>
မက်ပ်ရေဒီယိုမှာ ဒီကနေ့ သုံးသပ်ပြောဆို-
(၁) ဦးမိုးကြိုး - စတီဗင် - စိုင်းနောင်
(၂) ဦးမိုးကြိုး - စတီဗင် - ဒေါက်တာမင်း - ရေဒီယိုတာဝန်ခံကိုမင်း
အခုမေလ ၂ရက်နဲ့ မေ ၃ရက်နေ့တွေမှာ သိုးမွှေးထည်ဒါဇင်ဈေးတိုးမြှင့်ပေးရေး၊ နေ့စားခ ၁၅၅ ဘတ်ရရှိရေး၊ ရေလောက်ပြီးသန့်ရှင်းတဲ့သုံးရေရရှိရေး၊ အချိန်ပိုလုပ်အားခတိုးမြှင့်ပေးရေး အပါ အ၀င် ရွှေ့ပြောင်းအလုပ်သမားရပိုင်ခွင့်တွေကို ထိုင်းဥပဒေအတိုင်း တောင်းဆိုခဲ့ကြတဲ့ SD Fashion Co,ltd (မြန်မာတို့အခေါ် - ချန်ပီယံသိုးမွှေးစက်ရုံ)ကမြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀၀ကျော်တို့ရဲ့ တိုက်ပွဲအောင်မြင်မှုကို ဒီကနေ့သတိတရပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ သတိ တရ ပြောဆိုခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေကတော့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌ-ဥိးမိုးကြိုး၊ မက်ပ်ရေဒီယိုက ဒီဂျေစိုင်းနောင်၊ လီဗာပူးလ်ကလပ်ခေါင်းဆောင် စတီဗင်ဂျရတ်နဲ့ ကမ္ဘာကျော်အမေရိကန်သံတမန်ကြီးစတီဗင်ဆိုလာ့စ်တို့ရဲ့ ဘော်ဒါ၊ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မိတ်ဆွေဖြစ်တဲ့ ကနေဒါနိုင်ငံ တိုရွန်တိုတက္ကသိုလ် မနုဿ ဗေဒဌာနမှာ ပါရဂူဘွဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာစာတမ်းပြုစုနေသူ “စတီဗင် (ခေါ်) မြန်မာအမည်-စိုးစံ”ပဲဖြစ်ပါတယ်။ (သြော်…စတီဗင်က စိုးစံအမည်တောင်ခံယူထားမှ တော့ အင်္ဂလိပ်စကားအပြင် မြန်မာ၊ ထိုင်းစကားတွေကိုပါ ကျွမ်းကျင်စွာရေးနိုင်ပြောနိုင်သူဖြစ် ပေမပေါ့။ ဒါ့အပြင် တရားထိုင်တာလည်း ၁၀နှစ်လောက်ရှိပြီ၊ မြန်မာတိုင်းရင်းသူတစ်ဦးနဲ့လည်း အိမ်ထောင်ပြုထားသူပေါ့)။
သူတို့ ၃ ဦးနဲ့အတူ SD Fashion Co,ltd က အလုပ်သမားကိုယ်စားလှယ်အဖွဲ့တာဝန်ခံ - ကိုဇော်လည်း လေလှိုင်းထဲကနေ တိုက်ရိုက်ပါဝင်ဆွေးနွေးခဲ့ပါတယ်။ SD Fashion Co,ltd က ထိုင်းအလုပ်ရှင်ဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ (မေလ ၂ ရက်နဲ့ ၃ရက် အလုပ်မ ဆင်းပဲဆန္ဒပြမှု) အပြီးမှာ အောက်ပါတောင်းဆိုချက်တွေကို လိုက်လျောခဲ့ပါတယ်။
(၁) သိုးမွှေးထည်ဒါဇင်အလိုက်လုပ်အားခရရှိသူများအား(ပုတ်ပြတ်ဈေးနှုန်း)၂၀% တိုးမြှင့်ပေး ခြင်း။
(၂) တစ်နေ့အလုပ်ချိန် ၈ နာရီအတွင်း ၁၅၅ ဘတ်ပေးခြင်း။
(၃) သင့်တင့်ကောင်းမွန်တဲ့ သုးံရေပေးဝေခြင်း။
(၄) သင့်တင့်ကောင်းမွန်တဲ့ ရေအိမ်ထားရှိပေးခြင်း။
စတာတွေဖြစ်ပြီး နံပါတ် (၅) တောင်းဆိုချက်ဖြစ်တဲ့ အချိန်ပိုလုပ်အားခအတွက်တော့ လာမယ့် ဇွန်လ ၁ ရက်နေ့မှာ အပြီးသတ်စာချုပ်စာတမ်း ချုပ်ဆိုအပြီးမှာ သဘောတူမှာဖြစ်ပါတယ်။
သတင်းနှင့်ဓါတ်ပုံ -
သောင်ရင်းနဂါး (JACBA)

No comments:
Post a Comment