် ချစ်ညီမလေးတစ်ယောက်၊ မတောင့်တ မကြောင့်ကျရပဲ ချောင်လည်စွာ နေနိုင်ပေမယ့် မိမိကိုယ်ကိုမိမိ ယုံကြည်မှု နည်းနေယုံမျှမက၊ သူများကိုလည်း ယုံကြည်မှု နည်းနေလေတယ်။ တိုက်နဲ့၊ ကားနဲ့၊ ငွေကြေးအပြည့်အစုံနဲ့။ သို့ပေမယ့် ယောကျာ်းပြည်ပကို အလုပ်ကိစ္စသွားချိန်၊ ကားမောင်းတတ်ရက်နဲ့ ကားတိုက်မိမှာ စိုးရိမ်ပြီး အိမ်က ကားကို ဂိုထောင်ထဲမှာ ကျောက်ချထား၊ သွားစရာရှိ တက်စီကားနဲ့သွား။ ယောကျာ်းဖြစ်သူ ပြည်ပသွားချိန်ဆို အိမ်က ကားကို ဆီထုတ်ချင်ရင် အနီးအနားက ကားမောင်းတတ်သူ တစ်ယောက်ကို ပိုက်ဆံပေး ဆီထုတ်ခိုင်းသူ၊ ယောကျာ်းဖြစ်သူက သူ့ကို မကြင်နာဟု ထင်နေသူ၊ အိမ်မှာ ပိုနေတဲ့ အချိန်တွေကို စားလိုက်၊ အိပ်လိုက်နဲ့ ခန္ဓာကိုယ်အလေးချိန်တွေ တက်လို့ ကုန်ဆုံးစေသူ။ သူက တစ်နေ့ စိတ်ညစ်တယ်ဆို ရင်ဖွင့်လာတော့ အားပေးမိတယ်။ အစစ ပြည့်စုံနေသူ တစ်ယောက်အနေနဲ့ မလုပ်နိုင်တာ ဘာမှ မရှိလို့ ထင်မိတယ်။ ဒီလိုနဲ့ နောက်ပိုင်း သူ ကားပြန်မောင်းတယ်။ သားဖြစ်သူကို ကျောင်းဖယ်ရီ မစီးစေတော့ပဲ ကိုယ်တိုင် အပို့အကြို လုပ်တယ်။ အင်တာနက် သုံးတတ်အောင် သင်ယူပြီး အိမ်မှာ အင်တာနက်ချိတ်၊ ပြည်ပက ယောကျာ်းကို အင်တာနက်ကနေ မေးလ်ပို့၊ ဖုန်းပြော လုပ်တတ်လာခဲ့တယ်။ ခန္ဓာကိုယ် အလေးချိန်ချဖို့ ကိရိယာတွေနဲ့ လေ့ကျင့်ခန်းတွေ စံနစ်တကျ လုပ်တယ်။ အခုတော့ သားဖြစ်သူကို ကိုယ်တိုင် ကျောင်းပို့ကြိုနိုင်ပြီ။ ယောကျာ်းဖြစ်သူ ပြည်ပက ပြန်လာချိန်မှာ ယုံကြည်မှုအပြည့်နဲ့ လေဆိပ်ကို ကိုယ်တိုင်ကားလေး မောင်းလို့ လှလှပပ ကျော့ကျော့မော့မော့လေး သွားကြိုနိုင်ပြီ။ အရင်လို စိတ်ညစ်ပါတယ်ဆိုတဲ့ ရင်ဖွင့်သံ မကြားရတာတောင် အတော့်ကို ကြာနေခဲ့ပြီ။ တချို့ အိမ်ရှင်မများကြတော့လဲ အလုပ်လုပ်ချင်ကြပေမယ့် အခြေအနေ မပေးလို့ လုပ်ခွင့် မရကြပြန်ပါဘူး။ ၅နှစ်အရွယ် သမီးတစ်ယောက်မိခင်၊ မိတ်ဆွေ အိမ်ရှင်မတစ်ဦးက ပြောခဲ့ဘူးတယ်။ အိမ်ထဲမှာ ကလေးရဲ့ ဝေရာဝစ္စတွေနဲ့ တစ်နေ့ပြီး တစ်နေ့ ဖြတ်သန်းရတာ ညည်းငွေ့လာတယ်။ အားတဲ့အချိန်မှာ တစ်ခုခု လုပ်ချင်လိုက်တာ၊ ယောကျာ်းကလဲ အပြင်အလုပ် ပေးမလုပ်ဘူးလို့ ပြောပါတယ်။ သူက ဖက်ရှင်ဒီဇိုင်းတွေ စိတ်ဝင်စားသူ တစ်ဦးပါ။ ဒါကြောင့် သူ့ကို ပြင်ပမှာ အလုပ်လုပ်ဖို့ အခွင့်အရေး မရခင်စပ်ကြား၊ ၀ါသနာပါတဲ့ ဖက်ရှင်ဒီဇိုင်းတွေကို အိမ်မှာ ကိုယ့်ဟာကိုယ် ချုပ်ဖို့ တိုက်တွန်းမိပါတယ်။ အိမ်မှာ အပျော်တမ်း ချုပ်ရင်းကနေ မိတ်ဆွေသူငယ်ချင်းတွေအတွက် ချုပ်ပေးရင်း၊ အခုအချိန်မှာတော့ သူ့လက်ရာတွေ နှစ်သက်လို့ဆိုပြီး လာအပ်တဲ့ အပ်ထည်များတောင် လက်ခံနေရတဲ့ အနေအထား ဖြစ်နေပါပြီ။ သူ့ကိုယ်သူလဲ ယုံကြည်မှု ပိုရှိလာပြီး အရင်လို ညည်းငွေ့စရာ အချိန်ပိုတောင် မရှိတော့ပါဘူး။ ဆိုလိုတာက အိမ်ရှင်မတွေ အလုပ်လုပ်တယ်ဆိုတာ အိမ်မှုကိစ္စအပြင် မိမိ ၀ါသနာပါရာများကို တစ်နိုင်တစ်ပိုင် ဆောင်ရွက်နေနိုင်တာဟာ မိမိအတွက် သာမက၊ မိသားစုပျော်ရွှင်မှုကိုပါ အထောက်အပံ့တစ်ခု ဖြစ်လာစေ နိုင်ပါတယ်။ ဒီအခွင့်အရေးကိုလဲ သူများက လုပ်ပေးလို့ မရပဲ၊ ကိုယ်တိုင်ကိုယ်ကျ ဖန်တီးရယူနိုင်ဖို့ လိုပါတယ်။ ဒါမှ မိမိခင်ပွန်းနဲ့တကွ သားသမီးများရဲ့ ယုံကြည်လေးစားမှုကို သာမက၊ မိမိကိုယ်ကိုလဲ ယုံကြည်မှု အပြည့်အ၀ရလာပြီး၊ ပတ်ဝန်းကျင်ကပါ အသိအမှတ်ပြုလာရတဲ့ အိမ်ရှင်မများ ဖြစ်လာပါလိမ့်မယ်။ အခုဆို လကမ္ဘာကိုလဲ ယောကျာ်းသားများနည်းတူ အိမ်ရှင်မများ အရောက်လှမ်းနိုင်ခဲ့သလို၊ အမျိုးသမီးလေယာဉ် ပိုင်းလော့၊ အမျိုးသမီး စစ်သည်များလဲ ပေါ်ထွက်လာခဲ့ပါပြီ။ မျက်မှောက်ခေတ်မှာလဲ အမျိုးသားများနဲ့ ယှဉ်ပြီး အစွမ်းအစတွေပြနေကြတဲ့ အမျိုးသမီး အနုပညာရှင်၊ ဆရာဝန်၊ ဆရာမ၊ အင်ဂျင်နီယာ၊ ဖက်ရှင်ဒီဇိုင်နာ၊ လုပ်ငန်းရှင်၊ စာပေပညာရှင်၊ သိပ္ပံပညာရှင်များ သာမက နိုင်ငံရေးနယ်ပယ်အထိ တိုင်အောင် အစွမ်းပြနိုင်ကြတဲ့ အမျိုးသမီးတွေ ကမ္ဘာတလွှားမှာ သာမက မြန်မာမှာပါ မျက်ဝါးထင်ထင် တွေ့မြင်နေရပါပြီ။ တလောကတောင် ကျွန်မတို့ဆီက ဂျာနယ် တစ်စောင်မှာ အမျိုးသမီး ကားစပယ်ရာများ ခွင့်ပြုပြီလို့ သိလာရပြန်တော့ ပုခက်လွှဲသော လက်ဟာ ကမ္ဘာကို အုပ်စိုးနိုင်တယ်ဆိုတဲ့ မိခင်အိမ်ရှင်မတွေကို ဂုဏ်ပြုထားတဲ့ ဆောင်ပုဒ်အတိုင်း ကျွန်မတို့ မိန်းမသားတွေဟာ နေရာအသီးသီးမှာ ယောကျာ်းများနဲ့ တန်းတူညီမျှ သက်ဝင်လှုပ်ရှား နေကြတယ်ဆိုတာ အထင်အရှား တွေ့မြင်နေရပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေထက် အချိုးအဆများပါတယ်။ အရွယ်ရောက်လာတဲ့ အမျိုးသမီးများ အားလုံး၊ အိမ်ထောင်ရှင်မများအားလုံး မိမိကိုယ်ကိုမိမိ ယုံကြည်ချက်များ ရှိစေချင်ပါတယ်။ လူမှုရေးလုပ်ငန်းများမှာ တတ်အားသရွေ့ ပါဝင် လုပ်ကိုင်သင့်သလို၊ ကျန်းမာရေးနဲ့ ညီညွတ်ပြီး လှပတဲ့ အိမ်ရှင်မများဖြစ်နေအောင် သတိချပ် နေထိုင်သင့်ပါတယ်။ အိမ်ရှင်မများရဲ့ ကိုယ်ရည်ကိုယ်သွေးများကို ငရုပ်သီးထောင်း၊ ထမင်းဟင်းချက်၊ သားသမီးဝေရာဝစ္စတွေ လုံးပမ်းနေယုံမျှနဲ့ သံချေးအတက် မခံစေချင်ပါဘူး။ အိမ်ရှင်မများ ခေတ်ကို မျက်ခြေမပြတ်ကြပါနဲ့။ ဘာမှ လုပ်ဖို့ အခွင့်အလမ်း မရကြရင်တောင် အနည်းဆုံး မိမိစိတ်ကို ခွန်အားဖြစ်စေမယ့် စာများ၊ မျက်မှောက်ခေတ်ကို ကိုယ်စားပြုမယ့် စာများကို ရွေးချယ်ဖတ်ကြပါ။ အိမ်ရှင်မများအနေနဲ့ လူ့ဘောင်ကို အကျိုးမပြုနိုင်သေးတောင်မှ၊ အနည်းဆုံး မိမိရဲ့ မိသားစုအတွက် တစ်နိုင်တစ်ပိုင်နဲ့ တစ်ဖက်တစ်လမ်းကနေ အကျိုးပြုနိုင်ဖို့ ဆောင်ရွက်ကြပါ။ အရည်အချင်း ထက်မြက်ပြီး ကျန်းမာပျော်ရွှင်တဲ့ အောင်မြင်သော အိမ်ရှင်မများ ပေါ်ထွက်လာကြပါစေ။ ပုခက်လွှဲသော လက်များ ကမ္ဘာကို အုပ်စိုးနိုင်ကြပါစေ။ ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

 Posted o by မြသွေးနီ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)