ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, May 12, 2012

> -ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

 **ယူရိုပါလိဂ်ဖလားလုပွဲ အက်သလက်တီကို ဗိုလ်စွဲပြီ**
(ဘူခါရက်၊ မေ ၁၀) စပိန်လာဘီဂါကလပ်များဖြစ်ကြသည့် အက်သလက်တီကိုမက်ဒရစ်နှစ်နှင့် ဘီလ်ဘာအိုအသင်းတို့သည် မေ ၁၀ ရက်နံနက်ပိုင်းက ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြရာ အက်သလိက်တီကိုအသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရပြီး ချန်ပီယံဆုဖလားကြီး ဆွတ်ခူးရရှိသွားခ့သည်။ အက်သလက်တီကိုအသင်းအတွက် ဂိုများကို ရာဒါမဲလ်ဖော်ကောနှင့် ဒီဂိုတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ကိုလံဘီယာတိုက်စစ်မှူး ဖော်ကောသည် အက်သလက်တီကိုအသင်းအတွက် ဂိုးများကို ပွဲချိန်နှစ်မိနစ်တွင်လည်းကောင်း ၃၄ မိနစ်တွင်လည်းကောင်း သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ တိုက်စစ်မှူး ဖော်ကောသည် ပြီးခဲ့သည့်နှစ် ဗိုလ်လုပွဲတွင်လည်း ပေါ်တိုအသင်းနှင့်ကစားစဉ် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဘီလ်ဘာအိုအသင်းသည် ဒုတိယပိုင်းတွင် ချေပဂိုးရရှိရေးအတွက် အက်သလိက်တီကိုအသင်းကို တန်ပြန်တိုက်စစ်ဖြင့် ကစားခဲ့သည်။ မာကဲဆူဆေတာက အနီးကပ်ဂိုးနှစ်ဂိုးသွင်းယူရန် ကြိုးစားခဲ့သော်လည်း ဘီလ်ဘာအိုတို့ ဂိုးမ၀င်ခဲ့ပေ။ ပွဲချိန် ၈၅ မိန်မှာတော့ ဘီလ်ဘာအို ဖွင့်ကစားရာမှ ဒီဂိုက အက်သလက်တီကိုအသင်းအတွက် တတိယအနိုင်ဂိုးသွင်းယူပေးခဲ့သည်။ (အင်တာနက်)

**စပိန်နောက်တန်းလူ ပူယိုးလ် ယူရို ၂၀၁၂ နှင့် လွဲချော်မည်** (ဘာစီလိုနာ၊ မေ ၁၀)
ဘာစီလိုနာအသင်း နောက်တန်းကစားသမား ပူယိုးလ်သည် ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်သဖြင့် လာမည့် ယူရို ၂၀၁၂ ပြိုင်ပွဲတွင် စပိန်အသင်းအတွက် မကစးပေးနိုင်တော့ကြောင်း ၄င်း၏အေးဂျင့် ကြေညာသည်။ အသက် ၃၄ နှစ်ရှိ ပူယိုးလ်သည် ယခုနှစ်စောစောပိုင်းက ဒူးခေါက်းဒဏ်ရာရခဲ့သဖြင့် သုံးလကြာအနားယူခဲ့ရသည်။ ၄င်းသည် ဒူးခေါင်းခွဲစိတ်ကုသမှုခံယူရမည်ဖြစ်သဖြင့် အနည်းဆုံးခြောက်ပတ်ကြာ ၄င်းသည် ဒူးခေါင်းခွဲစိတ်ကုသမှုခံယူရမည်ဟု ဆိုသည်။ ယူရို ၂၀၁၂ ပြိုင်ပွဲတွင် စပိန်အသင်းက ဇွန် ၁၀ ရက်၌ စတင်ကစားရမည်ဖြစ်သည်။ ပူယိုးလ်သည် ပြီးခဲ့သည့်အပတ်က ဘာစီလိုနာနှင့် အက်စ်ပန်ညိုတို့ ကစားခဲ့သည့်ပွဲတွင် ဒူးခေါင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ၄င်းသည စပိန်လာလီဂါ ရာသီပိတ်ပွဲအဖြစ် ရီးရရဲဘက်တစ်နှင့် ကစားမည့်ပွဲနှင့်လည်း လွဲချော်မည်ဖြစ်သည်။ (အင်တာနက်)

 **လာမည့်လ ယူရို ၂၀၁၂ ပြိုင်ပွဲရှက်ဖ်ချင်ကို ယူကရိန်း၌ ပါဝင်ကစားမည်**
 (ကိယက်ဗ်၊ မေ ၁၀)
ယူရို ၂၀၁၂ ဘောလုံးပွဲများကို လာမည့် ဇွန် ၈ ရက်မှစတင်ကာ ပိုလန်နှင့် ယူကရိန်းနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ ပူးတွဲအိမ်ရှင် ယူကရိန်းက ယင်းပြိုင်ပွဲအတွက် ကစားသမား ၂၆ ဦးကို ရွေးချယ်ထားသည်။ ယင်းတို့အထဲတွင် ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ရှက်ဖ်ချင်ကို လည်းအပါအ၀င်ဖြစ်သည်။ ယူကရိန်းနည်းပြ အိုလက်ဘလော့ကင်းက ပုံမှန်ဂိုးသမားများ ဒဏ်ရာရထားကြသဖြင့် ဂိုးသမားအသစ်နှစ်ဦးအား ရွေးချယ်ထားသည်။ ယင်းတို့မှာ မီတာလပ်ခ်ျဒိုးနက်အသင်းတွင် ကစားနေသော အိုလက်စန်ဘန်ဒူရာနှင့် ဒိုင်နမိုကိယက်ဗ်တွင် ကစားနေသည့် မိုင်စစ်ကိုဗစ်ဗယ်တို့ဖြစ်သည်။ (အင်တာနက်)

 **အဆိုတော် ရီဟန်နား ပွဲဆက်တွေများပင်ပန်းသွားသဖြင့် ဆေးရုံတင်သွေးသွင်:**
 (နယူးယောက်၊ မေ ၁၀)
အဆိုတော် ရီဟန်နားတစ်ယောက် ပွဲဆက်တွေများပြီး ပင်ပန်းသွားတဲ့အတွက် မေ ၈ ရက် ညပိုင်းက နယူးယောက်မြို့မှာ ဖျော်ဖြေတဲ့ပွဲအပြီး ဆေးရုံတင်ပို့လိုက်ရတယ်လို့ အနုပညာအသိုင်းအ၀ိုင်းမှ သိရပါတယ်။ အသက် ၂၄ နှစ်ရှိတဲ့ အဆိုတော်ရီဟန်နား သွေးသင်းနေတဲ့ ဓါတ်ပုံတစ်ပုံကို မေ ၉ ရက်က Twitter ၀က်ဘ်ဆိုင်မှာ တွေ့ရပါတယ်။ သူမနေထိုင်မကောင်းဘူးလို့ ပြောဆိုသံတွေတော့ သတင်းဖော်ပြတာမရှိပါဘူး။ ဒါပေမယ့်လည်း ပွဲဆက်တွေများပြီး ပန်ပင်းသွားတဲ့အတွက် သွေးသွင်းခဲ့ရပါတယ်လို့ ဆိုပါတယ်။ (အင်တာနက်)

 **အဆိုတော် ဂျက်စတင်ဘီဘာစာမေးပွဲအောင် အမေ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့** (လော့စ်အိန်ဂျလိစ်၊ မေ ၁၀)

ကမ္ဘာကျော်ဆယ်ကျော်သက် အဆိုလေး ဂျက်စတင်ဘီဘာဟာ အမေတစ်ခုသားတစ်ခုဘ၀ကို ရုန်းကုန်ကြိုးစားရင်း အောင်မြင်လာတဲ့ အဆိုတော်ဖြစ်ပါတယ်။ ဂျက်စတင်ဘီဘာရဲ့ဖခင်ဂျယ်ရီမီဘီဘာဟာ ဂျက်စတီဘီဘာကို မွေးဖွားပြီးမကြာမီမှာ နောက်အိမ်ထောင် ပြုသွားခဲ့ပါတယ်။ သူဟာ နောက်အိမ်ထောင်နဲ့ သားသမီးနှစ်ယောက်ရှိပါတယ်။ ဂျက်စတင်ဘီဘာရဲ့ မိခင် ပတ်တီမော်လက်တေးဟာ ဂျယ်ရီမီဘီဘာရဲ့ စွန့်ပစ်ခြင်းကိုခံပြီးနောက် ဘ၀ကို သားဖြစ်သူနဲ့အတူရုန်းကုန်ကြိုးစားခဲ့ရပါတယ်။ ယခုအခါမှာတော့ အသက် ၁၈ နှစ်သာရှိသေးတဲ့ ဂျက်စတင်ဘီဘာဟာ ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်သလို သန်းကြွယ်သူဌေးလေးလည်း ဖြစ်နေပါပြီ။ ဒါ့အပြင် ဂျက်စတင်ဘီဘာဟာ အခြေခံပညာအထက်တန်းအဆင့်လည်း အောင်မြင်သွားပြီလို့ဆိုပါတယ်။ (အင်တာနက်) **မိုက်ကယ်ဂျက်ဆင်ရဲ့ အယ်လ်ဘမ်ထက် အဒေလီရဲ့ အယ်လ်ဘမ်ရောင်းအားကောင်** (လန်ဒန်၊ မေ ၁၀) အဆိုတော်အဒေလီရဲ့ ဒုတိယမြောက် အယ်လ်ဘမ်ဖြစ်တဲ့ ၂၁ ဟာ အဆိုတော် မိုက်ကယ်ဂျက်ဆင်ရဲ့ Thriller ထက်ရောင်းအားအကောင်းဆုံးစံချိန်ကျော်လွန်ခဲ့ပါတယ်။ အဒေလီရဲ့ ဒီအယ်လ်ဘမ်ဟာ ယူကေမှာ တေးအယ်လ်ဘမ်အချပ်ပေါင်း ၄၂၇၄၃၀၀ အထိ ရောင်းချခဲ့ရပါတယ်။ ၁၉၈၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ တေးအယ်လ်ဘမ်ဖြစ်တဲ့ Thriller ထက် အချပ်ရေ ၅၀၀ ပိုရောင်းရတယ်လို့ ဆိုပါတယ်။ (အင်တနက်)

 စုစည်းဘာသာပြန် - အာကာကျော်၊ ကောင်းမြတ်သူ

-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)